iMyanmarHouse.com - Best Property Website for Myanmar
×

လူလတ္ပိုင္းအရြယ္မွာ ခႏၶြြာကိုယ္ ေနာက္ပိုင္းမွာ အဆီတက္လာျခင္း၊ ဗိုက္ပူလာျခင္းတို႕ဟာ ျဖစ္လာၿပီး
ကိုယ္ခႏၶါအခ်ိဳးအစားဟာ စိတ္ပ်က္စရာေကာင္းတဲ့ အေနအထားအျဖစ္ ေျပာင္းလဲလာတာကို ေတြ႕ျမင္ရမွာပါ။
TV၊ မဂၢဇင္းေတြမွာ လြယ္ကူတဲ့ ေလ့က်င့္ခန္းေတြကို တင္ဆက္ေပးေနတဲ့ Mori San ရဲ့ေျဖၾကားခ်က္ကေတာ့ “ခႏၶာကိုယ္ ေနာက္ပိုင္း ၾကြက္သားေတြဟာ ေျခေထာက္နွင့္ယွဥ္လ်ွင္ လႈပ္ရွားမႈနည္းပါးတ့ဲ အစိတ္အပိုင္းေတြပါ။
အသက္ ၃၀ ေက်ာ္လာရင္ ခႏၶာကိုယ္ေနာက္ပိုင္း ၾကြက္သားေတြဟာ အားနည္းလာတဲ့အတြက္ ခါး၊ တင္၊ ရင္ ေတြရဲ႕ၾကြက္သား ကိုထိန္းခ်ဳပ္နိုင္ျခင္း ေလ်ာ့နည္းလာပါတယ္။
လူလတ္ပိုင္းအရြယ္ေတြရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားေျပာင္းလဲရျခင္းအေၾကာင္းရင္းက အဆိုပါၾကြက္သားေတြ အားနည္းလာျခင္းေၾကာင့္ျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူလတ္ပိုင္းအရြယ္ေတြအတြက္ လြယ္ကူတဲ့ေလ့က်င့္ခန္း ျပဳလုပ္ပံုကို မိတ္ဆက္ေပးလိုက္ပါတယ္။
Mori San ဟာအသက္၄၀ေက်ာ္အရြယ္မွာ ကေလးေမြးဖြားၿပီး ၁လၾကာေလ့က်င့္ခန္း လုပ္ရံုျဖင့္ ကိုယ္ဝန္မေဆာင္ခင္အခ်ိန္က ခႏၶာကိုယ္ အခ်ိဳးအစားကိုၿပန္ရခဲ့ပါတယ္။လူလတ္ပိုင္း အရြယ္ေတြဟာ ခႏၶြြာကိုယ္ကိုထိန္းသိမ္းဖို႕အတြက္ Diet လုပ္ျခင္း ၊ျပင္းထန္တဲ့အားကစားေတြကိုလုပ္ဖို႕မလိုပါဘူး။
အေရးၾကီးတာက မတ္တပ္ရပ္တဲ့အခါ အသံုးၿပဳေသာ ၾကြက္သားေတြကသာ အေရးၾကီးပါတယ္။ ကၽြန္မတို႕ဟာ ကမာၻေၿမၾကီးရဲ႕ ဆဲြအားကို ဆန္႔က်င္ၿပီး ရပ္ေနတဲ့အတြက္ ေက်ာ ၊ ဗိုက္ မွာရွိတဲ့ ၾကြက္သားေတြကို သံုးရမွာၿဖစ္ပင္မဲ့ ကိုယ္နဲ႕အဆင္ေၿပတဲ့ပံုစံနဲ႕သြားလာလွုပ္ရွားေနၾကတဲ့အတြက္ ခႏၶာကိုယ္အေနအထားလည္း မမွန္ေတာ့ပါ။ ခႏၶာကိုယ္ အေနအထားကို ၿပန္လည္ၿပဳၿပင္ဖို႕အတြက္ ၈ စကၠန္႕ေလ့က်င့္ခန္းေလးကို တင္ၿပပါရေစ။

ခႏၶြြါကိုယ္ေအာက္ပိုင္းအတြက္ေလ့က်င့္ခန္း

၀၁.ေျခဖ်ားထိပ္ေလးမ်ားကို ေဘးသို႕ကား၍မတ္တပ္ရပ္ပါ
ဖေနာင့္တြင္အားျပဳ၍ ေၿခေထာက္ႏွစ္ဖက္စလံုးရဲ႕ ေျခဖ်ားထိပ္ကို ၄၅ ဒီဂရီခန္႕ ေဘးသို႕ကားၿပီး မတ္တပ္ရပ္ပါ။

၀၂. ဒူးေကြး၍ ခါးကိုေအာက္သို႕ ႏွိမ့္ခ်ပါ
ဒူးေကြး၍ ခါးကိုေအာက္သို႔ ႏွိမ့္ခ်ရာတြင္ ေျခမ်က္စိတြင္အားမသက္ေရာက္ရပါ။


၀၃. ေျခနွစ္ဖက္လံုး၏ ဒူးေတြကိုကပ္ထားပါ
ဒူးေကြး၍ခါးကိုေအာက္သို႔ခ်ထားေသာ အေနအထားျဖင့္ ဂုံညင္းမ်ားကို အခ်င္းခ်င္းထိေအာင္ ကပ္လိုက္ပါ။

၀၄. ဂံုညင္းကိုကပ္ထားရင္းျဖင့္ ဒူးေခါင္းကို ဆန္႕ထုတ္ပါ။ နံပါတ္(၃)အေနအထားျဖင့္ ဒူးေခါင္းကို ဆန္႔၍မတ္တပ္ရပ္ပါ။
အထက္ပါလႈပ္ရွားမႈမ်ားသည္ ခႏၶြြါကိုယ္ေအာက္ပိုင္းအတြက္ ျဖစ္ပါသည္။
ခႏၶာကိုယ္အေပၚပိုင္းအတြက္ေလ့က်င့္ခန္း

၀၅. လက္နွစ္ဘက္ကို မိုးေပၚသို႕ Y ပံုစံေၿမွာက္ထားပါ
ေျခေထာက္ကို မေရြ႕ဘဲ လက္နွစ္ဘက္လံုးကို Y ပံုစံ အေပၚသို႔ေျမွာက္ထားပါ။ၿပီးလွ်င္ လက္ဖဝါးႏွစ္ဘက္က ကိုယ္ခႏၶာအတြင္းပိုင္းကို မ်က္ႏွာၿပဳထားပါ။

၀၆. လက္ကိုအေပၚကို ေျမွာက္ထားလွ်က္ ခါးကိုေရွ႕ပိုင္းသို႔ကိုင္းထားပါ
လက္ကိုေျမွာက္လွ်က္အေနအထားျဖင့္ ခႏၶြြာကိုယ္ကိုေရွ႕သို႔ ေျဖးေျဖးခ်င္း ကိုင္းပါ။ ၄၅ဒီဂရီ ခန္႔ျဖစ္ေအာင္ ကိုင္းထားပါ။

၀၇. လက္ကိုေအာက္သို႔ခ်ထား၍ တင္ပါး၏ ေဘးတြင္ထားပါ
ခႏၶြြာကိုယ္အေပၚပိုင္းကို ကိုင္းထားေသာအေနအထားျဖင့္ လက္ႏွစ္ဘက္ ကိုေအာက္သို႔ခ်ပါ။ တင္ပါး၏ ေနာက္ပိုင္းသို႔လက္ကို ဆြဲသြားပါ။

၀၈. ေျဖးေျဖးခ်င္း တည့္တည့္ၿပန္ရပ္ပါ
အဲဒီအတိုင္း ခႏၶြြာကိုယ္အေပၚပိုင္းကို တည့္တည့္ၿပန္ရပ္ၿပီး လက္ကိုခႏၶြြာကိုယ္ေဘးသို႔ သဘာ၀ရွိေနတဲ့အတိုင္း ၿပန္ထားေပးပါ။
မွန္ေရွ႕မွာ ဒီေလ့က်င့္ခန္းေလးကို စမ္းျပီးလုပ္ၾကည့္လိုက္လွ်င္ ၈စကၠန္႕နဲ႕ ၾကြက္သားနာက်င္ခံစားမႈ အနည္းငယ္ ျဖစ္လာေပမယ့္လည္းထိေရာက္မွဳရွိေသာ ေလ့က်င့္ခန္းေလး ၿဖစ္မွာပါ။ အေျခခံလႈပ္ရွားမႈမွာ စနစ္က်တဲ့နည္းစနစ္ကို ေပါင္းစပ္ထားျခင္း ျဖစ္ပါတယ္။
ခဏေလးလုပ္ၾကည့္လိုက္ရုံျဖင့္ လွပတဲ့ခႏၶာကိုယ္ အခ်ိဳးအစားေလးကို ၿပန္လည္ပို္င္ဆိုင္ေစမွာပါ။

Credit: Chelmo

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူလတ်ပိုင်းအရွယ်မှာ ခန္ဓွာကိုယ် နောက်ပိုင်းမှာ အဆီတက်လာခြင်း၊ ဗိုက်ပူလာခြင်းတို့ဟာ ဖြစ်လာပြီး
ကိုယ်ခန္ဓါအချိုးအစားဟာ စိတ်ပျက်စရာကောင်းတဲ့ အနေအထားအဖြစ် ပြောင်းလဲလာတာကို တွေ့မြင်ရမှာပါ။
TV၊ မဂ္ဂဇင်းတွေမှာ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေကို တင်ဆက်ပေးနေတဲ့ Mori San ရဲ့ဖြေကြားချက်ကတော့ “ခန္ဓာကိုယ် နောက်ပိုင်း ကြွက်သားတွေဟာ ခြေထောက်နှင့်ယှဉ်လျှင် လှုပ်ရှားမှုနည်းပါးတဲ့ အစိတ်အပိုင်းတွေပါ။
အသက် ၃၀ ကျော်လာရင် ခန္ဓာကိုယ်နောက်ပိုင်း ကြွက်သားတွေဟာ အားနည်းလာတဲ့အတွက် ခါး၊ တင်၊ ရင် တွေရဲ့ကြွက်သား ကိုထိန်းချုပ်နိုင်ခြင်း လျော့နည်းလာပါတယ်။
လူလတ်ပိုင်းအရွယ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစားပြောင်းလဲရခြင်းအကြောင်းရင်းက အဆိုပါကြွက်သားတွေ အားနည်းလာခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် လူလတ်ပိုင်းအရွယ်တွေအတွက် လွယ်ကူတဲ့လေ့ကျင့်ခန်း ပြုလုပ်ပုံကို မိတ်ဆက်ပေးလိုက်ပါတယ်။
Mori San ဟာအသက်၄၀ကျော်အရွယ်မှာ ကလေးမွေးဖွားပြီး ၁လကြာလေ့ကျင့်ခန်း လုပ်ရုံဖြင့် ကိုယ်ဝန်မဆောင်ခင်အချိန်က ခန္ဓာကိုယ် အချိုးအစားကိုပြန်ရခဲ့ပါတယ်။လူလတ်ပိုင်း အရွယ်တွေဟာ ခန္ဓွာကိုယ်ကိုထိန်းသိမ်းဖို့အတွက် Diet လုပ်ခြင်း ၊ပြင်းထန်တဲ့အားကစားတွေကိုလုပ်ဖို့မလိုပါဘူး။
အရေးကြီးတာက မတ်တပ်ရပ်တဲ့အခါ အသုံးပြုသော ကြွက်သားတွေကသာ အရေးကြီးပါတယ်။ ကျွန်မတို့ဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး ရပ်နေတဲ့အတွက် ကျော ၊ ဗိုက် မှာရှိတဲ့ ကြွက်သားတွေကို သုံးရမှာဖြစ်ပင်မဲ့ ကိုယ်နဲ့အဆင်ပြေတဲ့ပုံစံနဲ့သွားလာလှုပ်ရှားနေကြတဲ့အတွက် ခန္ဓာကိုယ်အနေအထားလည်း မမှန်တော့ပါ။ ခန္ဓာကိုယ် အနေအထားကို ပြန်လည်ပြုပြင်ဖို့အတွက် ၈ စက္ကန့်လေ့ကျင့်ခန်းလေးကို တင်ပြပါရစေ။
ခန္ဓွါကိုယ်အောက်ပိုင်းအတွက်လေ့ကျင့်ခန်း

၀၁.ခြေဖျားထိပ်လေးများကို ဘေးသို့ကား၍မတ်တပ်ရပ်ပါ
ဖနောင့်တွင်အားပြု၍ ခြေထောက်နှစ်ဖက်စလုံးရဲ့ ခြေဖျားထိပ်ကို ၄၅ ဒီဂရီခန့် ဘေးသို့ကားပြီး မတ်တပ်ရပ်ပါ။

၀၂. ဒူးကွေး၍ ခါးကိုအောက်သို့ နှိမ့်ချပါ
ဒူးကွေး၍ ခါးကိုအောက်သို့ နှိမ့်ချရာတွင် ခြေမျက်စိတွင်အားမသက်ရောက်ရပါ။


၀၃. ခြေနှစ်ဖက်လုံး၏ ဒူးတွေကိုကပ်ထားပါ
ဒူးကွေး၍ခါးကိုအောက်သို့ချထားသော အနေအထားဖြင့် ဂုံညင်းများကို အချင်းချင်းထိအောင် ကပ်လိုက်ပါ။

၀၄. ဂုံညင်းကိုကပ်ထားရင်းဖြင့် ဒူးခေါင်းကို ဆန့်ထုတ်ပါ။ နံပါတ်(၃)အနေအထားဖြင့် ဒူးခေါင်းကို ဆန့်၍မတ်တပ်ရပ်ပါ။
အထက်ပါလှုပ်ရှားမှုများသည် ခန္ဓွါကိုယ်အောက်ပိုင်းအတွက် ဖြစ်ပါသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်လေ့ကျင့်ခန်း

၀၅. လက်နှစ်ဘက်ကို မိုးပေါ်သို့ Y ပုံစံမြှောက်ထားပါ
ခြေထောက်ကို မရွေ့ဘဲ လက်နှစ်ဘက်လုံးကို Y ပုံစံ အပေါ်သို့မြှောက်ထားပါ။ပြီးလျှင် လက်ဖဝါးနှစ်ဘက်က ကိုယ်ခန္ဓာအတွင်းပိုင်းကို မျက်နှာပြုထားပါ။

၀၆. လက်ကိုအပေါ်ကို မြှောက်ထားလျှက် ခါးကိုရှေ့ပိုင်းသို့ကိုင်းထားပါ
လက်ကိုမြှောက်လျှက်အနေအထားဖြင့် ခန္ဓွာကိုယ်ကိုရှေ့သို့ ဖြေးဖြေးချင်း ကိုင်းပါ။ ၄၅ဒီဂရီ ခန့်ဖြစ်အောင် ကိုင်းထားပါ။

၀၇. လက်ကိုအောက်သို့ချထား၍ တင်ပါး၏ ဘေးတွင်ထားပါ
ခန္ဓွာကိုယ်အပေါ်ပိုင်းကို ကိုင်းထားသောအနေအထားဖြင့် လက်နှစ်ဘက် ကိုအောက်သို့ချပါ။ တင်ပါး၏ နောက်ပိုင်းသို့လက်ကို ဆွဲသွားပါ။

၀၈. ဖြေးဖြေးချင်း တည့်တည့်ပြန်ရပ်ပါ
အဲဒီအတိုင်း ခန္ဓွာကိုယ်အပေါ်ပိုင်းကို တည့်တည့်ပြန်ရပ်ပြီး လက်ကိုခန္ဓွာကိုယ်ဘေးသို့ သဘာဝရှိနေတဲ့အတိုင်း ပြန်ထားပေးပါ။
မှန်ရှေ့မှာ ဒီလေ့ကျင့်ခန်းလေးကို စမ်းပြီးလုပ်ကြည့်လိုက်လျှင် ၈စက္ကန့်နဲ့ ကြွက်သားနာကျင်ခံစားမှု အနည်းငယ် ဖြစ်လာပေမယ့်လည်းထိရောက်မှုရှိသော လေ့ကျင့်ခန်းလေး ဖြစ်မှာပါ။ အခြေခံလှုပ်ရှားမှုမှာ စနစ်ကျတဲ့နည်းစနစ်ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
ခဏလေးလုပ်ကြည့်လိုက်ရုံဖြင့် လှပတဲ့ခန္ဓာကိုယ် အချိုးအစားလေးကို ပြန်လည်ပိုင်ဆိုင်စေမှာပါ။

Credit: Chelmo


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top