iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ေပါင္းမ်ားစြာအတြင္း အရက္ေသာက္သံုးသူ အမ်ိဳးသားဦးေရဟာ က်ဆင္းလာၿပီး အရက္ေသာက္သံုးသူ အမ်ိဳးသမီးဦးေရဟာေတာ႔ လပိုင္းအတြင္း မ်ားလာတယ္လို႔ သတင္းရရွိပါတယ္။

ခုဆိုရင္ အရက္ေသာက္သံုးသူ အမ်ိဳးသမီးဦးေရနဲ႔ အမ်ိဳးသားဦးေရဟာ ကြာဟမႈနည္းလာၿပီး အရက္ကို ေသာက္သံုးလာတဲ႔ အမ်ိဳးသမီးဦးေရဟာ 'Alarming Rise' (စိုးရိမ္ဖြယ္ရာ တိုးတက္မႈ) အျဖစ္ ကြ်မ္းက်င္ပညာရွင္ေတြက သတိေပးထားပါတယ္။

စစ္တမ္းေလ႔လာမႈေတြထဲမွာ အရက္ကို လက္ရွိေသာက္သံုးေနသူေတြ၊ တစ္လကို ရက္ေတာ္ေတာ္မ်ားမ်ား ေသာက္သံုးသူေတြ၊ အရက္အလြန္အကြ်ံ ေသာက္သံုးသူေတြနဲ႔ အရက္ေသာက္၍ ယာဥ္ေမာင္းသူေတြ ပါဝင္ပါတယ္။ "အမ်ိဳးသားေတြက အရက္ကို ပိုေသာက္ေနၾကတုန္းပါပဲ၊ ဒါေပမဲ႔ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားၾကားက ကြာဟမႈက ေမွးမွိန္လာၿပီ။" လို႔ အရက္အလြဲသံုးစားလုပ္မႈႏွင္႔ အရက္စြဲကပ္မႈဆိုင္ရာ ႏုိင္ငံေတာ္တကၠသိုလ္မွ ေဒါက္တာ Aaron White ကေျပာခဲ႔ပါတယ္။

'တျခား မၾကာေသးမီက ထုတ္ျပန္ခ်က္ေတြကလည္း အေမရိကန္မွာရွိတဲ႔ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြရဲ႕ အရက္ေသာက္သံုးမႈ ပံုစံေတြဟာ ေျပာင္းလဲေနေၾကာင္း ဒီသုေတသနရပ္က အတည္ျပဳပါတယ္။' လို႔ အရက္အလြဲသံုးစားလုပ္မႈႏွင္႔ အရက္စြဲကပ္မႈဆိုင္ရာ ႏုိင္ငံေတာ္တကၠသိုလ္ (NIAAA) မွ ေဒါက္တာ George Koob ကေျပာသြားခဲ႔ပါတယ္။

Credit:Thit Htoo Lwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှစ်ပေါင်းများစွာအတွင်း အရက်သောက်သုံးသူ အမျိုးသားဦးရေဟာ ကျဆင်းလာပြီး အရက်သောက်သုံးသူ အမျိုးသမီးဦးရေဟာတော့ လပိုင်းအတွင်း များလာတယ်လို့ သတင်းရရှိပါတယ်။

ခုဆိုရင် အရက်သောက်သုံးသူ အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေဟာ ကွာဟမှုနည်းလာပြီး အရက်ကို သောက်သုံးလာတဲ့ အမျိုးသမီးဦးရေဟာ 'Alarming Rise' (စိုးရိမ်ဖွယ်ရာ တိုးတက်မှု) အဖြစ် ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

စစ်တမ်းလေ့လာမှုတွေထဲမှာ အရက်ကို လက်ရှိသောက်သုံးနေသူတွေ၊ တစ်လကို ရက်တော်တော်များများ သောက်သုံးသူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေနဲ့ အရက်သောက်၍ ယာဉ်မောင်းသူတွေ ပါဝင်ပါတယ်။ "အမျိုးသားတွေက အရက်ကို ပိုသောက်နေကြတုန်းပါပဲ၊ ဒါပေမဲ့ အမျိုးသမီးနဲ့ အမျိုးသားကြားက ကွာဟမှုက မှေးမှိန်လာပြီ။" လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ်မှ ဒေါက်တာ Aaron White ကပြောခဲ့ပါတယ်။

'တခြား မကြာသေးမီက ထုတ်ပြန်ချက်တွေကလည်း အမေရိကန်မှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရက်သောက်သုံးမှု ပုံစံတွေဟာ ပြောင်းလဲနေကြောင်း ဒီသုတေသနရပ်က အတည်ပြုပါတယ်။' လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ် (NIAAA) မှ ဒေါက်တာ George Koob ကပြောသွားခဲ့ပါတယ်။

Credit:Thit Htoo Lwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top