iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီက သဘာဝအသားအေရစိုေျပမႈကို ဖ်က္ဆီးပစ္ပါတယ္။ ဒါဟာ အမ်ဳိးသမီးေတြသာမက အမ်ဳိးသားေတြမွာပါ ျဖစ္တာပါ။ ျပင္းထန္အားေကာင္းတဲ့ ေဆာင္းရာသီဟာ ခုခံအားစနစ္ ထိခုိက္ေစသလုိ အေရျပားရဲ႕ သဘာဝအကာအကြယ္ေပးအလႊာ အစိုဓာတ္ကို ခြ်တ္ခြာပစ္ပါတယ္။ ဒီေတာ့ ေဆာင္တြင္း အသားအေရထိန္းသိမ္းမႈက ေကာင္းမြန္တဲ့အခ်က္ျဖစ္ရုံမက အမ်ဳိးသားေတြအတြက္ မရိွမျဖစ္ လိုအပ္ခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ေဆာင္းတြင္း ပိုမိုေကာင္းမြန္တဲ့အသားအေရ ရရိွပိုင္ဆုိင္ဖုိ႔အတြက္ မျဖစ္မေနလုိအပ္တဲ့ အသားအေရထိန္းသိမ္းနည္း (၄) ခု ရိွပါတယ္။

၁။ ေရဓာတ္ပုံမွန္ရပါေစ

အသားအေရ ေရဓာတ္ျဖည့္တင္းေပးျခင္းက အသားအေရစိုေျပေစပါတယ္။ သင္ေသာက္လုိက္တဲ့ေရပမာဏ၊ သင့္ပတ္ဝန္းက်င္ေလထုစိုထိုင္းမႈ ပမာဏက အသားအေရေပၚ အျမဲတမ္း အက်ဳိးသက္ေရာက္ေစပါတယ္။ ျဖစ္ႏုိင္ရင္ ေဆာင္းတြင္း အိမ္မွာ စုိထုိင္းမႈထိန္းစက္ (humidifier) ေတြအသုံးျပဳပါ။

၂။ အသားအေရစိုေျပေစတဲ့ အစားအစာေတြစားပါ

အဆီအက္ဆစ္ (omega-3) နဲ႔ omega-6 ပါဝင္တဲ့ ဘယ္အစားအေသာက္မဆိုဟာ အသားအေရစိုေျပမႈ အံကိုက္ထိန္းသိမ္းေပးပါလိမ့္မယ္။ ႏွမ္းၾကိတ္ဆီ၊ ဗီသြားဆီနဲ႔ ငါးဆီတုိ႔က ဝယ္ထားသင့္တဲ့အရာေတြပါပဲ။

၃။ အသားေရအလွကုန္ပစၥည္းမွာ အစိုဓာတ္ထိန္းသိမ္းပစၥည္းေတြ ပါမပါစစ္ေဆးပါ

အစိုဓာတ္ထိန္း serum စတဲ့ အသားေရအလွကုန္ပစၥည္းေတြစတာေတြကို ေျပာတာပါ။ ေမာ္လီက်ဴးဖြဲ႔စည္းမႈ ေသးေလ အသားအေရအတြင္း ပိုမိုတုိးဝင္ႏုိင္ျပီး အာဟာရဓာတ္ပုိေပးႏုိင္ေလပါပဲ။ အသားအေရစိုေျပမႈ တုိးျမင့္ေစတဲ့ အသားေရအလွကုန္ပစၥည္းေတြမွာ Hyaluronic ၊ Acid Glycerin နဲ႔ Humectants စတဲ့ ပစၥည္းေတြပါမပါ စစ္ေဆးပါ။

၄။ ေနပူခံလိမ္းေဆး အသုံးျပဳပါ

ေဆာင္းရာသီအတြင္း ေနပူခံလိမ္းေဆးက မျဖစ္မေန လုိအပ္ပါေသးတယ္။ SPF 30 သုိ႔မဟုတ္ အဲဒီထက္ပိုတဲ့ ေရာင္ျခည္ကာ ေနပူခံလိမ္းေဆးကို အိမ္မွာပဲ ေနေန၊ အျပင္ပဲ ထြက္ထြက္ အျမဲတမ္းအသုံးျပဳသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar

#Unicode Version

ဆောင်းရာသီက သဘာဝအသားအရေစိုပြေမှုကို ဖျက်ဆီးပစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာပါ ဖြစ်တာပါ။ ပြင်းထန်အားကောင်းတဲ့ ဆောင်းရာသီဟာ ခုခံအားစနစ် ထိခိုက်စေသလို အရေပြားရဲ့ သဘာဝအကာအကွယ်ပေးအလွှာ အစိုဓာတ်ကို ချွတ်ခွာပစ်ပါတယ်။ ဒီတော့ ဆောင်တွင်း အသားအရေထိန်းသိမ်းမှုက ကောင်းမွန်တဲ့အချက်ဖြစ်ရုံမက အမျိုးသားတွေအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းတွင်း ပိုမိုကောင်းမွန်တဲ့အသားအရေ ရရှိပိုင်ဆိုင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အသားအရေထိန်းသိမ်းနည်း (၄) ခု ရှိပါတယ်။

၁။ ရေဓာတ်ပုံမှန်ရပါစေ

အသားအရေ ရေဓာတ်ဖြည့်တင်းပေးခြင်းက အသားအရေစိုပြေစေပါတယ်။ သင်သောက်လိုက်တဲ့ရေပမာဏ၊ သင့်ပတ်ဝန်းကျင်လေထုစိုထိုင်းမှု ပမာဏက အသားအရေပေါ် အမြဲတမ်း အကျိုးသက်ရောက်စေပါတယ်။ ဖြစ်နိုင်ရင် ဆောင်းတွင်း အိမ်မှာ စိုထိုင်းမှုထိန်းစက် (humidifier) တွေအသုံးပြုပါ။

၂။ အသားအရေစိုပြေစေတဲ့ အစားအစာတွေစားပါ

အဆီအက်ဆစ် (omega-3) နဲ့ omega-6 ပါဝင်တဲ့ ဘယ်အစားအသောက်မဆိုဟာ အသားအရေစိုပြေမှု အံကိုက်ထိန်းသိမ်းပေးပါလိမ့်မယ်။ နှမ်းကြိတ်ဆီ၊ ဗီသွားဆီနဲ့ ငါးဆီတို့က ဝယ်ထားသင့်တဲ့အရာတွေပါပဲ။

၃။ အသားရေအလှကုန်ပစ္စည်းမှာ အစိုဓာတ်ထိန်းသိမ်းပစ္စည်းတွေ ပါမပါစစ်ဆေးပါ

အစိုဓာတ်ထိန်း serum စတဲ့ အသားရေအလှကုန်ပစ္စည်းတွေစတာတွေကို ပြောတာပါ။ မော်လီကျူးဖွဲ့စည်းမှု သေးလေ အသားအရေအတွင်း ပိုမိုတိုးဝင်နိုင်ပြီး အာဟာရဓာတ်ပိုပေးနိုင်လေပါပဲ။ အသားအရေစိုပြေမှု တိုးမြင့်စေတဲ့ အသားရေအလှကုန်ပစ္စည်းတွေမှာ Hyaluronic ၊ Acid Glycerin နဲ့ Humectants စတဲ့ ပစ္စည်းတွေပါမပါ စစ်ဆေးပါ။

၄။ နေပူခံလိမ်းဆေး အသုံးပြုပါ

ဆောင်းရာသီအတွင်း နေပူခံလိမ်းဆေးက မဖြစ်မနေ လိုအပ်ပါသေးတယ်။ SPF 30 သို့မဟုတ် အဲဒီထက်ပိုတဲ့ ရောင်ခြည်ကာ နေပူခံလိမ်းဆေးကို အိမ်မှာပဲ နေနေ၊ အပြင်ပဲ ထွက်ထွက် အမြဲတမ်းအသုံးပြုသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top