iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ကိုယ္တည္းဘ၀ကို ျပန္လည္ျဖတ္သန္းရမယ့္အေျခအေန ျဖစ္လာျပန္ျပီလား။ ခ်စ္သူရည္းစားနဲ႕ျပတ္သြားလည္း ကမ႓ာၾကီးကရပ္သြားမွာ မဟုတ္တဲ့အတြက္ စိုးရိမ္စရာေတာ့ မရွိပါဘူး။ တကယ္လို႕မ်ား သင္ဟာ တစ္ကိုယ္တည္းဘ၀နဲ႕ အခ်ိန္ေတြကုန္ဆံုးေနေပမယ့္ ေနာက္ထပ္လက္တြဲေဖာ္တစ္ေယာက္ထားဖုိ႕ စိတ္ကူးရွိေနတယ္ဆုိရင္ သင့္စိတ္ကူးထဲကလူရဲ႕ မ်က္၀န္းထဲမွာ အျမဲတမ္းဆြဲေဆာင္မႈရွိတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္ခ်င္မွာ အေသအခ်ာပါပဲ။ ရုပ္ရည္ေခ်ာေမာလြန္းေနစရာ မလိုပဲ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားေတြ စိတ္၀င္စားသေဘာက်သြားေစတဲ့ အခ်က္(၃)ခ်က္ရွိပါတယ္။

၁။ သင့္မွာကိုယ္ပိုင္အလွရွိေနျပီးသားဆုိတာ လက္ခံပါ။
လူတိုင္းဟာ ဘာအျပစ္အနာအဆာ၊ အားနည္းခ်က္မွမရွိပဲ ျပီးျပည့္စံုေနတာမ်ိဳးမရွိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ကုိယ္ပိုင္ဆုိင္ထားတဲ့ အလွတရားနဲ႕ အတတ္ႏိုင္ဆံုး စမတ္က်က်ေနထုိင္ျပဳမူရမွာပါ။ တစ္ကုိယ္ေရသန္႕ရွင္းမႈရွိေအာင္ေန၊ အ၀တ္အစားကို သပ္သပ္ရပ္ရပ္ ၀တ္စားျပီး ကုိယ့္အသြင္အျပင္နဲ႕သြားလာလႈပ္ရွားမႈေတြကို သတိထားျပီး စမတ္က်က်ေနတတ္ေအာင္ ၾကိဳးစားပါ။ ကိုယ့္အားသာခ်က္ ဘာလဲဆုိတာ သိေအာင္ ၾကိဳးစားပါ။ သင့္မ်က္လံုးေတြက လွတယ္လုိ႕ သူမ်ားေတြကလည္း ေျပာမယ္၊ ကိုယ္တုိင္လည္း သိတယ္ဆုိရင္ တစ္ဖက္လူမ်က္လံုးေတြကို စိုက္ၾကည့္ေျပာဆုိတာမ်ိဳး လုပ္ေပးႏိုင္ပါတယ္။ ဒီလိုပဲ ကုိယ့္ခႏၶာကိုယ္အဖြဲ႕အစည္းထဲမွာ ဘယ္ေနရာေတြက လွတယ္၊ ထူးျခားတယ္ဆုိတာ သိထားျပီး အဲ့ဒီေနရာကို လူေတြပိုသတိျပဳေအာင္ ကိုယ္ကျပင္ဆင္ေနထုိင္ဖုိ႕ လိုပါတယ္။

၂။ ကိုယ္လုပ္ေဆာင္ေနတဲ့အရာေတြမွာ ေအာင္ျမင္မႈရေအာင္ ၾကိဳးစားပါ။
ကုိယ္၀ါသနာပါရာကို လက္မလႊတ္တမ္းၾကိဳးစားပံုေဖာ္သူ ျဖစ္ပါေစ။ အိပ္မက္ေတြအတုိင္း အေကာင္အထည္ေဖာ္ႏိုင္ဖုိ႕ ၾကိဳးစားသူ ျဖစ္ပါေစ။ ရႈံးနိမ့္သြားတဲ့အရာေတြ၊ စိတ္ပ်က္စရာေကာင္းတဲ့ အတိတ္ကျဖစ္ရပ္ေတြကို အာရံုစိုက္ေနမယ့္အစား ကုိယ္တုိင္ခ်မွတ္ထားတဲ့ ပန္းတုိင္ကို သြားနိုင္ေအာင္ ပိုအာရံုစိုက္ပါ။ ကုိယ့္ဘ၀မွာ ကုိယ္တကယ္ခ်စ္ျမတ္ႏိုးတဲ့အရာေတြ အေၾကာင္း ေျပာဆုိပါ။ ကုိယ္လုပ္ေနတဲ့အလုပ္ေပၚ စိတ္ပါ၀င္စားျပီး အေကာင္းဆံုးၾကိဳးစားေနသူေတြဟာ လြယ္လြယ္လက္ေလ်ွာ့ျပီး အခ်ိန္တုိင္းပ်င္းရိစိတ္ပ်က္ေနတဲ့ လူေတြနဲ႕ေတာ့ အကြာၾကီးကြာေနပါလိမ့္မယ္။ ဒီလို လူ(၂)မ်ိဳးမွာ ဘယ္သူက ပိုစိတ္၀င္စားခံရလိမ့္မလဲဆုိတာ အထူးေျပာေနစရာ မလိုေတာ့ပါဘူး။

၃။ စမတ္က်က် ေနတတ္ျပီး တစ္ဖက္လူနဲ႕စကားေျပာဆုိတဲ့အခါ စိတ္၀င္စားတဲ့ပံုအျမဲရွိပါေစ။
ကိုယ္နဲ႕တစ္ဖက္လူ စကားေျပာျပီဆုိရင္ ေျပာေနတဲ့အေၾကာင္းအရာကို စိတ္၀င္စားတဲ့ပံုအျမဲရွိေနပါေစ။ အာရံုစိုက္နားေထာင္ျပီး ကိုယ္ပါ ၀င္ေဆြးေႏြးႏိုင္ေအာင္ ၾကိဳးစားပါ။ သင္အခ်ိန္ေပးျဖစ္တဲ့အရာေတြဟာ ဗဟုသုတျဖစ္ဖြယ္ အေၾကာင္းအရာ၊ သင့္၀ါသနာ နဲ႕ အလုပ္အတြက္ တစ္စိတ္တစ္ပိုင္း အက်ိဳးျပဳတဲ့ေနရာေတြမွာ ျဖစ္ရင္အေကာင္းဆံုးပါ။ အဓိကကေတာ့ အျမဲတမ္း ကိုယ့္ကိုကုိယ္ ယံုၾကည္မႈရွိဖုိ႕ပါပဲ။

Credit :Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

တစ်ကိုယ်တည်းဘဝကို ပြန်လည်ဖြတ်သန်းရမယ့်အခြေအနေ ဖြစ်လာပြန်ပြီလား။ ချစ်သူရည်းစားနဲ့ပြတ်သွားလည်း ကမ္ဘာကြီးကရပ်သွားမှာ မဟုတ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ တကယ်လို့များ သင်ဟာ တစ်ကိုယ်တည်းဘဝနဲ့ အချိန်တွေကုန်ဆုံးနေပေမယ့် နောက်ထပ်လက်တွဲဖော်တစ်ယောက်ထားဖို့ စိတ်ကူးရှိနေတယ်ဆိုရင် သင့်စိတ်ကူးထဲကလူရဲ့ မျက်ဝန်းထဲမှာ အမြဲတမ်းဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ချင်မှာ အသေအချာပါပဲ။ ရုပ်ရည်ချောမောလွန်းနေစရာ မလိုပဲ အမျိုးသမီးတစ်ဦးကို အမျိုးသားတွေ စိတ်ဝင်စားသဘောကျသွားစေတဲ့ အချက်(၃)ချက်ရှိပါတယ်။

၁။ သင့်မှာကိုယ်ပိုင်အလှရှိနေပြီးသားဆိုတာ လက်ခံပါ။
လူတိုင်းဟာ ဘာအပြစ်အနာအဆာ၊ အားနည်းချက်မှမရှိပဲ ပြီးပြည့်စုံနေတာမျိုးမရှိနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှတရားနဲ့ အတတ်နိုင်ဆုံး စမတ်ကျကျနေထိုင်ပြုမူရမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင်နေ၊ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်စားပြီး ကိုယ့်အသွင်အပြင်နဲ့သွားလာလှုပ်ရှားမှုတွေကို သတိထားပြီး စမတ်ကျကျနေတတ်အောင် ကြိုးစားပါ။ ကိုယ့်အားသာချက် ဘာလဲဆိုတာ သိအောင် ကြိုးစားပါ။ သင့်မျက်လုံးတွေက လှတယ်လို့ သူများတွေကလည်း ပြောမယ်၊ ကိုယ်တိုင်လည်း သိတယ်ဆိုရင် တစ်ဖက်လူမျက်လုံးတွေကို စိုက်ကြည့်ပြောဆိုတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒီလိုပဲ ကိုယ့်ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာ ဘယ်နေရာတွေက လှတယ်၊ ထူးခြားတယ်ဆိုတာ သိထားပြီး အဲ့ဒီနေရာကို လူတွေပိုသတိပြုအောင် ကိုယ်ကပြင်ဆင်နေထိုင်ဖို့ လိုပါတယ်။

၂။ ကိုယ်လုပ်ဆောင်နေတဲ့အရာတွေမှာ အောင်မြင်မှုရအောင် ကြိုးစားပါ။
ကိုယ်ဝါသနာပါရာကို လက်မလွှတ်တမ်းကြိုးစားပုံဖော်သူ ဖြစ်ပါစေ။ အိပ်မက်တွေအတိုင်း အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားသူ ဖြစ်ပါစေ။ ရှုံးနိမ့်သွားတဲ့အရာတွေ၊ စိတ်ပျက်စရာကောင်းတဲ့ အတိတ်ကဖြစ်ရပ်တွေကို အာရုံစိုက်နေမယ့်အစား ကိုယ်တိုင်ချမှတ်ထားတဲ့ ပန်းတိုင်ကို သွားနိုင်အောင် ပိုအာရုံစိုက်ပါ။ ကိုယ့်ဘဝမှာ ကိုယ်တကယ်ချစ်မြတ်နိုးတဲ့အရာတွေ အကြောင်း ပြောဆိုပါ။ ကိုယ်လုပ်နေတဲ့အလုပ်ပေါ် စိတ်ပါဝင်စားပြီး အကောင်းဆုံးကြိုးစားနေသူတွေဟာ လွယ်လွယ်လက်လျှော့ပြီး အချိန်တိုင်းပျင်းရိစိတ်ပျက်နေတဲ့ လူတွေနဲ့တော့ အကွာကြီးကွာနေပါလိမ့်မယ်။ ဒီလို လူ(၂)မျိုးမှာ ဘယ်သူက ပိုစိတ်ဝင်စားခံရလိမ့်မလဲဆိုတာ အထူးပြောနေစရာ မလိုတော့ပါဘူး။

၃။ စမတ်ကျကျ နေတတ်ပြီး တစ်ဖက်လူနဲ့စကားပြောဆိုတဲ့အခါ စိတ်ဝင်စားတဲ့ပုံအမြဲရှိပါစေ။
ကိုယ်နဲ့တစ်ဖက်လူ စကားပြောပြီဆိုရင် ပြောနေတဲ့အကြောင်းအရာကို စိတ်ဝင်စားတဲ့ပုံအမြဲရှိနေပါစေ။ အာရုံစိုက်နားထောင်ပြီး ကိုယ်ပါ ဝင်ဆွေးနွေးနိုင်အောင် ကြိုးစားပါ။ သင်အချိန်ပေးဖြစ်တဲ့အရာတွေဟာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာ၊ သင့်ဝါသနာ နဲ့ အလုပ်အတွက် တစ်စိတ်တစ်ပိုင်း အကျိုးပြုတဲ့နေရာတွေမှာ ဖြစ်ရင်အကောင်းဆုံးပါ။ အဓိကကတော့ အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ပါပဲ။


Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top