iMyanmarHouse.com - Best Property Website for Myanmar
×

ထက္ျမက္တဲ့ မိန္းကေလးတစ္ဦးက သူမရဲ႕ေနာက္ကြယ္ကအေျပာ ေတြကုိ သိပ္ၿပီးေတာ့ အာရံုစုိက္ေလ့မရွိဘူး။ ဒီအေျပာေတြကုိ မသိလုိ႔ေတာ့မဟုတ္ ဘူးေနာ္။ သူမအတြက္ အဖိုးတန္အခ်ိန္ေတြကုိ ဒီတန္ဖိုးမရွိတဲ့ ေနာက္ကြယ္က အေျပာေတြနဲ႔ အလဲအလွယ္မလုပ္ခ်င္တာပါ။

ပတ္ဝန္းက်င္ကုိ ဂရုစိုက္ပါတယ္။ သူမအတြက္ အဆိပ္မသင့္တဲ့ ပတ္ဝန္းက်င္မ်ိဳးေပါ့။ သူမေပၚ ဆိုးဆိုးဝါးဝါး သက္ေရာက္မႈရွိတဲ့ပတ္ ဝန္းက်င္မ်ိဳးဆုိရင္ေတာ့ တစ္ခ်က္ေလးေတာင္ လွည့္မၾကည့့္ပဲထြက္ လာတတ္တယ္။

ခ်စ္တတ္ပါတယ္။ ဒါေပမဲ့ မုန္းၿပီဆုိလည္း ျပတ္ျပတ္သားသားပဲ။ ကုိယ့္အခ်စ္နဲ႔ မတန္ဘူးထင္တဲ့ လူအေပၚ အခ်စ္ေတြမလဟႆမ ျဖဳန္းတီးပစ္တတ္ ဘူး။ ေငြနဲ႔ျပန္ဝယ္လုိ႔ေတာင္မရတဲ့ ရင္ထဲကခံစားခ်က္ေတြက ပုိၿပီးေတာ့ တန္ဖိုးထားတတ္တာပါ။

ႏွလံုးသားနဲ႔ရင္းၿပီး နာက်င္ခံစားရတာေတြ ရွိပါတယ္။ ဒါေပမဲ့ ဘယ္ သူ႔ေရွ႕မွာမွ သနားစရာေကာင္းတဲ့ ပံုစံမ်ိဳးနဲ႔ မျမင္ေတြ႔ေစရဘူး။ တစ္ ေယာက္တည္း ႀကိတ္ မွိတ္ၿပီးခံစားလုိက္တယ္။

က်ရံႈးဖူးတယ္။ ကုိယ့္ကုိဝုိင္းၿပီး တြန္းခ်ခဲ့တဲ့ လူေတြရဲ႕လက္ေအာက္မွာ လဲက်ခဲ့ဖူးတယ္။ ဒါေပမယ့္ ဘယ္ေတာ့မွ အရႈံးမေပးခဲ့ဘူး။ ကုိယ္ရႈံးနိမ့္သြား တာကုိ လုိလားၿပီး ေလွာင္ေျပာင္ေနတဲ့ ပတ္ဝန္းက်င္က လူေတြရဲ႕အလုိကုိ မျဖည့္ေပးႏုိင္လုိ႔ မခံခ်င္စိတ္နဲ႔ အေသအေၾက ႀကိဳးစားခဲ့ရတာပဲ။

အခုေတာ့ သူမေနတတ္သြားၿပီ…ဘဝထဲမွာ တန္ဖိုးထားတဲ့သူေတြ ကုိ ေနရာေပးဖုိ႔ တန္ဖိုးမရွိတဲ့သူေတြကို ဖယ္ထုတ္ပစ္လုိက္တယ္။ သူမအတြက္ အေရးပါတဲ့အရာေတြကုိပဲ စုေဆာင္းထားလုိက္တယ္။

အေရးမပါတဲ့ အရာေတြကုိ ပစ္ခ်ထားခဲ့လုိက္တယ္။ သူမကုိယ္သူမသာ အခ်စ္ရဆံုးျဖစ္ေစၿပီးေတာ့ ေလာကႀကီးကုိရဲရင့္စြာနဲ႔ပဲ ႀကံ႕ႀကံ႕ခုိင္ေနတတ္ လာခဲ့ေတာ့တယ္…..

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : phothutaw

#Unicode Version

  ထက်မြက်တဲ့ မိန်းကလေးတစ်ဦးက သူမရဲ့နောက်ကွယ်ကအပြော တွေကို သိပ်ပြီးတော့ အာရုံစိုက်လေ့မရှိဘူး။ ဒီအပြောတွေကို မသိလို့တော့မဟုတ် ဘူးနော်။ သူမအတွက် အဖိုးတန်အချိန်တွေကို ဒီတန်ဖိုးမရှိတဲ့ နောက်ကွယ်က အပြောတွေနဲ့ အလဲအလှယ်မလုပ်ချင်တာပါ။

ပတ်ဝန်းကျင်ကို ဂရုစိုက်ပါတယ်။ သူမအတွက် အဆိပ်မသင့်တဲ့ ပတ်ဝန်းကျင်မျိုးပေါ့။ သူမပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှုရှိတဲ့ပတ် ဝန်းကျင်မျိုးဆိုရင်တော့ တစ်ချက်လေးတောင် လှည့်မကြည့့်ပဲထွက် လာတတ်တယ်။

ချစ်တတ်ပါတယ်။ ဒါပေမဲ့ မုန်းပြီဆိုလည်း ပြတ်ပြတ်သားသားပဲ။ ကိုယ့်အချစ်နဲ့ မတန်ဘူးထင်တဲ့ လူအပေါ် အချစ်တွေမလဟဿမ ဖြုန်းတီးပစ်တတ် ဘူး။ ငွေနဲ့ပြန်ဝယ်လို့တောင်မရတဲ့ ရင်ထဲကခံစားချက်တွေက ပိုပြီးတော့ တန်ဖိုးထားတတ်တာပါ။

နှလုံးသားနဲ့ရင်းပြီး နာကျင်ခံစားရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဘယ် သူ့ရှေ့မှာမှ သနားစရာကောင်းတဲ့ ပုံစံမျိုးနဲ့ မမြင်တွေ့စေရဘူး။ တစ် ယောက်တည်း ကြိတ် မှိတ်ပြီးခံစားလိုက်တယ်။

ကျရှုံးဖူးတယ်။ ကိုယ့်ကိုဝိုင်းပြီး တွန်းချခဲ့တဲ့ လူတွေရဲ့လက်အောက်မှာ လဲကျခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ ကိုယ်ရှုံးနိမ့်သွား တာကို လိုလားပြီး လှောင်ပြောင်နေတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့အလိုကို မဖြည့်ပေးနိုင်လို့ မခံချင်စိတ်နဲ့ အသေအကြေ ကြိုးစားခဲ့ရတာပဲ။

အခုတော့ သူမနေတတ်သွားပြီ…ဘဝထဲမှာ တန်ဖိုးထားတဲ့သူတွေ ကို နေရာပေးဖို့ တန်ဖိုးမရှိတဲ့သူတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။ သူမအတွက် အရေးပါတဲ့အရာတွေကိုပဲ စုဆောင်းထားလိုက်တယ်။

အရေးမပါတဲ့ အရာတွေကို ပစ်ချထားခဲ့လိုက်တယ်။ သူမကိုယ်သူမသာ အချစ်ရဆုံးဖြစ်စေပြီးတော့ လောကကြီးကိုရဲရင့်စွာနဲ့ပဲ ကြံ့ကြံ့ခိုင်နေတတ် လာခဲ့တော့တယ်…..

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : phothutaw
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top