iMyanmarHouse.com - Best Property Website for Myanmar
×





Credit : duwun

#Unicode Version

ကျန်းမာရေးအတွက်ဖြစ်စေ ကိုယ်ခန္ဓာအချိုးအစား လှပလာဖို့ဖြစ်စေ လေ့ကျင့်ခန်းလုပ်ကြပါတယ်။ ယနေ့ခေတ်မှာတော့ အားကစားခန်းမ (Gym) တွေမှာ သွားရောက်ကာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ကြသူတွေ ပိုမိုများပြားလာပါတယ်။ လေ့ကျင့်ခန်းလုပ်တာကိုပဲ အာရုံစိုက်နေမိတဲ့အတွက် အရေပြားကို ဂရုစိုက်ဖို့လည်း မေ့နေကြတတ်ပါတယ်။ Gym သွားသူတွေအနေနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံတွေပေါက်လာပြီဆိုရင်တော့ သတိပြုသင့်ပါပြီ။

အကြောင်းရင်းကတော့ သင်အားကစားလုပ်စဉ် ဝတ်ထားတဲ့ ဝတ်စုံက အရမ်းကြပ်နေလို့ အရေးပြားကို ထိခိုက်နေပြီဖြစ်လို့ပါပဲ။ ကြပ်လွန်းတဲ့ဝတ်စုံက လေဝင်လေထွက်မကောင်းတဲ့အခါ ခန္ဓာကိုယ်ကထွက်တဲ့ချွေးတွေက တော်ရုံနဲ့မခြောက်တော့ပါဘူး။ အဲ့ဒီအခါ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အရေပြားကို ဒုက္ခပေးတော့တာပါပဲ။ အားကစားလုပ်ချိန်မှာ အဝတ်အစားကြပ်ကြပ်ဝတ်ခြင်းဟာ ဝက်ခြံတွေဖြစ်စေရုံတင်မက အရေပြားယားယံမှုကိုလည်း ဖြစ်ပေါ်စေနိုင်သလို အခြားအရေပြားပြဿနာတွေလည်း ဖြစ်လာစေနိုင်လို့ သင့်ရဲ့အားကစားဝတ်စုံဟာ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top