iMyanmarHouse.com - Best Property Website for Myanmar
×

စကားအျပန္အလွန္ေျပာဆိုတုိင္း သင့္လက္တြဲေဖာ္ တျခားေကာင္မေလးေတြအေၾကာင္း ေျပာဆုိေနတတ္သလား။ အမ်ဳိးသမီးလုပ္ေဖာ္ကုိက္ဖက္ေတြကို ခ်ီးမြမ္းေျပာဆိုေနပါသလား။ ဒါမွမဟုတ္ သူ႔  သူေဌးမကို အျမဲတမ္း ခ်ီးမြမ္းေနလား။ အိမ္ေထာင္ျပင္ပမွာ အေပ်ာ္မက္တဲ့ အမ်ဳိးသားတခ်ဳိ႕ အဲဒီလုိလုပ္ေဆာင္ၾကေၾကာင္း မ်ားစြာေသာ စစ္တမ္းေတြက ေဖာ္ျပထားပါတယ္။ အငတ္မေျပေသးတဲ့ ေယာက်္ားတစ္ဦးဟာ ဟိုၾကည့္ ဒီၾကည့္လုပ္ေနတတ္ၾကပါတယ္။

ဒီလုိေယာက်္ားတစ္ဦးနဲ႔ ေနရတာ ဘယ္လုိမိန္းကေလးအတြက္ျဖစ္ျဖစ္ ျပသနာျဖစ္ေစပါလိမ့္မယ္။ သင့္လက္တြဲေဖာ္ အမွားတစ္ခုတည္းကို ထပ္ခါထပ္ခါ က်ဴးလြန္ပါက ဒီအခ်က္ကေလးေတြအတိုင္း လုပ္ေဆာင္ျပီး  ျပန္စဥ္းစားသင့္ပါတယ္။ မဟုတ္ရင္ေတာ့ လမ္းခြဲလိုက္တာ ပိုေကာင္းပါတယ္။

သတိေပးပါ

ပထမအဆင့္အေနနဲ႔ သူ႔ကို သတိေပးႏုိင္တယ္။ သူ႔လက္တြဲေဖာ္တစ္ေယာက္အေနနဲ႔ အဲဒီလုိ အျပဳအမူေတြ သည္းမခံႏုိင္ေၾကာင္း ပြင့္လင္းစြာ ေျပာျပပါ။

အခ်ိန္ေပးပါ

ျပဳျပင္ေျပာင္းလဲဖုိ႔ အခ်ိန္အတုိင္းအတာတစ္ခု ေပးပါ။ ေနာက္ စကားအျပန္အလွန္ေျပာဆိုေဆြးေႏြးတဲ့အခါ သင့္ေရွ႕မွာ တျခားမိန္းကေလးေတြအေၾကာင္းေျပာဆုိမႈ ရပ္တန္႔ဖုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာျပပါ။

ေရြးခ်ယ္ခြင့္ေပးပါ

ေနာက္ျပီး သူ႔ကို ေရြးခ်ယ္စရာေပးပါ။ တကယ္လုိ႔ သင္ဟာ သူ႔အတြက္ ေက်နပ္ေလာက္စရာမရိွဘူးလုိ႔ ယူဆတယ္ဆုိရင္ သူ႔ကို ေရြးခ်ယ္ခြင့္ေပးလုိက္ပါ။ သင္တုိ႔ခ်စ္ေရးခ်စ္ရာကလြဲျပီး အျခားကိစၥေတြကိုသာ အာရုံစုိက္ေနတဲ့ ဒီလိုလူမ်ိဳးနဲ႔အတူ သင္ ဘဝမွာ ေပ်ာ္ရႊင္စြာ ေနထုိင္ႏုိင္မွာ မဟုတ္ပါဘူး။

အကဲခတ္ေလ့လာပါ

သူနဲ႔ အျပင္ထြက္တဲ့အခါ သူ႔အျပဳအမူကို ေလ့လာေစာင့္ၾကည့္ပါ။ သူ တျခားေကာင္မေလးေတြကို ၾကည့္ေနသလား။ အဲဒီလုိ အျပဳအမူေတြနဲ႔ သင့္ကုိ စိတ္ထိခုိက္ေအာင္ လုပ္ျမဲလုပ္ေနမယ္ဆိုရင္ ဒီလုိေယာက်္ားမ်ဳိးကို သင့္ဘ၀ထဲထားစရာအေၾကာင္း မရွိေတာ့ပါဘူး။

သူေျပာင္းလဲသလား

သူ ေနာင္တရတာမ်ဳိး ျပပါသလား။ Sorry ေျပာလား။ သူ႔ဘက္က ေျပာင္းလဲဖုိ႔ ရုိးသားတဲ့ အျပဳအမူေတြ ေတြ႔မေတြ႔ ၾကည့္ပါ။ ေနာင္တတရားမရိွ၊ အသနား မဲ့တဲ့ ေယာက်္ားတစ္ေယာက္က ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

စကားအပြန်အလှန်ပြောဆိုတိုင်း သင့်လက်တွဲဖော် တခြားကောင်မလေးတွေအကြောင်း ပြောဆိုနေတတ်သလား။ အမျိုးသမီးလုပ်ဖော်ကိုက်ဖက်တွေကို ချီးမွမ်းပြောဆိုနေပါသလား။ ဒါမှမဟုတ် သူ့  သူဌေးမကို အမြဲတမ်း ချီးမွမ်းနေလား။ အိမ်ထောင်ပြင်ပမှာ အပျော်မက်တဲ့ အမျိုးသားတချို့ အဲဒီလိုလုပ်ဆောင်ကြကြောင်း များစွာသော စစ်တမ်းတွေက ဖော်ပြထားပါတယ်။ အငတ်မပြေသေးတဲ့ ယောကျ်ားတစ်ဦးဟာ ဟိုကြည့် ဒီကြည့်လုပ်နေတတ်ကြပါတယ်။

ဒီလိုယောကျ်ားတစ်ဦးနဲ့ နေရတာ ဘယ်လိုမိန်းကလေးအတွက်ဖြစ်ဖြစ် ပြသနာဖြစ်စေပါလိမ့်မယ်။ သင့်လက်တွဲဖော် အမှားတစ်ခုတည်းကို ထပ်ခါထပ်ခါ ကျူးလွန်ပါက ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်ပြီး  ပြန်စဉ်းစားသင့်ပါတယ်။ မဟုတ်ရင်တော့ လမ်းခွဲလိုက်တာ ပိုကောင်းပါတယ်။

သတိပေးပါ

ပထမအဆင့်အနေနဲ့ သူ့ကို သတိပေးနိုင်တယ်။ သူ့လက်တွဲဖော်တစ်ယောက်အနေနဲ့ အဲဒီလို အပြုအမူတွေ သည်းမခံနိုင်ကြောင်း ပွင့်လင်းစွာ ပြောပြပါ။

အချိန်ပေးပါ

ပြုပြင်ပြောင်းလဲဖို့ အချိန်အတိုင်းအတာတစ်ခု ပေးပါ။ နောက် စကားအပြန်အလှန်ပြောဆိုဆွေးနွေးတဲ့အခါ သင့်ရှေ့မှာ တခြားမိန်းကလေးတွေအကြောင်းပြောဆိုမှု ရပ်တန့်ဖို့ မျှော်လင့်ကြောင်း ပြောပြပါ။

ရွေးချယ်ခွင့်ပေးပါ

နောက်ပြီး သူ့ကို ရွေးချယ်စရာပေးပါ။ တကယ်လို့ သင်ဟာ သူ့အတွက် ကျေနပ်လောက်စရာမရှိဘူးလို့ ယူဆတယ်ဆိုရင် သူ့ကို ရွေးချယ်ခွင့်ပေးလိုက်ပါ။ သင်တို့ချစ်ရေးချစ်ရာကလွဲပြီး အခြားကိစ္စတွေကိုသာ အာရုံစိုက်နေတဲ့ ဒီလိုလူမျိုးနဲ့အတူ သင် ဘဝမှာ ပျော်ရွှင်စွာ နေထိုင်နိုင်မှာ မဟုတ်ပါဘူး။

အကဲခတ်လေ့လာပါ

သူနဲ့ အပြင်ထွက်တဲ့အခါ သူ့အပြုအမူကို လေ့လာစောင့်ကြည့်ပါ။ သူ တခြားကောင်မလေးတွေကို ကြည့်နေသလား။ အဲဒီလို အပြုအမူတွေနဲ့ သင့်ကို စိတ်ထိခိုက်အောင် လုပ်မြဲလုပ်နေမယ်ဆိုရင် ဒီလိုယောကျ်ားမျိုးကို သင့်ဘဝထဲထားစရာအကြောင်း မရှိတော့ပါဘူး။

သူပြောင်းလဲသလား

သူ နောင်တရတာမျိုး ပြပါသလား။ Sorry ပြောလား။ သူ့ဘက်က ပြောင်းလဲဖို့ ရိုးသားတဲ့ အပြုအမူတွေ တွေ့မတွေ့ ကြည့်ပါ။ နောင်တတရားမရှိ၊ အသနား မဲ့တဲ့ ယောကျ်ားတစ်ယောက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top