iMyanmarHouse.com - Best Property Website for Myanmar
×

ေလ့လာမႈစစ္တမ္းေတြအရ ဆယ္ေက်ာ္သက္ေယာကၤ်ားေလးေတြဟာ မိန္းကေလးေတြထက္ တစ္ကိုယ္ရည္အာသာေျဖမႈကို ပိုမိုလုပ္ေဆာင္တတ္တယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ ဒါဟာ အံ့ၾသစရာမဟုတ္ပါဘူး။ တကယ္အ့ံအားသင့္ၿပီး ထိတ္လန္႔စရာေကာင္းတာက တစ္ကိုယ္ရည္စိတ္ေျဖမႈ အလြဲေတြနဲ႔ အျဖစ္ဆုိးေတြပဲျဖစ္ပါတယ္။ သတိျပဳဆင္ျခင္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

လိင္တံနဲ႔ ဆီးလမ္းေၾကာင္းအတြင္း ျပြန္ေခ်ာင္းထိုးထည့္ျခင္း

ဂ်ပန္ႏိုင္ငံမွာ အသက္(၄၀)အရြယ္အမ်ိဳးသားတစ္ဦးဟာ တစ္ကိုယ္ရည္အာသာေျဖဖို႔အတြက္ သူ႔ရဲ႕ ဆီးအိတ္ထဲကို (၅၅)လက္မအရွည္ရွိတဲ့ ၿပြန္ေခ်ာင္းတစ္ေခ်ာင္းထည့္သြင္းခဲ့ပါတယ္။ ဒီျပြန္ေခ်ာင္းဟာ သူ႕ရဲ႕ဆီးလမ္းေၾကာင္းထဲမွာ (၂)ႏွစ္ၾကာေအာင္ရွိခဲ့ၿပီးမွ ခြဲစိတ္ဖယ္ထုတ္ခဲ့ရပါတယ္။ ဒါ့အျပင္ ဆီးလမ္းေၾကာင္းထဲကို ရွားေဇာင္းလက္ပတ္ပင္အစိတ္အပိုင္း ထည့္သြင္းတဲ့လူလည္းရွိပါေသးတယ္။ ေနာက္တစ္ေယာက္ကေတာ့ ၀ိုင္ယာႀကိဳးတစ္ေခ်ာင္းထည့္သြင္းတာျဖစ္ၿပီး သူ႔ရဲ႕ဆီးအိတ္ထဲမွာ လံုးေထြးေနတာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ဆီးလမ္းေၾကာင္းထဲကို ျပႊန္ေတြထိုးထည့္တာဟာ သူတို႔အတြက္ ခံစားမႈေကာင္းေစၿပီး စိတ္ေက်နပ္စရာအျဖစ္ခံစားရတယ္လို႔ ဆိုၾကပါတယ္။ ေျပာဖို႔လိုမယ္မထင္ပါဘူး။ ဆီးလမ္းေၾကာင္းအထူးကုဆီကို နာက်ဥ္ခံစားရၿပီး ရွက္စရာမ်က္ႏွာနဲ႔ သြားမေတြ႕ခ်င္ဘူးဆိုရင္ ဘယ္လိုဟာမ်ိဳးကိုမွ သင့္ပစၥည္းထဲမထည့္သြင္းပါနဲ႔။

လိင္တံကို ခ်ိဳးမိျခင္း

မိန္းကေလးက အေပၚကေနၿပီး ပြဲၾကမ္းလိုက္လို႔ လိင္တံက်ိဳးသြားၿပီး ေက်နပ္စရာေတြ ေပ်ာက္ကြယ္ကာ နာက်င္မႈေတြခံစားရတတ္တဲ့အေၾကာင္းကို ၾကားဖူးၾကမွာပါ။ ဒါေပမယ့္ ဒီကိစၥမ်ိဳးက တစ္ေယာက္တည္း အာသာေျဖရင္းနဲ႔ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ေတြ႕ၾကံဳခဲ့သူတစ္ဦးကေတာ့ လိင္တံေအာက္ေျခကို ဘယ္ဖက္ လက္မ၊ လက္ညိွဳးတို႔နဲ႔ ကိုင္ထားရင္း ညာဖက္လက္နဲ႔ အေပၚကိုဆြဲလွန္လိုက္ရာကေန လက္ဆစ္ခ်ိဳးသလို “ေတာက္”ဆိုတဲ့ အသံနဲ႔အတူ က်ိဳးသြားခဲ့တာျဖစ္ပါတယ္။ သူကေတာ့ ကံေကာင္းပါတယ္။ ခြဲစိတ္ကုသၿပီး (၅)ရက္အၾကာမွာ အရင္လိုပဲ ေထာင္မတ္ႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ သတိထားပါ။ တစ္ကိုယ္ေရ စိတ္ေျဖရင္းကေန တစ္ဘ၀ မ်ိဳးကန္းသြားတဲ့အထိျဖစ္ႏိုင္ပါတယ္။ ျဖစ္ၿပီဆိုရင္လည္း ကုသမႈခံယူဖို႔ ဆရာ၀န္ကို ေျပာျပရာမွာ ေတာ္ေတာ္ရွက္စရာေကာင္းတဲ့ကိစၥပါ။ ဒါ့ေၾကာင့္ အဆန္းေတြမထြင္ပါနဲ႔။ စိတ္မထိန္းႏိုင္ေတာ့ဘူးဆိုရင္လည္း ပံုမွန္နည္းလမ္းေတြပဲ သံုးပါ။

အသက္ဆံုး႐ႈံးျခင္း

တကိုယ္ေရစိတ္ေျဖရင္ အသက္ဆံုး႐ႈံးႏိုင္တယ္ဆိုရင္ ယုံႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ တကယ္ေသႏိုင္ေလာက္ပါတယ္။ လိင္ဆက္ဆံေနခ်ိန္မွာပဲျဖစ္ျဖစ္၊ တကိုယ္ေရစိတ္ေျဖေနခ်ိန္မွာပဲျဖစ္ျဖစ္ ဦးေႏွာက္အတြင္း ေအာက္စီဂ်င္အလုံအေလာက္မေရာက္တဲ့ autoerotic asphyxiation ေခၚ အေျခအေနမ်ိဳး ျဖစ္ရင္ အသက္အႏၱရာယ္ရွိႏိုင္ပါတယ္။ အသက္႐ႈမ၀မြန္းက်ပ္တဲ့အေနအထားမ်ိဳးေရာက္ေအာင္ ျပဳလုပ္ၿပီး ဦးေႏွာက္ဆီကို ေအာင္စီဂ်င္ျပတ္လပ္ေအာင္လုပ္တာက ကိစၥၿပီးတဲ့အခ်ိန္မွာ သာယာမႈကို တိုးျမွင့္ေပးႏိုင္ပါတယ္။ ဒါက တလြဲႀကီးပဲလို႔ သင္ထင္မွာပါ။ ကြန္ဖူးသ႐ုပ္ေဆာင္ David Carradine ဟာ ဒီလိုနည္းနဲ႔ တစ္ကိုယ္ေရစိတ္ေျဖရင္း ေသဆံုးခဲ့တာျဖစ္ပါတယ္။ သူ႔အေလာင္းကို ရဲေတြက ေတြ႕ရွိခ်ိန္မွာ လည္ပင္းနဲ႔ လိင္တံတို႔မွာ ႀကိဳးေတြခ်ည္ထားတာကို ေတြ႕ခဲ့ရပါတယ္။


Credit:Gentleman Magazine

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လေ့လာမှုစစ်တမ်းတွေအရ ဆယ်ကျော်သက်ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေထက် တစ်ကိုယ်ရည်အာသာဖြေမှုကို ပိုမိုလုပ်ဆောင်တတ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါဟာ အံ့သြစရာမဟုတ်ပါဘူး။ တကယ်အံ့အားသင့်ပြီး ထိတ်လန့်စရာကောင်းတာက တစ်ကိုယ်ရည်စိတ်ဖြေမှု အလွဲတွေနဲ့ အဖြစ်ဆိုးတွေပဲဖြစ်ပါတယ်။ သတိပြုဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

လိင်တံနဲ့ ဆီးလမ်းကြောင်းအတွင်း ပြွန်ချောင်းထိုးထည့်ခြင်း

ဂျပန်နိုင်ငံမှာ အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးဟာ တစ်ကိုယ်ရည်အာသာဖြေဖို့အတွက် သူ့ရဲ့ ဆီးအိတ်ထဲကို (၅၅)လက်မအရှည်ရှိတဲ့ ပြွန်ချောင်းတစ်ချောင်းထည့်သွင်းခဲ့ပါတယ်။ ဒီပြွန်ချောင်းဟာ သူ့ရဲ့ဆီးလမ်းကြောင်းထဲမှာ (၂)နှစ်ကြာအောင်ရှိခဲ့ပြီးမှ ခွဲစိတ်ဖယ်ထုတ်ခဲ့ရပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းထဲကို ရှားဇောင်းလက်ပတ်ပင်အစိတ်အပိုင်း ထည့်သွင်းတဲ့လူလည်းရှိပါသေးတယ်။ နောက်တစ်ယောက်ကတော့ ဝိုင်ယာကြိုးတစ်ချောင်းထည့်သွင်းတာဖြစ်ပြီး သူ့ရဲ့ဆီးအိတ်ထဲမှာ လုံးထွေးနေတာဖြစ်ပါတယ်။ ဒီလိုမျိုး ဆီးလမ်းကြောင်းထဲကို ပြွှန်တွေထိုးထည့်တာဟာ သူတို့အတွက် ခံစားမှုကောင်းစေပြီး စိတ်ကျေနပ်စရာအဖြစ်ခံစားရတယ်လို့ ဆိုကြပါတယ်။ ပြောဖို့လိုမယ်မထင်ပါဘူး။ ဆီးလမ်းကြောင်းအထူးကုဆီကို နာကျဉ်ခံစားရပြီး ရှက်စရာမျက်နှာနဲ့ သွားမတွေ့ချင်ဘူးဆိုရင် ဘယ်လိုဟာမျိုးကိုမှ သင့်ပစ္စည်းထဲမထည့်သွင်းပါနဲ့။

လိင်တံကို ချိုးမိခြင်း

မိန်းကလေးက အပေါ်ကနေပြီး ပွဲကြမ်းလိုက်လို့ လိင်တံကျိုးသွားပြီး ကျေနပ်စရာတွေ ပျောက်ကွယ်ကာ နာကျင်မှုတွေခံစားရတတ်တဲ့အကြောင်းကို ကြားဖူးကြမှာပါ။ ဒါပေမယ့် ဒီကိစ္စမျိုးက တစ်ယောက်တည်း အာသာဖြေရင်းနဲ့ ဖြစ်နိုင်ပါတယ်။ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးကတော့ လိင်တံအောက်ခြေကို ဘယ်ဖက် လက်မ၊ လက်ညှိုးတို့နဲ့ ကိုင်ထားရင်း ညာဖက်လက်နဲ့ အပေါ်ကိုဆွဲလှန်လိုက်ရာကနေ လက်ဆစ်ချိုးသလို “တောက်”ဆိုတဲ့ အသံနဲ့အတူ ကျိုးသွားခဲ့တာဖြစ်ပါတယ်။ သူကတော့ ကံကောင်းပါတယ်။ ခွဲစိတ်ကုသပြီး (၅)ရက်အကြာမှာ အရင်လိုပဲ ထောင်မတ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သတိထားပါ။ တစ်ကိုယ်ရေ စိတ်ဖြေရင်းကနေ တစ်ဘ၀ မျိုးကန်းသွားတဲ့အထိဖြစ်နိုင်ပါတယ်။ ဖြစ်ပြီဆိုရင်လည်း ကုသမှုခံယူဖို့ ဆရာဝန်ကို ပြောပြရာမှာ တော်တော်ရှက်စရာကောင်းတဲ့ကိစ္စပါ။ ဒါ့ကြောင့် အဆန်းတွေမထွင်ပါနဲ့။ စိတ်မထိန်းနိုင်တော့ဘူးဆိုရင်လည်း ပုံမှန်နည်းလမ်းတွေပဲ သုံးပါ။

အသက်ဆုံးရှုံးခြင်း

တကိုယ်ရေစိတ်ဖြေရင် အသက်ဆုံးရှုံးနိုင်တယ်ဆိုရင် ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်သေနိုင်လောက်ပါတယ်။ လိင်ဆက်ဆံနေချိန်မှာပဲဖြစ်ဖြစ်၊ တကိုယ်ရေစိတ်ဖြေနေချိန်မှာပဲဖြစ်ဖြစ် ဦးနှောက်အတွင်း အောက်စီဂျင်အလုံအလောက်မရောက်တဲ့ autoerotic asphyxiation ခေါ် အခြေအနေမျိုး ဖြစ်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အသက်ရှုမဝမွန်းကျပ်တဲ့အနေအထားမျိုးရောက်အောင် ပြုလုပ်ပြီး ဦးနှောက်ဆီကို အောင်စီဂျင်ပြတ်လပ်အောင်လုပ်တာက ကိစ္စပြီးတဲ့အချိန်မှာ သာယာမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါက တလွဲကြီးပဲလို့ သင်ထင်မှာပါ။ ကွန်ဖူးသရုပ်ဆောင် David Carradine ဟာ ဒီလိုနည်းနဲ့ တစ်ကိုယ်ရေစိတ်ဖြေရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။ သူ့အလောင်းကို ရဲတွေက တွေ့ရှိချိန်မှာ လည်ပင်းနဲ့ လိင်တံတို့မှာ ကြိုးတွေချည်ထားတာကို တွေ့ခဲ့ရပါတယ်။


Credit:Gentleman Magazine



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top