iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးငယ္ေလးေတြဆုိတာ မိဘတုိင္းရဲ႕ အဖိုးမျဖတ္ႏုိင္တဲ့ ရတနာ ေလးေတြပါပဲ။ တျဖည္းျဖည္း ႀကီးျပင္းလာတဲ့ သူတုိ႔ေလးေတြရဲ႕ ဘဝတေလွ်ာက္လံုးမွာ သာယာေပ်ာ္ရႊင္ၿပီး ေအာင္ျမင္မႈေတြ ပုိင္ ဆုိင္ရဖုိ႔ မိဘေတြရဲ႕အေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ကေလးငယ္ေလးေတြရဲ႕ ေန႔ရက္တုိင္း ျဖတ္သန္းမႈေတြမွာ မိ ဘျဖစ္သူေတြက သူတုိ႔ေလးေတြကုိ ထိန္းေက်ာင္းေပးရင္းမျဖစ္ မ ေနေျပာေပးရမယ့္ စကားခြန္းေလးေတြရွိေနပါတယ္။ ကေလးငယ္ ေလးေတြအတြက္လည္း စိတ္ဓာတ္ခြန္အားနဲ႔ သူတုိ႔ေလးေတြရဲ႕ ဘဝေတြကုိ ဘယ္လုိမ်ိဳး အေကာင္အထည္ေဖာ္ ေနထိုင္သြားၾက မလဲဆုိတာေလးေတြလည္း သေဘာေပါက္ နားလည္သြားၾကႏုိင္ပါ တယ္….

၁။ ငါ မင္းကုိ ယံုၾကည္တယ္ ဆုိတဲ့ စကားကုိ အၿမဲတမ္းေျပာေပးပါ။ တစ္ခုခု လုပ္ေတာ့မယ္ဆုိတုိင္း သူတုိ႔ေလးေတြကုိ ယံုၾကည္တယ္။ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏုိင္တယ္ဆုိတာကုိ သူတုိ႕ေလးေတြ ကုိ အသိေပးၾကည့္ပါ။ ကုိယ့္ရဲ႕ မိဘက ကုိယ့္ကုိေအာင္ျမင္ရမယ္။ လုပ္ႏုိင္ရမယ္လုိ႔ ယံုၾကည္ထားတဲ့ ကေလးတစ္ေယာက္ ဘယ္အရာ ကုိ မွ စိုးထိတ္ေၾကာက္လန္႔မေနေတာ့ပါဘူး။

၂။ မင္းမွာ အင္အားေတြအမ်ားႀကီးရွိပါတယ္.. အရႈံးမေပးနဲ႔ လုိ႔ေျပာ လုိက္တဲ့ အခ်ိန္တုိင္း သင့္ရဲ႕ ကေလးေလးေတြက အားတက္သြား မွာ အမွန္ပါပဲ။ စာေမးပြဲနဲ႔ တျခားယွဥ္ၿပိဳင္ရတဲ့ အခါမ်ိဳးေတြ၊ ဒါမွမ ဟုတ္ စိတ္အားငယ္ၿပီး အရံႈးေပးခ်င္တဲ့ စိတ္ေတြျဖစ္ေနတဲ့ အခါမ်ိဳး ေတြမွာ ဒီလုိစကားမ်ိဳးေတြကုိ ေျပာေပးပါ။ သူ႔ကုိယ္သူ ျပန္ၿပီးေတာ့ အားတင္းထားရင္း အေကာင္းဆံုးႀကိဳးစားသြားလိမ့္မယ့္ စိတ္စြမ္း အင္မ်ိဳး ရရွိသြားပါလိမ့္မယ္။

၃။ ငါ မင္းအနားမွာ အၿမဲရွိေနလုိ႔ ဘာမွမေၾကာက္ပါနဲ႔… ဆုိတာေတြ ကုိ အၿမဲေျပာေပးပါ။ ေက်ာင္းမွာျဖစ္ျဖစ္၊ တျခားကေလးငယ္ေတြ ၾကားထဲမွာ ျဖစ္ျဖစ္၊ စိတ္အားငယ္တဲ့စိတ္ေတြ၊ အခ်င္းခ်င္း ရန္ျဖစ္ ၾကတဲ့အခါ၊ အႏုိင္က်င့္ခံရလုိ႔ စိတ္အားငယ္ရတဲ့အခါေတြမွာ သင့္က ေလးငယ္ကုိ ဒီလုိစကားမ်ိဳးေျပာၿပီး ႏွစ္သိမ့္ေပးပါ။ သတၱိေမြးေပးပါ။ မိဘက ကုိယ့္အနားမွာ အၿမဲရွိေနလုိ႔ ဘယ္အရာမွ ေၾကာက္စရာမလုိ ေၾကာင္း၊ စိတ္အားငယ္စရာမလုိေၾကာင္းကုိ နားလည္ေအာင္ေျပာ ေပးပါ။

၄။ ငါ မင္းအတြက္ အၿမဲတမ္း ဂုဏ္ယူတယ္… ေအာင္ျမင္မႈတစ္ခုခု၊ ခ်ီးမြမ္းခံရမႈ တစ္ခုခု ျပဳလုပ္ခဲ့တဲ့ ကေလးငယ္ေလးေတြကုိ မိဘေတြ ကလည္း ခ်ီးမြမ္းေျမွက္စားေပးဖုိ႔ မေမ့ပါနဲ႔။ ေအာင္ျမင္မႈႀကီးႀကီးငယ္ ငယ္၊ စြမ္းေဆာင္ႏုိင္မႈ ေသးေသးေလးေတြက အစ သူတုိ႔ေလးေတြ ကုိ အသိမွတ္ျပဳၿပီး ခ်ီးက်ဴးေပးပါ။ သူတုိ႔ေလးေတြလည္း ေပ်ာ္ရႊင္ၿပီး ေနာက္လည္း ေအာင္ျမင္မႈ ရဖုိ႔ႀကိဳးစားရမယ္ဆုိတဲ့ အသိကေလး ေတြ ျဖစ္လာမွာပါ။

၅။ ငါ့ကုိ ကူညီေပးတဲ့ မင္းကုိ ေက်းဇူးတင္ပါတယ္။ ကေလးငယ္ ေလးေတြရဲ႕ သဘာဝက စူးစမ္းခ်င္ၾကပါတယ္။ လူႀကီးေတြလုပ္သ မွ်ကုိ လုပ္ခ်င္တတ္ၾကလုိ႔ အေႏွာင့္အယွက္ျဖစ္ရပါတယ္။ အမွန္ ေတာ့ သူတုိ႔ေလးေတြက ေႏွာင့္ယွက္တာမ်ိဳးမဟုတ္ပဲ သင္ယူခ်င္ တာ၊ လုပ္တတ္ခ်င္တာပါ။ ဒါကို မိဘေတြက ဝုိင္းၿပီးကူညီေပးလုိ႔ ေက်းဇူးတင္ပါတယ္ ဆုိၿပီး အသိမွတ္ေလးျပဳေပးရင္ သူတုိ႔ေလး ေတြလည္း ေက်နပ္ၾကမွာပါ။ အကယ္၍မ်ား ေႏွာင့္ယွက္တာမ်ိဳး ေတြ ျဖစ္ခဲ့မယ္ဆုိရင္လည္း နားဝင္ေအာင္ ဆံုးမလုိ႔ရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကလေးငယ်လေးတွေဆိုတာ မိဘတိုင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ လေးတွေပါပဲ။ တဖြည်းဖြည်း ကြီးပြင်းလာတဲ့ သူတို့လေးတွေရဲ့ ဘဝတလျှောက်လုံးမှာ သာယာပျော်ရွှင်ပြီး အောင်မြင်မှုတွေ ပိုင် ဆိုင်ရဖို့ မိဘတွေရဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။

ဒါ့ကြောင့်မို့လို့ကလေးငယ်လေးတွေရဲ့ နေ့ရက်တိုင်း ဖြတ်သန်းမှုတွေမှာ မိ ဘဖြစ်သူတွေက သူတို့လေးတွေကို ထိန်းကျောင်းပေးရင်းမဖြစ် မ နေပြောပေးရမယ့် စကားခွန်းလေးတွေရှိနေပါတယ်။ ကလေးငယ် လေးတွေအတွက်လည်း စိတ်ဓာတ်ခွန်အားနဲ့ သူတို့လေးတွေရဲ့ ဘဝတွေကို ဘယ်လိုမျိုး အကောင်အထည်ဖော် နေထိုင်သွားကြ မလဲဆိုတာလေးတွေလည်း သဘောပေါက် နားလည်သွားကြနိုင်ပါ တယ်….

၁။ ငါ မင်းကို ယုံကြည်တယ် ဆိုတဲ့ စကားကို အမြဲတမ်းပြောပေးပါ။ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း သူတို့လေးတွေကို ယုံကြည်တယ်။ အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို သူတို့လေးတွေ ကို အသိပေးကြည့်ပါ။ ကိုယ့်ရဲ့ မိဘက ကိုယ့်ကိုအောင်မြင်ရမယ်။ လုပ်နိုင်ရမယ်လို့ ယုံကြည်ထားတဲ့ ကလေးတစ်ယောက် ဘယ်အရာ ကို မှ စိုးထိတ်ကြောက်လန့်မနေတော့ပါဘူး။

၂။ မင်းမှာ အင်အားတွေအများကြီးရှိပါတယ်.. အရှုံးမပေးနဲ့ လို့ပြော လိုက်တဲ့ အချိန်တိုင်း သင့်ရဲ့ ကလေးလေးတွေက အားတက်သွား မှာ အမှန်ပါပဲ။ စာမေးပွဲနဲ့ တခြားယှဉ်ပြိုင်ရတဲ့ အခါမျိုးတွေ၊ ဒါမှမ ဟုတ် စိတ်အားငယ်ပြီး အရှုံးပေးချင်တဲ့ စိတ်တွေဖြစ်နေတဲ့ အခါမျိုး တွေမှာ ဒီလိုစကားမျိုးတွေကို ပြောပေးပါ။ သူ့ကိုယ်သူ ပြန်ပြီးတော့ အားတင်းထားရင်း အကောင်းဆုံးကြိုးစားသွားလိမ့်မယ့် စိတ်စွမ်း အင်မျိုး ရရှိသွားပါလိမ့်မယ်။

၃။ ငါ မင်းအနားမှာ အမြဲရှိနေလို့ ဘာမှမကြောက်ပါနဲ့… ဆိုတာတွေ ကို အမြဲပြောပေးပါ။ ကျောင်းမှာဖြစ်ဖြစ်၊ တခြားကလေးငယ်တွေ ကြားထဲမှာ ဖြစ်ဖြစ်၊ စိတ်အားငယ်တဲ့စိတ်တွေ၊ အချင်းချင်း ရန်ဖြစ် ကြတဲ့အခါ၊ အနိုင်ကျင့်ခံရလို့ စိတ်အားငယ်ရတဲ့အခါတွေမှာ သင့်က လေးငယ်ကို ဒီလိုစကားမျိုးပြောပြီး နှစ်သိမ့်ပေးပါ။ သတ္တိမွေးပေးပါ။ မိဘက ကိုယ့်အနားမှာ အမြဲရှိနေလို့ ဘယ်အရာမှ ကြောက်စရာမလို ကြောင်း၊ စိတ်အားငယ်စရာမလိုကြောင်းကို နားလည်အောင်ပြော ပေးပါ။

၄။ ငါ မင်းအတွက် အမြဲတမ်း ဂုဏ်ယူတယ်… အောင်မြင်မှုတစ်ခုခု၊ ချီးမွမ်းခံရမှု တစ်ခုခု ပြုလုပ်ခဲ့တဲ့ ကလေးငယ်လေးတွေကို မိဘတွေ ကလည်း ချီးမွမ်းမြှေက်စားပေးဖို့ မမေ့ပါနဲ့။ အောင်မြင်မှုကြီးကြီးငယ် ငယ်၊ စွမ်းဆောင်နိုင်မှု သေးသေးလေးတွေက အစ သူတို့လေးတွေ ကို အသိမှတ်ပြုပြီး ချီးကျူးပေးပါ။ သူတို့လေးတွေလည်း ပျော်ရွှင်ပြီး နောက်လည်း အောင်မြင်မှု ရဖို့ကြိုးစားရမယ်ဆိုတဲ့ အသိကလေး တွေ ဖြစ်လာမှာပါ။

၅။ ငါ့ကို ကူညီပေးတဲ့ မင်းကို ကျေးဇူးတင်ပါတယ်။ ကလေးငယ် လေးတွေရဲ့ သဘာဝက စူးစမ်းချင်ကြပါတယ်။ လူကြီးတွေလုပ်သ မျှကို လုပ်ချင်တတ်ကြလို့ အနှောင့်အယှက်ဖြစ်ရပါတယ်။ အမှန် တော့ သူတို့လေးတွေက နှောင့်ယှက်တာမျိုးမဟုတ်ပဲ သင်ယူချင် တာ၊ လုပ်တတ်ချင်တာပါ။ ဒါကို မိဘတွေက ဝိုင်းပြီးကူညီပေးလို့ ကျေးဇူးတင်ပါတယ် ဆိုပြီး အသိမှတ်လေးပြုပေးရင် သူတို့လေး တွေလည်း ကျေနပ်ကြမှာပါ။ အကယ်၍များ နှောင့်ယှက်တာမျိုး တွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း နားဝင်အောင် ဆုံးမလို့ရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top