iMyanmarHouse.com - Best Property Website for Myanmar
×

ဗိုက္ထဲမွာရွိတဲ့ မေမြးေသးတဲ့ကေလးေလးကစၿပီး အဘိုးႀကီးအဘြားႀကီးေတြအဆံုး လူတိုင္းလူတိုင္းသမ္းၾကပါတယ္။ ဘာေၾကာင့္သမ္းရတယ္ဆိုတဲ့အေၾကာင္းအရင္းကို ေသခ်ာမသိေပမယ့္ ဒါနဲ႔ပတ္သက္တဲ့အယူအဆေတြေတာ့ အမ်ားႀကီးရွိပါတယ္။

  ပထမအခ်က္ကေတာ့ ကၽြႏု္ပ္တို႔ပ်င္းရိလာခ်ိန္ (သို႔) ပင္ပန္းလာခ်ိန္မွာ ခါတိုင္းပံုမွန္အသက္ရွဴ  သေလာက္ ျပင္းျပင္း႐ႈိက္ၿပီးမ႐ႈေတာ့ပါဘူး။ ဒီအခါမွာ အသက္႐ွဴေႏွးသြားတဲ့အတြက္ ေအာက္ဆီဂ်င္ ဝင္တာနည္းသြားျခင္းေၾကာင့္ သမ္းေဝလိုက္ျခင္းျဖင့္ ေသြးထဲကို ေအာက္ဆီဂ်င္မ်ားမ်ားဝင္ေရာက္ေစၿပီး ကာဗြန္ဒိုင္ေအာက္ဆုိက္ဒ္ေတြကို ပိုၿပီးစြန္႔ထုတ္လုိက္ပါတယ္။ ဒါေၾကာင့္သမ္းျခင္းဆိုတာ အသိစိတ္နဲ႔မထိန္းခ်ဳပ္ႏိုင္ဘဲ ခႏၶာကိုယ္အတြင္းေအာက္ဆီဂ်င္နဲ႔ ကာဗိုဒိုင္ေအာက္ဆိုဒ္ပမာဏကို ထိန္းညႇိဖို႔အတြက္ သူအလိုလိုတုန္႔ျပန္တဲ့ျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။

 ေနာက္ထပ္အယူအဆတစ္ခုကေတာ့ သမ္းျခင္းက အဆုတ္နဲ႔အဆုတ္တစ္သွ်ဴးေတြကို ဆြဲဆန္႔ေပးပါတယ္။ သမ္းေဝျခင္းေၾကာင့္ ႂကြက္သားနဲ႔အဆစ္မ်ားလႈပ္ရွားျခင္း၊ ႏွလံုးခုန္ျမန္ေစျခင္းျဖစ္ေစၿပီး ပိုၿပီးႏုိးၾကားတက္ႂကြေစႏုိင္ပါတယ္။

 အခ်ိဳ႕ကေတာ့ သမ္းျခင္းက အဆုတ္ပိျပားမသြားေစရန္ထိန္းေပးတဲ့ ေခ်ာဆီတစ္မ်ိဳးျဖစ္တဲ့ Surfactant ဆိုတဲ့ အဆုတ္တြင္းရွိအဆီတစ္မ်ိဳးကို ျပန္ၿပီးျဖန္႔ေဝေပးတဲ့ ေကာင္းတဲ့တုန္႔ျပန္မႈတစ္ခုလို႔ဆိုၾကပါတယ္။

 ေနာက္ထပ္လူတုိင္းသိၿပီးသားျဖစ္တဲ့ အယူအဆတစ္မ်ိဳးကေတာ့ သမ္းျခင္းက ကူးစက္တတ္ပါတယ္။ စာသင္ခန္းထဲမွာ တစ္ေယာက္ေယာက္သမ္းလိုက္ရင္ အျခားလူအေတာ္မ်ားမ်ားလည္းလုိက္ၿပီး သမ္းတတ္ၾကပါတယ္။ သမ္းတာကို ေတြးလိုက္႐ံုနဲ႔ ကၽြႏု္ပ္တုိ႔ကိုသမ္းေစပါတယ္။

 ဒီစာကိုဖတ္ေနရင္း သင္ေကာဘယ္ႏွစ္ခါသမ္းၿပီးသြားၿပီလဲ? အမ်ားႀကီးမျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Dr. Mya Myo Myo Swe

#Unicode Version

ဗိုက်ထဲမှာရှိတဲ့ မမွေးသေးတဲ့ကလေးလေးကစပြီး အဘိုးကြီးအဘွားကြီးတွေအဆုံး လူတိုင်းလူတိုင်းသမ်းကြပါတယ်။ ဘာကြောင့်သမ်းရတယ်ဆိုတဲ့အကြောင်းအရင်းကို သေချာမသိပေမယ့် ဒါနဲ့ပတ်သက်တဲ့အယူအဆတွေတော့ အများကြီးရှိပါတယ်။

  ပထမအချက်ကတော့ ကျွနု်ပ်တို့ပျင်းရိလာချိန် (သို့) ပင်ပန်းလာချိန်မှာ ခါတိုင်းပုံမှန်အသက်ရှူ  သလောက် ပြင်းပြင်းရှိုက်ပြီးမရှုတော့ပါဘူး။ ဒီအခါမှာ အသက်ရှူနှေးသွားတဲ့အတွက် အောက်ဆီဂျင် ဝင်တာနည်းသွားခြင်းကြောင့် သမ်းဝေလိုက်ခြင်းဖြင့် သွေးထဲကို အောက်ဆီဂျင်များများဝင်ရောက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို ပိုပြီးစွန့်ထုတ်လိုက်ပါတယ်။ ဒါကြောင့်သမ်းခြင်းဆိုတာ အသိစိတ်နဲ့မထိန်းချုပ်နိုင်ဘဲ ခန္ဓာကိုယ်အတွင်းအောက်ဆီဂျင်နဲ့ ကာဗိုဒိုင်အောက်ဆိုဒ်ပမာဏကို ထိန်းညှိဖို့အတွက် သူအလိုလိုတုန့်ပြန်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

 နောက်ထပ်အယူအဆတစ်ခုကတော့ သမ်းခြင်းက အဆုတ်နဲ့အဆုတ်တစ်သျှူးတွေကို ဆွဲဆန့်ပေးပါတယ်။ သမ်းဝေခြင်းကြောင့် ကြွက်သားနဲ့အဆစ်များလှုပ်ရှားခြင်း၊ နှလုံးခုန်မြန်စေခြင်းဖြစ်စေပြီး ပိုပြီးနိုးကြားတက်ကြွစေနိုင်ပါတယ်။

 အချို့ကတော့ သမ်းခြင်းက အဆုတ်ပိပြားမသွားစေရန်ထိန်းပေးတဲ့ ချောဆီတစ်မျိုးဖြစ်တဲ့ Surfactant ဆိုတဲ့ အဆုတ်တွင်းရှိအဆီတစ်မျိုးကို ပြန်ပြီးဖြန့်ဝေပေးတဲ့ ကောင်းတဲ့တုန့်ပြန်မှုတစ်ခုလို့ဆိုကြပါတယ်။

 နောက်ထပ်လူတိုင်းသိပြီးသားဖြစ်တဲ့ အယူအဆတစ်မျိုးကတော့ သမ်းခြင်းက ကူးစက်တတ်ပါတယ်။ စာသင်ခန်းထဲမှာ တစ်ယောက်ယောက်သမ်းလိုက်ရင် အခြားလူအတော်များများလည်းလိုက်ပြီး သမ်းတတ်ကြပါတယ်။ သမ်းတာကို တွေးလိုက်ရုံနဲ့ ကျွနု်ပ်တို့ကိုသမ်းစေပါတယ်။

 ဒီစာကိုဖတ်နေရင်း သင်ကောဘယ်နှစ်ခါသမ်းပြီးသွားပြီလဲ? အများကြီးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Dr. Mya Myo Myo Swe
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top