iMyanmarHouse.com - Best Property Website for Myanmar
×

ပါးခ်ိတ္ေရာင္ေရာဂါဟာ ဗုိင္းရပ္စ္ပိုးကူးစက္ခံရျခင္းတစ္မ်ိဳးျဖစ္ၿပီး parotid gland လို႔ေခၚတဲ့ နားေရွ႕တြင္ရွိေသာ တံေတြးအက်ိတ္ေရာင္ရမ္းတာျဖစ္ပါတယ္။ အရင္တုန္းက အျဖစ္မ်ားတဲ့ေရာဂါ တခုျဖစ္ေပမယ့္ အခုအခါမွာ ကာကြယ္ေဆးေတြေပၚလာၿပီးျဖစ္တာေၾကာင့္ ျဖစ္ပြားႏႈန္းေလ်ာ့ က်လာၿပီျဖစ္ပါတယ္။ ကာကြယ္ေဆးကိုေတာ့ သတ္မွတ္ထားတဲ့အတိုင္းထုိးဖို႔အေရးႀကီးပါတယ္။

ေရာဂါလကၡဏာမ်ား


 ေရာဂါလကၡဏာေတြကို မ်ားေသာအားျဖင့္ ဗုိင္းရပ္စ္ပိုးကူးစက္ခံရၿပီး ႏွစ္ပတ္မွ သံုးပတ္အတြင္း ေတြ႕ရေလ့ရွိၿပီး အခ်ိဳ႕ေသာလူေတြမွာ ေရာဂါလကၡဏာျပေလ့မရွိပါ။

- မ်က္ႏွာျပင္ တစ္ဘက္တည္း (သို႔) ႏွစ္ဘက္လံုးရွိ တံေတြးဂလန္း (ပါးခ်ိတ္ေရာင္ျခင္း) မ်ားေရာင္ရမ္းျခင္း

- ကိုယ္ပူျခင္း

- ေခါင္းကိုက္ျခင္း

- ႂကြက္သားနာက်င္ကိုက္ခဲျခင္း

- ႏံုးေခြျခင္း၊ ပါးေဆာင္မ်ားနာလာျခင္း

- ခံတြင္းပ်က္ျခင္း

- အစာဝါးရာတြင္ (သို႔) မ်ိဳခ်ရာတြင္ နာက်င္ျခင္း

ျဖစ္ပြားရသည့္အေၾကာင္းရင္း

 Mumps ဗုိင္းရပ္စ္ေၾကာင့္ျဖစ္ပြားရျခင္းျဖစ္ၿပီး ဗုိင္းရပ္စ္ပိုးဟာ ေရာဂါပိုးကူးစက္ခံထားရသူရဲ႕ တံေတြးမွတဆင့္ အျခားသူမ်ားသို႔ လြယ္ကူစြာပ်ံ႕ႏွံ႔သြားႏုိင္ပါတယ္။ ေရာဂါပိုးရွိသူႏွင့္ အသံုးအေဆာင္မ်ားမွ်ေဝသံုးစြဲျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးရာမွတဆင့္ ေရာဂါပိုးရွိသူရဲ႕ တံေတြးမွတဆင့္ကူးစက္ႏိုင္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

 ေနာက္ဆက္တြဲဆုိးက်ိဳးေတြက ျပင္းထန္ေပမယ့္ အျဖစ္နည္းတာကိုေတြ႕ရပါတယ္။

1. ေဝွးေစ့ေရာင္ရမ္းျခင္း- အရြယ္ေရာက္ၿပီးတဲ့အမ်ိဳးသားေတြမွာ ေဝွးေစ့ေရာင္ရမ္းတာျဖစ္ႏိုင္ပါတယ္။ အျဖစ္နည္းေပမယ့္ တခါတရံမွာ ကေလးမရတဲ့အထိ ျဖစ္ႏုိင္ပါတယ္။

2. ပန္းကရိယေရာင္ရမ္းျခင္း

3.အရြယ္ေရာက္ၿပီးတဲ့အမ်ိဳးသမီးမ်ားတြင္ မ်ိဳးဥအိမ္ႏွင့္ ရင္သားေရာင္ရမ္းျခင္း

4. ဗုိင္းရပ္စ္ပိုးဦးေႏွာက္သို႔ေရာက္သြားျခင္းေၾကာင့္ ဦးေႏွာက္အေျမႇးပါးေရာင္ရမ္းျခင္း

5. အၾကားအာ႐ံုဆံုး႐ႈံးျခင္း

6. အသဲေရာင္ရမ္းျခင္း

7. သိုင္းရြိဳက္ဂလန္းေရာင္ရမ္းျခင္း

စစ္ေဆးျခင္း

ပါးခ်ိတ္ေရာင္တယ္လို႔သံသယရွိပါက culture ပိုးေမြးျခင္းႏွင့္ ေသြးစစ္ေဆးျခင္းကိုျပဳလုပ္ႏုိင္ပါတယ္။ mumps ဗုိင္းရပ္ကူးစက္ခံရပါက ခႏၶာကိုယ္က ပဋိဇီဝပစၥည္းေတြထုတ္ၿပီး အလိုအေလ်ာက္
တိုက္ခိုက္တာေၾကာင့္ ေသြးစစ္ေဆးျခင္းျဖင့္ ဗိုင္းရပ္စ္ကိုတုိက္ခိုက္တဲ့ ပဋိဇီဝရွိ/မရွိ စစ္ေဆးႏုိင္ပါတယ္။

ကုသျခင္း

 အနားယူျခင္းက အေကာင္းဆံုးကုသမႈျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ ႏွစ္ပတ္ခန္႔အၾကာမွာ နာလန္ျပန္ထႏုိင္မွာျဖစ္ပါတယ္။ ပါးခ်ိတ္ေရာင္ေနပါက ကိုယ္ပူသက္သာတဲ့အထိ အိမ္တြင္အနားယူပါ။ ေရဓာတ္ျပည့္ဝေနေစရန္ ဂ႐ုစိုက္ပါ။ အခ်ဥ္ဓာတ္ရွိတဲ့ အစားအစာေတြက တံေတြးထြက္ရွိလာေအာင္လႈံ႕ေဆာ္ေပးတာေၾကာင့္ပါးခ်ိတ္ေရာင္ေနစဥ္အေတာအတြင္းေရွာင္ရွားပါ။
 ေရာင္ရမ္းေနတဲ့ေနရာကို ေရေႏြးအိတ္ (သို႔) ေရခဲကပ္ေပးပါ။ ကိုယ္ပူျခင္း၊ ေရာင္ရမ္းျခင္းေတြအတြက္ ဆရာ၀န္ညႊန္ၾကားတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ မွီဝဲပါ။
အစာစားရာမွာ နာက်င္မႈေလ်ာ့နည္းေစရန္ အစာေပ်ာ့ေပ်ာ့ပဲ စားေပးဖို႔လိုအပ္ပါတယ္။ ပါးခ်ိတ္ေရာင္တဲ့ ကေလးငယ္မွာေအာက္ပါအေျခအေနေတြ ေတြ႕ရွိရပါက ဆရာဝန္ႏွင့္အျမန္ဆံုးျပသဖို႔လုပ္ေဆာင္ပါ။

- အဖ်ား 103 ဒီဂရီဖာရင္ဟိုက္ အထက္တြင္ရွိျခင္း

- အစာမဝင္ျခင္း

- စိတ္႐ႈပ္ေထြးျခင္း

- ဝမ္းဗုိက္ေအာင့္ျခင္း

- ေဝွးေစ့ေရာင္ရမ္းနာက်င္ျခင္း

ကာကြယ္ျခင္း


 MMR (measles, mumps, and rubella) လို႔ေခၚတဲ့ သံုးမ်ိဳးစပ္ (ဝက္သတ္၊ ပါးခ်ိတ္ေရာင္၊ ဂ်ိဳက္သိုး) ကာကြယ္ေဆးကို ကာကြယ္ေဆးထုိးရန္ အခ်ိန္ဇယားအတုိင္း ထိုးထားျခင္းျဖင့္ ပါးခ်ိတ္ေရာင္ေရာဂါကို ကာကြယ္ႏုိင္မွာျဖစ္ပါတယ္။ ပါးခ်ိတ္ေရာင္ေရာဂါတစ္ခါျဖစ္ဖူးပါကလည္း  ေနာက္တစ္ေခါက္မျဖစ္ေအာင္ ခုခံႏိုင္စြမ္းရွိသြားမွာျဖစ္ပါတယ္။
        
 အရြယ္ေရာက္ၿပီးတဲ့သူမ်ား၊ က်န္းမာေရးဝန္ေဆာင္မႈေပးေနသူမ်ား၊ ႏုိင္ငံရပ္ျခားသို႔ ခရီးသြားရန္အစီအစဥ္ရွိေနသူမ်ား အေနျဖင့္ MMR Vaccine ထိုးႏွံထားျခင္းမရွိေသးပါက ဆရာဝန္ႏွင့္တုိင္ပင္ၿပီး MMR vaccine ထိုးရန္ လုပ္ေဆာင္သင့္ပါတယ္။
         
ကိုယ္ဝန္ရွိသူမ်ား၊ ခုခံအားနည္းေနသူမ်ား၊ စတီးရြိဳက္ေဆးဝါးမွီဝဲေနသူမ်ား၊ ကင္ဆာေရာဂါရွိသူမ်ား၊ Gelatin (သို႔) Neomycin (ပဋိဇီဝေဆးဝါး) ႏွင့္ ဓာတ္မတည့္သူမ်ား၊ တလအတြင္းကေလးယူရန္ အစီအစဥ္ရွိေသာအမ်ိဳးသမီးမ်ား၊ လြန္ခဲ့ေသာတလအတြင္း အျခားေသာကာကြယ္ေဆးတခုခုထုိးထားသူမ်ားအေနျဖင့္ MMR ကာကြယ္ေဆးထိုးမယ္ဆုိပါက ဆရာဝန္ႏွင့္ေသခ်ာတိုင္ပင္ရမွာျဖစ္ပါတယ္။

MMR Vaccine ၏ ေဘးထြက္ဆိုးက်ိဳးမ်ား

 မ်ားေသာအားျဖင့္ ေဘးထြက္ဆိုးက်ိဳးမရွိဘူးဆိုေပမယ့္ အခ်ိဳ႕ေသာလူေတြမွာ အနီစက္ထြက္ျခင္း၊ အ႐ိုးအဆစ္နာက်င္ျခင္းတို႔ျဖစ္တတ္ပါတယ္။ ျပင္းထန္တဲ့ဓာတ္မတည့္မႈျဖစ္ပြားႏႈန္းဟာ လူ 10 သိန္းမွာ တေယာက္ႏႈန္းထက္ေတာင္ နည္းပါးတာကိုေတြ႕ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:DrMyanmar


#Unicode Version
ပါးချိတ်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတစ်မျိုးဖြစ်ပြီး parotid gland လို့ခေါ်တဲ့ နားရှေ့တွင်ရှိသော တံတွေးအကျိတ်ရောင်ရမ်းတာဖြစ်ပါတယ်။ အရင်တုန်းက အဖြစ်များတဲ့ရောဂါ တခုဖြစ်ပေမယ့် အခုအခါမှာ ကာကွယ်ဆေးတွေပေါ်လာပြီးဖြစ်တာကြောင့် ဖြစ်ပွားနှုန်းလျော့ ကျလာပြီဖြစ်ပါတယ်။ ကာကွယ်ဆေးကိုတော့ သတ်မှတ်ထားတဲ့အတိုင်းထိုးဖို့အရေးကြီးပါတယ်။

ရောဂါလက္ခဏာများ


 ရောဂါလက္ခဏာတွေကို များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး နှစ်ပတ်မှ သုံးပတ်အတွင်း တွေ့ရလေ့ရှိပြီး အချို့သောလူတွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါ။

- မျက်နှာပြင် တစ်ဘက်တည်း (သို့) နှစ်ဘက်လုံးရှိ တံတွေးဂလန်း (ပါးချိတ်ရောင်ခြင်း) များရောင်ရမ်းခြင်း

- ကိုယ်ပူခြင်း

- ခေါင်းကိုက်ခြင်း

- ကြွက်သားနာကျင်ကိုက်ခဲခြင်း

- နုံးခွေခြင်း၊ ပါးဆောင်များနာလာခြင်း

- ခံတွင်းပျက်ခြင်း

- အစာဝါးရာတွင် (သို့) မျိုချရာတွင် နာကျင်ခြင်း

ဖြစ်ပွားရသည့်အကြောင်းရင်း


 Mumps ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပိုးဟာ ရောဂါပိုးကူးစက်ခံထားရသူရဲ့ တံတွေးမှတဆင့် အခြားသူများသို့ လွယ်ကူစွာပျံ့နှံ့သွားနိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အသုံးအဆောင်များမျှဝေသုံးစွဲခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးရာမှတဆင့် ရောဂါပိုးရှိသူရဲ့ တံတွေးမှတဆင့်ကူးစက်နိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ


 နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ပေမယ့် အဖြစ်နည်းတာကိုတွေ့ရပါတယ်။

1. ဝှေးစေ့ရောင်ရမ်းခြင်း- အရွယ်ရောက်ပြီးတဲ့အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ အဖြစ်နည်းပေမယ့် တခါတရံမှာ ကလေးမရတဲ့အထိ ဖြစ်နိုင်ပါတယ်။

2. ပန်းကရိယရောင်ရမ်းခြင်း

3.အရွယ်ရောက်ပြီးတဲ့အမျိုးသမီးများတွင် မျိုးဥအိမ်နှင့် ရင်သားရောင်ရမ်းခြင်း

4. ဗိုင်းရပ်စ်ပိုးဦးနှောက်သို့ရောက်သွားခြင်းကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း

5. အကြားအာရုံဆုံးရှုံးခြင်း

6. အသဲရောင်ရမ်းခြင်း

7. သိုင်းရွိုက်ဂလန်းရောင်ရမ်းခြင်း

စစ်ဆေးခြင်း


ပါးချိတ်ရောင်တယ်လို့သံသယရှိပါက culture ပိုးမွေးခြင်းနှင့် သွေးစစ်ဆေးခြင်းကိုပြုလုပ်နိုင်ပါတယ်။ mumps ဗိုင်းရပ်ကူးစက်ခံရပါက ခန္ဓာကိုယ်က ပဋိဇီဝပစ္စည်းတွေထုတ်ပြီး အလိုအလျောက်

တိုက်ခိုက်တာကြောင့် သွေးစစ်ဆေးခြင်းဖြင့် ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့ ပဋိဇီဝရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။

ကုသခြင်း


 အနားယူခြင်းက အကောင်းဆုံးကုသမှုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ပတ်ခန့်အကြာမှာ နာလန်ပြန်ထနိုင်မှာဖြစ်ပါတယ်။ ပါးချိတ်ရောင်နေပါက ကိုယ်ပူသက်သာတဲ့အထိ အိမ်တွင်အနားယူပါ။ ရေဓာတ်ပြည့်ဝနေစေရန် ဂရုစိုက်ပါ။ အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေက တံတွေးထွက်ရှိလာအောင်လှုံ့ဆော်ပေးတာကြောင့်ပါးချိတ်ရောင်နေစဉ်အတောအတွင်းရှောင်ရှားပါ။

 ရောင်ရမ်းနေတဲ့နေရာကို ရေနွေးအိတ် (သို့) ရေခဲကပ်ပေးပါ။ ကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်းတွေအတွက် ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ မှီဝဲပါ။
အစာစားရာမှာ နာကျင်မှုလျော့နည်းစေရန် အစာပျော့ပျော့ပဲ စားပေးဖို့လိုအပ်ပါတယ်။ ပါးချိတ်ရောင်တဲ့ ကလေးငယ်မှာအောက်ပါအခြေအနေတွေ တွေ့ရှိရပါက ဆရာဝန်နှင့်အမြန်ဆုံးပြသဖို့လုပ်ဆောင်ပါ။

- အဖျား 103 ဒီဂရီဖာရင်ဟိုက် အထက်တွင်ရှိခြင်း

- အစာမဝင်ခြင်း

- စိတ်ရှုပ်ထွေးခြင်း

- ဝမ်းဗိုက်အောင့်ခြင်း

- ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်း

ကာကွယ်ခြင်း


 MMR (measles, mumps, and rubella) လို့ခေါ်တဲ့ သုံးမျိုးစပ် (ဝက်သတ်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး) ကာကွယ်ဆေးကို ကာကွယ်ဆေးထိုးရန် အချိန်ဇယားအတိုင်း ထိုးထားခြင်းဖြင့် ပါးချိတ်ရောင်ရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါတစ်ခါဖြစ်ဖူးပါကလည်း  နောက်တစ်ခေါက်မဖြစ်အောင် ခုခံနိုင်စွမ်းရှိသွားမှာဖြစ်ပါတယ်။
        

 အရွယ်ရောက်ပြီးတဲ့သူများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများ၊ နိုင်ငံရပ်ခြားသို့ ခရီးသွားရန်အစီအစဉ်ရှိနေသူများ အနေဖြင့် MMR Vaccine ထိုးနှံထားခြင်းမရှိသေးပါက ဆရာဝန်နှင့်တိုင်ပင်ပြီး MMR vaccine ထိုးရန် လုပ်ဆောင်သင့်ပါတယ်။
         

ကိုယ်ဝန်ရှိသူများ၊ ခုခံအားနည်းနေသူများ၊ စတီးရွိုက်ဆေးဝါးမှီဝဲနေသူများ၊ ကင်ဆာရောဂါရှိသူများ၊ Gelatin (သို့) Neomycin (ပဋိဇီဝဆေးဝါး) နှင့် ဓာတ်မတည့်သူများ၊ တလအတွင်းကလေးယူရန် အစီအစဉ်ရှိသောအမျိုးသမီးများ၊ လွန်ခဲ့သောတလအတွင်း အခြားသောကာကွယ်ဆေးတခုခုထိုးထားသူများအနေဖြင့် MMR ကာကွယ်ဆေးထိုးမယ်ဆိုပါက ဆရာဝန်နှင့်သေချာတိုင်ပင်ရမှာဖြစ်ပါတယ်။

MMR Vaccine ၏ ဘေးထွက်ဆိုးကျိုးများ


 များသောအားဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုပေမယ့် အချို့သောလူတွေမှာ အနီစက်ထွက်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်ပွားနှုန်းဟာ လူ 10 သိန်းမှာ တယောက်နှုန်းထက်တောင် နည်းပါးတာကိုတွေ့ရပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:DrMyanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top