iMyanmarHouse.com - Best Property Website for Myanmar
×

ဗုဒၶဆင္းတုေတာ္ ထုလုပ္ကိုးကြယ္မႈဟာ ဗုဒၶကိုယ္တိုင္ ခြင့္ျပဳေတာ္မူခဲ့တဲ့ အေတြးအျမင္ဟုတ္ မဟုတ္ဆိုတာ အတိအက်ဆိုဖို႔ ခဲယဥ္းပါတယ္။ ေထရ၀ါဒပိဋကတ္မွာ ျမတ္ဗုဒၶက မိမိရဲ႕ဆင္းတုကို ထုလုပ္ကိုးကြယ္ရမယ္ လို႔ တုိက္႐ိုက္ ႁမြက္ဟထားတာာ မရွိပါဘူး။ ဓာတ္ေတာ္ ေမြေတာ္ေတြကို ေစတီတည္ ထား ကိုးကြယ္ဖို႔ေတာ့ ခြင့္ျပဳခဲ့ပါတယ္ (ဒီ ၂၊ ၁၁၀)။
 ျမင့္ျမတ္တဲ့ ပုဂၢဳိလ္ေတြကို ပူေဇာ္ဂုဏ္ျပဳတဲ့အေနနဲ႔ ၎တို႔ရဲ႕ သၿဂႋဳဟ္ႂကြင္းကို ေစတီတည္ ကိုး ကြယ္တဲ့ အဲဒီေခတ္အခ်ိန္က အိႏၵိယ ဓေလ့ထုံးစံအရ အဲဒီလို မိန္႔ေတာ္မူတာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမတ္ဗုဒၶအေနနဲ႔ ႐ုပ္ပြားဆင္းတု ကိုးကြယ္မႈကို တားလဲ မတားျမစ္ပါဘူး။ ဗုဒၶဆင္းတုကို ကိုးကြယ္လို တဲ့ အေတြးအျမင္ဟာ ျမတ္ဗုဒၶကို ရွိခိုးပူေဇာ္ဖို႔နဲ႔ ဗုဒၶရဲ႕တည္ၿငိမ္ေအးခ်မ္းတဲ့ ႐ုပ္သြင္ကေန စိတ္ဓာတ္ ခြန္အားကို ရရွိလိုတာကေန စတင္ခဲ့တာျဖစ္ႏိုင္ၿပီး ေထရ၀ါဒပိဋကတ္မွာေရာ သမိုင္းအရပါ ဗုဒၶပရိနိဗၺာန္ စံၿပီးေနာက္ နွစ္ငါးရာခန္႔ထိ အိႏၵိယမွာ ဗုဒၶဆင္းတု တည္ရွိခဲ့တယ္ဆိုတာကို ေဖာ္ျပဖို႔ ခိုင္လုံတဲ့ အေထာက္ အထား မရွိဘူးလို႔ သုေတသီေတြက ဆိုပါတယ္။
ေျခေတာ္ရာေစတီဗုဒၶဆင္းတု ကိုးကြယ္မႈ မတိုင္မီက ၾကည္ညဳိသူေတြဟာ ၾကာပန္းပုံကို ျဖစ္ေစ၊
 ျမတ္ဗုဒၶရဲ႕ ေျခေတာ္ရာ ပုံကိုျဖစ္ေစ ပူေဇာ္ကိုးကြယ္ခဲ့ၾကတယ္။ ဗုဒၶ၀ါဒ အေစာပိုင္းကာလမွာ ႐ုပ္ပြားဆင္းတု ကိုးကြယ္တာကို ဗုဒၶ၀ါဒီအခ်ဳိ႕ ႏွစ္သက္ၾကဟန္ မတူဘူး။ ဘာေၾကာင့္ဆို ဗုဒၶရဲ႕ ထူးျခားတင့္တယ္တဲ့ ႐ုပ္သြင္ေတာ္ ပ်က္ယြင္း သြားႏိုုင္လို႔ ျဖစ္ဖြယ္ရွိပါတယ္။ ဂရိနဲ႔ဆက္သြယ္မိခ်ိန္က်မွ ဗုဒၶဆင္းတု ထုလုပ္ကိုးကြယ္မႈ ျပန္႔ႏွံ႔လာတယ္လို႔ သမိုင္းသုေတသီတို႔ ယုံၾကည္ၾက ပါတယ္။ ဗုဒၶဆင္းတု တည္ေဆာက္မႈ အႏုပညာနဲ႔ပတ္သက္ၿပီး အိႏၵိယလူမ်ဳိးေတြကို ဂရိတို႔က ကူညီအားေပးခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ကစၿပီး အျခား ႏိုင္ငံေတြမွာလဲ ႐ုပ္ပြားဆင္းတု ကိုးကြယ္မႈ ေခတ္စားလာတယ္။ မိမိႏိုင္ငံလူမ်ုိးအသီးသီးရဲ႕႐ုပ္သြင္ပုံဟန္ေတြနဲ႔ဆင္းတုေတြထုလုပ္ခဲ့ၾကတယ္။ဗုဒၶဘာသာတစ္ႏိုင္ငံ
တည္းမွာပင္ သမိုင္းေခတ္ တစ္ခုနဲ႔တစ္ခု မတူဘဲ သြင္ျပင္ဟန္ပန္ အမ်ဳိးမ်ဳိး ထုလုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ဒကၡိဏသာခါ...
ဒကၡိဏသာခါဆိုတဲ့ ပါဠိစကားက “ေတာင္ဖက္ကိုင္း”လို႔ အဓိပၸာယ္ရပါတယ္။
 ေဗာဓိပင္ရဲ႕ ေတာင္ဖက္ကိုင္း ကို ထုလုပ္တဲ့ ဆင္းတုလို႔ ဆိုဖြယ္ရွိပါတယ္။ ဒကၡိဏသာခါ ဆင္းတုအေၾကာင္းကို ပိုမို နားလည္ဖို႔ဆိုရင္ ဆက္လက္သုေတသန ျပဳရဦးမွာပါ။ ဆင္းတုေတာ္ရဲ႕ ပုံစံကလဲ တစ္မူထူးျခားေနပါတယ္။ ဘယ္ေခတ္က ဘယ္လိုအဓိပၸာယ္နဲ႔ အဲဒီပုံစံမ်ဳိး ထုလုပ္ခဲ့တယ္ဆိုတာကို ပညာရွင္တို႔ တင္ျပပါကုန္။ ႐ုပ္ပြားဆင္းတု ကိုးကြယ္ရာမွာ ကိုးကြယ္ခံဆင္းတုက မီးကြင္းေအာင္ ေလကြယ္ေအာင္လုပ္ေပးတယ္လို႔ မယူဆသင့္ပါဘူး။ ဘာေၾကာင့္ဆို သက္ေတာ္ထင္ရွား ဗုဒၶဘုရားကိုယ္တိုင္ အဲဒီလို လုပ္မေပးလို႔ပါဘဲ။ ဗုဒၶဆင္းတု ကိုးကြယ္တဲ့ ရည္႐ြယ္ခ်က္က ဗုဒၶဂုဏ္ေတာ္ကို ပုံေဖာ္ႏိုင္ဖို႔ပါ။ ျမတ္ဗုဒၶရဲ႕ တည္ၿငိမ္တဲ့ သြင္ျပင္၊ ေမတၱာတရား၊ သန္႔ရွင္စင္ၾကယ္မႈနဲ႔ ၿပီးျပည့္စုံ မႈေတြကို ထင္ဟပ္ေစတဲ့ သေကၤတဟာ ကိစၥျမားေျမာင္ လူ႔ေဘာင္ထဲက ေန႔စဥ္လူမႈဘ၀ လႈပ္ရွားမႈေတြမွာ ရင္ဆိုင္ရဖြယ္ရွိတဲ့ အခက္အခဲေတြ၊ စိုးရိမ္ ပူပန္မႈေတြကို ေက်ာ္လႊားဖို႔ စိတ္ဓာတ္အင္အားကို ရရွိေစပါတယ္။ စိတ္သက္ရာရမႈ၊ စိတ္ဓာတ္ ျပန္လည္ လန္းႂကြလာမႈတို႔အတြက္လဲ ႀကီးစြာ အေထာက္ အပံ့ျပဳပါတယ္။ ဗုဒၶဆင္းတုကို ပူေဇာ္ကန္ေတာ့ဆဲမွာ သက္ေတာ္ထင္ရွား ဗုဒၶဘုရားရဲ႕ ႀကီးျမတ္တဲ့ ဂုဏ္ရည္ေတြအေပၚမွာ တစ္ခဏေလာက္ မိမိ စိတ္ကို တည္ၾကည္စြာ ထားလုိက္ႏိုင္ရင္ အဲဒီၾကည္လင္တဲ့စိတ္ဟာ အမွန္ပင္ ေကာင္းက်ဳိးခ်မ္းသာကို ရရွိေစႏိုင္ပါတယ္။
မီးကြင္း ဆင္းတုတစ္ခါတစ္ရံ လူအမ်ား ပူေဇာ္ခံ ေစတီေတာ္နဲ႔ ဆင္းတုေတာ္ေတြမွာ ထူးျခားတဲ့ စြမ္းအင္ သို႔မဟုတ္ တန္ခုိးတစ္မ်ဳိး ရွိေနတတ္ပါတယ္။ ဗုဒၶ၀ါဒဟာ ပရ ေလာကကို လက္ခံယုံၾကည္ပါတယ္။ သူေတာ္စင္ ရဟန္းပုဂၢဳိလ္ လူပုဂၢဳိလ္အခ်ဳိ႕ဟာ မိမိတို႔ ျပဳလုပ္တဲ့ ကုသိုလ္ထူးအတြက္ ကြယ္လြန္ၿပီးေနာက္မွာ မိမိတို႔ အထူးၾကည္ညဳိတဲ့ ေစတီ သို႔မဟုတ္ ဗုဒၶဆင္းတုေတာ္ေတြကို ေစာင့္ေရွာင့္လိုေၾကာင္း ဆုေတာင္းၾကတာ ေတြ ရွိပါတယ္။ အဲဒီလို အေစာင့္အေရွာင့္ေတြရွိရင္၊ အနည္းဆုံး အဲဒီဗုဒၶဆင္းတုကို ၾကည္ညဳိတဲ့ ပရေလာကသားေတြ ရွိခဲ့ရင္၊ ကိုယ္တုိင္ကလဲ ဗုဒၶါႏုႆတိ (ဗုဒၶကိုအာ႐ုံျပဳမႈ)နဲ႔ ၾကည္ညဳိစိတ္ေတြ အားေကာင္းေနရင္ အဲဒီဗုဒၶဆင္းတုေတြရဲ႕ ထူးျခားအံ့ၾသဖြယ္ကို ရံဖန္ရံခါ ေတြ႕ျမင္ရဖြယ္ရွိပါတယ္။ အဲဒီအခါမ်ဳိးမွာ အဲဒီဗုဒၶဆင္းတုက မီးကြင္း ေလကြယ္ ဆိုတာမ်ဳိးေတြ ျဖစ္ႏိုင္တယ္လို႔ ဘုန္းႀကီးအေနနဲ႔ ယုံၾကည္ပါတယ္။ ဆင္းတုဟာ ဆင္းတုပါပဲ။ အထဲမွာ ဗုဒၶဓာတ္ေတာ္မွ မရွိဘဲ။ ဒါေၾကာင့္ ဗုဒၶဆင္းတုက တိုက္႐ိုက္ႀကီးေတာ့ တန္ခိုးမျပတန္ရာပါဘူး။
မရွိ မျဖစ္လားဗုဒၶ၀ါဒီေတြဟာ ဗုဒၶဆင္းေတာ္ကို ဖူးေျမာ္ရခိုက္ ႏွလုံးသားထဲမွာ ဗုဒၶ႐ုပ္သြင္ ထင္ျမင္လာၿပီး ၾကည္ညဳိသဒၶါ တိုးပြားပါတယ္။ အဲဒီၾကည္လင္တဲ့ စိတ္ဟာ ၾကည္ညဳိသူ ဗုဒၶ၀ါဒီကို အေတြးအႀကံေကာင္းေတြ ရေစပါတယ္။ စိုးရိမ္ပူပန္မႈ၊ စိတ္ညစ္ညဴးမႈေတြနဲ႔ ေန႔စဥ္ဘ၀ျပႆနာ အေထြေထြကို တဒဂၤေမ့ေပ်ာက္ ထားႏိုင္ၿပီး စိတ္ကို ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္ဖို႔ အေထာက္အပံ့ျပဳပါတယ္။ ဒါေၾကာင့္ ဗုဒၶဆင္းတုကို ကိုးကြယ္ၾကတာလို႔ နားလည္သင့္ပါတယ္။ ဗုဒၶ၀ါဒမွာ ဓမၼကို က်င့္သုံးဖို႔ ဗုဒၶဆင္းတုကို ကိုးကြယ္ရမယ္လို႔ အတင္းအၾကပ္ မတိုက္တြန္းပါဘူး။ ဗုဒၶဆင္းတုေတာ္ မရွိဘဲလဲ ဓမၼကို က်င့္သုံးႏိုင္ပါတယ္။ ဗုဒၶဆိုတာ လမ္းၫႊန္သူသာျဖစ္ၿပီး ဒုကၡမွ လြတ္ေျမာက္ဖို႔ိဆိုရင္ မိမိကိုယ္တိုင္ပဲ အားထုတ္ရပါတယ္။ ဒါေပမဲ့ ယဥ္ေက်းၿပီး ကမၻာတစ္လႊားက မ်ဳိးဆက္တစ္ခုၿပီး တစ္ခု လူသန္းေပါင္းမ်ားစြာရဲ႕ စိတ္ဓာတ္အင္းအားကို ေပးစြမ္းႏိုင္ခဲ့တဲ့ ဗုဒၶနဲ႔ ဗုဒၶဂုဏ္ေတာ္ေတြကို ေအာင္ေမ့ႏိုင္ဖို႔ ဗုဒၶဆင္းတုေတာ္ လိုအပ္ပါတယ္။ ဗုဒၶ၀ါဒီ တစ္ေယာက္အေနနဲ႔ မိမိ္အိမ္မွာ ဗုဒၶဆင္းတု သို႔မဟုတ္ ဗုဒၶ႐ုပ္ပုံပန္းခ်ီကားခ်ပ္ ထားရွိေကာင္းပါတယ္။ ရွိၿပီးျဖစ္ရင္လဲ အိမ္အလွျပဖို႔ မဟုတ္ဘဲ ခ်ီးမြမ္း ေထာမနာျပဳမဲ့ အရာ၊ စိတ္ဓာတ္ အင္အားကို ႁမွင့္တင္ေပးမဲ့အရာ၊ ႐ိုေသပူေဇာ္မဲ့ အရာအေနနဲ႔ အျမတ္တႏိုုး သိမ္းဆည္းထားပါေလ။သူတို႔အျမင္တည္ၾကည္တဲ့
ဗုဒၵဆင္းတုေတာ္ပုံဟာစံ၀င္လွပၿပီးအာရွယဥ္ေက်းမႈရဲ႕အဖိုးမျဖတ္္ႏိုင္တဲ့အရာ ျဖစ္ပါတယ္။
ကမၻာေက်ာ္ဒႆန(ေတြးေခၚ)ပညာရွင္ ေတြ၊ ႏိုင္ငံေခါင္းေဆာင္ေတြဟာ ကိုယ္တိုင္ ျမင့္ျမတ္ထက္ျမက္တဲ့ အေတြးအႀကံေတြနဲ႔ စိတ္ဓာတ္အင္အားကို ရရွိဖို႔ ၎တို႔ရဲ႕ စာဖတ္ခန္းထဲက စာပြဲေပၚမွာ ဗုဒၶဆင္းတုေတာ္ ကို သိမ္းဆည္းထားေလ့ရွိၾကပါတယ္။ သူတို႔အမ်ားစုဟာ ဗုဒၶ၀ါဒီေတြ မဟုတ္ပါဘူး။ ဗုဒၶဆင္းတုနဲ႔ ပတ္သက္လို႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ ေဟာင္း ပ႑ိတ္ ေန႐ူး ဆိုပုံက “မွိတ္ထားေသာ မ်က္လုံးအစုံအတြင္းမွ စိတ္ပုိင္းစြမ္းရည္အခ်ဳိ႕ကို အထင္းသား ေတြ႕ရၿပီး ကိုယ္အမူအရာတြင္ အသက္၀ိညာဥ္ရွိသည့္အလား စြမ္းအင္မ်ား ျပည့္လွ်ံေန၏။ ေခတ္ကာလို႔ ေျပာင္းေ႐ြ႕သြားေသာ္လည္း ဗုဒၶရွင္ေတာ္ျမတ္မွာမူ ေ၀းကြာ၍ မသြားေသး။ ဗုဒၶ၏အသံ သည္ ကၽြႏ္ုပ္၏ နားတြင္းသို႔ တိုးၫွင္းစြာ ၾကားေယာင္လာပါ၏။ လြတ္လပ္ေရး လႈပ္ရွားမႈမွ ေနာက္ဆုတ္မသြားရန္ တည္ၿငိမ္ေသာ စိတ္ထားျဖင့္ အႏၲရာယ္ကို ရင္ဆိုင္ရန္ ေျပာျပေနသည့္ အလားပင္ ျဖစ္ေတာ့၏။ ကၽြႏ္ုပ္ ေထာင္က်ေနစဥ္ ဤဆင္းတုေတာ္ျမတ္အားဖူးျမင္ေနရျခင္းမွာကၽြႏ္ုပ္အား ျပင္း ျပသည့္စိတ္ဓာတ္ခြန္အားကို ျဖစ္ေပၚေစ
ခဲ့ပါသည္”တဲ့။ ဒုတိယကမၻာစစ္အတြင္းက ဗိုလ္ခ်ဳပ္ ဟန္မီလ္တန္ဟာ ျမန္မာႏိုင္ငံ ဘုန္းႀကီးေက်ာင္းပ်က္ တစ္ခုက ဗုဒၶဆင္းတုတစ္ဆူကို ရရွိသြားပါတယ္။ အဲဒီဆင္းတုေတာ္ကိုအဲဒီအခ်ိန္ကၿဗိတိသွ်၀န္ႀကီးခ်ဳပ္၀င္စတန္ခ်ာခ်ီထံ ေပးပို႔ၿပီးစာတိုေလး ေရးေပး
လိုက္ပုံက “ခင္းဗ်ား စိုးရိမ္ပူပန္ေသာကေရာက္ေနစဥ္မွာ ေဟာဒီ ၿငိမ္းခ်မ္းတည္ၿငိမ္တဲ့ ဆင္းတု ေတာ္ရဲ႕ ႐ုပ္သြင္ကို တစ္ခ်က္ ၾကည့္လိုက္ပါ။
 ၿပီးေတာ့ ခင္းဗ်ားရဲ႕ စိုးရိမ္ပူပန္မႈအေပၚ ၿပဳံးပစ္လိုက္စမ္းပါ” တဲ့။

အာရွအလင္းေရာင္ကဗ်ာမွာ ေဖာ္ျပပုံက “This is that bloosom on our human tree Which opens once in many myriad years. But opened, fills the world with Wisdom’s scent And Love’s dropped honey. ႏွစ္ေပါင္း အသေခ်ၤမွာ တစ္ခါသာ ပြင့္တဲ့ ပြင့္ၿပီးရင္ ကမၻာကို ပညာရနံ႔ ေမတၱာ ပ်ားရည္ေတြ ျပည့္လွ်ံေစတဲ့ လူသားသစ္ပင္က ပန္းပြင့္” တဲ့

(from forwarded mail)

Credit: Dr. Ashin Indaka

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့ အတွေးအမြင်ဟုတ် မဟုတ်ဆိုတာ အတိအကျဆိုဖို့ ခဲယဉ်းပါတယ်။ ထေရဝါဒပိဋကတ်မှာ မြတ်ဗုဒ္ဓက မိမိရဲ့ဆင်းတုကို ထုလုပ်ကိုးကွယ်ရမယ် လို့ တိုက်ရိုက် မြွက်ဟထားတာာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည် ထား ကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ ၂၊ ၁၁၀)။
 မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းတို့ရဲ့ သင်္ဂြိုဟ်ကြွင်းကို စေတီတည် ကိုး ကွယ်တဲ့ အဲဒီခေတ်အချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို တားလဲ မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လို တဲ့ အတွေးအမြင်ဟာ မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ဗုဒ္ဓရဲ့တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ် ခွန်အားကို ရရှိလိုတာကနေ စတင်ခဲ့တာဖြစ်နိုင်ပြီး ထေရဝါဒပိဋကတ်မှာရော သမိုင်းအရပါ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက် အထား မရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။
ခြေတော်ရာစေတီဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊
 မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာ ပုံကိုဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြတယ်။ ဗုဒ္ဓဝါဒ အစောပိုင်းကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓဝါဒီအချို့ နှစ်သက်ကြဟန် မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ ထူးခြားတင့်တယ်တဲ့ ရုပ်သွင်တော် ပျက်ယွင်း သွားနိုုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။ ဂရိနဲ့ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်မှု ပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြ ပါတယ်။ ဗုဒ္ဓဆင်းတု တည်ဆောက်မှု အနုပညာနဲ့ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က ကူညီအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အခြား နိုင်ငံတွေမှာလဲ ရုပ်ပွားဆင်းတု ကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံလူမျိုးအသီးသီးရဲ့ရုပ်သွင်ပုံဟန်တွေနဲ့ဆင်းတုတွေထုလုပ်ခဲ့ကြတယ်။ဗုဒ္ဓဘာသာတစ်နိုင်ငံ
တည်းမှာပင် သမိုင်းခေတ် တစ်ခုနဲ့တစ်ခု မတူဘဲ သွင်ပြင်ဟန်ပန် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒက္ခိဏသာခါ...
ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားက “တောင်ဖက်ကိုင်း”လို့ အဓိပ္ပာယ်ရပါတယ်။
 ဗောဓိပင်ရဲ့ တောင်ဖက်ကိုင်း ကို ထုလုပ်တဲ့ ဆင်းတုလို့ ဆိုဖွယ်ရှိပါတယ်။ ဒက္ခိဏသာခါ ဆင်းတုအကြောင်းကို ပိုမို နားလည်ဖို့ဆိုရင် ဆက်လက်သုတေသန ပြုရဦးမှာပါ။ ဆင်းတုတော်ရဲ့ ပုံစံကလဲ တစ်မူထူးခြားနေပါတယ်။ ဘယ်ခေတ်က ဘယ်လိုအဓိပ္ပာယ်နဲ့ အဲဒီပုံစံမျိုး ထုလုပ်ခဲ့တယ်ဆိုတာကို ပညာရှင်တို့ တင်ပြပါကုန်။ ရုပ်ပွားဆင်းတု ကိုးကွယ်ရာမှာ ကိုးကွယ်ခံဆင်းတုက မီးကွင်းအောင် လေကွယ်အောင်လုပ်ပေးတယ်လို့ မယူဆသင့်ပါဘူး။ ဘာကြောင့်ဆို သက်တော်ထင်ရှား ဗုဒ္ဓဘုရားကိုယ်တိုင် အဲဒီလို လုပ်မပေးလို့ပါဘဲ။ ဗုဒ္ဓဆင်းတု ကိုးကွယ်တဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်နိုင်ဖို့ပါ။ မြတ်ဗုဒ္ဓရဲ့ တည်ငြိမ်တဲ့ သွင်ပြင်၊ မေတ္တာတရား၊ သန့်ရှင်စင်ကြယ်မှုနဲ့ ပြီးပြည့်စုံ မှုတွေကို ထင်ဟပ်စေတဲ့ သင်္ကေတဟာ ကိစ္စမြားမြောင် လူ့ဘောင်ထဲက နေ့စဉ်လူမှုဘ၀ လှုပ်ရှားမှုတွေမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေ၊ စိုးရိမ် ပူပန်မှုတွေကို ကျော်လွှားဖို့ စိတ်ဓာတ်အင်အားကို ရရှိစေပါတယ်။ စိတ်သက်ရာရမှု၊ စိတ်ဓာတ် ပြန်လည် လန်းကြွလာမှုတို့အတွက်လဲ ကြီးစွာ အထောက် အပံ့ပြုပါတယ်။ ဗုဒ္ဓဆင်းတုကို ပူဇော်ကန်တော့ဆဲမှာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရည်တွေအပေါ်မှာ တစ်ခဏလောက် မိမိ စိတ်ကို တည်ကြည်စွာ ထားလိုက်နိုင်ရင် အဲဒီကြည်လင်တဲ့စိတ်ဟာ အမှန်ပင် ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။
မီးကွင်း ဆင်းတုတစ်ခါတစ်ရံ လူအများ ပူဇော်ခံ စေတီတော်နဲ့ ဆင်းတုတော်တွေမှာ ထူးခြားတဲ့ စွမ်းအင် သို့မဟုတ် တန်ခိုးတစ်မျိုး ရှိနေတတ်ပါတယ်။ ဗုဒ္ဓဝါဒဟာ ပရ လောကကို လက်ခံယုံကြည်ပါတယ်။ သူတော်စင် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ဟာ မိမိတို့ ပြုလုပ်တဲ့ ကုသိုလ်ထူးအတွက် ကွယ်လွန်ပြီးနောက်မှာ မိမိတို့ အထူးကြည်ညိုတဲ့ စေတီ သို့မဟုတ် ဗုဒ္ဓဆင်းတုတော်တွေကို စောင့်ရှောင့်လိုကြောင်း ဆုတောင်းကြတာ တွေ ရှိပါတယ်။ အဲဒီလို အစောင့်အရှောင့်တွေရှိရင်၊ အနည်းဆုံး အဲဒီဗုဒ္ဓဆင်းတုကို ကြည်ညိုတဲ့ ပရလောကသားတွေ ရှိခဲ့ရင်၊ ကိုယ်တိုင်ကလဲ ဗုဒ္ဓါနုဿတိ (ဗုဒ္ဓကိုအာရုံပြုမှု)နဲ့ ကြည်ညိုစိတ်တွေ အားကောင်းနေရင် အဲဒီဗုဒ္ဓဆင်းတုတွေရဲ့ ထူးခြားအံ့သြဖွယ်ကို ရံဖန်ရံခါ တွေ့မြင်ရဖွယ်ရှိပါတယ်။ အဲဒီအခါမျိုးမှာ အဲဒီဗုဒ္ဓဆင်းတုက မီးကွင်း လေကွယ် ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဘုန်းကြီးအနေနဲ့ ယုံကြည်ပါတယ်။ ဆင်းတုဟာ ဆင်းတုပါပဲ။ အထဲမှာ ဗုဒ္ဓဓာတ်တော်မှ မရှိဘဲ။ ဒါကြောင့် ဗုဒ္ဓဆင်းတုက တိုက်ရိုက်ကြီးတော့ တန်ခိုးမပြတန်ရာပါဘူး။
မရှိ မဖြစ်လားဗုဒ္ဓဝါဒီတွေဟာ ဗုဒ္ဓဆင်းတော်ကို ဖူးမြော်ရခိုက် နှလုံးသားထဲမှာ ဗုဒ္ဓရုပ်သွင် ထင်မြင်လာပြီး ကြည်ညိုသဒ္ဓါ တိုးပွားပါတယ်။ အဲဒီကြည်လင်တဲ့ စိတ်ဟာ ကြည်ညိုသူ ဗုဒ္ဓဝါဒီကို အတွေးအကြံကောင်းတွေ ရစေပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ညစ်ညူးမှုတွေနဲ့ နေ့စဉ်ဘဝပြဿနာ အထွေထွေကို တဒင်္ဂမေ့ပျောက် ထားနိုင်ပြီး စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အထောက်အပံ့ပြုပါတယ်။ ဒါကြောင့် ဗုဒ္ဓဆင်းတုကို ကိုးကွယ်ကြတာလို့ နားလည်သင့်ပါတယ်။ ဗုဒ္ဓဝါဒမှာ ဓမ္မကို ကျင့်သုံးဖို့ ဗုဒ္ဓဆင်းတုကို ကိုးကွယ်ရမယ်လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။ ဗုဒ္ဓဆင်းတုတော် မရှိဘဲလဲ ဓမ္မကို ကျင့်သုံးနိုင်ပါတယ်။ ဗုဒ္ဓဆိုတာ လမ်းညွှန်သူသာဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်ဖို့ိဆိုရင် မိမိကိုယ်တိုင်ပဲ အားထုတ်ရပါတယ်။ ဒါပေမဲ့ ယဉ်ကျေးပြီး ကမ္ဘာတစ်လွှားက မျိုးဆက်တစ်ခုပြီး တစ်ခု လူသန်းပေါင်းများစွာရဲ့ စိတ်ဓာတ်အင်းအားကို ပေးစွမ်းနိုင်ခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင်မေ့နိုင်ဖို့ ဗုဒ္ဓဆင်းတုတော် လိုအပ်ပါတယ်။ ဗုဒ္ဓဝါဒီ တစ်ယောက်အနေနဲ့ မိမိအိမ်မှာ ဗုဒ္ဓဆင်းတု သို့မဟုတ် ဗုဒ္ဓရုပ်ပုံပန်းချီကားချပ် ထားရှိကောင်းပါတယ်။ ရှိပြီးဖြစ်ရင်လဲ အိမ်အလှပြဖို့ မဟုတ်ဘဲ ချီးမွမ်း ထောမနာပြုမဲ့ အရာ၊ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးမဲ့အရာ၊ ရိုသေပူဇော်မဲ့ အရာအနေနဲ့ အမြတ်တနိုုး သိမ်းဆည်းထားပါလေ။သူတို့အမြင်တည်ကြည်တဲ့
ဗုဒ္ဒဆင်းတုတော်ပုံဟာစံဝင်လှပပြီးအာရှယဉ်ကျေးမှုရဲ့အဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။
ကမ္ဘာကျော်ဒဿန(တွေးခေါ်)ပညာရှင် တွေ၊ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်တိုင် မြင့်မြတ်ထက်မြက်တဲ့ အတွေးအကြံတွေနဲ့ စိတ်ဓာတ်အင်အားကို ရရှိဖို့ ၎င်းတို့ရဲ့ စာဖတ်ခန်းထဲက စာပွဲပေါ်မှာ ဗုဒ္ဓဆင်းတုတော် ကို သိမ်းဆည်းထားလေ့ရှိကြပါတယ်။ သူတို့အများစုဟာ ဗုဒ္ဓဝါဒီတွေ မဟုတ်ပါဘူး။ ဗုဒ္ဓဆင်းတုနဲ့ ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ် ဟောင်း ပဏ္ဍိတ် နေရူး ဆိုပုံက “မှိတ်ထားသော မျက်လုံးအစုံအတွင်းမှ စိတ်ပိုင်းစွမ်းရည်အချို့ကို အထင်းသား တွေ့ရပြီး ကိုယ်အမူအရာတွင် အသက်ဝိညာဉ်ရှိသည့်အလား စွမ်းအင်များ ပြည့်လျှံနေ၏။ ခေတ်ကာလို့ ပြောင်းရွေ့သွားသော်လည်း ဗုဒ္ဓရှင်တော်မြတ်မှာမူ ဝေးကွာ၍ မသွားသေး။ ဗုဒ္ဓ၏အသံ သည် ကျွန်ုပ်၏ နားတွင်းသို့ တိုးညှင်းစွာ ကြားယောင်လာပါ၏။ လွတ်လပ်ရေး လှုပ်ရှားမှုမှ နောက်ဆုတ်မသွားရန် တည်ငြိမ်သော စိတ်ထားဖြင့် အန္တရာယ်ကို ရင်ဆိုင်ရန် ပြောပြနေသည့် အလားပင် ဖြစ်တော့၏။ ကျွန်ုပ် ထောင်ကျနေစဉ် ဤဆင်းတုတော်မြတ်အားဖူးမြင်နေရခြင်းမှာကျွန်ုပ်အား ပြင်း ပြသည့်စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေ
ခဲ့ပါသည်”တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက ဗိုလ်ချုပ် ဟန်မီလ်တန်ဟာ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းပျက် တစ်ခုက ဗုဒ္ဓဆင်းတုတစ်ဆူကို ရရှိသွားပါတယ်။ အဲဒီဆင်းတုတော်ကိုအဲဒီအချိန်ကဗြိတိသျှဝန်ကြီးချုပ်ဝင်စတန်ချာချီထံ ပေးပို့ပြီးစာတိုလေး ရေးပေး
လိုက်ပုံက “ခင်းဗျား စိုးရိမ်ပူပန်သောကရောက်နေစဉ်မှာ ဟောဒီ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဆင်းတု တော်ရဲ့ ရုပ်သွင်ကို တစ်ချက် ကြည့်လိုက်ပါ။
 ပြီးတော့ ခင်းဗျားရဲ့ စိုးရိမ်ပူပန်မှုအပေါ် ပြုံးပစ်လိုက်စမ်းပါ” တဲ့။

အာရှအလင်းရောင်ကဗျာမှာ ဖော်ပြပုံက “This is that bloosom on our human tree Which opens once in many myriad years. But opened, fills the world with Wisdom’s scent And Love’s dropped honey. နှစ်ပေါင်း အသချေၤမှာ တစ်ခါသာ ပွင့်တဲ့ ပွင့်ပြီးရင် ကမ္ဘာကို ပညာရနံ့ မေတ္တာ ပျားရည်တွေ ပြည့်လျှံစေတဲ့ လူသားသစ်ပင်က ပန်းပွင့်” တဲ့

(from forwarded mail)

Credit: Dr. Ashin Indaka



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top