iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ရံ အေကာင္းစားမိတ္ကပ္ပစၥည္းေတြ၊ Skincareေတြကမွ အသားအေရကို လွပေအာင္ ကူညီေပးႏိုင္တာ မဟုတ္ပါဘူး။ သဘာ၀ပစၥည္းေတြကေနလည္း အသားအေရကို လွပေအာင္ ျပဳျပင္လို႕ရပါတယ္။ အသားအေရအတြက္ သဘာ၀ကေနရတဲ့ အဖိုးတန္တစ္ခုကို ေျပာရမယ္ဆိုရင္ ရွားေစာင္းလက္ပတ္လုိ႕ေခၚတဲ့Aloe Veraကို ေမ့ထားလို႔မရပါဘူး။ ရွားေစာင္းလက္ပတ္မွာနည္းလမ္းအမ်ိဳးမ်ိဳးအတြက္ အသံုးျပဳလို႔ရတဲ့ အခ်က္ေတြရွိၿပီး အိမ္မွာ အလြယ္တကူလုပ္လုိ႕ရပါတယ္။

၁-မ်က္ေတာင္ရွည္ဖို႔အတြက္Serum
သင္က မ်က္ေတာင္ရွည္ရွည္ေတြကို သေဘာက်တယ္ဆိုရင္ေတာ့ ဒီနည္းလမ္းက သင့္မ်က္ေတာင္ေတြကို သန္မာေစၿပီး ရွည္ထြက္လာေစပါတယ္။ ရွားေစာင္းလက္ပတ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို အမည္းေရာင္ ၾကက္ဆူဆီတစ္ဇြန္းနဲ႔ေရာေမႊၿပီး  မ်က္ေတာင္ေတြကို ညမအိပ္ခင္ လိမ္းေပးပါ။ Sensitiveျဖစ္တဲ့သူဆုိရင္ေတာ့ အရင္ဆံုး ဂြမ္းစေလးနဲ႔ ယူလိမ္းၿပီး စမ္းၾကည့္သင့္ပါတယ္။

၂-ရွားေစာင္းလက္ပတ္အပင္ထဲက အႏွစ္က အေရးအေၾကာင္းေတြကို ဖယ္ရွားႏိုင္ပါတယ္။
မ်က္လံုးေအာက္ေျခမွာ ရွားေစာင္းလက္ပတ္ကို လိမ္းထားျခင္းအားျဖင့္ မ်က္အိတ္ေဖာင္းတာ၊ေရာင္တာေတြကို သက္သာေစပါတယ္။

၃-သဘာ၀မိတ္ကပ္ဖ်က္ေဆး
သဘာ၀ရွားေစာင္းလက္ပတ္အနွစ္ကို ဂြမ္းစေလးေပၚမွာ သုတ္ၿပီး မ်က္နွာေပၚမွာရွိတဲ့ မိတ္ကပ္ေတြကို ဖယ္ရွားလို႔ရပါတယ္။

၄-ဆံပင္နဲ႔ဦးေရျပားထိန္းသိမ္းဖုိ႔အတြက္
ရွားေစာင္းလက္ပတ္မွာ ေဗာက္ေတြကို ဖယ္ရွားႏိုင္တဲ့ Pectinပါ၀င္ပါတယ္။ လတ္ဆတ္တဲ့ ရွားေစာင္းလက္ပတ္အႏွစ္ကို Blenderထဲမွာ ေမႊၿပီး ရလာတဲ့အရည္ကုိ ဦးေရျပားေပၚကို လိမ္းေပးပါ။ၿပီးတဲ့အခါ ဆံပင္အရင္းကေန အဖ်ားအထိ ထပ္လိမ္းပါ။ တစ္ညလိမ္းထားၿပီး ေနာက္ေန႔မနက္ေခါင္းေလွ်ာ္တဲ့အခါ က်န္းမာသန္စြမ္းတဲ့ဆံပင္ကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

၅-၀က္ၿခံေပ်ာက္ေဆး
ရွားေစာင္းလက္ပတ္အရြက္ရဲ႕ အတြင္းသားကို မ်က္ႏွာကို ပြတ္ေပးလိုက္ရင္ ၀က္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကုိ ဖယ္ရွားေပးပါတယ္။

၆-အမာရြတ္ေပ်ာက္ေဆး
ရွားေစာင္းလက္ပတ္မွာ အမည္းစက္ေတြေလ်ာ့ပါးေစတဲ့ ဗီတာမင္ စီ ပါ၀င္ပါတယ္။၀က္ျခံအမာရြတ္ေတြ ဒါမွမဟုတ္ အမည္းစက္ေတြ၊အမာရြတ္ေတြေပၚကို ညတိုင္းလိမ္းေပးရံုနဲ႔ ေလ်ာ့ပါးေစပါတယ္။

၇-Face Mask
ရွားေစာင္းလက္ပတ္မွာပါ၀င္တဲ့ ဗီတာမင္ အီး က အသားအေရကို ေခ်ာေမြ႕ၿပီး တင္းရင္းေစပါတယ္။ ရွားေစာင္းလက္ပတ္ ဇြန္းအျပည့္ႏွစ္ဇြန္းကို Lactic Acidပါ၀င္တဲ့ ဒိန္ခ်ဥ္ ဇြန္းအျပည့္ႏွစ္ဇြန္း၊ႀကိတ္ထားတဲ့ သခြားသီးႏွစ္ဇြန္းနဲ႔ေရာေမႊပါ။ မ်က္ႏွာေပၚအႏွံ႔လိမ္းထားၿပီး မိနစ္၂၀ေလာက္ၾကာတဲ့အခါ ေရေဆးခ်လိုက္ပါ။ တစ္ပတ္ကို ႏွစ္ခါေလာက္ဒီနည္းကို သံုးရင္ ေတာက္ပၾကည္လင္တဲ့အသားအေရကို ရရွိမွာျဖစ္ပါတယ္။

၈-လက္သည္းအားျဖည့္ေဆး
ရွားေစာင္းလက္ပတ္ႏွစ္ဇြန္းနဲ႔ Hazelပင္ကရတဲ့အဆီ ႏွစ္ဇြန္းကို ေရာေမႊပါ။ လက္သည္းဆုိးသလိုပဲ လက္သည္းကို ဂြမ္းဖတ္ေလးနဲ႔ပံုမွန္လိမ္းေပးရင္ လက္သည္းကို သန္မာေစၿပီး ပိုေတာက္ပေစပါတယ္။

၉-အားျဖည့္ေပးတဲ့Lip Balm
ႏႈတ္ခမ္းေျခာက္တတ္တဲ့သူေတြအတြက္ပါ။အုန္းဆီလက္ဖက္ရည္ဇြန္း တစ္ဇြန္း ၊ရွားေစာင္းလက္ပတ္တစ္ဇြန္းနဲ႔ Vaselineတစ္ဇြန္းကို ေရာေမႊပါ။ ခြက္တစ္ခုထဲကို ေလာင္းထည့္ၿပီး ေျခာက္ေသြ႕ေအာင္လုပ္ပါ။ ေျခာက္သြားၿပီး Lip Balmလုိျဖစ္သြားတဲ့အခါ လက္ေခ်ာင္းေလးေတြနဲ႔ အသာအယာယူၿပီး ႏွုတ္ခမ္းမွာလိမ္းႏိုင္ပါတယ္။

၁၀-ေျခေထာက္အရည္ၾကည္ဖုေပ်ာက္ဖို႕
ေဒါက္ျမင့္ Heelေတြ စီးၿပီးတဲ့အခါ ေျခေထာက္နာက်င္တာ၊ေျခေထာက္ေယာင္တာေတြ၊အရည္ၾကည္ဖု ထြက္တာေတြ ျဖစ္တတ္ပါတယ္ အဲလိုျဖစ္လာတဲ့အခါ ဂြမ္းလံုးကို ရွားေစာင္းလက္ပတ္အရည္ထဲမွာ ႏွစ္ထားၿပီး ကိုယ္နာက်င္တဲ့ေနတဲ့ေနရာကို ဖိထားၿပီး ပတ္တီးေလးနဲ႔ပတ္ထားပါ။

၁၁-ေျခေထာက္အနံ႔အသက္ေပ်ာက္ေဆး
ရွားေစာင္းလက္ပတ္ကို အနံ႔ေပ်ာက္ေဆးအျဖစ္လည္း သံုးလို႔ရပါတယ္။ ရွားေစာင္းလက္ပတ္ စားပြဲတင္ဇြန္းႏွစ္ဇြန္းကို Tea-tree Oil ဇြန္းတစ္ဇြန္းနဲ႔ေပါင္းစပ္ၿပီး  Deodorantအျဖစ္ သံုးႏိုင္ပါေသးတယ္။

၁၂-ေနေလာင္ကာေဆး
ေနေလာင္တာကို ကုသဖို႔ သံုးမယ္ဆိုရင္ေတာ့ ရွားေစာင္းလက္ပတ္ရြက္ထဲက အႏွစ္ကို ေကာ္ထုတ္ၿပီး ေရခဲခြက္ထဲကို ထည့္ပါ။ အဲဒီေနာက္အေအးခံၿပီး အခဲျဖစ္သြားတဲ့အခါ ေနေလာင္ထားတဲ့ေနရာကို အသာအယာပြတ္ေပးလိုက္ရင္ သက္သာသြားပါတယ္။

ရွားေစာင္းလက္ပတ္မွာလည္း အသံုး၀င္တဲ့အခ်က္ေတြ အမ်ားႀကီးရွိလို႔ စမ္းၾကည့္ဖို႔လည္း မေမ႔နဲ႔ေနာ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

တစ်ခါတစ်ရံ အကောင်းစားမိတ်ကပ်ပစ္စည်းတွေ၊ Skincareတွေကမှ အသားအရေကို လှပအောင် ကူညီပေးနိုင်တာ မဟုတ်ပါဘူး။ သဘာဝပစ္စည်းတွေကနေလည်း အသားအရေကို လှပအောင် ပြုပြင်လို့ရပါတယ်။ အသားအရေအတွက် သဘာဝကနေရတဲ့ အဖိုးတန်တစ်ခုကို ပြောရမယ်ဆိုရင် ရှားစောင်းလက်ပတ်လို့ခေါ်တဲ့Aloe Veraကို မေ့ထားလို့မရပါဘူး။ ရှားစောင်းလက်ပတ်မှာနည်းလမ်းအမျိုးမျိုးအတွက် အသုံးပြုလို့ရတဲ့ အချက်တွေရှိပြီး အိမ်မှာ အလွယ်တကူလုပ်လို့ရပါတယ်။

၁-မျက်တောင်ရှည်ဖို့အတွက်Serum
သင်က မျက်တောင်ရှည်ရှည်တွေကို သဘောကျတယ်ဆိုရင်တော့ ဒီနည်းလမ်းက သင့်မျက်တောင်တွေကို သန်မာစေပြီး ရှည်ထွက်လာစေပါတယ်။ ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို အမည်းရောင် ကြက်ဆူဆီတစ်ဇွန်းနဲ့ရောမွှေပြီး  မျက်တောင်တွေကို ညမအိပ်ခင် လိမ်းပေးပါ။ Sensitiveဖြစ်တဲ့သူဆိုရင်တော့ အရင်ဆုံး ဂွမ်းစလေးနဲ့ ယူလိမ်းပြီး စမ်းကြည့်သင့်ပါတယ်။

၂-ရှားစောင်းလက်ပတ်အပင်ထဲက အနှစ်က အရေးအကြောင်းတွေကို ဖယ်ရှားနိုင်ပါတယ်။
မျက်လုံးအောက်ခြေမှာ ရှားစောင်းလက်ပတ်ကို လိမ်းထားခြင်းအားဖြင့် မျက်အိတ်ဖောင်းတာ၊ရောင်တာတွေကို သက်သာစေပါတယ်။

၃-သဘာဝမိတ်ကပ်ဖျက်ဆေး
သဘာဝရှားစောင်းလက်ပတ်အနှစ်ကို ဂွမ်းစလေးပေါ်မှာ သုတ်ပြီး မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်တွေကို ဖယ်ရှားလို့ရပါတယ်။

၄-ဆံပင်နဲ့ဦးရေပြားထိန်းသိမ်းဖို့အတွက်
ရှားစောင်းလက်ပတ်မှာ ဗောက်တွေကို ဖယ်ရှားနိုင်တဲ့ Pectinပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်အနှစ်ကို Blenderထဲမှာ မွှေပြီး ရလာတဲ့အရည်ကို ဦးရေပြားပေါ်ကို လိမ်းပေးပါ။ပြီးတဲ့အခါ ဆံပင်အရင်းကနေ အဖျားအထိ ထပ်လိမ်းပါ။ တစ်ညလိမ်းထားပြီး နောက်နေ့မနက်ခေါင်းလျှော်တဲ့အခါ ကျန်းမာသန်စွမ်းတဲ့ဆံပင်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၅-ဝက်ခြံပျောက်ဆေး
ရှားစောင်းလက်ပတ်အရွက်ရဲ့ အတွင်းသားကို မျက်နှာကို ပွတ်ပေးလိုက်ရင် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

၆-အမာရွတ်ပျောက်ဆေး
ရှားစောင်းလက်ပတ်မှာ အမည်းစက်တွေလျော့ပါးစေတဲ့ ဗီတာမင် စီ ပါဝင်ပါတယ်။ဝက်ခြံအမာရွတ်တွေ ဒါမှမဟုတ် အမည်းစက်တွေ၊အမာရွတ်တွေပေါ်ကို ညတိုင်းလိမ်းပေးရုံနဲ့ လျော့ပါးစေပါတယ်။

၇-Face Mask
ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ဗီတာမင် အီး က အသားအရေကို ချောမွေ့ပြီး တင်းရင်းစေပါတယ်။ ရှားစောင်းလက်ပတ် ဇွန်းအပြည့်နှစ်ဇွန်းကို Lactic Acidပါဝင်တဲ့ ဒိန်ချဉ် ဇွန်းအပြည့်နှစ်ဇွန်း၊ကြိတ်ထားတဲ့ သခွားသီးနှစ်ဇွန်းနဲ့ရောမွှေပါ။ မျက်နှာပေါ်အနှံ့လိမ်းထားပြီး မိနစ်၂၀လောက်ကြာတဲ့အခါ ရေဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ခါလောက်ဒီနည်းကို သုံးရင် တောက်ပကြည်လင်တဲ့အသားအရေကို ရရှိမှာဖြစ်ပါတယ်။

၈-လက်သည်းအားဖြည့်ဆေး
ရှားစောင်းလက်ပတ်နှစ်ဇွန်းနဲ့ Hazelပင်ကရတဲ့အဆီ နှစ်ဇွန်းကို ရောမွှေပါ။ လက်သည်းဆိုးသလိုပဲ လက်သည်းကို ဂွမ်းဖတ်လေးနဲ့ပုံမှန်လိမ်းပေးရင် လက်သည်းကို သန်မာစေပြီး ပိုတောက်ပစေပါတယ်။

၉-အားဖြည့်ပေးတဲ့Lip Balm
နှုတ်ခမ်းခြောက်တတ်တဲ့သူတွေအတွက်ပါ။အုန်းဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်း ၊ရှားစောင်းလက်ပတ်တစ်ဇွန်းနဲ့ Vaselineတစ်ဇွန်းကို ရောမွှေပါ။ ခွက်တစ်ခုထဲကို လောင်းထည့်ပြီး ခြောက်သွေ့အောင်လုပ်ပါ။ ခြောက်သွားပြီး Lip Balmလိုဖြစ်သွားတဲ့အခါ လက်ချောင်းလေးတွေနဲ့ အသာအယာယူပြီး နှုတ်ခမ်းမှာလိမ်းနိုင်ပါတယ်။

၁၀-ခြေထောက်အရည်ကြည်ဖုပျောက်ဖို့
ဒေါက်မြင့် Heelတွေ စီးပြီးတဲ့အခါ ခြေထောက်နာကျင်တာ၊ခြေထောက်ယောင်တာတွေ၊အရည်ကြည်ဖု ထွက်တာတွေ ဖြစ်တတ်ပါတယ် အဲလိုဖြစ်လာတဲ့အခါ ဂွမ်းလုံးကို ရှားစောင်းလက်ပတ်အရည်ထဲမှာ နှစ်ထားပြီး ကိုယ်နာကျင်တဲ့နေတဲ့နေရာကို ဖိထားပြီး ပတ်တီးလေးနဲ့ပတ်ထားပါ။

၁၁-ခြေထောက်အနံ့အသက်ပျောက်ဆေး
ရှားစောင်းလက်ပတ်ကို အနံ့ပျောက်ဆေးအဖြစ်လည်း သုံးလို့ရပါတယ်။ ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်းနှစ်ဇွန်းကို Tea-tree Oil ဇွန်းတစ်ဇွန်းနဲ့ပေါင်းစပ်ပြီး  Deodorantအဖြစ် သုံးနိုင်ပါသေးတယ်။

၁၂-နေလောင်ကာဆေး
နေလောင်တာကို ကုသဖို့ သုံးမယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်ရွက်ထဲက အနှစ်ကို ကော်ထုတ်ပြီး ရေခဲခွက်ထဲကို ထည့်ပါ။ အဲဒီနောက်အအေးခံပြီး အခဲဖြစ်သွားတဲ့အခါ နေလောင်ထားတဲ့နေရာကို အသာအယာပွတ်ပေးလိုက်ရင် သက်သာသွားပါတယ်။

ရှားစောင်းလက်ပတ်မှာလည်း အသုံးဝင်တဲ့အချက်တွေ အများကြီးရှိလို့ စမ်းကြည့်ဖို့လည်း မမေ့နဲ့နော်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top