iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကၾကီးမွာ က်င္လည္ျဖတ္သန္းေနရတဲ့သူတုိင္း ကိုယ့္ကို ၾကိဳးကိုင္ျခယ္လွယ္ခ်င္သူ၊ ကစားခ်င္သူေတြနဲ႕ေတာ့ ဆံုဖူးတတ္ၾကပါတယ္။ အဲ့ဒီလူေတြဟာ သင့္သူငယ္ခ်င္းလည္း ျဖစ္ေကာင္းျဖစ္မယ္၊ ခ်စ္သူ၊ လုပ္ေဖာ္ကိုင္ဖက္ စတဲ့ သူေတြလည္း ျဖစ္ႏိုင္ပါတယ္။  အဲ့ဒီလို တစ္ပါးသူကို ၾကိဳးကိုင္ျခယ္လွယ္တတ္ၾကသူေတြဟာ ဒီရာသီခြင္ (၅)မ်ိဳးမွာ ေမြးဖြားတတ္ၾကျပီး သူတုိ႕အသက္ရွင္ေနသေရြ႕ သူတစ္ပါးကို ကစားတာမ်ိဳး၊ ၾကိဳးကိုင္တာမ်ိဳးေတြ အနည္းနဲ႕အမ်ား လုပ္ေဆာင္သြားတတ္ၾကပါတယ္။

၁။ Scorpio - ၿဗိစာၦရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ - ႏို၀င္ဘာလ ၂၁ ရက္ )
လ်ွိဳ႕၀ွက္ခ်က္ေတြနဲ႕ ေနထုိင္တတ္တဲ့ ဒီရာသီဖြားဟာ အျခားသူေတြကို လွည့္စားတတ္သူဆုိရင္လည္း မမွားပါဘူး။ သူဟာ သင့္သူငယ္ခ်င္းတစ္ေယာက္ဆုိရင္ ရုတ္တရက္ သူသင့္ကို မယံုၾကည္ေတာ့ဘူးလို႕ ခံစားရတာနဲ႕ အျခားသူေတြနဲ႕ သင္မသိေအာင္ တြဲပါေတာ့တယ္။ သင္သူ႕ေဘးျပန္ေရာက္လာတဲ့အခ်ိန္ သူ႕နားမွာ သင့္ထက္ခင္မင္ရတဲ့ အျခားသူငယ္ခ်င္းေတြ ရွိေနပါျပီ။ သူ႕စိတ္တစ္ခုတည္းကိုသာ အျမဲၾကည့္ျပီး ဆံုးျဖတ္တတ္ရံုမက သင့္ကို အရူးလုပ္ဖုိ႕လည္း သူ ၀န္မေလးတတ္ပါဘူး။ အခ်စ္ေရးနဲ႕ပတ္သက္ရင္လည္း ဒီရာသီဖြားေတြဟာ ခ်စ္တတ္ေပမယ့္ လွည့္စားတတ္တဲ့သူေတြပါ။ ကိုယ့္ခ်စ္သူ အေျခအေနမဟန္ဘူးလို႕ ခံစားရတာနဲ႕ ခုနလိုပဲ အျခားတစ္ေယာက္ရွိေနႏွင့္ျပီးသား ျဖစ္ပါလိမ့္မယ္။ ႏွစ္ဦးသားျပသနာမျဖစ္လိုက္နဲ႕။ ျဖစ္လိုက္တာနဲ႕ သင့္မွာပဲ အျပစ္ရွိတဲ့ အတုိင္း သူ ေျပာတတ္ပါတယ္။ ေနာက္ဆံုးမွာ သင္ဟာ တကယ္အျပစ္ရွိတာ ငါလား၊ သူလားဆုိတာမ်ိဳးေတာင္ မေ၀ခြဲႏိုင္ေလာက္ေအာင္ သင့္ကိုလွည့္စားႏိုင္သူပါပဲ။

၂။ Cancer - ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၁ ရက္ - ဇူလိုင္ ၂၂ ရက္ )
 ဒီရာသီဖြားက်ေတာ့ တအားကုိ စိတ္ကူးယဥ္တတ္တဲ့သူ ျဖစ္တာေၾကာင့္ သူအိပ္မက္ေတြ ျဖစ္မလာဘူးဆုိတာနဲ႕ သင့္ကို အျပစ္တင္တာမ်ိဳးေတြ လုပ္ပါလိမ့္မယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာ သင္နဲ႕မဆုိင္ေပမယ့္ ဆြဲထည့္ျပီး အျပစ္ဖုိ႕တတ္တာမ်ိဳးေပါ့။ သူငယ္ခ်င္းအေနနဲ႕ဆို တစ္ခါတစ္ေလ တျခားလူေတြကို ကိုယ္က သူ႕ထက္ပိုေကာင္းေကာင္ဆက္ဆံတယ္၊ ပိုခင္တယ္လုိ႕ ထင္ျမင္ျပီး အျမဲတမ္းသင့္ကို အျပစ္တင္ပါလိမ့္မယ္။ ဒါ့အျပင္ သူ႕အစား အျခားသူကို ပိုဥိးစားေပးတာမ်ိဳးလည္း သူမလိုခ်င္ပါဘူး။ သင္တုိ႕ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို သူဟာ ကေလးဘ၀တုန္းကလို အျမဲတမ္း ၾကိဳးကိုင္ျခယ္လွယ္ခ်င္ေနေသးတုန္းးပါ။

၃။ Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )
ေမထုန္ရာသီဖြားေတြက်ေတာ့ တရားလြန္ေတြးတတ္တာေတြေၾကာင့္ ျပသနာေတြျဖစ္လာတတ္တာပါ။ သူ ဆံုးျဖတ္ခ်က္ ခ်တာကို အားလံုးက လိုက္နာရင္ေကာင္းပါတယ္။ တစ္စံုတစ္ေယာက္က ဒီလိုမ်ိဳး မလုပ္သင့္ဘူး ဆုိတာ ေထာက္ျပေျပာဆုိ လာတဲ့အခါ သူ႕စိတ္ထဲ မေက်နပ္တာ ခံျပင္းတာေတြ ျဖစ္လာတတ္တာပါ။ ဆက္ဆံေရးညံ႕တဲ့ ေမထုန္ရာသီဖြားေတြေၾကာင့္ သူငယ္ခ်င္း အေပါင္းအသင္းဆုိလုိ႕ သင္သာ ရွိပါလိမ့္မယ္။ သင့္ကိုလည္း သူ႕သေဘာ အတုိင္းသာ ေနထုိင္ျပဳမူေစလိုျပန္ပါတယ္။ ၾကိဳးကိုင္ျခယ္လွယ္တဲ့ သေဘာပါပဲ။ သူ႕ကိုေခၚျပီး သင့္ရဲ႕အျခားသူငယ္ခ်င္း အေပါင္းအေဖာ္ေတြၾကားထဲ ေခၚသြားျပန္ရင္လည္း သင္ပဲ ေနာက္ဆံုးမ်က္ႏွာပ်က္ျပီး က်န္ခဲ့ရတတ္ပါတယ္။

၄။ Pisces - မိန္ရာသီဖြား ( ေဖေဖာ္၀ါရီလ ၁၉ ရက္ - မတ္လ ၂၀ ရက္)
တစ္ပါးသူကို အျမဲတမ္းကူညီတတ္တဲ့ မိန္ရာသီဖြားေတြအတြက္ ေမးစရာရွိလာတာက သူတုိ႕ဟာ သင့္ကိုကူညီတဲ့အခါ သင့္ကိုယ္က်ိဳးအတြက္ တကယ္ကူညီေပးေနသလားဆုိတာပါပဲ။ သင့္မွာစိတ္ညစ္စရာေတြရွိေနလို႕ သူက သင့္ကို အျပင္ေတြ ေခၚထုတ္ျပီး သင့္အနားမွာ ရွိေနေပးတယ္ဆုိရင္ သူ႕မွာတျခားအၾကံေတြ တစ္ခုမဟုတ္တစ္ခု ရွိေနတတ္ပါတယ္။ ဥပမာ သူ တစ္ေနရာမွာ အျခားတစ္ေယာက္နဲ႕ ခ်ိန္းထားတယ္၊ ဒါမွမဟုတ္ အဲ့ဒီေနရာကို သူတစ္ေယာက္တညး္ သြားလို႕ အဆင္မေျပဘူးဆိုရင္ သူသင့္ကို သင့္အတြက္ဆုိတာမ်ိဳးအေၾကာင္းျပျပီး သင့္ကို ေခၚသြားမွာပါ။ သင့္စိတ္ထဲမွာေတာ့ သူ သင့္အေပၚ သိပ္ေကာင္းပါလားေပါ့။ တကယ္ေတာ့ သူက သူ႕အတြက္သူ လုပ္ေနတာပါ။ ဒါ့အျပင္ သူ႕ကိုယ္သူ သနားစရာ လူတစ္ေယာက္၊ ကံမေကာင္းခဲ့တဲ့သူတစ္ေယာက္အျဖစ္ မ်က္ရည္တစမ္းစမ္းနဲ႕ေျပာျပီး သင့္ကို ၾကိဳးကိုင္ျခယ္လွယ္ခ်င္တတ္သူကလည္း မိန္ရာသီဖြားေတြပါပဲတဲ့။

၅။ Leo - သိဟ္ ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ - ၾသဂုတ္လ ၂၂ ရက္ )
တစ္ခုခုကို စိတ္ပါ၀င္စားစြာ လုပ္ေဆာင္တတ္တဲ့ သိဟ္ရာသီဖြားေတြက်ေတာ့ သူတုိ႕လုပ္တာေတြ၊ ေျပာတာေတြ မွန္ကန္ေၾကာင္း ေသတဲ့အထိကုိ သက္ေသျပခ်င္ေနတာမ်ိဳးပါ။ သူမွားေနရင္ေတာင္ သင့္ကို အသားကုန္ျငင္းခုန္ေနပါလိမ့္မယ္။ ဒါေပမယ့္ ေလးစားစရာေကာင္းတဲ့အခ်က္က သူတုိ႕ဟာ ကိုယ္လုပ္ေနတဲ့အရာနဲ႕ ပတ္သက္ျပီး ဘယ္ေတာ့မွ ေနာက္မဆုတ္တမ္း ၾကိဳးစားပမ္းစားလုပ္ေဆာင္တတ္တာပါ။ ဒီအရာကပဲ သူ႕ကို ၾကိဳးကိုင္ျခယ္လွယ္တတ္သူတစ္ေယာက္ ျဖစ္လာေစတာပါပဲ။ သူဟာ သူခံစားေနရတာေတြကို သင့္ကို ေျပာဖုိ႕ ဘယ္ေတာ့မွ ရွက္မေနပါဘူး။ ဘယ္ေလာက္ထိလဲဆုိရင္ သင္ၾကိဳက္ေနတဲ့ေကာင္ေလးကို သူသိသိလ်က္နဲ႕ေတာင္ သူ အဲ့ေကာင္ေလးကို ၾကိဳက္ေနေၾကာင္း သင့္ကိုဖြင့္ဟလာႏိုင္ပါတယ္။ သင္က သူ႕ထက္အရင္ အဲ့ဒီေကာင္ေလးကို စၾကိဳက္ခဲ့တယ္ဆုိရင္ေတာင္ သင့္အတြက္နဲ႕လည္း ဒီကိစၥကို ေနာက္ဆုတ္ေပးမွာ မဟုတ္ပါဘူး။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လောကကြီးမှာ ကျင်လည်ဖြတ်သန်းနေရတဲ့သူတိုင်း ကိုယ့်ကို ကြိုးကိုင်ခြယ်လှယ်ချင်သူ၊ ကစားချင်သူတွေနဲ့တော့ ဆုံဖူးတတ်ကြပါတယ်။ အဲ့ဒီလူတွေဟာ သင့်သူငယ်ချင်းလည်း ဖြစ်ကောင်းဖြစ်မယ်၊ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက် စတဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်။  အဲ့ဒီလို တစ်ပါးသူကို ကြိုးကိုင်ခြယ်လှယ်တတ်ကြသူတွေဟာ ဒီရာသီခွင် (၅)မျိုးမှာ မွေးဖွားတတ်ကြပြီး သူတို့အသက်ရှင်နေသရွေ့ သူတစ်ပါးကို ကစားတာမျိုး၊ ကြိုးကိုင်တာမျိုးတွေ အနည်းနဲ့အများ လုပ်ဆောင်သွားတတ်ကြပါတယ်။

၁။ Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
လျှို့ဝှက်ချက်တွေနဲ့ နေထိုင်တတ်တဲ့ ဒီရာသီဖွားဟာ အခြားသူတွေကို လှည့်စားတတ်သူဆိုရင်လည်း မမှားပါဘူး။ သူဟာ သင့်သူငယ်ချင်းတစ်ယောက်ဆိုရင် ရုတ်တရက် သူသင့်ကို မယုံကြည်တော့ဘူးလို့ ခံစားရတာနဲ့ အခြားသူတွေနဲ့ သင်မသိအောင် တွဲပါတော့တယ်။ သင်သူ့ဘေးပြန်ရောက်လာတဲ့အချိန် သူ့နားမှာ သင့်ထက်ခင်မင်ရတဲ့ အခြားသူငယ်ချင်းတွေ ရှိနေပါပြီ။ သူ့စိတ်တစ်ခုတည်းကိုသာ အမြဲကြည့်ပြီး ဆုံးဖြတ်တတ်ရုံမက သင့်ကို အရူးလုပ်ဖို့လည်း သူ ဝန်မလေးတတ်ပါဘူး။ အချစ်ရေးနဲ့ပတ်သက်ရင်လည်း ဒီရာသီဖွားတွေဟာ ချစ်တတ်ပေမယ့် လှည့်စားတတ်တဲ့သူတွေပါ။ ကိုယ့်ချစ်သူ အခြေအနေမဟန်ဘူးလို့ ခံစားရတာနဲ့ ခုနလိုပဲ အခြားတစ်ယောက်ရှိနေနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။ နှစ်ဦးသားပြသနာမဖြစ်လိုက်နဲ့။ ဖြစ်လိုက်တာနဲ့ သင့်မှာပဲ အပြစ်ရှိတဲ့ အတိုင်း သူ ပြောတတ်ပါတယ်။ နောက်ဆုံးမှာ သင်ဟာ တကယ်အပြစ်ရှိတာ ငါလား၊ သူလားဆိုတာမျိုးတောင် မဝေခွဲနိုင်လောက်အောင် သင့်ကိုလှည့်စားနိုင်သူပါပဲ။

၂။ Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )
 ဒီရာသီဖွားကျတော့ တအားကို စိတ်ကူးယဉ်တတ်တဲ့သူ ဖြစ်တာကြောင့် သူအိပ်မက်တွေ ဖြစ်မလာဘူးဆိုတာနဲ့ သင့်ကို အပြစ်တင်တာမျိုးတွေ လုပ်ပါလိမ့်မယ်။ တစ်ချို့ကိစ္စတွေမှာ သင်နဲ့မဆိုင်ပေမယ့် ဆွဲထည့်ပြီး အပြစ်ဖို့တတ်တာမျိုးပေါ့။ သူငယ်ချင်းအနေနဲ့ဆို တစ်ခါတစ်လေ တခြားလူတွေကို ကိုယ်က သူ့ထက်ပိုကောင်းကောင်ဆက်ဆံတယ်၊ ပိုခင်တယ်လို့ ထင်မြင်ပြီး အမြဲတမ်းသင့်ကို အပြစ်တင်ပါလိမ့်မယ်။ ဒါ့အပြင် သူ့အစား အခြားသူကို ပိုဥိးစားပေးတာမျိုးလည်း သူမလိုချင်ပါဘူး။ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို သူဟာ ကလေးဘဝတုန်းကလို အမြဲတမ်း ကြိုးကိုင်ခြယ်လှယ်ချင်နေသေးတုန်းးပါ။

၃။ Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )
မေထုန်ရာသီဖွားတွေကျတော့ တရားလွန်တွေးတတ်တာတွေကြောင့် ပြသနာတွေဖြစ်လာတတ်တာပါ။ သူ ဆုံးဖြတ်ချက် ချတာကို အားလုံးက လိုက်နာရင်ကောင်းပါတယ်။ တစ်စုံတစ်ယောက်က ဒီလိုမျိုး မလုပ်သင့်ဘူး ဆိုတာ ထောက်ပြပြောဆို လာတဲ့အခါ သူ့စိတ်ထဲ မကျေနပ်တာ ခံပြင်းတာတွေ ဖြစ်လာတတ်တာပါ။ ဆက်ဆံရေးညံ့တဲ့ မေထုန်ရာသီဖွားတွေကြောင့် သူငယ်ချင်း အပေါင်းအသင်းဆိုလို့ သင်သာ ရှိပါလိမ့်မယ်။ သင့်ကိုလည်း သူ့သဘော အတိုင်းသာ နေထိုင်ပြုမူစေလိုပြန်ပါတယ်။ ကြိုးကိုင်ခြယ်လှယ်တဲ့ သဘောပါပဲ။ သူ့ကိုခေါ်ပြီး သင့်ရဲ့အခြားသူငယ်ချင်း အပေါင်းအဖော်တွေကြားထဲ ခေါ်သွားပြန်ရင်လည်း သင်ပဲ နောက်ဆုံးမျက်နှာပျက်ပြီး ကျန်ခဲ့ရတတ်ပါတယ်။

၄။ Pisces - မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် - မတ်လ ၂၀ ရက်)
တစ်ပါးသူကို အမြဲတမ်းကူညီတတ်တဲ့ မိန်ရာသီဖွားတွေအတွက် မေးစရာရှိလာတာက သူတို့ဟာ သင့်ကိုကူညီတဲ့အခါ သင့်ကိုယ်ကျိုးအတွက် တကယ်ကူညီပေးနေသလားဆိုတာပါပဲ။ သင့်မှာစိတ်ညစ်စရာတွေရှိနေလို့ သူက သင့်ကို အပြင်တွေ ခေါ်ထုတ်ပြီး သင့်အနားမှာ ရှိနေပေးတယ်ဆိုရင် သူ့မှာတခြားအကြံတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ ဥပမာ သူ တစ်နေရာမှာ အခြားတစ်ယောက်နဲ့ ချိန်းထားတယ်၊ ဒါမှမဟုတ် အဲ့ဒီနေရာကို သူတစ်ယောက်တည်း သွားလို့ အဆင်မပြေဘူးဆိုရင် သူသင့်ကို သင့်အတွက်ဆိုတာမျိုးအကြောင်းပြပြီး သင့်ကို ခေါ်သွားမှာပါ။ သင့်စိတ်ထဲမှာတော့ သူ သင့်အပေါ် သိပ်ကောင်းပါလားပေါ့။ တကယ်တော့ သူက သူ့အတွက်သူ လုပ်နေတာပါ။ ဒါ့အပြင် သူ့ကိုယ်သူ သနားစရာ လူတစ်ယောက်၊ ကံမကောင်းခဲ့တဲ့သူတစ်ယောက်အဖြစ် မျက်ရည်တစမ်းစမ်းနဲ့ပြောပြီး သင့်ကို ကြိုးကိုင်ခြယ်လှယ်ချင်တတ်သူကလည်း မိန်ရာသီဖွားတွေပါပဲတဲ့။

၅။ Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )
တစ်ခုခုကို စိတ်ပါဝင်စားစွာ လုပ်ဆောင်တတ်တဲ့ သိဟ်ရာသီဖွားတွေကျတော့ သူတို့လုပ်တာတွေ၊ ပြောတာတွေ မှန်ကန်ကြောင်း သေတဲ့အထိကို သက်သေပြချင်နေတာမျိုးပါ။ သူမှားနေရင်တောင် သင့်ကို အသားကုန်ငြင်းခုန်နေပါလိမ့်မယ်။ ဒါပေမယ့် လေးစားစရာကောင်းတဲ့အချက်က သူတို့ဟာ ကိုယ်လုပ်နေတဲ့အရာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောက်မဆုတ်တမ်း ကြိုးစားပမ်းစားလုပ်ဆောင်တတ်တာပါ။ ဒီအရာကပဲ သူ့ကို ကြိုးကိုင်ခြယ်လှယ်တတ်သူတစ်ယောက် ဖြစ်လာစေတာပါပဲ။ သူဟာ သူခံစားနေရတာတွေကို သင့်ကို ပြောဖို့ ဘယ်တော့မှ ရှက်မနေပါဘူး။ ဘယ်လောက်ထိလဲဆိုရင် သင်ကြိုက်နေတဲ့ကောင်လေးကို သူသိသိလျက်နဲ့တောင် သူ အဲ့ကောင်လေးကို ကြိုက်နေကြောင်း သင့်ကိုဖွင့်ဟလာနိုင်ပါတယ်။ သင်က သူ့ထက်အရင် အဲ့ဒီကောင်လေးကို စကြိုက်ခဲ့တယ်ဆိုရင်တောင် သင့်အတွက်နဲ့လည်း ဒီကိစ္စကို နောက်ဆုတ်ပေးမှာ မဟုတ်ပါဘူး။


Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top