iMyanmarHouse.com - Best Property Website for Myanmar
×

ခုခ်ိန္ကစၿပီး ရာသီလာတဲ့အခ်ိန္ ေယာက္်ားေလးနားမကပ္ရဘူးေနာ္”

ျမန္မာနိုင္ငံမွာ Sex ဆိုတာကို စက္ဆုပ္ဖြယ္ ရြံရွာဖြယ္တစ္ခုအေနနဲ႕ ျမင္တတ္ၾကတယ္။
Sex နဲ႕ ပက္သက္တဲ့ဗဟုသုတေတြကို လူငယ္သားသမီးေတြကို အသိပညာေပးေျပာျပေပးဖို႕ထက္
လူငယ္ေတြ SEX ဆိုတာနဲ႕ ကင္းေဝးေအာင္ အလွမ္းေဝးေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႕ လုပ္ေဆာင္တတ္ၾကတယ္။တည့္တည့္ေျဖရမယ့္ အေျဖမ်ိဳးေတြကို ေကြ႕ပတ္ေျဖတာမ်ိဳး၊ နားေထာင္ေကာင္းရံု ေျဖလိုက္တာမ်ိဳး ေတြ႕ေနရပါတယ္။ ဒီလုပ္ရပ္ဟာ မမွားေပမယ့္ မွန္လည္းမမွန္ပါဘူး။SEX ဆိုတာ တစ္ခ်ိန္ခ်ိန္မွာ ၾကံဳေတြ႕လာရမယ့္အရာတစ္ခု။ ဒါကို မိဘေတြအေနနဲ႕ သားသမီးေတြကို နားလည္နိုင္မယ့္ပံုစံနဲ႕ အသိပညာေပးသင့္တယ္။ “Sex” နဲ႕ ပက္သက္တဲ့ ပညာေပးအလြဲေလးကို သားသမီးေတြနဲ႕ မိဘေတြၾကား ျမန္မာျပည္မွာ ဒုနဲ႕ေဒး။

အဲ့လိုအလြဲေလးေတြထဲက အက္ဒမင့္ေမေမနဲ႕ အက္ဒမင္နဲ႕အေၾကာင္း ဥပမာေပး ေျပာျပခ်င္တယ္။ တို႕ အပ်ိဳေဖာ္စဝင္ေတာ့ ေမေမက တိုးတိုးေလး ေခၚေျပာတယ္။ “ခုခ်ိန္ကစၿပီးရာသီလာတဲ့အခ်ိန္ ေယာက္်ားေလးနားမကပ္ရဘူးေနာ္” တဲ့။ “ဟင္ ဘာလို႕လဲေမေမ” လို႕ ျပန္အရစ္ရွည္ေမးေတာ့ “တယ္ ဒီေကာင္မေလး လူႀကီးက မကပ္နဲ႕ဆို မကပ္နဲ႕ေပါ့ ဘာရွည္ေနတာလဲ အဲ့တာလာတဲ့အခ်ိန္ ေယာက္်ားေလးနားကပ္ရင္ ကိုယ္ဝန္ရတတ္တယ္ဟဲ့” တဲ့ေလ။
ၿပီးေတာ့ မားမီက ဆက္ေျပာေသးတယ္။ “ေယာက္်ားေလးဆိုတဲ့ထဲမွာ နင့္အေဖလည္း ပါတယ္ေနာ္” တဲ့။

ျပႆနာက ခုမွစတာ ဘယ့္နွယ့္ေတာ္ သူငယ္ခ်င္းေပါင္းေပါင္းေနတဲ့ အေဖနဲ႕ပါ ခပ္ခြာခြာေနရမယ္ဆိုေတာ့
ဘာလားေပါ့။ ထပ္ၿပီးေတာ့လည္း အထြန္႕က မတက္ရဲဘူးရယ္။ နို႕မို႕ အေမ့ လက္က ကိုယ့္ေခါင္းကို ေခါက္ဖို႕ရြယ္ေနၿပီ။ ဒါနဲ႕ပဲ အဲ့အယူအဆႀကီးကို တကၠသိုလ္ ဒုတိယနွစ္ထိ ရင္ဝယ္ပုိက္သြားခဲ့တယ္ေပါ့။

ဒါနဲ႕ ေျပာရဦးမယ္။ တို႕ ဆယ္တန္းတုန္းက သိပၸံတြဲ ယူခဲ့တာေနာ္။ ဘိုင္အိုစာအုပ္ရဲ႕ အခန္း၁၀မွာဆုိ မ်ိဳးပြားျခင္းအေၾကာင္းကို က်ယ္က်ယ္ျပန္႕ျပန္႕ ရွင္းျပထားတာ။ ျဖစ္ခ်င္ေတာ့ ဘိုင္အို (ဇီဝ) ဆရာမက အပ်ိဳႀကီး။ မ်ိုဳးပြားျခင္းအခန္းကုိ သင္သြားတာမ်ား ျမင္း ခ်ီးေပါက္တာထက္ေတာင္ ျမန္ေသးတယ္။ ပါးစပ္မွာ ဒံုးက်ည္တပ္ထားသလားေတာင္ ထင္ရ။ အဲ့ဒါနဲ႕ ဆရာမအပ်ိဳႀကီး ေကာင္းမႈနဲ႕ မ်ိဳးပြားျခင္းအေၾကာင္းကို ဂဃဏန မသိခဲ့ရျပန္ဘူးေပါ့။

ဒီလိုနဲ႕ ဒုတိယနွစ္ေရာက္လာေတာ့ အုပ္စုထဲမွာ လိုင္းေပါင္းစံုဖတ္တဲ့ သူငယ္ခ်င္းေကာင္ေလး တစ္ေယာက္ပါလာတယ္။ တစ္ေန႕ ဆရာမ အတန္းမဝင္လို႕ စကားလက္ဆံုက်ရင္း ဆယ္တန္းတုန္းက မ်ိဳးပြားျခင္းအခန္းကို သူတို႕ဆရာက ဘယ္လို အာေပါင္အာရင္းသန္သန္နဲ႕သင္ေၾကာင္း ေျပာတာနဲ႕ ဆက္စပ္ၿပီး မ်ိဳးပြားျခင္းအေၾကာင္းနိဒါန္းကို ဒုတိယနွစ္ေရာက္မွ စသိခဲ့ရတယ္ေပါ့။

သူေျပာတုန္းကဆို တို႕မွာေလ မ်က္လံုးျပဴးမ်က္ဆံျပဴးနဲ႕ “အယ္ဘယ္လိုဘယ္လိုကိုယ္ဝန္ရတယ္ဆိုတာ
 အဲ့လိုလား ေယာက္်ားနဲ႕မိန္းမ ေဘးခ်င္းယွဥ္အိပ္ရင္ ကိုယ္ဝန္ရသြားတာ ဟုတ္ဝူးလား” လို႕ ေမးမိေတာ့ တို႕ကို သူငယ္ခ်င္းေတြ ဝိုင္းဟားၾကတာမ်ားေလ ခုေနမ်ားျပန္ေတြးၾကည့္ရင္ ရယ္ခ်င္စရာႀကီးရယ္။

အဲ့ေနာက္ပိုင္း တို႕လည္းဆံုးျဖတ္လိုက္တယ္ တစ္ခ်ိန္ခ်ိန္ သားသားမီးမီးေလးေတြ ေမြးလာတဲ့အခါ၊ သူတို႕ အရြယ္ေရာက္လာတဲ့အခ်ိန္မွာ တို႕လို မျဖစ္ရေအာင္ အခ်က္အလက္ေတြကို သူတို႕ နားလည္နိုင္မယ့္ ပံုစံေလးေတြနဲ႕ ရွင္းျပေပးမယ္လို႕။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:For Her Myanmar

#Unicode Version

ခုချိန်ကစပြီး ရာသီလာတဲ့အချိန် ယောက်ျားလေးနားမကပ်ရဘူးနော်”

မြန်မာနိုင်ငံမှာ Sex ဆိုတာကို စက်ဆုပ်ဖွယ် ရွံရှာဖွယ်တစ်ခုအနေနဲ့ မြင်တတ်ကြတယ်။
Sex နဲ့ ပက်သက်တဲ့ဗဟုသုတတွေကို လူငယ်သားသမီးတွေကို အသိပညာပေးပြောပြပေးဖို့ထက်
လူငယ်တွေ SEX ဆိုတာနဲ့ ကင်းဝေးအောင် အလှမ်းဝေးအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်တတ်ကြတယ်။တည့်တည့်ဖြေရမယ့် အဖြေမျိုးတွေကို ကွေ့ပတ်ဖြေတာမျိုး၊ နားထောင်ကောင်းရုံ ဖြေလိုက်တာမျိုး တွေ့နေရပါတယ်။ ဒီလုပ်ရပ်ဟာ မမှားပေမယ့် မှန်လည်းမမှန်ပါဘူး။SEX ဆိုတာ တစ်ချိန်ချိန်မှာ ကြုံတွေ့လာရမယ့်အရာတစ်ခု။ ဒါကို မိဘတွေအနေနဲ့ သားသမီးတွေကို နားလည်နိုင်မယ့်ပုံစံနဲ့ အသိပညာပေးသင့်တယ်။ “Sex” နဲ့ ပက်သက်တဲ့ ပညာပေးအလွဲလေးကို သားသမီးတွေနဲ့ မိဘတွေကြား မြန်မာပြည်မှာ ဒုနဲ့ဒေး။

အဲ့လိုအလွဲလေးတွေထဲက အက်ဒမင့်မေမေနဲ့ အက်ဒမင်နဲ့အကြောင်း ဥပမာပေး ပြောပြချင်တယ်။ တို့ အပျိုဖော်စဝင်တော့ မေမေက တိုးတိုးလေး ခေါ်ပြောတယ်။ “ခုချိန်ကစပြီးရာသီလာတဲ့အချိန် ယောက်ျားလေးနားမကပ်ရဘူးနော်” တဲ့။ “ဟင် ဘာလို့လဲမေမေ” လို့ ပြန်အရစ်ရှည်မေးတော့ “တယ် ဒီကောင်မလေး လူကြီးက မကပ်နဲ့ဆို မကပ်နဲ့ပေါ့ ဘာရှည်နေတာလဲ အဲ့တာလာတဲ့အချိန် ယောက်ျားလေးနားကပ်ရင် ကိုယ်ဝန်ရတတ်တယ်ဟဲ့” တဲ့လေ။
ပြီးတော့ မားမီက ဆက်ပြောသေးတယ်။ “ယောက်ျားလေးဆိုတဲ့ထဲမှာ နင့်အဖေလည်း ပါတယ်နော်” တဲ့။

ပြဿနာက ခုမှစတာ ဘယ့်နှယ့်တော် သူငယ်ချင်းပေါင်းပေါင်းနေတဲ့ အဖေနဲ့ပါ ခပ်ခွာခွာနေရမယ်ဆိုတော့
ဘာလားပေါ့။ ထပ်ပြီးတော့လည်း အထွန့်က မတက်ရဲဘူးရယ်။ နို့မို့ အမေ့ လက်က ကိုယ့်ခေါင်းကို ခေါက်ဖို့ရွယ်နေပြီ။ ဒါနဲ့ပဲ အဲ့အယူအဆကြီးကို တက္ကသိုလ် ဒုတိယနှစ်ထိ ရင်ဝယ်ပိုက်သွားခဲ့တယ်ပေါ့။

ဒါနဲ့ ပြောရဦးမယ်။ တို့ ဆယ်တန်းတုန်းက သိပ္ပံတွဲ ယူခဲ့တာနော်။ ဘိုင်အိုစာအုပ်ရဲ့ အခန်း၁၀မှာဆို မျိုးပွားခြင်းအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားတာ။ ဖြစ်ချင်တော့ ဘိုင်အို (ဇီဝ) ဆရာမက အပျိုကြီး။ မျိုုးပွားခြင်းအခန်းကို သင်သွားတာများ မြင်း ချီးပေါက်တာထက်တောင် မြန်သေးတယ်။ ပါးစပ်မှာ ဒုံးကျည်တပ်ထားသလားတောင် ထင်ရ။ အဲ့ဒါနဲ့ ဆရာမအပျိုကြီး ကောင်းမှုနဲ့ မျိုးပွားခြင်းအကြောင်းကို ဂဃဏန မသိခဲ့ရပြန်ဘူးပေါ့။

ဒီလိုနဲ့ ဒုတိယနှစ်ရောက်လာတော့ အုပ်စုထဲမှာ လိုင်းပေါင်းစုံဖတ်တဲ့ သူငယ်ချင်းကောင်လေး တစ်ယောက်ပါလာတယ်။ တစ်နေ့ ဆရာမ အတန်းမဝင်လို့ စကားလက်ဆုံကျရင်း ဆယ်တန်းတုန်းက မျိုးပွားခြင်းအခန်းကို သူတို့ဆရာက ဘယ်လို အာပေါင်အာရင်းသန်သန်နဲ့သင်ကြောင်း ပြောတာနဲ့ ဆက်စပ်ပြီး မျိုးပွားခြင်းအကြောင်းနိဒါန်းကို ဒုတိယနှစ်ရောက်မှ စသိခဲ့ရတယ်ပေါ့။

သူပြောတုန်းကဆို တို့မှာလေ မျက်လုံးပြူးမျက်ဆံပြူးနဲ့ “အယ်ဘယ်လိုဘယ်လိုကိုယ်ဝန်ရတယ်ဆိုတာ
 အဲ့လိုလား ယောက်ျားနဲ့မိန်းမ ဘေးချင်းယှဉ်အိပ်ရင် ကိုယ်ဝန်ရသွားတာ ဟုတ်ဝူးလား” လို့ မေးမိတော့ တို့ကို သူငယ်ချင်းတွေ ဝိုင်းဟားကြတာများလေ ခုနေများပြန်တွေးကြည့်ရင် ရယ်ချင်စရာကြီးရယ်။

အဲ့နောက်ပိုင်း တို့လည်းဆုံးဖြတ်လိုက်တယ် တစ်ချိန်ချိန် သားသားမီးမီးလေးတွေ မွေးလာတဲ့အခါ၊ သူတို့ အရွယ်ရောက်လာတဲ့အချိန်မှာ တို့လို မဖြစ်ရအောင် အချက်အလက်တွေကို သူတို့ နားလည်နိုင်မယ့် ပုံစံလေးတွေနဲ့ ရှင်းပြပေးမယ်လို့။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:For Her Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top