iMyanmarHouse.com - Best Property Website for Myanmar
×

ေရခ်ဳိးရင္းအေပါ့သြားတာက ညစ္ပတ္တယ္လို႔ ထင္ရေပမဲ့ ပညာရွင္ေတြရဲ႕ယူဆခ်က္ကို ၾကားရမယ္ဆုိရင္ သင္အံ့ၾသသြားမွာပဲျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ပုံမွန္အားျဖင့္ ဆီးက ပိုးကင္းစင္ျပီး အဆိပ္အေတာက္မပါဝင္ဘဲ က်န္းမာေရးအတြက္ အခ်ဳိ႕ေနရာေတြမွာေတာင္ အသုံးျပဳႏုိင္တယ္လို႔ ဆုိပါတယ္။ ဆီးက ဂလူးကို႔စ္၊ အမုိင္ႏုိအက္ဆစ္နဲ႔ အႏၱရာယ္မေပးႏုိင္တဲ့ ဓာတ္ဆားရည္လို အရည္မ်ဳိးေတြပါဝင္ပါတယ္။

ပထမဆုံးေရခ်ဳိးရင္း အေပါ့သြားတဲ့ေကာင္းက်ဳိးအေနနဲ႔ အိမ္သာထဲမွာ ေရျပန္ေလာင္းစရာ မလုိတဲ့အတြက္ ေရ ၂၇%ေခၽြတာရာေရာက္ျပီး တစ္ေန႔ကို ၁၅ လီတာႏႈန္းေခၽြတာႏုိင္တာပဲ ျဖစ္ပါတယ္။ ဒီအေလ့အက်င့္ကို လူေတြအားလုံးျပဳလုပ္မယ္ဆုိရင္ တစ္ႏွစ္တစ္ႏွစ္ကုိ ေရခ်ဳိတန္ေပါင္းမ်ားစြာကို ေခၽြတာႏုိင္မွာျဖစ္ပါတယ္။

ဆီးက ဒဏ္ရာေတြကို ပိုးသတ္ေပးႏုိင္တဲ့အစြမ္းရွိပါတယ္လို႔ ကၽြမ္းက်င္ပညာရွင္ေတြက ဆိုပါတယ္။ ပြန္းရာပဲ့ရာ ဒဏ္ရာတစ္ခုခုရထားတယ္ဆုိရင္ လတ္ဆတ္တဲ့ဆီးက ဒဏ္ရာကို သန္႔စင္ေစႏုိင္ရုံမက နာက်င္မႈကိုလည္း သက္သာေစတာေၾကာင့္ ေရခ်ဳိးရင္းအေပါ့သြားျခင္းကေန ေကာင္းက်ဳိးရႏုိင္ပါတယ္လို႔ ဆုိပါတယ္။

ဆီးထဲမွာပါဝင္တဲ့ ယူရီးယားက ႏွင္းခူ၊ အနီပိန္႔ထသလို အေရျပားေရာဂါေတြကိုကုသႏုိင္တဲ့ လိမ္းေဆးခရင္မ္ေတြမွာ ပါဝင္တဲ့ ပါဝင္ပစၥည္းတစ္ခုျဖစ္ပါတယ္။ ႏွင္းခူလိုအေရျပားေရာဂါျဖစ္ေနသူေတြက ယူရီးယားအမ်ားအျပားပါဝင္တဲ့ မနက္ခင္းစြန္႔တဲ့ လတ္ဆတ္တဲ့ဆီးကိုယူထားျပီး ျဖစ္ေနတဲ့ေနရာေတြကို ပြတ္ေပးျပီး နာရီပိုင္းေလာက္ထားျပီးမွ ေရေဆးခ်လိုက္ပါ။ အေရျပားကုိ သင့္ဆီးနဲ႔ပြတ္ထားတဲ့အတြက္ အနံ႔ထြက္မွာကို ပူစရာမလိုပါဘူး။ ယူရီးယားက အေရျပားရဲ႕ အက္ဆစ္ပမာဏကို ညွိေပးျပီး ေျခာက္ေသြ႔တဲ့ အေရျပားကုိ ေခ်ာေမြ႔ႏူးညံ့ေစပါတယ္။

ေနာက္ဆုံးအခ်က္အေနနဲ႔ ဆီးက စိတ္အေႏွာင့္အယွက္ျဖစ္စရာ မႈိေရာဂါကူးစက္ပိုးေတြကို ကာကြယ္ေပးႏုိင္သလုိ ေပ်ာက္လည္းေပ်ာက္ကင္းေစႏုိင္ပါတယ္။ ေျခဖဝါးမွာျဖစ္တဲ့မႈိေရာဂါေတြက ဆီးနဲ႔ထိေတြ႔ျပီး ရက္သတၱပတ္ေလာက္အၾကာမွာ ေရာဂါလကၡဏာေတြသိသိသာသာ ေလ်ာ့ပါးလာတာကို ေတြ႔ရမွာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ရေချိုးရင်းအပေါ့သွားတာက ညစ်ပတ်တယ်လို့ ထင်ရပေမဲ့ ပညာရှင်တွေရဲ့ယူဆချက်ကို ကြားရမယ်ဆိုရင် သင်အံ့သြသွားမှာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးက ပိုးကင်းစင်ပြီး အဆိပ်အတောက်မပါဝင်ဘဲ ကျန်းမာရေးအတွက် အချို့နေရာတွေမှာတောင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဆီးက ဂလူးကို့စ်၊ အမိုင်နိုအက်ဆစ်နဲ့ အန္တရာယ်မပေးနိုင်တဲ့ ဓာတ်ဆားရည်လို အရည်မျိုးတွေပါဝင်ပါတယ်။

ပထမဆုံးရေချိုးရင်း အပေါ့သွားတဲ့ကောင်းကျိုးအနေနဲ့ အိမ်သာထဲမှာ ရေပြန်လောင်းစရာ မလိုတဲ့အတွက် ရေ ၂၇%ချွေတာရာရောက်ပြီး တစ်နေ့ကို ၁၅ လီတာနှုန်းချွေတာနိုင်တာပဲ ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကို လူတွေအားလုံးပြုလုပ်မယ်ဆိုရင် တစ်နှစ်တစ်နှစ်ကို ရေချိုတန်ပေါင်းများစွာကို ချွေတာနိုင်မှာဖြစ်ပါတယ်။

ဆီးက ဒဏ်ရာတွေကို ပိုးသတ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ပွန်းရာပဲ့ရာ ဒဏ်ရာတစ်ခုခုရထားတယ်ဆိုရင် လတ်ဆတ်တဲ့ဆီးက ဒဏ်ရာကို သန့်စင်စေနိုင်ရုံမက နာကျင်မှုကိုလည်း သက်သာစေတာကြောင့် ရေချိုးရင်းအပေါ့သွားခြင်းကနေ ကောင်းကျိုးရနိုင်ပါတယ်လို့ ဆိုပါတယ်။

ဆီးထဲမှာပါဝင်တဲ့ ယူရီးယားက နှင်းခူ၊ အနီပိန့်ထသလို အရေပြားရောဂါတွေကိုကုသနိုင်တဲ့ လိမ်းဆေးခရင်မ်တွေမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ နှင်းခူလိုအရေပြားရောဂါဖြစ်နေသူတွေက ယူရီးယားအများအပြားပါဝင်တဲ့ မနက်ခင်းစွန့်တဲ့ လတ်ဆတ်တဲ့ဆီးကိုယူထားပြီး ဖြစ်နေတဲ့နေရာတွေကို ပွတ်ပေးပြီး နာရီပိုင်းလောက်ထားပြီးမှ ရေဆေးချလိုက်ပါ။ အရေပြားကို သင့်ဆီးနဲ့ပွတ်ထားတဲ့အတွက် အနံ့ထွက်မှာကို ပူစရာမလိုပါဘူး။ ယူရီးယားက အရေပြားရဲ့ အက်ဆစ်ပမာဏကို ညှိပေးပြီး ခြောက်သွေ့တဲ့ အရေပြားကို ချောမွေ့နူးညံ့စေပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ဆီးက စိတ်အနှောင့်အယှက်ဖြစ်စရာ မှိုရောဂါကူးစက်ပိုးတွေကို ကာကွယ်ပေးနိုင်သလို ပျောက်လည်းပျောက်ကင်းစေနိုင်ပါတယ်။ ခြေဖဝါးမှာဖြစ်တဲ့မှိုရောဂါတွေက ဆီးနဲ့ထိတွေ့ပြီး ရက်သတ္တပတ်လောက်အကြာမှာ ရောဂါလက္ခဏာတွေသိသိသာသာ လျော့ပါးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top