iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုက ဘီယာေသာက္ရင္ ေရရွည္မွာ က်န္းမာေရးကုိ ထိခုိက္ေစႏုိင္တယ္လုိ႔သာ အလြယ္မွတ္ထားၾကေပမယ့္ တန္ေဆးလြန္ေဘးဆုိတဲ႔ စကားပုံအတုိင္း ဘီယာကုိ ေတာ္သင့္ရုံေလာက္ ေသာက္သုံးမယ္ဆုိ က်န္းမာေရးအတြက္ပါ အေထာက္အကူျပဳႏုိင္ပါတယ္။

 ဘီယာေသာက္သုံးျခင္းဟာ လူေတြကုိ ဒုကၡေပးေနၾက ေရာဂါမ်ားစြာကုိ ေလ်ာ့ခ်ေစႏုိင္ပါတယ္။ ဘီယာေသာက္သုံးျခင္းေၾကာင့္ ေသြးအတြင္း ေကာင္းမြန္တဲ႔ကုိလက္စေရာကုိ ရရွိေစႏုိင္လုိ႔ ႏွလုံးေရာဂါကုိ ေလ်ာ့ခ်ေပးႏုိင္ၿပီး ကင္ဆာနဲ႔ ဆီးခ်ိဳေရာဂါကုိလည္း ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

 အရက္ဘီယာမ်ားမ်ားေသာက္ရင္ ေက်ာက္ကပ္ထိခုိက္ေစတယ္ဆုိတာ ဟုတ္ေပမယ့္ ဘီယာကုိပုံမွန္ေသာက္မယ္ဆုိရင္ အရုိးအတြင္းမွာရွိတဲ႔ ကယ္ဆီယမ္ေတြ မ်ားျပားေနျခင္းကုိ ေလ်ာ့ခ်ေပးႏုိင္တာေၾကာင့္ ဘီယာကုိအတုိင္းအတာတစ္ခုထိ ေသာက္သုံးပါက ေက်ာက္ကပ္ေရာဂါကုိပါ တားဆီးေပးႏုိင္ပါတယ္။

 ဒီလုိေရာဂါဆုိးေတြကုိ သက္သာေစရုံသာမကပဲ ဘီယာပုံမွန္ေသာက္သူေတြဟာ အသက္ႀကီးလာတဲ႔အထိ ကုိယ္ရဲ႕ၾကြက္သားအဖုအထစ္ေတြကုိ ဆက္လက္ထိန္းသိမ္းထားႏုိင္ပါတယ္။ ဘီယာမွာ သာမာန္မ်က္စိနဲ႔ မျမင္ႏုိင္တဲ႔ ဘက္တီးရီးယားပိုးေတြကုိ ေသေစႏုိင္တဲ႕႔ ဂုဏ္သတၱိပါဝင္ေနတာေၾကာင့္ ကူးစက္ေရာဂါမ်ား မျဖစ္ေလေအာင္လည္း တားဆီးထားႏုိင္ပါတယ္။ ဒီလုိ က်န္းမာေရးအတြက္ အသုံးဝင္တဲ႔ဘီယာကုိ ေရခ်ိန္မေက်ာ္ပဲ ပုံမွန္ေလာက္ေသာက္သုံးသြားၾကရင္း က်န္းမာေပ်ာ္ရႊင္တဲ႔ဘဝေတြကုိ ပုိင္ဆုိင္ႏုိင္ၾကပါေစ။



Credit : thithtoolwin
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူအများစုက ဘီယာသောက်ရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့သာ အလွယ်မှတ်ထားကြပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း ဘီယာကို တော်သင့်ရုံလောက် သောက်သုံးမယ်ဆို ကျန်းမာရေးအတွက်ပါ အထောက်အကူပြုနိုင်ပါတယ်။

 ဘီယာသောက်သုံးခြင်းဟာ လူတွေကို ဒုက္ခပေးနေကြ ရောဂါများစွာကို လျော့ချစေနိုင်ပါတယ်။ ဘီယာသောက်သုံးခြင်းကြောင့် သွေးအတွင်း ကောင်းမွန်တဲ့ကိုလက်စရောကို ရရှိစေနိုင်လို့ နှလုံးရောဂါကို လျော့ချပေးနိုင်ပြီး ကင်ဆာနဲ့ ဆီးချိုရောဂါကိုလည်း လျော့ချပေးနိုင်ပါတယ်။

 အရက်ဘီယာများများသောက်ရင် ကျောက်ကပ်ထိခိုက်စေတယ်ဆိုတာ ဟုတ်ပေမယ့် ဘီယာကိုပုံမှန်သောက်မယ်ဆိုရင် အရိုးအတွင်းမှာရှိတဲ့ ကယ်ဆီယမ်တွေ များပြားနေခြင်းကို လျော့ချပေးနိုင်တာကြောင့် ဘီယာကိုအတိုင်းအတာတစ်ခုထိ သောက်သုံးပါက ကျောက်ကပ်ရောဂါကိုပါ တားဆီးပေးနိုင်ပါတယ်။

 ဒီလိုရောဂါဆိုးတွေကို သက်သာစေရုံသာမကပဲ ဘီယာပုံမှန်သောက်သူတွေဟာ အသက်ကြီးလာတဲ့အထိ ကိုယ်ရဲ့ကြွက်သားအဖုအထစ်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ ဘီယာမှာ သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိပါဝင်နေတာကြောင့် ကူးစက်ရောဂါများ မဖြစ်လေအောင်လည်း တားဆီးထားနိုင်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် အသုံးဝင်တဲ့ဘီယာကို ရေချိန်မကျော်ပဲ ပုံမှန်လောက်သောက်သုံးသွားကြရင်း ကျန်းမာပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။



Credit : thithtoolwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top