iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္မွန္ကိုတစ္ခ်ိန္လံုးတပ္ ထားရသူေတြမွာ ႏွာေခါင္းေပၚ အမာရြတ္က်န္ေနတာေတြ ႀကံဳရ ေလ့ရွိပါတယ္။ တစ္ခါတေလ မ်က္ကပ္မွန္တပ္တဲ့အခါ ႏွာေခါင္းေပၚမွာ အမည္းရာႀကီးေတြရွိေန လို႔ စိတ္မညစ္ရေလေအာင္ သ ဘာ၀နည္းလမ္းနဲ႔ အမာရြတ္ေတြ ေဖ်ာက္ႏိုင္ေအာင္လုိ႔ ေဖာ္ျပေပး လိုက္ပါတယ္။

အာလူး (သို႔မဟုတ္) ခရမ္း ခ်ဥ္သီး - အာလူးနဲ႔ ခရမ္းခ်ဥ္သီး အရည္ဟာ ထူးျခားစြမ္းရည္ရွိၿပီး အမာရြတ္ေတြကို ေပ်ာက္ကင္း ေစပါတယ္။ အာလူးဒါမွမဟုတ္ ခရမ္းခ်ဥ္သီးကိုျခမ္းၿပီး အမာရြတ္ ရွိတဲ့ေနရာကို ပြတ္ၿပီး ေရေဆး တာမ်ဳိးေန႔စဥ္လုပ္ေပးရင္ ရက္အ နည္းငယ္ၾကာတဲ့အခါ ထူးျခားမႈ ကို ေတြ႕ရမွာပါ။

သခြားသီး - သခြားသီးျခမ္း ေလးေတြနဲ႔ အမာရြတ္ရွိတဲ့ေနရာ ကို ပြတ္ေပးတာမ်ဳိးလုပ္ႏိုင္သလို သခြားသီး၊ အာလူးနဲ႔ ခရမ္းခ်ဥ္သီး ကို အရည္ညႇစ္ၿပီး ဂြမ္းစေလးနဲ႔ ပြတ္၊ ေျခာက္တဲ့အထိထားၿပီးမွ ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္ေပးတာမ်ဳိး  ပံုမွန္လုပ္ေပးႏိုင္ပါတယ္။

ပ်ားရည္ - အမာရြတ္ေတြ ဖယ္ရွားေပးၿပီး အသားအေရကို စိုျပည္ေစတဲ့ အစြမ္းသတၱိရွိတဲ့ ပ်ား ရည္ကို အုတ္ဂ်ဳံ၊ ႏြားႏို႔နဲ႔ေရာၿပီး အမာရြတ္ရွိတဲ့ေနရာကို သုတ္ လိမ္းၿပီး မ်က္ႏွာသစ္တာမ်ဳိးလုပ္ ေပးရင္လည္း အမာရြတ္ေပ်ာက္ ကင္းေစပါတယ္။

သံပ႐ိုရည္၊ ေရွာက္ရည္ - ဗီတာမင္စီႂကြယ္၀ၿပီး အေရျပား ကို ၾကည္လင္ေစတဲ့ သဘာ၀ ပစၥည္းတစ္မ်ဳိးလည္း ျဖစ္ပါတယ္။လတ္လတ္ဆတ္ဆတ္သံပ႐ုိ (သို႔) ေရွာက္သီးကို အရည္ညႇစ္ၿပီး ေရ အနည္းငယ္နဲ႔ေရာၿပီး ဂြမ္းစေလး နဲ႔ အမာရြတ္ေနရာကို သုတ္လိမ္း ေပးႏုိင္ပါတယ္။

ပန္းသီးဗီနီဂါ - ပန္းသီးဗီနီဂါ အနည္းငယ္နဲ႔ ေရအနည္းငယ္ကို ဆတူေရာၿပီး အမာရြတ္ေနရာကို သုတ္လိမ္းေပးႏုိင္ပါတယ္။

ရွားေစာင္းလက္ပပ္- အမာ ရြတ္ေတြကို ေပ်ာက္ကင္းေစသလိုအသားအေရကို ေအးျမၿပီး စိုျပည္ေစပါတယ္။ ရွားေစာင္းလက္ပပ္ ဂ်ယ္က အမည္းမွတ္ေတြသာမက အေရျပားျပႆနာေတြကိုလည္း ေပ်ာက္ကင္းႏုိင္စြမ္းရွိပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

မျက်မှန်ကိုတစ်ချိန်လုံးတပ် ထားရသူတွေမှာ နှာခေါင်းပေါ် အမာရွတ်ကျန်နေတာတွေ ကြုံရ လေ့ရှိပါတယ်။ တစ်ခါတလေ မျက်ကပ်မှန်တပ်တဲ့အခါ နှာခေါင်းပေါ်မှာ အမည်းရာကြီးတွေရှိနေ လို့ စိတ်မညစ်ရလေအောင် သ ဘာဝနည်းလမ်းနဲ့ အမာရွတ်တွေ ဖျောက်နိုင်အောင်လို့ ဖော်ပြပေး လိုက်ပါတယ်။

အာလူး (သို့မဟုတ်) ခရမ်း ချဉ်သီး - အာလူးနဲ့ ခရမ်းချဉ်သီး အရည်ဟာ ထူးခြားစွမ်းရည်ရှိပြီး အမာရွတ်တွေကို ပျောက်ကင်း စေပါတယ်။ အာလူးဒါမှမဟုတ် ခရမ်းချဉ်သီးကိုခြမ်းပြီး အမာရွတ် ရှိတဲ့နေရာကို ပွတ်ပြီး ရေဆေး တာမျိုးနေ့စဉ်လုပ်ပေးရင် ရက်အ နည်းငယ်ကြာတဲ့အခါ ထူးခြားမှု ကို တွေ့ရမှာပါ။

သခွားသီး - သခွားသီးခြမ်း လေးတွေနဲ့ အမာရွတ်ရှိတဲ့နေရာ ကို ပွတ်ပေးတာမျိုးလုပ်နိုင်သလို သခွားသီး၊ အာလူးနဲ့ ခရမ်းချဉ်သီး ကို အရည်ညှစ်ပြီး ဂွမ်းစလေးနဲ့ ပွတ်၊ ခြောက်တဲ့အထိထားပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာမျိုး  ပုံမှန်လုပ်ပေးနိုင်ပါတယ်။

ပျားရည် - အမာရွတ်တွေ ဖယ်ရှားပေးပြီး အသားအရေကို စိုပြည်စေတဲ့ အစွမ်းသတ္တိရှိတဲ့ ပျား ရည်ကို အုတ်ဂျုံ၊ နွားနို့နဲ့ရောပြီး အမာရွတ်ရှိတဲ့နေရာကို သုတ် လိမ်းပြီး မျက်နှာသစ်တာမျိုးလုပ် ပေးရင်လည်း အမာရွတ်ပျောက် ကင်းစေပါတယ်။

သံပရိုရည်၊ ရှောက်ရည် - ဗီတာမင်စီကြွယ်ဝပြီး အရေပြား ကို ကြည်လင်စေတဲ့ သဘာ၀ ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။လတ်လတ်ဆတ်ဆတ်သံပရို (သို့) ရှောက်သီးကို အရည်ညှစ်ပြီး ရေ အနည်းငယ်နဲ့ရောပြီး ဂွမ်းစလေး နဲ့ အမာရွတ်နေရာကို သုတ်လိမ်း ပေးနိုင်ပါတယ်။

ပန်းသီးဗီနီဂါ - ပန်းသီးဗီနီဂါ အနည်းငယ်နဲ့ ရေအနည်းငယ်ကို ဆတူရောပြီး အမာရွတ်နေရာကို သုတ်လိမ်းပေးနိုင်ပါတယ်။

ရှားစောင်းလက်ပပ်- အမာ ရွတ်တွေကို ပျောက်ကင်းစေသလိုအသားအရေကို အေးမြပြီး စိုပြည်စေပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်က အမည်းမှတ်တွေသာမက အရေပြားပြဿနာတွေကိုလည်း ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top