iMyanmarHouse.com - Best Property Website for Myanmar
×

သစၥာမရွိတဲ့ေယာက္်ားေတြနဲ႔ပဲ ေတြ႕ေနရတဲ့ မိန္းကေလးတစ္ခ်ိဳ႕ဆီကေန ေလာကႀကီးမွာေကာင္းတဲ့ေယာက္်ားမရွိဘူးလို႔ ညည္းတြားတဲ့စကားသံေတြ ထြက္ေပၚလာတတ္ပါတယ္။ဒါဟာ Mr Wrong ၊ Mr Cheater ေတြနဲ႔သာ ဆံုခဲ့ရလို႔ပါ။ယံုဖို႔ေတာ့ ခက္ေပမယ့္ ေလာကႀကီးမွာ ေကာင္းတဲ့ေယာက္်ားေတြရွိပါေသးတယ္။“ဘယ္မွာလဲ ?” လို႔ေမးၾကပါလိမ့္မယ္။ အဲ့ဒီ့အတြက္နည္းလမ္းေတြရွိပါတယ္။

(၁)အြန္လိုင္းတြင္ ဒိတ္လုပ္ျခင္း

အြန္လိုင္းကေန  ေယာက္်ားေကာင္းကို ေတြ႕ႏိုင္ဖို႔ အခြင့္အလမ္း အလြန္နည္းတယ္ ဆုိေပမယ့္လည္း တစ္ခ်ိဳ႕ကေတာ့ဒီနည္း ကိုစမ္းသပ္ၿပီးေကာင္း ၿပီးပါလိမ့္မယ္။အြန္လိုင္းကေန ဒိတ္လုပ္မယ္ဆိုရင္ေတာ့ ေရြးႏိုင္မွ ေတာ္ရာက်ပါလိမ့္မယ္။ၿပီးေတာ့ ဘယ္လိုလူကို ေရွာင္ရမယ္ ဘယ္လိုလူကို ျငင္းပယ္ရမလဲဆိုတဲ့အခ်က္ေတြကို သိထားသင့္ပါတယ္။တကယ္လုိ႔ ဒါေတြအားလံုးကို နားလည္ၿပီ သိေနၿပီဆိုရင္ေတာ့ အြန္လိုင္းမွာ သစၥာရွိတဲ့ေယာက္်ားကို ရွာလို႔ရပါၿပီ။ေသခ်ာဖို႔ေတာ့ လိုပါတယ္။

(၂)ေစတနာ႔၀န္ထမ္း လႈပ္ရွားမႈေတြမွာ ပါ၀င္ပါ

လိမ္ညာလွည့္စားတတ္တဲ့ ေယာက္််ားေတြဟာ ေစတနာ႔၀န္ထမ္း အလုပ္ေတြ လုပ္ေလ့ရွိတယ္လို႔ စာေရးသူေတာ့ မထင္ပါဘူး။ေစတနာ႔၀န္ထမ္းလုပ္တဲ့သူေတြဟာၾကင္နာတတ္သူေတြ၊စာနာ၊ေႏြးေထြးတက္
သူေတြျဖစ္ရံုသာမက သူတို႔ရဲ႕သူငယ္ခ်င္းမိတ္ေဆြ၊မိသားစုနဲ႔ခ်စ္သူအိမ္ေထာင္ဖက္ေတြအေပၚမွာသစၥာရွိတဲ့သူေတြ
 ျဖစ္ပါတယ္။ဒါေၾကာင့္ေစတနာ႔၀န္ထမ္း လႈပ္ရွားမႈေတြမွာ ပါ၀င္ျခင္းအားျဖင့္ သစၥာရွိတဲ့ ေယာက္်ားကို ရွာလို႔ရပါတယ္။
(၃)သင့္သူငယ္ခ်င္းေတြ

သူေတာ္အခ်င္းခ်င္း သတင္းေလြ႕ေလြ႕ပါင္းဖက္ေတြ႕တယ္ ဆိုတဲ့စကားပံုအတိုင္းပါပဲ။လူေတြဟာ တူရာ တူရာ စုၿပီးေပါင္းမိတတ္ၾကပါတယ္။သင့္ေဘးမွာရွိေနတဲ့လူေတြကို တစ္ခ်က္ၾကည့္လိုက္ပါ။ၿပီးရင္ေတာ့ ဒီထဲမွာ ကိုယ္နဲ႔ ရင္းႏွီးတာၾကာၿပီး ကိုယ့္အတြက္ လက္တြဲေဖာ္ေကာင္းျဖစ္လာႏိုင္တဲ့သူ ရွိမရွိ ကိုယ့္ကိုကိုယ္ေမးခြန္း ထုတ္အေျဖရွာလိုက္ပါ။

 (၄)တစ္ခါတစ္ေလ တစ္ေယာက္တည္း ေနတာမ်ိဳးလုပ္ပါ

အမ်ိဳးသမီးအမ်ားစုဟာ တစ္ေယာက္တည္းသြားတာမ်ိဳး သိပ္မရွိပဲ မ်ားေသာအားျဖင့္ အုပ္စုလိုက္သြားလာေလ့ ရွိပါတယ္။အခုလိုအမ်ိဳးသမီးေတြ အုပ္စုလိုက္သြားလာေနတာဟာ ေယာက္််ားေကာင္းေတြ သူမဆီကို ခ်ဥ္းကပ္ရာမွာ အေႏွာင့္အယွက္အတားအဆီး ျဖစ္ေစတတ္တယ္လုိ႔အေမရိကန္စာေရးဆရာမ Karrine Steffans ရဲ႕စာအုပ္တစ္အုပ္ မွာေရးသားပါတယ္။ဒါေၾကာင့္ တခါတေလ ေကာ္ဖီဆိုင္၊စာၾကည့္တိုက္ အစရွိတဲ့ေနရာေတြကို တစ္ေယာက္တည္းသြား တာမ်ိဳး လုပ္ေပးရပါမယ္။

(၅)မတူတဲ့အရာေလးေတြ လုပ္ပါ။ မတူတဲ့ေနရာေတြကို သြားပါ

တူညီတဲ့အရာေတြ တူညီတဲ့ေနရာေတြကိုပဲ လုပ္ေနသြားေနတတ္သူဆိုရင္ေတာ့ မတူတာေတြ၊ မတူတဲ့အရာေတြ ကို ေျပာင္းလုပ္ၾကည့္ဖို႔ အႀကံျပဳပါရေစ။စေန၊တနဂၤေႏြတိုင္းမွာ ကလပ္ေတြကိုပဲသြားေနမယ့္အစားသူငယ္ခ်င္း တစ္ေယာက္ေယာက္ကမ်ား ျပတိုက္ေတြ၊ဓါတ္ပံုျပေတြကိုလိုက္ဖို႔ ဖိတ္ေခၚခဲ့မယ္ဆိုရင္ လိုက္သြားၾကည့္လိုက္ပါ။ အဲ့ဒီေနရာေတြမွာသင္ေမွ်ာ္လင့္ေနတဲ့ သစၥာရွိတဲ့ ေယာက်ာ္းဆိုတာ ရွိခ်င္ ရွိေနပါလိမ့္မယ္။

(၆)ဘုရားေက်ာင္းကို သြားပါ

ဘုရားေက်ာင္းသြားၿပီး ေယာက္်ားေကာင္းကိုရွာၾကည့္တာဟာ ေကာင္းတဲ့စိတ္ကူးတစ္ခုပါ။
ယံုၾကည္ရတဲ့ေယာက္်ား၊ကိုယ္ က်င့္တရားေကာင္းတဲ့သူ၊ၾကင္နာတတ္တဲ့သူ၊စိတ္ထားျပည့္၀သူေတြဟာ ဘုရားေက်င္းကို သြားေလ့ရွိပါတယ္။ ဘုရားေက်ာင္းမွာ ျပဳလုပ္ေလ့ရွိတဲ့ ပြဲအခမ္းအနားေတြမွာလည္း မၾကာခဏပါ၀င္ေပးပါ။


(၇)စိတ္ရွည္ပါ

ဒါဟာအေရးႀကီးပါတယ္။သင့္ႏွလံုးသားကိုေနာက္ထပ္ဆံုးရႈံးနာက်င္ရတာမ်ိဳး ထပ္မျဖစ္ရေအာင္ သတိထားပါ။ အခ်ိန္ယူပါ။အလ်င္မလိုပါနဲ႔။မေသခ်ာမေရရာတဲ့ ေယာက္်ားေတြနဲ႔တြဲၿပီး အခ်ိန္ကုန္မခံပါနဲ႔။ကိုယ့္ဆီေရာက္လာမယ့္ Mr Right ကို ေစာင့္ေနဖို႔ တိုက္တြန္းပါရေစ။

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သစ္စာမရှိတဲ့ယောက်ျားတွေနဲ့ပဲ တွေ့နေရတဲ့ မိန်းကလေးတစ်ချို့ဆီကနေ လောကကြီးမှာကောင်းတဲ့ယောက်ျားမရှိဘူးလို့ ညည်းတွားတဲ့စကားသံတွေ ထွက်ပေါ်လာတတ်ပါတယ်။ဒါဟာ Mr Wrong ၊ Mr Cheater တွေနဲ့သာ ဆုံခဲ့ရလို့ပါ။ယုံဖို့တော့ ခက်ပေမယ့် လောကကြီးမှာ ကောင်းတဲ့ယောက်ျားတွေရှိပါသေးတယ်။“ဘယ်မှာလဲ ?” လို့မေးကြပါလိမ့်မယ်။ အဲ့ဒီ့အတွက်နည်းလမ်းတွေရှိပါတယ်။

(၁)အွန်လိုင်းတွင် ဒိတ်လုပ်ခြင်း

အွန်လိုင်းကနေ  ယောက်ျားကောင်းကို တွေ့နိုင်ဖို့ အခွင့်အလမ်း အလွန်နည်းတယ် ဆိုပေမယ့်လည်း တစ်ချို့ကတော့ဒီနည်း ကိုစမ်းသပ်ပြီးကောင်း ပြီးပါလိမ့်မယ်။အွန်လိုင်းကနေ ဒိတ်လုပ်မယ်ဆိုရင်တော့ ရွေးနိုင်မှ တော်ရာကျပါလိမ့်မယ်။ပြီးတော့ ဘယ်လိုလူကို ရှောင်ရမယ် ဘယ်လိုလူကို ငြင်းပယ်ရမလဲဆိုတဲ့အချက်တွေကို သိထားသင့်ပါတယ်။တကယ်လို့ ဒါတွေအားလုံးကို နားလည်ပြီ သိနေပြီဆိုရင်တော့ အွန်လိုင်းမှာ သစ္စာရှိတဲ့ယောက်ျားကို ရှာလို့ရပါပြီ။သေချာဖို့တော့ လိုပါတယ်။



(၂)စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွေမှာ ပါဝင်ပါ

လိမ်ညာလှည့်စားတတ်တဲ့ ယောက်ျျားတွေဟာ စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်လေ့ရှိတယ်လို့ စာရေးသူတော့ မထင်ပါဘူး။စေတနာ့ဝန်ထမ်းလုပ်တဲ့သူတွေဟာကြင်နာတတ်သူတွေ၊စာနာ၊နွေးထွေးတက်သူ
တွေဖြစ်ရုံသာမက သူတို့ရဲ့သူငယ်ချင်းမိတ်ဆွေ၊မိသားစုနဲ့ချစ်သူအိမ်ထောင်ဖက်တွေအပေါ်မှာသစ္စာရှိတဲ့သူတွေ ဖြစ်ပါတယ်။ဒါကြောင့်စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းအားဖြင့် သစ္စာရှိတဲ့ ယောက်ျားကို ရှာလို့ရပါတယ်။



(၃)သင့်သူငယ်ချင်းတွေ

သူတော်အချင်းချင်း သတင်းလွေ့လွေ့ပါင်းဖက်တွေ့တယ် ဆိုတဲ့စကားပုံအတိုင်းပါပဲ။လူတွေဟာ တူရာ တူရာ စုပြီးပေါင်းမိတတ်ကြပါတယ်။သင့်ဘေးမှာရှိနေတဲ့လူတွေကို တစ်ချက်ကြည့်လိုက်ပါ။ပြီးရင်တော့ ဒီထဲမှာ ကိုယ်နဲ့ ရင်းနှီးတာကြာပြီး ကိုယ့်အတွက် လက်တွဲဖော်ကောင်းဖြစ်လာနိုင်တဲ့သူ ရှိမရှိ ကိုယ့်ကိုကိုယ်မေးခွန်း ထုတ်အဖြေရှာလိုက်ပါ။



(၄)တစ်ခါတစ်လေ တစ်ယောက်တည်း နေတာမျိုးလုပ်ပါ

အမျိုးသမီးအများစုဟာ တစ်ယောက်တည်းသွားတာမျိုး သိပ်မရှိပဲ များသောအားဖြင့် အုပ်စုလိုက်သွားလာလေ့ ရှိပါတယ်။အခုလိုအမျိုးသမီးတွေ အုပ်စုလိုက်သွားလာနေတာဟာ ယောက်ျျားကောင်းတွေ သူမဆီကို ချဉ်းကပ်ရာမှာ အနှောင့်အယှက်အတားအဆီး ဖြစ်စေတတ်တယ်လို့အမေရိကန်စာရေးဆရာမ Karrine Steffans ရဲ့စာအုပ်တစ်အုပ် မှာရေးသားပါတယ်။ဒါကြောင့် တခါတလေ ကော်ဖီဆိုင်၊စာကြည့်တိုက် အစရှိတဲ့နေရာတွေကို တစ်ယောက်တည်းသွား တာမျိုး လုပ်ပေးရပါမယ်။


(၅)မတူတဲ့အရာလေးတွေ လုပ်ပါ။ မတူတဲ့နေရာတွေကို သွားပါ

တူညီတဲ့အရာတွေ တူညီတဲ့နေရာတွေကိုပဲ လုပ်နေသွားနေတတ်သူဆိုရင်တော့ မတူတာတွေ၊ မတူတဲ့အရာတွေ ကို ပြောင်းလုပ်ကြည့်ဖို့ အကြံပြုပါရစေ။စနေ၊တနင်္ဂနွေတိုင်းမှာ ကလပ်တွေကိုပဲသွားနေမယ့်အစားသူငယ်ချင်း တစ်ယောက်ယောက်ကများ ပြတိုက်တွေ၊ဓါတ်ပုံပြတွေကိုလိုက်ဖို့ ဖိတ်ခေါ်ခဲ့မယ်ဆိုရင် လိုက်သွားကြည့်လိုက်ပါ။ အဲ့ဒီနေရာတွေမှာသင်မျှော်လင့်နေတဲ့ သစ္စာရှိတဲ့ ယောကျာ်းဆိုတာ ရှိချင် ရှိနေပါလိမ့်မယ်။



(၆)ဘုရားကျောင်းကို သွားပါ

ဘုရားကျောင်းသွားပြီး ယောက်ျားကောင်းကိုရှာကြည့်တာဟာ ကောင်းတဲ့စိတ်ကူးတစ်ခုပါ။ယုံကြည်ရတဲ့ယောက်ျား၊ကိုယ် ကျင့်တရားကောင်းတဲ့သူ၊ကြင်နာတတ်တဲ့သူ၊စိတ်ထားပြည့်ဝသူတွေဟာ ဘုရားကျေင်းကို သွားလေ့ရှိပါတယ်။ ဘုရားကျောင်းမှာ ပြုလုပ်လေ့ရှိတဲ့ ပွဲအခမ်းအနားတွေမှာလည်း မကြာခဏပါဝင်ပေးပါ။


(၇)စိတ်ရှည်ပါ

ဒါဟာအရေးကြီးပါတယ်။သင့်နှလုံးသားကိုနောက်ထပ်ဆုံးရှုံးနာကျင်ရတာမျိုး ထပ်မဖြစ်ရအောင် သတိထားပါ။ အချိန်ယူပါ။အလျင်မလိုပါနဲ့။မသေချာမရေရာတဲ့ ယောက်ျားတွေနဲ့တွဲပြီး အချိန်ကုန်မခံပါနဲ့။ကိုယ့်ဆီရောက်လာမယ့် Mr Right ကို စောင့်နေဖို့ တိုက်တွန်းပါရစေ။


Credit : shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတော
င်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top