iMyanmarHouse.com - Best Property Website for Myanmar
×

ေဘာလုံးကစားျခင္းဟာ တရုတ္ႏုိင္ငံမွာ ဘီစီ ၄၇၆ကတည္းက စတင္ခဲ့တဲ့အတြက္ အခုဆုိရင္ ႏွစ္ေပါင္း ၂၄၉၂ ရွိလာၿပီျဖစ္တဲ့အျပင္ ပရိသတ္စိတ္အဝင္စားဆုံး အားကစားလည္း ျဖစ္ပါတယ္။ ကမၻာ့လူဦးေရ ၇.၄ဘီလီယံရွိတဲ့အနက္မွ ေဘာလုံးကစားသမား ၂၆၅သန္း ႏွင့္ ဒိုင္လူႀကီး ၅သန္းအထိရွိတဲ့အတြက္ ကမၻာ့လူဦးေရရဲ႕၄ရာခုိင္ႏႈန္းဟာ ေဘာလုံးကစားရာမွာ ပါဝင္ပတ္သက္ေနတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ေဘာလုံးကစားတာက ဘယ္လိုအက်ိဳးေက်းဇူးေတြ  ရရွိေစသလဲဆိုတာ တင္ျပပါ့မယ္။

၁။ သက္လုံေကာင္းေစတယ္။

ေဘာလုံးကစားတာက မိနစ္ (၉ဝ) လုံးလုံး ေျပးလႊားေနရတဲ့အတြက္ ပင္ပန္းတာကေတာ့ ေျပာစရာမလုိဘူးထင္ပါတယ္ ။ ေဘာလုံးပြဲတစ္ပြဲမွာ ကစားသမားတစ္ေယာက္ရဲ႕ ပ်မ္းမ်ွအေျပးႏႈန္းဟာ ၉.၆၅ကီလုိမီတာခန္႔ေတာင္ ရွိပါတယ္။ ဒီလုိေျပးလႊားေဆာ့ကစားႏုိင္ေအာင္လည္း အားကစားသမားေတြဟာ ေလ့က်င့္ခန္းေတြ ျပင္းျပင္းထန္ထန္လုပ္ၾကရတဲ့အတြက္ သက္လုံပုိင္းၾကံ့ခုိင္ရျခင္းျဖစ္ပါတယ္။

၂။ ႏွလုံးက်န္းမာေရးကုိ ျမင့္မားေစတယ္။

ေဘာလုံးသမားေတြဟာ ပြဲစဥ္တုိင္းမွာ ေျပးလႊားေဆာ့ကစားေနရတဲ့အတြက္ ႏွလုံးက်န္းမာေရး တုိးတက္ေစရုံသာမက ေသြးလွည့္ပတ္မႈလည္း ေကာင္းမြန္ေစပါတယ္။ ကုိယ္လက္လႈပ္ရွားရတဲ့အတြက္ ကယ္လုိရီေလာင္ကြ်မ္းေစတဲ့အျပင္ ေသြးဖိအားလည္း ေလ်ာ့နည္းေစပါတယ္။

၃။ အရုိးအဆစ္ သန္မာေစတယ္။

ပုံမွန္အားျဖင့္ေတာ့ လူတစ္ေယာက္ဟာ အသက္ႀကီးလာရင္ အရုိးအဆစ္ေတြဟာ က်ိဳးလြယ္ပါတယ္။ ဒါေပမယ့္ ေဘာလုံးသမားတစ္ေယာက္အတြက္ေတာ့ ပုံမွန္တြန္းတြန္းတုိက္တုိက္ ကစားရတဲ့အတြက္ အရုိးျငမ္းစနစ္ကုိ သန္မာေစပါတယ္။

၄။ Team Work ကုိ ျမင့္မားေစတယ္။

ေဘာလုံးကစားတယ္ဆုိတာ ကစားသမား ၁၁ေယာက္လုံး အေပးအယူ ၊ အခ်ိတ္အဆက္ ကုိက္ညီမွသာ ကစားကြက္လွၿပီး ေအာင္ပြဲဆင္ႏုိင္တာျဖစ္ပါတယ္။ တစ္ေယာက္ကုိ တစ္ေယာက္ အခ်ိတ္အဆက္မိမိ ကစားေနရင္းနဲ႔ တစ္ဖက္သားအားနည္းေနခ်ိန္မွာ ကူညီရုိင္းပင္းတဲ့စိတ္ဓာတ္ ေမြးဖြားေစတဲ့အတြက္ ေဘာလုံးေလာကမွ အနားယူခဲ့ရင္လည္း ျပင္ပလူေနမႈလုပ္ငန္းခြင္မွာ အေထာက္အကူျဖစ္ေစပါတယ္။

၅။ ခႏၶာကုိယ္ ၾက့့ံခုိင္ေစတယ္။

ေဘာလုံးကစားသမားတစ္ေယာက္ဟာ အဆီဓာတ္မ်ားေနရင္ သက္လုံက်ေစတဲ့အတြက္ ကြင္းတြင္း ၊ ကြင္းျပင္ ေနထုိင္မႈမွာ အထူးဂရုစိုက္ဆင္ျခင္ရပါတယ္။ အစားအေသာက္ ၊ အေနအထုိင္မွအစ က်န္းမာေရးႏွင့္ကုိက္ညီေအာင္ အထူးဂရုစိုက္ရၿပီး ကုိယ္လက္ေလ့က်င့္ခန္းပုံမွန္လုပ္ေဆာင္ေနရတဲ့အတြက္ ခႏၶာကုိယ္ၾကံ့ခုိင္မႈဟာ ေျပာစရာမလုိပါဘူး။

Credit: Akhayar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘောလုံးကစားခြင်းဟာ တရုတ်နိုင်ငံမှာ ဘီစီ ၄၇၆ကတည်းက စတင်ခဲ့တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၂၄၉၂ ရှိလာပြီဖြစ်တဲ့အပြင် ပရိသတ်စိတ်အဝင်စားဆုံး အားကစားလည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၇.၄ဘီလီယံရှိတဲ့အနက်မှ ဘောလုံးကစားသမား ၂၆၅သန်း နှင့် ဒိုင်လူကြီး ၅သန်းအထိရှိတဲ့အတွက် ကမ္ဘာ့လူဦးရေရဲ့၄ရာခိုင်နှုန်းဟာ ဘောလုံးကစားရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးကစားတာက ဘယ်လိုအကျိုးကျေးဇူးတွေ  ရရှိစေသလဲဆိုတာ တင်ပြပါ့မယ်။

၁။ သက်လုံကောင်းစေတယ်။

ဘောလုံးကစားတာက မိနစ် (၉ဝ) လုံးလုံး ပြေးလွှားနေရတဲ့အတွက် ပင်ပန်းတာကတော့ ပြောစရာမလိုဘူးထင်ပါတယ် ။ ဘောလုံးပွဲတစ်ပွဲမှာ ကစားသမားတစ်ယောက်ရဲ့ ပျမ်းမျှအပြေးနှုန်းဟာ ၉.၆၅ကီလိုမီတာခန့်တောင် ရှိပါတယ်။ ဒီလိုပြေးလွှားဆော့ကစားနိုင်အောင်လည်း အားကစားသမားတွေဟာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ကြရတဲ့အတွက် သက်လုံပိုင်းကြံ့ခိုင်ရခြင်းဖြစ်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို မြင့်မားစေတယ်။

ဘောလုံးသမားတွေဟာ ပွဲစဉ်တိုင်းမှာ ပြေးလွှားဆော့ကစားနေရတဲ့အတွက် နှလုံးကျန်းမာရေး တိုးတက်စေရုံသာမက သွေးလှည့်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်လက်လှုပ်ရှားရတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင် သွေးဖိအားလည်း လျော့နည်းစေပါတယ်။

၃။ အရိုးအဆစ် သန်မာစေတယ်။

ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ အသက်ကြီးလာရင် အရိုးအဆစ်တွေဟာ ကျိုးလွယ်ပါတယ်။ ဒါပေမယ့် ဘောလုံးသမားတစ်ယောက်အတွက်တော့ ပုံမှန်တွန်းတွန်းတိုက်တိုက် ကစားရတဲ့အတွက် အရိုးငြမ်းစနစ်ကို သန်မာစေပါတယ်။

၄။ Team Work ကို မြင့်မားစေတယ်။

ဘောလုံးကစားတယ်ဆိုတာ ကစားသမား ၁၁ယောက်လုံး အပေးအယူ ၊ အချိတ်အဆက် ကိုက်ညီမှသာ ကစားကွက်လှပြီး အောင်ပွဲဆင်နိုင်တာဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အချိတ်အဆက်မိမိ ကစားနေရင်းနဲ့ တစ်ဖက်သားအားနည်းနေချိန်မှာ ကူညီရိုင်းပင်းတဲ့စိတ်ဓာတ် မွေးဖွားစေတဲ့အတွက် ဘောလုံးလောကမှ အနားယူခဲ့ရင်လည်း ပြင်ပလူနေမှုလုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေပါတယ်။

၅။ ခန္ဓာကိုယ် ကြ့ံ့ခိုင်စေတယ်။

ဘောလုံးကစားသမားတစ်ယောက်ဟာ အဆီဓာတ်များနေရင် သက်လုံကျစေတဲ့အတွက် ကွင်းတွင်း ၊ ကွင်းပြင် နေထိုင်မှုမှာ အထူးဂရုစိုက်ဆင်ခြင်ရပါတယ်။ အစားအသောက် ၊ အနေအထိုင်မှအစ ကျန်းမာရေးနှင့်ကိုက်ညီအောင် အထူးဂရုစိုက်ရပြီး ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်နေရတဲ့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာ ပြောစရာမလိုပါဘူး။

Credit: Akhayar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top