iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဟင္းခါးသီး၏ စြမ္းပကားခါးသက္သက္ အရသာရွိတဲ႕ ၾကက္ဟင္းခါးသီးဟာ အပူပိုင္း စိုစြတ္တဲ့ရာသီမွာ ေပါက္ေလ့ရွိၿပီး အဓိကအားျဖင့္ အာရွတိုင္းျပည္ေတြနဲ႔ ေတာင္အေမရိကေတြမွာ ေတြ႔ရပါတယ္။ အရသာက ခါးသက္တယ္ဆိုေပမယ့္ ၾကက္ဟင္းခါးသီးမွာ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားစြာ ရွိပါတယ္။

အာဟာရတန္ဖိုး
ၾကက္ဟင္းခါးသီးမွာ ကယ္လိုရီပါ ဝင္မႈ အလြန္ေလ်ာ့နည္းပါတယ္။ ဒါေပမဲ့ တန္ဖိုးရွိတဲ့ အာဟာရဓာတ္ေတြ အမ်ား အျပား ပါဝင္ပါတယ္။ ဗီတာမင္ B1 ၊ B2 နဲ႔ B3၊ ဗီတာမင္ စီ၊ မဂၢနီဆီယမ္၊ ေဖာ လစ္အက္စစ္၊ ဇင့္(သြပ္)၊ ေဖာ့စ္ဖရပ္စ္၊ မဂၢနိစ္နဲ႔ အမွ်င္ဓာတ္တို႔ ေကာင္းစြာ ပါ ဝင္ေနပါတယ္။ သံဓာတ္ပါဝင္မႈ မ်ားၿပီး ဘီတာကယ္႐ိုတင္းပါဝင္မႈဟာ ပန္းေဂၚဖီ စိမ္းထက္ ႏွစ္ဆ၊ ကယ္လ္စီယမ္ ပါဝင္ မႈက ဟင္းႏုနယ္ရြက္ထက္ ႏွစ္ဆနဲ႔ ပို တက္စီယမ္ပါဝင္မႈက ငွက္ေပ်ာသီးထက္ ႏွစ္ဆ အသီးသီး ပါဝင္ေနပါတယ္။ ၾကက္ ဟင္းခါးသီးမွာ ေသြးတြင္း သၾကားဓာတ္ ကို က်ေစတဲ့ အာနိသင္ရွိသလို Polypeptide P လို႔ေခၚတဲ့ အင္ဆူလင္လို ျဒပ္ ေပါင္းတစ္မ်ိဳးလည္း ပါဝင္တာေၾကာင့္ ဆီး ခ်ိဳေရာဂါရွိသူတခ်ိဳ႕အတြက္ ေကာင္းက်ိဳး ရွိေၾကာင္း ေလ့လာသူေတြက ဆိုပါတယ္။

က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

(၁) ေသြးျပႆနာမ်ား ၾကက္ဟင္းခါးသီးအရည္ဟာ ေသြး ဆိပ္သင့္တာေၾကာင့္ျဖစ္တဲ့ အနာနဲ႔ ယား ယံမႈေတြကို ကုသရာမွာ အလြန္အက်ိဳး ေက်းဇူးမ်ားပါတယ္။ လတ္ဆတ္တဲ့ ၾကက္ ဟင္းခါးသီးအရည္ကို သံပရာရည္နဲ႔ ေရာကာ အစာမရွိခ်ိန္ ျဖည္းျဖည္းခ်င္း ငံုၿပီး ေန႔စဥ္ေသာက္ေပးရင္ ၄-၆လ အ ၾကာမွာ သိသာတဲ့ တိုးတက္မႈကို ေတြ႕ရပါ တယ္။

(၂) ကာလဝမ္္းးေရာဂါ ကာလဝမ္းေရာဂါ အေစာပိုင္းအ ဆင့္မွာ ႀကိတ္ေျခထားတဲ့ ၾကက္ဟင္းခါး ရြက္ လက္ဖက္စားဇြန္း ႏွစ္ဇြန္းနဲ႔ ၾကက္ သြန္နီအရည္ လက္ဖက္စားဇြန္း ႏွစ္ဇြန္း၊ သံပရာရည္ လက္ဖက္စားဇြန္း တစ္ဇြန္း တို႔ကို ဆတူေရာၿပီး ေန႔စဥ္ ေသာက္ေပး ပါ။

(၃) ဆီီးးခ်ိဳေရာဂါ ၾကက္ဟင္းခါးသီးမွာ ပါတဲ့ အပင္ ထြက္အင္ဆူလင္ဟာ ဆီးနဲ႔ ေသြးထဲက သၾကားဓာတ္ကို ေလ်ာ့က်ေစတဲ့ အက်ိဳး ေက်းဇူး ရွိပါတယ္။ ၾကက္ဟင္းခါးသီးဟာ ေသြးတြင္း အင္ဆူလင္အဆင့္ကို တိုးေစ တာမ်ိဳး မရွိဘဲ ဂလူးကို႔စ္ခံႏိုင္ရည္ရွိမႈက ို သိသိသာသာ ေကာင္းမြန္ေစတာ ျဖစ္ပါ တယ္။

(၄) စြမ္းအင္ ၾကက္ဟင္းခါးသီး အရည္ကို ပံုမွန္ ေသာက္ေပးတာေၾကာင့္ စြမ္းအင္နဲ႔ သက္ လံုကို ေကာင္းမြန္ေစပါတယ္။ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေစပါတယ္။

(၅) မ်က္စိျပႆနာမ်ား ၾကက္ဟင္းခါးသီးမွာ ဘီတာကယ္႐ို တင္းနဲ႔ တျခားအာနိသင္ေတြ ပါဝင္မႈ ျမင့္ မားတာေၾကာင့္ မ်က္စိျပႆနာေတြကို ကင္းေဝးေစၿပီး အျမင္အာ႐ံုကို တိုးတက္ ေကာင္းမြန္ေစပါတယ္။

(၆) အရက္နာက်ျခင္္း ၾကက္ဟင္းခါးသီးအရည္ဟာ အ ရက္နာက်တဲ့ ေဝဒနာကို ကုသရာမွာ ေကာင္းက်ိဳး ရွိပါတယ္။ အရက္ေသာက္ တာေၾကာင့္ျဖစ္တဲ့ အသည္းေဝဒနာ ေတြကို ျပဳျပင္ေပးၿပီး အသည္းကို သန္႔ စင္ေစပါတယ္။

(၇) ကိိုုယ္ခံစြမ္္းအား ေကာင္္းမြန္ျခင္း ၾကက္ဟင္းခါးသီးအရည္ဟာ ကိုယ္ ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေအာင္ တည္ေဆာက္ေပးၿပီး ခႏၶာကိုယ္ရဲ႕ ေရာဂါ တြန္းလွန္ႏိုင္စြမ္းကို ေကာင္းမြန္ေစပါတယ္။

(၈) လိပ္ေခါင္း ၾကက္ဟင္းခါးရြက္ကရတဲ့ အရည္ လက္ဖက္စားဇြန္း သံုးဇြန္းကို ေထာပတ္၊ ႏို႔ တစ္ဖန္ခြက္နဲ႔ ေရာကာ နံနက္တိုင္း အစာမရွိခ်ိန္မွာ ေသာက္ေပးရင္ တစ္လအၾကာမွာ သက္သာသြားပါလိမ့္မယ္။ လိပ္ေခါင္းက နာက်င္ေနရင္ ၾကက္ဟင္းခါးပင္ရဲ႕ အျမစ္ကို ေစးပ်စ္ေအာင္ ႀကိတ္ၿပီး လိပ္ေခါင္းေပၚမွာ အုပ္ေပးပါ။

(၉) ဆိိုုုးရီးေယးစစ္အေရျပားအနာ ၾကက္ဟင္းခါးရြက္အရည္ကို ပံုမွန္ ေသာက္ေပးရင္ ဆိုးရီးေယးစစ္နဲ႔ တျခား ဖန္းဂပ္စ္မိႈစြဲတဲ့ အေရျပားအနာေတြကို သက္သာေစပါတယ္။

(၁၀) အသက္႐ွဴလမ္းေၾကာင္း ျပႆနာမ်ား လတ္ဆတ္တဲ့ ၾကက္ဟင္းခါးသီး အရည္ ႏွစ္ေအာင္စနဲ႔ ေရေရာထားတဲ့ ပ်ားရည္တစ္ခြက္ကို ေရာေသာက္ေပးရင္ ပန္းနာရင္က်ပ္၊ ေလျပြန္ေရာင္တာ စတဲ့ အသက္႐ွဴလမ္းေၾကာင္း ေဝဒနာေတြကို သက္သာေစပါတယ္။ သတိျပဳရန္ ဆီးခ်ိဳကုသေဆးေသာက္ေနတဲ့ ဆီးခ်ိဳေရာဂါရွိသူေတြအေနနဲ႔ ၾကက္ဟင္းခါးအရည္ မေသာက္ခင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ၾကက္ဟင္းခါးသီးကို အလြန္အမင္း စားေသာက္တာမ်ိဳး ေရွာင္သင့္ပါတယ္။

Credit : good health
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ကြက်ဟင်းခါးသီး၏ စွမ်းပကားခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး
ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အ ကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုက ို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။

(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုုုးရီးယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

Credit : good health

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top