iMyanmarHouse.com - Best Property Website for Myanmar
×

သင့္သူငယ္ခ်င္းအုပ္စုထဲမွာ တစ္ခ်ိန္လံုးပြစိပြစိနဲ႕ နားပူနားဆာလုပ္တတ္တဲ့သူရွိပါသလား။ သင့္မိသားစုထဲမွာေရာ အဲ့ဒီလို လူမ်ိဳးရွိေနပါသလား။ ဒါမွမဟုတ္ သင္ဟာ နားပူနားဆာလုပ္တတ္တဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆုိင္ထားတာလား။ တစ္ခုခုဆိုရင္ မေက်နပ္တာေတြ၊ သေဘာမက်တာေတြကို အျပစ္တင္သလို တစ္ခါမက ႏွစ္ခါမက နားပူနာဆာလုပ္တတ္သူေတြ ခုေျပာျပေပမယ့္ အရာေတြ လုပ္တတ္ၾကပါတယ္။ ဒီေတာ့ ဒီအခ်က္ကေလးတြကို ဖတ္ၾကည့့္ျပီး သင္ကိုယ္တုိင္ နားပူနားဆာလုပ္တတ္သူဆုိရင္လည္း ဒီအျပဳအမူေတြကို ခ်က္ခ်င္းရပ္ပစ္ဖုိ႕ ၾကိဳးစားသင့္ပါတယ္။ မဟုတ္ရင္ သင္ဟာ ခုိင္ျမဲတဲ့အခ်စ္ေရးကို ပိုင္ဆုိင္ႏိုင္မွာ မဟုတ္လုိ႕ပါ။

၁။ တစ္ခုခုေမးရင္၊ ေတာင္းဆုိရင္ ႏွစ္ခါထက္ပိုေျပာတယ္။
ကိုယ့္ခ်စ္သူကိုတစ္ခုခု ေတာင္းဆုိတဲ့အခါ ႏွစ္ခါထက္ပိုေျပာရင္ ဒါဟာ တစ္ဖက္လူကို နားပူနားဆာလုပ္တဲ့ အေနအထားေရာက္သြားပါျပီ။ သူ႕ကို တစ္ခါေျပာ၊ မဟုတ္ရင္ ႏွစ္ခါအထိပဲ ေျပာပါ။ ဆက္တုိက္ေမးေန၊ ေတာင္းဆိုေနတာမ်ိဳးက တစ္ဖက္လူအတြက္ ကိုယ့္ကို စိတ္ပ်က္စရာ လို႕ ျမင္ႏိုင္တဲ့ အေနအထား ေရာက္သြားနိုင္ပါတယ္။ သူ႕ကို ဆက္တိုက္ေျပာေနမယ့္အစား ခုဒီကိစၥနဲ႕ပတ္သက္ျပီး ဘာျဖစ္ေနတာလဲဆုိတာေလး နားလည္ေအာင္ ေျပာျပပါလား၊ ဒါမွမဟုတ္ ျပသနာကဘာလဲ၊ ဒါမွမဟုတ္ ဒါကို ငါတုိ႕ေျဖရွင္းႏိုင္မယ္မဟုတ္လား စတဲ့ ေမးေခြန္းမ်ိဳးေတြ ေျပာင္းေမးတာ ပိုသင့္ေတာ္ပါတယ္။

၂။ နားပူနားဆာလုပ္ျခင္းအား သူတစ္ပါးကို ထိန္းခ်ဳပ္ခ်င္တာမ်ိဳးနဲ႕ အတူတူပါပဲ။
တစ္စံုတစ္ေယာက္ကို နားပူနားဆာလုပ္ျခင္းဟာ ကိုယ္ျဖစ္ခ်င္တာ ကိုယ္လုပ္ခ်င္တာကို သူ႕ကိုအတင္းလုပ္ခိုင္းတဲ့ သေဘာပါပဲ။ ဒီေတာ့ အျခားလူကို ထိန္းခ်ဳပ္ခ်င္တဲ့စိတ္ပိုမ်ားေနပါတယ္။ နားပူနားဆာ လုပ္ပါတယ္ ဆုိမွာေတာ့ ေတာင္းဆုိတာတစ္ခုထက္ကို ပိုလာလို႕ပါပဲ။

၃။ တစ္ခုခုေျပာျပီဆုိတာနဲ႕ နင္ ဆုိတာနဲ႕စေတာ့တာပဲ။
အခ်စ္ေရးတစ္ခု ခိုင္ျမဲဖုိ႕ဆုိရင္ ငါက နင္က ဆုိတာထက္ ငါတုိ႕ႏွစ္ေယာက္ဆုိတာကို ပိုသံုးသင့္လွပါတယ္။ ကိုယ့္အတြက္ပဲ ကုိယ္ၾကည့္တတ္တဲ့လူဟာ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ရွိတယ္ဆုိတာကို ျပသေနတာပါပဲ။ ပိုဆိုးတာက အျခားလူကို နင္က ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆုိျပီး အျပစ္တင္တတ္တဲ့သူပါ။

၄။ ကူရာမဲ့ကယ္ရာမဲ့ ျဖစ္ေနပါေတာ့တယ္။
ကိုယ္က ကိုယ့္ခ်စ္သူ ေရာဂါရမွာစိုးလို႕ ေဆးလိပ္မေသာက္ဖုိ႕ ေျပာတယ္၊ အခ်ိဳရည္ေတြ မေသာက္ဖုိ႕ေျပာတယ္၊ ေနာက္ အာလူးအေခ်ာင္းေၾကာ္ေတြ မစားဖုိ႕ေျပာတယ္ဆုိပါစို႕။ ကိုယ္ကထပ္ခါ ထပ္ခါေျပာတဲ့အခါသူက လုိက္လုပ္ရင္ ေတာ္ေသး။ မဟုတ္ပဲ သူက ဒါေတြကိုဆက္လုပ္ေနမယ္ဆုိရင္ေတာ့ သင့္အေနနဲ႕ ကိုယ့္ခ်စ္သူက ကုိယ္ေျပာတာ နားမေထာင္တာေၾကာင့္ စိတ္ထဲမွာ မေက်နပ္တာေတြ၊ ေဒါသေတြနဲ႕ ကူရာမဲ့ ကယ္ရာမဲ့ ျဖစ္ေနပါလိမ့္မယ္။ သူ႕ကို နားပူနားဆာလုပ္မယ့္အစား ေျဖးေျဖးခ်င္း ေလ်ွာ့ခ်သြားဖုိ႕ သင့္ဘက္က ၾကိုးစားရမွာပါ။

၅။ ကိုယ့္ခ်စ္သူအတြက္ လက္တြဲေဖာ္လား မိဘလားဆုိတာေတာင္ မသဲကြဲေတာ့ဘူး။
ကိုယ့္ခ်စ္သူရည္းစားကို သူအလုပ္မဟုတ္တာ၊ ဒါမွမဟုတ္ ကိုယ္သေဘာမက်တဲ့ အခ်က္ေတြကို မနားတမ္းဆက္တုိက္ေျပာဆုိ ေနမယ္ဆုိရင္ ဒီခ်စ္သူက ၾကာရွည္သည္းခံႏိုင္မယ္ မထင္ပါဘူး။ အေျခအေနက သူ႕ခ်စ္သူလား၊ သူ႕မိခင္လား ဆုိတာေတာင္ သူ႕အေနနဲ႕ ေ၀ခြဲရခက္လာပါလိမ့္မယ္။

၆။ နားပူနားဆာလုပ္ျခင္းေၾကာင္း တစ္ဦးနဲ႕တစ္ဦး ယံုၾကည္မႈကင္းမဲ့လာတတ္ပါတယ္။
တစ္ဦးက တစ္ဦးကို နားပူနားဆာ မနားတမ္းလုပ္ေနမယ္ဆုိရင္ အဲ့ဒီလူအေပၚ ေလးစားမႈတင္မက ယံုၾကည္မႈပါ ေပ်ာက္ဆံုးလာတတ္ပါတယ္။ ေနာက္တစ္နည္းေျပာရရင္ စိတ္လည္းကုန္လာပါလိမ့္မယ္။ လူတစ္ေယာက္ကို မနားတမ္း ေျပာဆုိေနမွေတာ့ အဲ့ဒီလူအေပၚ သင္ယံုၾကည္မႈမရွိေတာ့ဘူးဆိုတာ ျပသေနသလိုပဲေပါ့။ ဒီေတာ့ တစ္ဖက္လူလည္း ဒီလို ခံစားခ်က္မ်ိဳး ခံစားရမွာ အေသအခ်ာပါပဲ။ ငါ့ကိုသူ မယံုေတာင္ဘူး၊ ေလးစားမႈမရွိေတာ့ဘူးလုိ႕ ခံစားလာရမယ္ဆုိရင္ ဒါ အခ်စ္ေရးတစ္ခုရဲ႕ အဆံုးသတ္ပါပဲ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Verison

သင့်သူငယ်ချင်းအုပ်စုထဲမှာ တစ်ချိန်လုံးပွစိပွစိနဲ့ နားပူနားဆာလုပ်တတ်တဲ့သူရှိပါသလား။ သင့်မိသားစုထဲမှာရော အဲ့ဒီလို လူမျိုးရှိနေပါသလား။ ဒါမှမဟုတ် သင်ဟာ နားပူနားဆာလုပ်တတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတာလား။ တစ်ခုခုဆိုရင် မကျေနပ်တာတွေ၊ သဘောမကျတာတွေကို အပြစ်တင်သလို တစ်ခါမက နှစ်ခါမက နားပူနာဆာလုပ်တတ်သူတွေ ခုပြောပြပေမယ့် အရာတွေ လုပ်တတ်ကြပါတယ်။ ဒီတော့ ဒီအချက်ကလေးတွကို ဖတ်ကြည့့်ပြီး သင်ကိုယ်တိုင် နားပူနားဆာလုပ်တတ်သူဆိုရင်လည်း ဒီအပြုအမူတွေကို ချက်ချင်းရပ်ပစ်ဖို့ ကြိုးစားသင့်ပါတယ်။ မဟုတ်ရင် သင်ဟာ ခိုင်မြဲတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်လို့ပါ။

၁။ တစ်ခုခုမေးရင်၊ တောင်းဆိုရင် နှစ်ခါထက်ပိုပြောတယ်။
ကိုယ့်ချစ်သူကိုတစ်ခုခု တောင်းဆိုတဲ့အခါ နှစ်ခါထက်ပိုပြောရင် ဒါဟာ တစ်ဖက်လူကို နားပူနားဆာလုပ်တဲ့ အနေအထားရောက်သွားပါပြီ။ သူ့ကို တစ်ခါပြော၊ မဟုတ်ရင် နှစ်ခါအထိပဲ ပြောပါ။ ဆက်တိုက်မေးနေ၊ တောင်းဆိုနေတာမျိုးက တစ်ဖက်လူအတွက် ကိုယ့်ကို စိတ်ပျက်စရာ လို့ မြင်နိုင်တဲ့ အနေအထား ရောက်သွားနိုင်ပါတယ်။ သူ့ကို ဆက်တိုက်ပြောနေမယ့်အစား ခုဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဖြစ်နေတာလဲဆိုတာလေး နားလည်အောင် ပြောပြပါလား၊ ဒါမှမဟုတ် ပြသနာကဘာလဲ၊ ဒါမှမဟုတ် ဒါကို ငါတို့ဖြေရှင်းနိုင်မယ်မဟုတ်လား စတဲ့ မေးခွေန်းမျိုးတွေ ပြောင်းမေးတာ ပိုသင့်တော်ပါတယ်။

၂။ နားပူနားဆာလုပ်ခြင်းအား သူတစ်ပါးကို ထိန်းချုပ်ချင်တာမျိုးနဲ့ အတူတူပါပဲ။
တစ်စုံတစ်ယောက်ကို နားပူနားဆာလုပ်ခြင်းဟာ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို သူ့ကိုအတင်းလုပ်ခိုင်းတဲ့ သဘောပါပဲ။ ဒီတော့ အခြားလူကို ထိန်းချုပ်ချင်တဲ့စိတ်ပိုများနေပါတယ်။ နားပူနားဆာ လုပ်ပါတယ် ဆိုမှာတော့ တောင်းဆိုတာတစ်ခုထက်ကို ပိုလာလို့ပါပဲ။

၃။ တစ်ခုခုပြောပြီဆိုတာနဲ့ နင် ဆိုတာနဲ့စတော့တာပဲ။
အချစ်ရေးတစ်ခု ခိုင်မြဲဖို့ဆိုရင် ငါက နင်က ဆိုတာထက် ငါတို့နှစ်ယောက်ဆိုတာကို ပိုသုံးသင့်လှပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့လူဟာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ရှိတယ်ဆိုတာကို ပြသနေတာပါပဲ။ ပိုဆိုးတာက အခြားလူကို နင်က ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အပြစ်တင်တတ်တဲ့သူပါ။

၄။ ကူရာမဲ့ကယ်ရာမဲ့ ဖြစ်နေပါတော့တယ်။
ကိုယ်က ကိုယ့်ချစ်သူ ရောဂါရမှာစိုးလို့ ဆေးလိပ်မသောက်ဖို့ ပြောတယ်၊ အချိုရည်တွေ မသောက်ဖို့ပြောတယ်၊ နောက် အာလူးအချောင်းကြော်တွေ မစားဖို့ပြောတယ်ဆိုပါစို့။ ကိုယ်ကထပ်ခါ ထပ်ခါပြောတဲ့အခါသူက လိုက်လုပ်ရင် တော်သေး။ မဟုတ်ပဲ သူက ဒါတွေကိုဆက်လုပ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ ကိုယ့်ချစ်သူက ကိုယ်ပြောတာ နားမထောင်တာကြောင့် စိတ်ထဲမှာ မကျေနပ်တာတွေ၊ ဒေါသတွေနဲ့ ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေပါလိမ့်မယ်။ သူ့ကို နားပူနားဆာလုပ်မယ့်အစား ဖြေးဖြေးချင်း လျှော့ချသွားဖို့ သင့်ဘက်က ကြိုးစားရမှာပါ။

၅။ ကိုယ့်ချစ်သူအတွက် လက်တွဲဖော်လား မိဘလားဆိုတာတောင် မသဲကွဲတော့ဘူး။
ကိုယ့်ချစ်သူရည်းစားကို သူအလုပ်မဟုတ်တာ၊ ဒါမှမဟုတ် ကိုယ်သဘောမကျတဲ့ အချက်တွေကို မနားတမ်းဆက်တိုက်ပြောဆို နေမယ်ဆိုရင် ဒီချစ်သူက ကြာရှည်သည်းခံနိုင်မယ် မထင်ပါဘူး။ အခြေအနေက သူ့ချစ်သူလား၊ သူ့မိခင်လား ဆိုတာတောင် သူ့အနေနဲ့ ဝေခွဲရခက်လာပါလိမ့်မယ်။

၆။ နားပူနားဆာလုပ်ခြင်းကြောင်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကင်းမဲ့လာတတ်ပါတယ်။
တစ်ဦးက တစ်ဦးကို နားပူနားဆာ မနားတမ်းလုပ်နေမယ်ဆိုရင် အဲ့ဒီလူအပေါ် လေးစားမှုတင်မက ယုံကြည်မှုပါ ပျောက်ဆုံးလာတတ်ပါတယ်။ နောက်တစ်နည်းပြောရရင် စိတ်လည်းကုန်လာပါလိမ့်မယ်။ လူတစ်ယောက်ကို မနားတမ်း ပြောဆိုနေမှတော့ အဲ့ဒီလူအပေါ် သင်ယုံကြည်မှုမရှိတော့ဘူးဆိုတာ ပြသနေသလိုပဲပေါ့။ ဒီတော့ တစ်ဖက်လူလည်း ဒီလို ခံစားချက်မျိုး ခံစားရမှာ အသေအချာပါပဲ။ ငါ့ကိုသူ မယုံတောင်ဘူး၊ လေးစားမှုမရှိတော့ဘူးလို့ ခံစားလာရမယ်ဆိုရင် ဒါ အချစ်ရေးတစ်ခုရဲ့ အဆုံးသတ်ပါပဲ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top