iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းခ်ဳပ္ျခင္းဆိုတာ အစာေခ်စနစ္ရဲ႕ျပႆနာတစ္ခုျဖစ္ၿပီး အသက္အရြယ္မေရြးမွာျဖစ္ႏုိင္ပါတယ္။ တစ္ပတ္မွာ သံုးႀကိမ္ထက္နည္းၿပီး ဝမ္းသြားတာ (သို႔) ဝမ္းသြားရခက္ခဲၿပီး ေသးငယ္၍ မာေျခာက္တဲ့ဝမ္းမ်ိဳးေတြသြားတာမ်ိဳးကို ဝမ္းခ်ဳပ္တယ္လို႔အၾကမ္းဖ်င္းသတ္မွတ္ႏိုင္ပါတယ္။

တခ်ိဳ႕လူေတြကေန႔စဥ္ေန႔တိုင္းဝမ္းသြားဖို႔ လိုအပ္တယ္လို႔ထင္ၾကေပမယ့္လည္း အေမရိကန္အစာအိမ္နဲ႔အူလမ္းေၾကာင္းဆိုင္ရာအဖြဲ႕အစည္းႀကီးကေတာ့ ဒါဟာျပႆနာမဟုတ္ဘူးလို႔ဆုိပါတယ္။ အခ်ိဳ႕သူေတြက ေန႔စဥ္ေန႔တုိင္းဝမ္းသြားေပမယ့္လည္း ဝမ္းဟာေျခာက္ၿပီးမာေနခဲ့ရင္ေတာ့ ဝမ္းခ်ဳပ္တယ္လို႔သတ္မွတ္ႏုိင္ပါတယ္။

အျခားသူေတြက တစ္ပတ္မွာ သံုးရက္ေလာက္ပဲသြားေပမယ့္လည္း ပံုမွန္ဝမ္းျဖစ္ေနရင္ ဝမ္းခ်ဳပ္တယ္လို႔ေျပာလို႔မရပါဘူး။ ဒါေၾကာင့္ ဝမ္းခ်ဳပ္ျခင္းလို႔ဆိုရာမွာ ဝမ္းသြားတဲ့
အႀကိမ္အေရအတြက္ထက္ ဝမ္းအေပ်ာ့အမာနဲ႔ၾကည့္ၿပီး ဆံုးျဖတ္တာက ပိုမွန္ပါလိမ့္မယ္။

လူအမ်ားစုဟာ ဝမ္းခ်ဳပ္ျခင္းကိုတစ္ခ်ိန္မဟုတ္တစ္ခ်ိန္ႀကံဳေတြ႕ဖူးၾကမွာပါ။ ခရီးသြားျခင္း၊ မိမိရဲ႕ေန႔စဥ္ပံုမွန္လည္ပတ္ေနမႈေျပာင္းလဲျခင္းနဲ႔ အစားအေသာက္ေတြေၾကာင့္ ခဏတာဝမ္းခ်ဳပ္ျခင္းကို ခံစားႏုိင္ပါတယ္။

တခါတရံမအီမသာျဖစ္ႏုိင္တာကလြဲလို႔ ဝမ္းခ်ဳပ္ျခင္းဟာ အေရးႀကီးတဲ့ကိစၥတစ္ခု မဟုတ္ပါဘူး။ ဗုိက္ေအာင့္ျခင္း၊ ေလထျခင္းနဲ႔ ပ်ိဳ႕ျခင္းေတြကိုေတာ့ျဖစ္ႏုိင္ပါတယ္။ ခဏတာ ဝမ္းခ်ဳပ္တာက အစားအေသာက္အေနအထိုင္ပံုမွန္ျပန္ျဖစ္သြားပါက အလိုအေလ်ာက္ေပ်ာက္ကင္းသြားႏုိင္ပါတယ္။

တခ်ိဳ႕သူေတြမွာေတာ့ ဝမ္းခ်ဳပ္ျခင္းဟာ ရက္သတၱပတ္ေပါင္းမ်ားစြာၾကာျမင့္ေနတာေၾကာင့္ ေရရွည္ မွာ ေအာက္ပါေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြျဖစ္လာႏုိင္ပါတယ္။

1. လိပ္ေခါင္း - စအိုဝမွာရွိတဲ့ ေသြးျပန္ေၾကာေတြႀကီးလာတာေၾကာင့္ နာက်င္ျခင္း၊ ေနမထိထိုင္မသာျဖစ္ျခင္း၊ ေသြးထြက္ျခင္းနဲ႔ ယားယံျခင္းတို႔ျဖစ္ေစႏိုင္ပါတယ္။

2. စအုိဝမွာအနည္းငယ္ၿပဲသြားတာေၾကာင့္ နာက်င္ျခင္း၊ ယားယံျခင္း

3. အူမႀကီးထဲတြင္ စျမင္းတံုးပိတ္ျခင္း

4. အူကၽြံျခင္း - အူမႀကီးသည္ ပံုမွန္ရွိသင့္သည့္ေနရာတြင္ မရွိေတာ့ျခင္း

ဝမ္းခ်ဳပ္ျခင္းကို သံလြင္ဆီျဖင့္ကုသျခင္း

       
ဝမ္းသြားေအာင္ျပဳလုပ္ဖို႔အတြက္ သံလြင္ဆီအသံုးျပဳျခင္းဟာ အႏၲရာယ္ကင္းၿပီး က်န္းမာေရးနဲ့
႔ညီညြတ္တဲ့နည္းလမ္းပဲျဖစ္ပါတယ္။ သံလြင္ဆီမွာပါဝင္တဲ့အဆီေတြဟာ အူအတြင္းဘက္နံရံေတြကို
 ေခ်ာေမြ႕ေစတဲ့အတြက္ မစင္တံုးေတြကို လြယ္လြယ္ကူကူေရြ႕လ်ားေစႏုိင္ပါတယ္။ ထုိ႔ျပင္ သံလြင္ဆီဟာ ေရစုပ္ႏုိင္ဖုိ႔ ကူညီေပးႏုိင္တဲ့အတြက္ ဝမ္းကိုလည္းေပ်ာ့ေစႏုိင္ပါတယ္။

အိပ္ရာကႏုိးၿပီးဘာမွ်မစားမီ သံလြင္ဆီထမင္းစားဇြန္း တစ္ဇြန္းေသာက္ျခင္းဟာ ဝမ္းခ်ဳပ္ျခင္းကို
သက္သာေစႏုိင္ပါတယ္။ ထုိ႔ထက္ပိုေသာက္ပါက ဗုိက္ရစ္၍ဝမ္းေလွ်ာျခင္းမ်ားျဖစ္ေစႏုိင္တဲ့ အတြက္ မေသာက္သံုးသင့္ပါဘူး။

သံလြင္ဆီကို ေမြးကင္းစကေလးမ်ားႏွင့္ ကေလးငယ္ေလးမ်ားကိုတုိက္ဖို႔ေတာ့ မသင့္ေတာ္ပါဘူး။ အေမရိကန္ကေလးမ်ားအကယ္ဒမီရဲ႕ အႀကံျပဳခ်က္အရ တစ္ႏွစ္ေအာက္ကေလးေတြမွာ ပန္းသီးေဖ်ာ္ရည္၊ သစ္ေတာ္သီးေဖ်ာ္ရည္၊ ဆီးသီးအႏွစ္အနည္းငယ္တုိ႔ကို တိုက္ေကၽြးႏုိင္ပါတယ္။ ကေလးႀကီးေတြကိုေတာ့ အမွ်င္ဓာတ္မ်ားတဲ့အစားအစာေတြျဖစ္တဲ့ ဆီးသီး၊ မက္မြန္သီးနဲ႔ အေစ့အႏွံေတြေကၽြးသင့္ပါတယ္။
အစားအေသာက္ပံုစံေျပာင္းလဲတာေတာင္မွ မသက္သာဘူးဆုိရင္ေတာ့ ဆရာဝန္ႏွင့္တုိင္ပင္ သင့္ပါတယ္။

သံလြင္ဆီရဲ႕အျခားက်န္းမာေရးေကာင္းက်ိဳးမ်ား


သံလြင္ဆီသည္ဝမ္းခ်ဳပ္ရာမွာ ကူညီေပး႐ံုသာမက အျခားက်န္းမာေရးနဲ႔ပတ္သက္ၿပီး ေကာင္းက်ိဳးေတြ လည္း အမ်ားႀကီးရွိေနပါေသးတယ္။ သံလြင္ဆီဟာ ေျမထဲပင္လယ္ေဒသအစားအစာေတြမွာ မပါမျဖစ္ျဖစ္ၿပီး ေရာဂါအခ်ိဳ႕ျဖစ္ပြားမႈကိုေလွ်ာ့ခ်ေပးႏုိင္႐ံုသာမက အသက္ရွည္စြာေနႏုိင္ေရးအတြက္လည္း အေထာက္အကူျပဳပါတယ္။

သံလြင္ဆီမွာ ေရာင္ရမ္းမႈကိုသက္သာေစႏုိင္တဲ့အစြမ္းသတၱိရွိတာေၾကာင့္ ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါ၊ ကင္ဆာေရာဂါအခ်ိဳ႕၊ အဆစ္အျမစ္ေရာင္ေရာဂါနဲ႔ သတိေမ့ေရာဂါ (Alzheimer)၊ အေၾကာအားနည္း၍ ေျခလက္တုန္ေသာေရာဂါ (Parkinson’s disease) ေတြျဖစ္ပြားမႈ ကိုပါ ေလ်ာ့က်ေစႏုိင္ပါတယ္။ ထုိ႔ျပင္စိတ္က်ေရာဂါျဖစ္ႏိုင္ေခ်ကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။

 အေမရိကန္ႏွလံုးအဖြဲ႕အစည္းႀကီး (AHA) ၏ အဆိုအရ သံလြင္ဆီမွာ ႏွလံုးက်န္းမာေရးကို အေထာက္အကူျပဳႏုိင္တဲ့ ဆီပါဝင္တာေၾကာင့္ စားသံုးေပးသင့္တယ္လို႔သိရပါတယ္။ အသက္ ႏွစ္ႏွစ္အထက္ က်န္းမာေရးေကာင္းသူတုိင္းဟာ ေန႔စဥ္လိုအပ္တဲ့ကယ္လိုရီေတြအနက္ 25-35 ရာခိုင္ႏႈန္းခန္႔ကို ၎အဆီေတြကေနရတယ္လို႔ AHA ကေျပာၾကားထားပါတယ္။ မျပည့္ဝဆီေတြကိုပိုမိုစားသံုးၿပီး ျပည့္ဝဆီနဲ႔အသြင္ေျပာင္းဆီေတြစားသံုးမႈကိုေတာ့ ေလွ်ာ့ခ်သင့္ပါတယ္။

ထုိ႔ျပင္သံလြင္ဆီမွာ ပံုမွန္အစားအေသာက္ေတြမွာပါေလ့မရွိတဲ့ အေရးႀကီးအာဟာရဓာတ္ျဖစ္တဲ့ ဗီတာမင္ E လည္း ပါဝင္ပါတယ္။စတိုးဆုိင္ေတြမွာသံလြင္ဆီအမ်ိဳးမ်ိဳးကိုအလြယ္တကူရႏိုင္ေပမယ့္လည္း အသီးကေနေသခ်ာထုတ္လုပ္ထားၿပီး အေရာအေႏွာမပါတဲ့ “Extra virgin” သံလြင္ဆီကသာ အေကာင္းဆံုးျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:DrMyanmar

#Unicode Version
ဝမ်းချုပ်ခြင်းဆိုတာ အစာချေစနစ်ရဲ့ပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးမှာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်ထက်နည်းပြီး ဝမ်းသွားတာ (သို့) ဝမ်းသွားရခက်ခဲပြီး သေးငယ်၍ မာခြောက်တဲ့ဝမ်းမျိုးတွေသွားတာမျိုးကို ဝမ်းချုပ်တယ်လို့အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။


တချို့လူတွေကနေ့စဉ်နေ့တိုင်းဝမ်းသွားဖို့ လိုအပ်တယ်လို့ထင်ကြပေမယ့်လည်း အမေရိကန်အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်းကြီးကတော့ ဒါဟာပြဿနာမဟုတ်ဘူးလို့ဆိုပါတယ်။ အချို့သူတွေက နေ့စဉ်နေ့တိုင်းဝမ်းသွားပေမယ့်လည်း ဝမ်းဟာခြောက်ပြီးမာနေခဲ့ရင်တော့ ဝမ်းချုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်။


အခြားသူတွေက တစ်ပတ်မှာ သုံးရက်လောက်ပဲသွားပေမယ့်လည်း ပုံမှန်ဝမ်းဖြစ်နေရင် ဝမ်းချုပ်တယ်လို့ပြောလို့မရပါဘူး။ ဒါကြောင့် ဝမ်းချုပ်ခြင်းလို့ဆိုရာမှာ ဝမ်းသွားတဲ့

အကြိမ်အရေအတွက်ထက် ဝမ်းအပျော့အမာနဲ့ကြည့်ပြီး ဆုံးဖြတ်တာက ပိုမှန်ပါလိမ့်မယ်။


လူအများစုဟာ ဝမ်းချုပ်ခြင်းကိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ဖူးကြမှာပါ။ ခရီးသွားခြင်း၊ မိမိရဲ့နေ့စဉ်ပုံမှန်လည်ပတ်နေမှုပြောင်းလဲခြင်းနဲ့ အစားအသောက်တွေကြောင့် ခဏတာဝမ်းချုပ်ခြင်းကို ခံစားနိုင်ပါတယ်။


တခါတရံမအီမသာဖြစ်နိုင်တာကလွဲလို့ ဝမ်းချုပ်ခြင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဗိုက်အောင့်ခြင်း၊ လေထခြင်းနဲ့ ပျို့ခြင်းတွေကိုတော့ဖြစ်နိုင်ပါတယ်။ ခဏတာ ဝမ်းချုပ်တာက အစားအသောက်အနေအထိုင်ပုံမှန်ပြန်ဖြစ်သွားပါက အလိုအလျောက်ပျောက်ကင်းသွားနိုင်ပါတယ်။


တချို့သူတွေမှာတော့ ဝမ်းချုပ်ခြင်းဟာ ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်နေတာကြောင့် ရေရှည် မှာ အောက်ပါနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

1. လိပ်ခေါင်း - စအိုဝမှာရှိတဲ့ သွေးပြန်ကြောတွေကြီးလာတာကြောင့် နာကျင်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ သွေးထွက်ခြင်းနဲ့ ယားယံခြင်းတို့ဖြစ်စေနိုင်ပါတယ်။

2. စအိုဝမှာအနည်းငယ်ပြဲသွားတာကြောင့် နာကျင်ခြင်း၊ ယားယံခြင်း

3. အူမကြီးထဲတွင် စမြင်းတုံးပိတ်ခြင်း

4. အူကျွံခြင်း - အူမကြီးသည် ပုံမှန်ရှိသင့်သည့်နေရာတွင် မရှိတော့ခြင်း

ဝမ်းချုပ်ခြင်းကို သံလွင်ဆီဖြင့်ကုသခြင်း

       

ဝမ်းသွားအောင်ပြုလုပ်ဖို့အတွက် သံလွင်ဆီအသုံးပြုခြင်းဟာ အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့

့ညီညွတ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့အဆီတွေဟာ အူအတွင်းဘက်နံရံတွေကို

 ချောမွေ့စေတဲ့အတွက် မစင်တုံးတွေကို လွယ်လွယ်ကူကူရွေ့လျားစေနိုင်ပါတယ်။ ထို့ပြင် သံလွင်ဆီဟာ ရေစုပ်နိုင်ဖို့ ကူညီပေးနိုင်တဲ့အတွက် ဝမ်းကိုလည်းပျော့စေနိုင်ပါတယ်။


အိပ်ရာကနိုးပြီးဘာမျှမစားမီ သံလွင်ဆီထမင်းစားဇွန်း တစ်ဇွန်းသောက်ခြင်းဟာ ဝမ်းချုပ်ခြင်းကို

သက်သာစေနိုင်ပါတယ်။ ထို့ထက်ပိုသောက်ပါက ဗိုက်ရစ်၍ဝမ်းလျှောခြင်းများဖြစ်စေနိုင်တဲ့ အတွက် မသောက်သုံးသင့်ပါဘူး။


သံလွင်ဆီကို မွေးကင်းစကလေးများနှင့် ကလေးငယ်လေးများကိုတိုက်ဖို့တော့ မသင့်တော်ပါဘူး။ အမေရိကန်ကလေးများအကယ်ဒမီရဲ့ အကြံပြုချက်အရ တစ်နှစ်အောက်ကလေးတွေမှာ ပန်းသီးဖျော်ရည်၊ သစ်တော်သီးဖျော်ရည်၊ ဆီးသီးအနှစ်အနည်းငယ်တို့ကို တိုက်ကျွေးနိုင်ပါတယ်။ ကလေးကြီးတွေကိုတော့ အမျှင်ဓာတ်များတဲ့အစားအစာတွေဖြစ်တဲ့ ဆီးသီး၊ မက်မွန်သီးနဲ့ အစေ့အနှံတွေကျွေးသင့်ပါတယ်။
အစားအသောက်ပုံစံပြောင်းလဲတာတောင်မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင် သင့်ပါတယ်။

သံလွင်ဆီရဲ့အခြားကျန်းမာရေးကောင်းကျိုးများ


သံလွင်ဆီသည်ဝမ်းချုပ်ရာမှာ ကူညီပေးရုံသာမက အခြားကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းကျိုးတွေ လည်း အများကြီးရှိနေပါသေးတယ်။ သံလွင်ဆီဟာ မြေထဲပင်လယ်ဒေသအစားအစာတွေမှာ မပါမဖြစ်ဖြစ်ပြီး ရောဂါအချို့ဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ရုံသာမက အသက်ရှည်စွာနေနိုင်ရေးအတွက်လည်း အထောက်အကူပြုပါတယ်။


သံလွင်ဆီမှာ ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ သတိမေ့ရောဂါ (Alzheimer)၊ အကြောအားနည်း၍ ခြေလက်တုန်သောရောဂါ (Parkinson’s disease) တွေဖြစ်ပွားမှု ကိုပါ လျော့ကျစေနိုင်ပါတယ်။ ထို့ပြင်စိတ်ကျရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေနိုင်ပါတယ်။


 အမေရိကန်နှလုံးအဖွဲ့အစည်းကြီး (AHA) ၏ အဆိုအရ သံလွင်ဆီမှာ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ဆီပါဝင်တာကြောင့် စားသုံးပေးသင့်တယ်လို့သိရပါတယ်။ အသက် နှစ်နှစ်အထက် ကျန်းမာရေးကောင်းသူတိုင်းဟာ နေ့စဉ်လိုအပ်တဲ့ကယ်လိုရီတွေအနက် 25-35 ရာခိုင်နှုန်းခန့်ကို ၎င်းအဆီတွေကနေရတယ်လို့ AHA ကပြောကြားထားပါတယ်။ မပြည့်ဝဆီတွေကိုပိုမိုစားသုံးပြီး ပြည့်ဝဆီနဲ့အသွင်ပြောင်းဆီတွေစားသုံးမှုကိုတော့ လျှော့ချသင့်ပါတယ်။


ထို့ပြင်သံလွင်ဆီမှာ ပုံမှန်အစားအသောက်တွေမှာပါလေ့မရှိတဲ့ အရေးကြီးအာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် E လည်း ပါဝင်ပါတယ်။စတိုးဆိုင်တွေမှာသံလွင်ဆီအမျိုးမျိုးကိုအလွယ်တကူရနိုင်ပေမယ့်လည်း အသီးကနေသေချာထုတ်လုပ်ထားပြီး အရောအနှောမပါတဲ့ “Extra virgin” သံလွင်ဆီကသာ အကောင်းဆုံးဖြစ်ပါတယ်။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:DrMyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top