iMyanmarHouse.com - Best Property Website for Myanmar
×

IQ ဆုိတာ လူအမ်ဳိးမ်ဳိးက အဓိပၸါယ္အမ်ဳိးမ်ဳိး ဖြင့္ဆုိႏုိင္ေပမဲ့ ေယဘုယ်အားျဖင့္ေတာ့ အေၾကာင္းအရာတစ္ခုကို ေစ့ေစ့ငုငု နားလည္ႏုိင္စြမ္း၊ ေၾကာင္းက်ဳိးညီညြတ္စြာ ဆင္ျခင္ႏုိင္စြမ္း၊ ဖန္တီးႏုိင္စြမ္းနဲ႔ ျပႆနာတစ္ရပ္ကို အေျဖရွာႏုိင္စြမ္းတုိ႔ပဲ ျဖစ္ပါတယ္။ သင္က အရမ္းဥာဏ္ရည္ျမင့္တဲ့သူတစ္ေယာက္ ျဖစ္မယ္ဆုိရင္ အရမ္းကို ထူးခၽြန္ျပီး ထက္ျမက္တဲ့သူတစ္ေယာက္ျဖစ္မယ္။ အဆင့္ျမင့္ပညာေတြ တတ္မယ့္သူတစ္ေယာက္ျဖစ္မယ္လို႔ ေယဘုယ်ထင္ျမင္ႏုိင္ေပမဲ့ အျမဲအဲဒီလိုမဟုတ္တာလည္းရွိႏုိင္ပါတယ္။ ဥပမာ- အတန္းပညာမတတ္တဲ့ ေစ်းသည္တစ္ဦးျဖစ္ေပမဲ့ IQ ျမင့္တဲ့သူတစ္ေယာက္ျဖစ္မယ္ဆုိရင္ ဘယ္အခ်ိန္မွာ ဘယ္ကုန္ပစၥည္းကို ဘယ္ေနရာမွာ ေရာင္းရင္အျမတ္ရမယ္ဆုိတာမ်ဳိး သိေနတာမ်ဳိးပါ။ ေသခ်ာတာကေတာ့ ကိုယ္က်င္လည္ရာနယ္ပယ္ထဲမွာ အေကာင္းဆုံး စြမ္းေဆာင္ႏုိင္သူတစ္ေယာက္ ျဖစ္တယ္ဆုိတာပါပဲ။ IQ ျမင့္တဲ့သူလို႔ဆုိႏုိင္တဲ့ ထူးျခားတဲ့ စရိုက္လကၡဏာေတြရွိပါတယ္။

စကားေျပာတဲ့အခါမွာ အမ်ားအားျဖင့္ အဆဲစကားလုံးေတြ သုံးတတ္တဲ့သူတစ္ေယာက္ကုိ ဥာဏ္ရည္ျမင့္တဲ့ သူတစ္ေယာက္လုိ ခံစားမိၾကမွာမဟုတ္ေပမဲ့ သိပၸံပညာအရ ဆဲတတ္တဲ့သူေတြက မဆဲတတ္တဲ့သူေတြထက္ ေဝါဟာရပိုၾကြယ္ဝတာေၾကာင့္ ဥာဏ္ရည္ျမင့္တဲ့လကၡဏာရပ္လို႔ဆုိပါတယ္။

စြန္႔စားတတ္သူေတြ၊ စိန္ေခၚမႈအသစ္ေတြကို ရင္ဆုိင္ခ်င္တဲ့သူေတြက IQ ျမင့္တဲ့သူေတြလို႔ ဖင္လန္ႏုိင္ငံကျပဳလုပ္တဲ့ သုေတသနရလဒ္ေတြကဆုိပါတယ္။ သုေတသနမွာ စမ္းသပ္ကားေမာင္းနည္းကိုသုံးျပီး ေလ့လာတဲ့အခါ ပိုျပီးစြန္႔စားတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်တတ္တဲ့သူေတြက အသိစိတ္လုပ္ငန္းေတြနဲ႔ ဆက္စပ္တဲ့ ဦးေႏွာက္ထဲက အျဖဴေရာင္အပိုင္း ပိုၾကီးတာကို ေတြ႔ရတဲ့အတြက္ IQ ျမင့္သူေတြျဖစ္ပါတယ္။

ဖေလာ္ရီဒါျပည္နယ္ တကၠသိုလ္တစ္ခုရဲ႕ သုေတသနအရ ဥာဏ္ပိုေကာင္းတဲ့လူေတြက ပိုျပီးပ်င္းတတ္ၾကတာကို ေတြ႔ရွိခဲ့ပါတယ္။ ဦးေႏွာက္ရဲ႕ အာရုံစူးစုိက္မႈပိုမ်ားတာေၾကာင့္ ထိုင္ျပီးစဥ္းစားေနတတ္တဲ့သူေတြက IQ ပိုျမင့္တဲ့လကၡဏာျဖစ္ပါတယ္။

မိသားစုထဲက အၾကီးဆုံးသားသမီးေတြကလည္း မိဘရဲ႕ဂရုစုိက္မႈကို ပိုရရွိျပီး ေအာင္ျမင္ခ်င္စိတ္မ်ားတဲ့ IQ ျမင့္တဲ့သူေတြျဖစ္ေလ့ရွိပါတယ္။ သူတို႔အတြက္လိုက္နာရမယ့္စည္းမ်ဥ္းေတြမ်ားျပီး မိဘေတြရဲ႕ ေမွ်ာ္လင့္ခ်က္ပိုထားခံရတဲ့သားသမီးျဖစ္ျခင္းရဲ႕ အက်ဳိးဆက္ျဖစ္ပါတယ္။

စိတ္ပူပင္တတ္သူေတြက စိတ္မပူတတ္တဲ့သူေတြထက္ပိုျပီး IQ ျမင့္တယ္လို႔ ေျပာႏုိင္ပါတယ္။ အေျခအေနတစ္ခုကေနျဖစ္လာႏုိင္တဲ့ ရလဒ္အမ်ဳိးမ်ဳိးအတြက္ ေတြးပူေနတတ္ျပီး အတိတ္က အေၾကာင္းအရာေတြက ေနာက္ျဖစ္လာမယ့္အေၾကာင္းအရာေတြအေပၚမွာ လႊမ္းမိုးႏုိင္မလားလို႔လည္း ပူေနတတ္တဲ့သူေတြ ျဖစ္ပါတယ္။ ဒီလိုလူမ်ဳိးေတြက ျပႆနာေျဖရွင္းတဲ့ေနရာ၊ ေဝဖန္ေတြးေခၚတဲ့ ေနရာေတြနဲ႔ စိတ္နဲ႔ဆုိင္တဲ့ ဆင္ျခင္ေတြးေတာတဲ့ေနရာေတြမွာ အရမ္းေတာ္တဲ့သူေတြျဖစ္ပါတယ္။

ေၾကာင္ခ်စ္တတ္သူေတြက ေခြးခ်စ္တတ္သူေတြထက္ ပိုျပီး IQ ပုိျမင့္ေၾကာင္းကို ကာရုိးတကၠသိုလ္က သုေတသီေတြက လူေပါင္း ၆၀၀ ကိုေလ့လာဆန္းစစ္ျပီးေတြ႔ရွိခဲ့ပါတယ္။

သိပၸံနည္းက် ေလ့လာမႈေပါင္း ၃၅ ခုေက်ာ္ကို ျပန္လည္သုံးသပ္မႈအရ ဘာသာေရးတစ္ခုကို စြဲျမဲယုံၾကည္သူထက္ ေလာကၾကီးကုိ သဘာဝအျမင္နဲ႔ၾကည့္မယ္လို႔ ခံယူတဲ့သူေတြက ပိုျပီး IQျမင့္တယ္လို႔ ဆိုပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

IQ ဆိုတာ လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပေမဲ့ ယေဘုယျအားဖြင့်တော့ အကြောင်းအရာတစ်ခုကို စေ့စေ့ငုငု နားလည်နိုင်စွမ်း၊ ကြောင်းကျိုးညီညွတ်စွာ ဆင်ခြင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာတစ်ရပ်ကို အဖြေရှာနိုင်စွမ်းတို့ပဲ ဖြစ်ပါတယ်။ သင်က အရမ်းဉာဏ်ရည်မြင့်တဲ့သူတစ်ယောက် ဖြစ်မယ်ဆိုရင် အရမ်းကို ထူးချွန်ပြီး ထက်မြက်တဲ့သူတစ်ယောက်ဖြစ်မယ်။ အဆင့်မြင့်ပညာတွေ တတ်မယ့်သူတစ်ယောက်ဖြစ်မယ်လို့ ယေဘုယျထင်မြင်နိုင်ပေမဲ့ အမြဲအဲဒီလိုမဟုတ်တာလည်းရှိနိုင်ပါတယ်။ ဥပမာ- အတန်းပညာမတတ်တဲ့ ဈေးသည်တစ်ဦးဖြစ်ပေမဲ့ IQ မြင့်တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်အချိန်မှာ ဘယ်ကုန်ပစ္စည်းကို ဘယ်နေရာမှာ ရောင်းရင်အမြတ်ရမယ်ဆိုတာမျိုး သိနေတာမျိုးပါ။ သေချာတာကတော့ ကိုယ်ကျင်လည်ရာနယ်ပယ်ထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်သူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ IQ မြင့်တဲ့သူလို့ဆိုနိုင်တဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိပါတယ်။

စကားပြောတဲ့အခါမှာ အများအားဖြင့် အဆဲစကားလုံးတွေ သုံးတတ်တဲ့သူတစ်ယောက်ကို ဉာဏ်ရည်မြင့်တဲ့ သူတစ်ယောက်လို ခံစားမိကြမှာမဟုတ်ပေမဲ့ သိပ္ပံပညာအရ ဆဲတတ်တဲ့သူတွေက မဆဲတတ်တဲ့သူတွေထက် ဝေါဟာရပိုကြွယ်ဝတာကြောင့် ဉာဏ်ရည်မြင့်တဲ့လက္ခဏာရပ်လို့ဆိုပါတယ်။

စွန့်စားတတ်သူတွေ၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တဲ့သူတွေက IQ မြင့်တဲ့သူတွေလို့ ဖင်လန်နိုင်ငံကပြုလုပ်တဲ့ သုတေသနရလဒ်တွေကဆိုပါတယ်။ သုတေသနမှာ စမ်းသပ်ကားမောင်းနည်းကိုသုံးပြီး လေ့လာတဲ့အခါ ပိုပြီးစွန့်စားတဲ့ဆုံးဖြတ်ချက်တွေကို ချတတ်တဲ့သူတွေက အသိစိတ်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ဦးနှောက်ထဲက အဖြူရောင်အပိုင်း ပိုကြီးတာကို တွေ့ရတဲ့အတွက် IQ မြင့်သူတွေဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ် တက္ကသိုလ်တစ်ခုရဲ့ သုတေသနအရ ဉာဏ်ပိုကောင်းတဲ့လူတွေက ပိုပြီးပျင်းတတ်ကြတာကို တွေ့ရှိခဲ့ပါတယ်။ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုပိုများတာကြောင့် ထိုင်ပြီးစဉ်းစားနေတတ်တဲ့သူတွေက IQ ပိုမြင့်တဲ့လက္ခဏာဖြစ်ပါတယ်။

မိသားစုထဲက အကြီးဆုံးသားသမီးတွေကလည်း မိဘရဲ့ဂရုစိုက်မှုကို ပိုရရှိပြီး အောင်မြင်ချင်စိတ်များတဲ့ IQ မြင့်တဲ့သူတွေဖြစ်လေ့ရှိပါတယ်။ သူတို့အတွက်လိုက်နာရမယ့်စည်းမျဉ်းတွေများပြီး မိဘတွေရဲ့ မျှော်လင့်ချက်ပိုထားခံရတဲ့သားသမီးဖြစ်ခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။

စိတ်ပူပင်တတ်သူတွေက စိတ်မပူတတ်တဲ့သူတွေထက်ပိုပြီး IQ မြင့်တယ်လို့ ပြောနိုင်ပါတယ်။ အခြေအနေတစ်ခုကနေဖြစ်လာနိုင်တဲ့ ရလဒ်အမျိုးမျိုးအတွက် တွေးပူနေတတ်ပြီး အတိတ်က အကြောင်းအရာတွေက နောက်ဖြစ်လာမယ့်အကြောင်းအရာတွေအပေါ်မှာ လွှမ်းမိုးနိုင်မလားလို့လည်း ပူနေတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ပြဿနာဖြေရှင်းတဲ့နေရာ၊ ဝေဖန်တွေးခေါ်တဲ့ နေရာတွေနဲ့ စိတ်နဲ့ဆိုင်တဲ့ ဆင်ခြင်တွေးတောတဲ့နေရာတွေမှာ အရမ်းတော်တဲ့သူတွေဖြစ်ပါတယ်။

ကြောင်ချစ်တတ်သူတွေက ခွေးချစ်တတ်သူတွေထက် ပိုပြီး IQ ပိုမြင့်ကြောင်းကို ကာရိုးတက္ကသိုလ်က သုတေသီတွေက လူပေါင်း ၆၀၀ ကိုလေ့လာဆန်းစစ်ပြီးတွေ့ရှိခဲ့ပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုပေါင်း ၃၅ ခုကျော်ကို ပြန်လည်သုံးသပ်မှုအရ ဘာသာရေးတစ်ခုကို စွဲမြဲယုံကြည်သူထက် လောကကြီးကို သဘာဝအမြင်နဲ့ကြည့်မယ်လို့ ခံယူတဲ့သူတွေက ပိုပြီး IQမြင့်တယ်လို့ ဆိုပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top