iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာင္းသားေဟာင္း ျပန္လည္ေတြ႕ဆံုပြံတစ္ခုမွာ သူငယ္ခ်င္းတစ္ေယာက္ဟာ ထူးထူးျခားျခား ၁၀ ႏွစ္စာေလာက္ ႏုပ်ိဳေနပါတယ္။ သူ႔ရဲ႕ လ်ိႈ့ဝွက္ခ်က္ကို ေမးၾကည့္ေတာ့ တစ္ပါတ္ကို လိင္ကိစၥ ၿပီးဆံုးျခင္း သံုးေခါက္ပါတဲ့။ အားလံုး ဝိုင္းရယ္ၾကပါတယ္။ ၿပီးေတာ့မွ တိုးတိုးကပ္ေမးေတာ့ သူအတည္ေျပာတာပါ တဲ့။

သင္ ညတိုင္း သြားပြတ္ႀကိဳးသံုးရင္ အသက္ ၂ ႏွစ္ ပို႐ွည္ပါမယ္။ တစ္ပါတ္ကို လိင္ကိစၥ ၿပီးဆံုးျခင္း သံုးေခါက္ ရရင္ေတာ့ ၃ ႏွစ္နဲ႔ အထက္ အသက္ပို႐ွည္ပါမယ္။ လိင္ကိစၥဟာ ေယာက္်ားေတြ ေသဆံုးရျခင္း အဓိက အေၾကာင္းရင္းေတြ ျဖစ္တဲ့ ႏွလံုးေရာဂါ၊ ကင္ဆာနဲ႔ မေတာ္တဆမႈေတြကို ေလ်ာ့ခ်ေပးပါတယ္။ မ်ားမ်ားဆက္ဆံေလ၊ သင္ ေနထိုင္ရမယ့္ ႏွစ္ေတြ တိုးလာေလ လို႔ မွတ္ယူထားၾကပါတယ္။

ေယာက္်ားေတြဆိုတာ လိင္ကိစၥ မ်ားေလ ေကာင္းေလပါ။ တစ္ႏွစ္ကို ၿပီးဆံုးျခင္း ၃၅၀ ေလာက္ ရတဲ့ သူဟာ အဲဒါရဲ႕ ေလးပံုတစ္ပံုပဲ ရသူထက္ အသက္ ၄ ႏွစ္ေလာက္ ပို႐ွည္ၿပီး ၈ ႏွစ္ေလာက္ ပိုၿပီး ႏုပ်ိဴပါတယ္လို႔ အသက္ ၆၂ ႏွစ္ရြယ္ ေဆးပညာကုမၸဏီတစ္ခု ဦးေဆာင္သူ Dr. Roizen ကေျပာပါတယ္။ ။ လိင္ကိစၥမွာ အမ်ားဆံုး ဘယ္ေလာက္ပဲ ႐ွိသင့္တယ္ဆိုတာ သတ္မွတ္ထားလားဆိုေတာ့ မ႐ွိပါဘူးတဲ့။ တစ္ႏွစ္ကို အႀကိမ္ ၇၀၀ ေလာက္ လုပ္ႏိုင္ရင္ အသက္ ၈ ႏွစ္ ပိုေနရမွာလို႔ သူက ႐ုပ္တည္နဲ႔ ေျပာပါတယ္။ ပံုမွန္ အေမရိကန္ေယာက်္ားတစ္ေယာက္ဟာ တစ္ႏွစ္ကို ၈၁ ခါပဲ ပ်ွမ္းမ်ွ ဆက္ဆံတာပါ။

Roizen ရဲ႕ ကိန္းဂဏန္းေတြက အသစ္ျဖစ္ေနေပမယ့္ လိင္ဆက္ဆံျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ေလ့လာေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။ ဆြီဒင္က ၁၉၈၀ ေလာက္မွာ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ အသက္ ၇၅ ႏွစ္ ကို ေရာက္ႏုိင္သူ အမ်ားစုဟာ အဲဒီအခ်ိန္အထိ လိင္ဆက္ဆံၾကသူေတြ ျဖစ္ၿပီး Duke University က လူ ၂၅၂ ေယာက္ကို ၂၅ ႏွစ္ၾကာ ေလ့လာခဲ့မႈကလဲ လိင္ဆက္ဆံမႈ အႀကိမ္အေရအတြက္ဟာ အသက္႐ွည္မႈနဲ႔ ဆက္စပ္ေနတယ္ ဆိုပါတယ္။

အႀကီးမားဆံုး စမ္းသပ္မႈကေတာ့ ျဗိတိန္ ေဝလ ႏိုင္ငံမွာပါ။ ၿဗိတိသ်ွ သိပၸံပညာ႐ွင္ေတြဟာ ရြာငယ္ေလး ၆ ရြာက လူေပါင္း ၁၀၀၀ ကို ၁၀ ႏွစ္ၾကာ ေလ့လာခဲ့မႈမွာ တစ္ပါတ္ကို လိင္ကိစၥ ၂ ႀကိမ္နဲ႔ အထက္ ရသူေတြဟာ တစ္လမွတစ္ခါထက္ ေလ်ာ့ရသူေတြထက္ ေသႏႈန္းထက္ဝက္ နည္းပါတယ္။

လိင္ကိစၥၿပီးဆံုးျခင္းဟာ အာရံုေၾကာနဲ႔ စိတ္ပိုင္းဆိုင္ရာ အျဖစ္အပ်က္ ႀကီးႀကီးမားမား တစ္ခု ျဖစ္ပါတယ္။ ၿပီးဆံုးခ်ိန္မွာ ေသြးထဲမွာ oxytocin နဲ႔ DEHA ေဟာ္မုန္းေတြ တဟုန္ထိုး ျမင့္လာပါတယ္။ oxytocin ဟာ သံေယာဇဥ္၊ ခ်စ္ေမတၱာကို ျဖစ္ေစၿပီး စိတ္ဖိစီးမႈ ေျပေလ်ာ့ေစကာ အိပ္ခ်င္စိတ္ ေပၚေစပါတယ္။ DEHA ကေတာ့ လူလတ္ပိုင္းေတြမွာ ႏွလံုးေရာဂါ ျဖစ္ပြားႏႈန္း ေလ်ာ့က်ေစေၾကာင္း ေတြ႕႐ွိခဲ့ၿပီးပါ။

တစ္ပါတ္ကို တစ္ႀကိမ္ ၂ ႀကိမ္ေလာက္ေလး ဆက္ဆံရင္ေတာင္ သင့္ရဲ႕ေသြးထဲက ကိုယ္ခံအားဆဲလ္ Immunoglobulin ေတြကို ၃၀ ရာႏႉန္းေလာက္ထိ တက္ေစပါတယ္။ တစ္ပါတ္ေလးႀကိမ္ ဆက္ဆံရင္ ပေရာ့စတိတ္ကင္ဆာ ျဖစ္ပြားႏႈန္းလဲ ၃၀ ရာႏႈန္းထိ က်ဆင္းေစပါတယ္။

ေလ့လာခ်က္ အမ်ားစုဟာ လိင္ကိစၥနဲ႔ ကိုယ့္ဘာသာ အာသာေျဖျခင္း ၾကားက စည္းကို မႈန္ဝါးေစပါတယ္။ ဆိုလိုတာက သုတ္ထြက္တာနဲ႔ အေပၚက အက်ိဳးေတြကို ရၿပီး ျဖစ္ပါလိမ့္မယ္။ လိင္ဆက္ဆံတာ၊ ကိုယ့္ဘာသာ အာသာေျဖတာနဲ႔ မဆိုင္ပါဘူး။

အဲဒါေၾကာင့္ တစ္ပါတ္ကို ႏွစ္ႀကိမ္၊ သံုးႀကိမ္ေတာ့ လိင္ဆက္ဆံသင့္ပါတယ္။ တစ္ပါတ္ကို သံုးႀကိမ္နဲ႔ အထက္ ဆက္ဆံရင္ အသက္ ၁၂ ႏွစ္ေလာက္ ႏုပ်ိဳေစတယ္ ဆိုပါတယ္။ ေနာက္တစ္ခါ ေက်ာင္းသားေဟာင္းေတြ႕ဆံုပြဲ မသြားခင္ အဲဒါကို သတိရပါ။

Credit:mmgentleman


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွံတစ်ခုမှာ သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးခြားခြား ၁၀ နှစ်စာလောက် နုပျိုနေပါတယ်။ သူ့ရဲ့ လျှို့ဝှက်ချက်ကို မေးကြည့်တော့ တစ်ပါတ်ကို လိင်ကိစ္စ ပြီးဆုံးခြင်း သုံးခေါက်ပါတဲ့။ အားလုံး ဝိုင်းရယ်ကြပါတယ်။ ပြီးတော့မှ တိုးတိုးကပ်မေးတော့ သူအတည်ပြောတာပါ တဲ့။

သင် ညတိုင်း သွားပွတ်ကြိုးသုံးရင် အသက် ၂ နှစ် ပိုရှည်ပါမယ်။ တစ်ပါတ်ကို လိင်ကိစ္စ ပြီးဆုံးခြင်း သုံးခေါက် ရရင်တော့ ၃ နှစ်နဲ့ အထက် အသက်ပိုရှည်ပါမယ်။ လိင်ကိစ္စဟာ ယောက်ျားတွေ သေဆုံးရခြင်း အဓိက အကြောင်းရင်းတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ မတော်တဆမှုတွေကို လျော့ချပေးပါတယ်။ များများဆက်ဆံလေ၊ သင် နေထိုင်ရမယ့် နှစ်တွေ တိုးလာလေ လို့ မှတ်ယူထားကြပါတယ်။

ယောက်ျားတွေဆိုတာ လိင်ကိစ္စ များလေ ကောင်းလေပါ။ တစ်နှစ်ကို ပြီးဆုံးခြင်း ၃၅၀ လောက် ရတဲ့ သူဟာ အဲဒါရဲ့ လေးပုံတစ်ပုံပဲ ရသူထက် အသက် ၄ နှစ်လောက် ပိုရှည်ပြီး ၈ နှစ်လောက် ပိုပြီး နုပျိူပါတယ်လို့ အသက် ၆၂ နှစ်ရွယ် ဆေးပညာကုမ္ပဏီတစ်ခု ဦးဆောင်သူ Dr. Roizen ကပြောပါတယ်။ ။ လိင်ကိစ္စမှာ အများဆုံး ဘယ်လောက်ပဲ ရှိသင့်တယ်ဆိုတာ သတ်မှတ်ထားလားဆိုတော့ မရှိပါဘူးတဲ့။ တစ်နှစ်ကို အကြိမ် ၇၀၀ လောက် လုပ်နိုင်ရင် အသက် ၈ နှစ် ပိုနေရမှာလို့ သူက ရုပ်တည်နဲ့ ပြောပါတယ်။ ပုံမှန် အမေရိကန်ယောကျ်ားတစ်ယောက်ဟာ တစ်နှစ်ကို ၈၁ ခါပဲ ပျှမ်းမျှ ဆက်ဆံတာပါ။

Roizen ရဲ့ ကိန်းဂဏန်းတွေက အသစ်ဖြစ်နေပေမယ့် လိင်ဆက်ဆံခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဆွီဒင်က ၁၉၈၀ လောက်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အသက် ၇၅ နှစ် ကို ရောက်နိုင်သူ အများစုဟာ အဲဒီအချိန်အထိ လိင်ဆက်ဆံကြသူတွေ ဖြစ်ပြီး Duke University က လူ ၂၅၂ ယောက်ကို ၂၅ နှစ်ကြာ လေ့လာခဲ့မှုကလဲ လိင်ဆက်ဆံမှု အကြိမ်အရေအတွက်ဟာ အသက်ရှည်မှုနဲ့ ဆက်စပ်နေတယ် ဆိုပါတယ်။

အကြီးမားဆုံး စမ်းသပ်မှုကတော့ ဗြိတိန် ဝေလ နိုင်ငံမှာပါ။ ဗြိတိသျှ သိပ္ပံပညာရှင်တွေဟာ ရွာငယ်လေး ၆ ရွာက လူပေါင်း ၁၀၀၀ ကို ၁၀ နှစ်ကြာ လေ့လာခဲ့မှုမှာ တစ်ပါတ်ကို လိင်ကိစ္စ ၂ ကြိမ်နဲ့ အထက် ရသူတွေဟာ တစ်လမှတစ်ခါထက် လျော့ရသူတွေထက် သေနှုန်းထက်ဝက် နည်းပါတယ်။

လိင်ကိစ္စပြီးဆုံးခြင်းဟာ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အဖြစ်အပျက် ကြီးကြီးမားမား တစ်ခု ဖြစ်ပါတယ်။ ပြီးဆုံးချိန်မှာ သွေးထဲမှာ oxytocin နဲ့ DEHA ဟော်မုန်းတွေ တဟုန်ထိုး မြင့်လာပါတယ်။ oxytocin ဟာ သံယောဇဉ်၊ ချစ်မေတ္တာကို ဖြစ်စေပြီး စိတ်ဖိစီးမှု ပြေလျော့စေကာ အိပ်ချင်စိတ် ပေါ်စေပါတယ်။ DEHA ကတော့ လူလတ်ပိုင်းတွေမှာ နှလုံးရောဂါ ဖြစ်ပွားနှုန်း လျော့ကျစေကြောင်း တွေ့ရှိခဲ့ပြီးပါ။

တစ်ပါတ်ကို တစ်ကြိမ် ၂ ကြိမ်လောက်လေး ဆက်ဆံရင်တောင် သင့်ရဲ့သွေးထဲက ကိုယ်ခံအားဆဲလ် Immunoglobulin တွေကို ၃၀ ရာနှူန်းလောက်ထိ တက်စေပါတယ်။ တစ်ပါတ်လေးကြိမ် ဆက်ဆံရင် ပရော့စတိတ်ကင်ဆာ ဖြစ်ပွားနှုန်းလဲ ၃၀ ရာနှုန်းထိ ကျဆင်းစေပါတယ်။

လေ့လာချက် အများစုဟာ လိင်ကိစ္စနဲ့ ကိုယ့်ဘာသာ အာသာဖြေခြင်း ကြားက စည်းကို မှုန်ဝါးစေပါတယ်။ ဆိုလိုတာက သုတ်ထွက်တာနဲ့ အပေါ်က အကျိုးတွေကို ရပြီး ဖြစ်ပါလိမ့်မယ်။ လိင်ဆက်ဆံတာ၊ ကိုယ့်ဘာသာ အာသာဖြေတာနဲ့ မဆိုင်ပါဘူး။

အဲဒါကြောင့် တစ်ပါတ်ကို နှစ်ကြိမ်၊ သုံးကြိမ်တော့ လိင်ဆက်ဆံသင့်ပါတယ်။ တစ်ပါတ်ကို သုံးကြိမ်နဲ့ အထက် ဆက်ဆံရင် အသက် ၁၂ နှစ်လောက် နုပျိုစေတယ် ဆိုပါတယ်။ နောက်တစ်ခါ ကျောင်းသားဟောင်းတွေ့ဆုံပွဲ မသွားခင် အဲဒါကို သတိရပါ။

Credit:mmgentleman




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top