iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္ကပ္ေရာဂါဟာ  ထူးျခားတဲ့ေရာဂါ လကၡဏာမျပတဲ့အတြက္ ေရာဂါကြၽမ္းတဲ့ အေျခအေနေရာက္မွသာ သိၾကတာမို႔ေက်ာက္ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး သတိထားမိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

အခ်ိန္တိုင္းလိုလိုေမာပန္းေနျခင္း- ေက်ာက္ကပ္မေကာင္းဘူးဆို တာနဲ႔ ခႏၶာကိုယ္တြင္းမွာ အဆိပ္ အေတာက္ေတြ မ်ားလာေစသလို ေသြးမသန္႔ေတာ့တာေၾကာင့္ေမာ ပန္းၿပီး ေလးလံထိုင္းမႈိင္းလာတတ္ ပါတယ္။ အာ႐ံုစူးစိုက္ႏိုင္စြမ္း ေလ်ာ့က်လာကာ မူးေ၀ျခင္း၊ အားနည္းျခင္းေတြ ျဖစ္လာၿပီဆို ရင္ သတိထားဖို႔လိုပါတယ္။

ခံတြင္းပ်က္ျခင္းေက်ာက္ ကပ္ထဲမွာ အဆိပ္အေတာက္ေတြ မ်ားလာတဲ့အတြက္ ခံတြင္းပ်က္ တာျဖစ္ႏိုင္သလို လွ်ာက ေကာင္း ေကာင္းအရသာ မခံႏိုင္တဲ့အ တြက္ အလိုလိုအစားနည္းၿပီး ကိုယ္အေလးခ်ိန္ပါ ေလ်ာ့က်ေစ ပါတယ္။

မ်က္လံုးတစ္၀ိုက္ မို႔ေနျခင္း - ေက်ာက္ကပ္ပ်က္စီးေနတဲ့အခါ အဆိပ္အေတာက္ေတြ စစ္ထုတ္ ႏိုင္စြမ္း ေလ်ာ့နည္းလာတဲ့အ တြက္ျပတဲ့လကၡဏာတစ္ခုလို႔ဆို ရမွာပါ။

အိပ္မေပ်ာ္ျခင္း - ေက်ာက္ကပ္ လုပ္ငန္းစဥ္ေတြ ပံုမွန္မဟုတ္ ေတာ့ရင္ ဆီးကေနတစ္ဆင့္္ အ ဆိပ္အေတာက္ေတြ စြန္႔ထုတ္ပစ္ တဲ့အစား ေသြးထဲကို အဆိပ္အ ေတာက္၀င္သြားတာေၾကာင့္ပါ။

ဆီးနဲ႔ပတ္သက္ၿပီး ထူးျခားမႈမ်ား ႀကံဳျခင္း - ဆီးမၾကာခဏသြားခ်င္ တာတို႔၊ ဆီးအျမႇဳပ္ထတာတို႔၊ ေသြးပါလာတာတို႔ဆို မေပါ့ဆ သင့္ပါဘူး။

ေျခဆစ္လက္ဆစ္မ်ား ေရာင္ရမ္း ျခင္း - ဒီလကၡဏာကေတာ့ ေက်ာက္ကပ္ေရာဂါသာမက ႏွ လံုးနဲ႔အသည္းေရာဂါရွိေနရင္ လည္း ျပတတ္ပါတယ္။

အသားအေရေျခာက္ၿပီး ယားယံ ျခင္း - ေက်ာက္ကပ္ျပႆနာရွိေန တဲ့အခါမွာ ခႏၶာကိုယ္အတြက္ လို အပ္တဲ့ အာဟာရနဲ႔ သတၱဳဓာတ္ ေတြမမွ်တေတာ့ဘဲ ကိုယ္တြင္းအ ဆိပ္အေတာက္ေတြက အေရျပား ဆီကို ေရာက္သြားတဲ့အတြက္ပါ။

မူးေ၀ေအာ့အန္ျခင္း - ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ေအာ့ အန္ျခင္းျဖင့္ ထုတ္ပစ္တတ္တဲ့အ တြက္ သတိျပဳစရာအခ်က္ပါ။

ဟီမိုဂလိုဘင္ေလ်ာ့က်ျခင္း - ေက်ာက္ကပ္ပ်က္စီးတဲ့အခါ လံု ေလာက္တဲ့ ေသြးနီဥေတြထုတ္ေပး ႏိုင္ျခင္းမရွိေတာ့တဲ့အတြက္ ေသြး အားနည္းေရာဂါ   ျဖစ္လာေစပါ တယ္။

Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ကျောက်ကပ်ရောဂါဟာ  ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

အချိန်တိုင်းလိုလိုမောပန်းနေခြင်း- ကျောက်ကပ်မကောင်းဘူးဆို တာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့်မော ပန်းပြီး လေးလံထိုင်းမှိုင်းလာတတ် ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

ခံတွင်းပျက်ခြင်းကျောက် ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အ တွက် အလိုလိုအစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေ ပါတယ်။

မျက်လုံးတစ်ဝိုက် မို့နေခြင်း - ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အ တွက်ပြတဲ့လက္ခဏာတစ်ခုလို့ဆို ရမှာပါ။

အိပ်မပျော်ခြင်း - ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အ ဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အ တောက်ဝင်သွားတာကြောင့်ပါ။

ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း - ဆီးမကြာခဏသွားချင် တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆ သင့်ပါဘူး။

ခြေဆစ်လက်ဆစ်များ ရောင်ရမ်း ခြင်း - ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှ လုံးနဲ့အသည်းရောဂါရှိနေရင် လည်း ပြတတ်ပါတယ်။

အသားအရေခြောက်ပြီး ယားယံ ခြင်း - ကျောက်ကပ်ပြဿနာရှိနေ တဲ့အခါမှာ ခန္ဓာကိုယ်အတွက် လို အပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ် တွေမမျှတတော့ဘဲ ကိုယ်တွင်းအ ဆိပ်အတောက်တွေက အရေပြား ဆီကို ရောက်သွားတဲ့အတွက်ပါ။

မူးဝေအော့အန်ခြင်း - ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့ အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အ တွက် သတိပြုစရာအချက်ပါ။

ဟီမိုဂလိုဘင်လျော့ကျခြင်း - ကျောက်ကပ်ပျက်စီးတဲ့အခါ လုံ လောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ   ဖြစ်လာစေပါ တယ်။

Credit : 7Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top