iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ ၁၀ လသားအရြယ္ ကေလးငယ္ေလးရဲ႕ ပထမဆုံး စေျပာမယ့္စကားက ဘာျဖစ္မလဲဆုိတာ မိဘေတြအေနနဲ႔ သိခ်င္စိတ္ေတြမ်ားေနတတ္ပါသလား။ ကေလးငယ္ေတြက အေမ သို႔မဟုတ္ အေဖဆိုတာကို စျပီးေခၚတတ္ၾကသလို ကေလးနဲ႔အေနနီးျပီး အကၽြမ္းဝင္တဲ့ အရာေလးေတြကိုလည္း စျပီးေျပာတတ္ၾကပါတယ္။ ဘယ္လိုစကားလုံးမ်ဳိးကို စေျပာမလဲဆိုတာကို လူၾကီးေတြအေနနဲ႔ ထိန္းခ်ဳပ္လို႔မရႏုိင္ဘူးလို႔ ယုံၾကည္ေနၾကပါတယ္။

အင္ဒီယားနား တကၠသိုလ္ရဲ႕ေလ့လာေတြ႔ရွိမႈအသစ္တစ္ခုအရ ကေလးရဲ႕ ပထမဆုံးစကားလုံးက ကေလးရဲ႕ ထပ္ကာထပ္ကာ ျမင္ေတြ႔ေနတဲ့အရာရယ္၊ ၾကားေနရတဲ့အရာရယ္နဲ႔ ဆက္စပ္ေနေၾကာင္း သက္ေသျပႏုိင္ ခဲ့ပါတယ္။
ေလ့လာပုံကေတာ့ ေမြးစကေလးငယ္တစ္ေယာက္ရဲ႕ ဘာသာစကားဖြ႔ံျဖိဳးမႈကုိ ေလ့လာဖို႔အတြက္ျဖစ္ပါတယ္။ အျမင္ဆုိင္ရာ မွတ္ဥာဏ္က ကေလးငယ္ေတြအတြက္ အရာဝတၳဳေတြနဲ႔ စကားလုံးေတြကို အဓိက ဆက္စပ္ေပးတယ္လို႔ ဆုိပါတယ္။ အဓိပါၸယ္က ကေလးငယ္တစ္ဦးက အရာဝတၳဳတစ္ခု( ပုလင္းတစ္လုံး ဆုိပါစုိ႔)ကို ထပ္တလဲလဲျမင္ရတဲ့အခါမွာ အဲ့ဒီအရာဝတၳဳကို မွတ္မိလာျပီး ေနာက္ဆုံးအဲ့ဒီအရာဝတၳဳနဲ႔ဆိုင္တဲ့ စကားလုံးကုိ ဆက္စပ္မိဖုိ႔ ၾကိဳးစားလာတတ္ၾကတယ္လုိ႔ ဆုိလိုပါတယ္။

ဒီအေၾကာင္းကို ဆန္းစစ္ဖို႔အတြက္ သုေတသီေတြက ကေလးငယ္ရဲ႕ေခါင္းမွာ ကင္မရာငယ္ေလးေတြကုိ ၾကိဳးနဲ႔တပ္ေပးထားျပီး သူတုိ႔ရဲ႕ ျမင္ကြင္းထဲမွာရွိေနတဲ့ ကမာၻကိုၾကည့္ခဲ့ၾကပါတယ္။ လက္ေတြ႔မွာ ကေလးေတြ ျမင္ရတဲ့ျမင္ကြင္းက လူၾကီးေတြျမင္ရတဲ့ ျမင္ကြင္းထက္ အမ်ားၾကီးနည္းတာကိုေတြ႔ရပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ အျမင္အာရုံထဲမွာ အျမဲျမင္ေနရတဲ့ လူေတြနဲ႔ အရာဝတၳဳေတြကိုသာ မွတ္မိျပီး အမည္ေခၚျခင္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္ကေလးငယ္က ေဖေဖလို႔ ပထမဆုံးေခၚခံခ်င္တဲ့ေယာက္်ားေတြကို ကေလးကို မၾကာခဏ ထိန္းေပးဖို႔မိခင္ေတြက ေျပာျပရမယ့္ အခ်ိန္ျဖစ္ပါတယ္။
 Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သင့်ရဲ့ ၁၀ လသားအရွယ် ကလေးငယ်လေးရဲ့ ပထမဆုံး စပြောမယ့်စကားက ဘာဖြစ်မလဲဆိုတာ မိဘတွေအနေနဲ့ သိချင်စိတ်တွေများနေတတ်ပါသလား။ ကလေးငယ်တွေက အမေ သို့မဟုတ် အဖေဆိုတာကို စပြီးခေါ်တတ်ကြသလို ကလေးနဲ့အနေနီးပြီး အကျွမ်းဝင်တဲ့ အရာလေးတွေကိုလည်း စပြီးပြောတတ်ကြပါတယ်။ ဘယ်လိုစကားလုံးမျိုးကို စပြောမလဲဆိုတာကို လူကြီးတွေအနေနဲ့ ထိန်းချုပ်လို့မရနိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။

အင်ဒီယားနား တက္ကသိုလ်ရဲ့လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ ကလေးရဲ့ ပထမဆုံးစကားလုံးက ကလေးရဲ့ ထပ်ကာထပ်ကာ မြင်တွေ့နေတဲ့အရာရယ်၊ ကြားနေရတဲ့အရာရယ်နဲ့ ဆက်စပ်နေကြောင်း သက်သေပြနိုင် ခဲ့ပါတယ်။
လေ့လာပုံကတော့ မွေးစကလေးငယ်တစ်ယောက်ရဲ့ ဘာသာစကားဖွံ့ဖြိုးမှုကို လေ့လာဖို့အတွက်ဖြစ်ပါတယ်။ အမြင်ဆိုင်ရာ မှတ်ဉာဏ်က ကလေးငယ်တွေအတွက် အရာဝတ္ထုတွေနဲ့ စကားလုံးတွေကို အဓိက ဆက်စပ်ပေးတယ်လို့ ဆိုပါတယ်။ အဓိပါ္ပယ်က ကလေးငယ်တစ်ဦးက အရာဝတ္ထုတစ်ခု( ပုလင်းတစ်လုံး ဆိုပါစို့)ကို ထပ်တလဲလဲမြင်ရတဲ့အခါမှာ အဲ့ဒီအရာဝတ္ထုကို မှတ်မိလာပြီး နောက်ဆုံးအဲ့ဒီအရာဝတ္ထုနဲ့ဆိုင်တဲ့ စကားလုံးကို ဆက်စပ်မိဖို့ ကြိုးစားလာတတ်ကြတယ်လို့ ဆိုလိုပါတယ်။

ဒီအကြောင်းကို ဆန်းစစ်ဖို့အတွက် သုတေသီတွေက ကလေးငယ်ရဲ့ခေါင်းမှာ ကင်မရာငယ်လေးတွေကို ကြိုးနဲ့တပ်ပေးထားပြီး သူတို့ရဲ့ မြင်ကွင်းထဲမှာရှိနေတဲ့ ကမ္ဘာကိုကြည့်ခဲ့ကြပါတယ်။ လက်တွေ့မှာ ကလေးတွေ မြင်ရတဲ့မြင်ကွင်းက လူကြီးတွေမြင်ရတဲ့ မြင်ကွင်းထက် အများကြီးနည်းတာကိုတွေ့ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမြင်အာရုံထဲမှာ အမြဲမြင်နေရတဲ့ လူတွေနဲ့ အရာဝတ္ထုတွေကိုသာ မှတ်မိပြီး အမည်ခေါ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးငယ်က ဖေဖေလို့ ပထမဆုံးခေါ်ခံချင်တဲ့ယောက်ျားတွေကို ကလေးကို မကြာခဏ ထိန်းပေးဖို့မိခင်တွေက ပြောပြရမယ့် အချိန်ဖြစ်ပါတယ်။
 Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top