iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုက ဖရဲသီးကုိ ႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဖရဲသီးရဲ႕အခြံကုိေတာ့ စားသုံးေလ့မရွိပါဘူး။ တကယ္ေတာ့ ဖရဲသီးတစ္လုံးပါဝင္တဲ႔ အာနိသင္ ၉၅%ေလာက္ဟာ ဖရဲသီးအခြံထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

 ဖရဲသီးအခံြဟာ ဖရဲသီးအသားလုိပဲ ေရဓါတ္ပါဝင္မႈမ်ားတာေၾကာင့္ ေက်ာက္ကပ္ကုိ အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ ဖရဲသီးအခြံမွာ Vitamin C , B6 , A တုိ႔ပါဝင္ေနၿပီး ပုိတတ္ဆီယမ္နဲ႔ ဇင့္ဓါတ္တုိ႔လည္း အထုိက္အေလ်ာက္ပါဝင္ေနပါတယ္။

 ဖရဲသီးအခြံမွာပါဝင္ေနတဲ႔ ပုိတတ္ဆီယမ္ဓါတ္ဟာ ေက်ာက္ကပ္ကုိ သန္စြမ္းေစႏုိင္တဲ႔အျပင္ ဆီးအတြင္းမွာရွိတဲ႔ အက္ဆစ္ဓါတ္ကုိလည္း ထိန္းညိွေပးႏုုိင္ၿပီး ေက်ာက္ကပ္အတြင္း ေက်ာက္တည္ျခင္းကုိလည္း တားဆီးကာကြယ္ေပးႏုိင္ပါတယ္။

 ဖရဲသီးအခြံမွာပါဝင္ေနတဲ႔ အမွ်င္ဓါတ္နဲ႔ Citrulline တုိ႔က ကုိယ္အေလးခ်ိန္ကုိ က်ဆင္းေစႏုိင္တာေၾကာင့္ ဝိတ္ခ်ခ်င္သူမ်ားအတြက္ေတာ့ အထူးကုိသင့္ေလ်ာ္ပါတယ္။ ေလ့လာခ်က္မ်ားအရ Citrulline ဓါတ္ကုိ ပုံမွန္မွီဝဲသူဟာ မမွီဝဲသူထက္ ကုိယ္အေလးခ်ိန္ကုိ ၃၀%ေလာက္ က်ဆင္းသြားေစႏုိင္ပါတယ္။ ဖရဲသီးအခံြဟာ beta-carotene ေတြ မ်ားစြာပါဝင္တဲ႔ အစားအစာတစ္ခုျဖစ္လုိ႔ မ်က္စိအားကုိလည္း အထူးေကာင္းမြန္ေစႏုိင္ပါတယ္။

ကုိယ္ဝန္ေဆာင္မ်ားအေနနဲ႔ ဖရဲသီးခြံကုိစားသုံးေပးမယ္ဆုိ ကုိယ္ဝန္ေဆာင္ကာလအတြင္းမွာ ခံစားရေလ႔ရွိတဲ႔ ရင္ပူျခင္းနဲ႔ ေရာင္ယမ္းျခင္းတုိ႔မွ ကာကြယ္ေပးႏုိင္တဲ႔အျပင္ ဖရဲသီးအခြံမွာပါဝင္တဲ႔ သဘာဝသၾကားဓါတ္က ဖ်ားနာမႈကုိ ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ဖရဲသီးတစ္လုံးကုိစားတဲ႔အခါ အခြံကုိလည္းမလႊင့္ပစ္ပဲ စားသုံးၾကဖုိ႔ တုိက္တြန္းလုိက္ရပါတယ္ခင္ဗ်ာ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin


#Unicode Version


လူအများစုက ဖရဲသီးကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ဖရဲသီးရဲ့အခွံကိုတော့ စားသုံးလေ့မရှိပါဘူး။ တကယ်တော့ ဖရဲသီးတစ်လုံးပါဝင်တဲ့ အာနိသင် ၉၅%လောက်ဟာ ဖရဲသီးအခွံထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

 ဖရဲသီးအခွံဟာ ဖရဲသီးအသားလိုပဲ ရေဓါတ်ပါဝင်မှုများတာကြောင့် ကျောက်ကပ်ကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဖရဲသီးအခွံမှာ Vitamin C , B6 , A တို့ပါဝင်နေပြီး ပိုတတ်ဆီယမ်နဲ့ ဇင့်ဓါတ်တို့လည်း အထိုက်အလျောက်ပါဝင်နေပါတယ်။

 ဖရဲသီးအခွံမှာပါဝင်နေတဲ့ ပိုတတ်ဆီယမ်ဓါတ်ဟာ ကျောက်ကပ်ကို သန်စွမ်းစေနိုင်တဲ့အပြင် ဆီးအတွင်းမှာရှိတဲ့ အက်ဆစ်ဓါတ်ကိုလည်း ထိန်းညှိပေးနိုုင်ပြီး ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကိုလည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။

 ဖရဲသီးအခွံမှာပါဝင်နေတဲ့ အမျှင်ဓါတ်နဲ့ Citrulline တို့က ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တာကြောင့် ဝိတ်ချချင်သူများအတွက်တော့ အထူးကိုသင့်လျော်ပါတယ်။ လေ့လာချက်များအရ Citrulline ဓါတ်ကို ပုံမှန်မှီဝဲသူဟာ မမှီဝဲသူထက် ကိုယ်အလေးချိန်ကို ၃၀%လောက် ကျဆင်းသွားစေနိုင်ပါတယ်။ ဖရဲသီးအခွံဟာ beta-carotene တွေ များစွာပါဝင်တဲ့ အစားအစာတစ်ခုဖြစ်လို့ မျက်စိအားကိုလည်း အထူးကောင်းမွန်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်များအနေနဲ့ ဖရဲသီးခွံကိုစားသုံးပေးမယ်ဆို ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ခံစားရလေ့ရှိတဲ့ ရင်ပူခြင်းနဲ့ ရောင်ယမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်တဲ့အပြင် ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓါတ်က ဖျားနာမှုကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဖရဲသီးတစ်လုံးကိုစားတဲ့အခါ အခွံကိုလည်းမလွှင့်ပစ်ပဲ စားသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top