iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ကေန႔တုိင္း မိတ္ကပ္ျပင္ေလ့ရွိပါတယ္။ မိတ္ကပ္က ကြ်န္မတို႕မ်က္ႏွာေပၚက အားနည္းခ်က္ေတြကို ဖံုးကြယ္ျပင္ဆင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္အၿမဲတမ္းမိတ္ကပ္လိမ္းေနႏိုင္ဖို႕ကေတာ့ မလြယ္ကူပါဘူး။ အေၾကာင္းေၾကာင္းေၾကာင့္ ကြ်န္မတို႔မိတ္ကပ္မလိမ္းေတာ့တဲ့အခါ ဘယ္လိုမ်ိဳးေတြျဖစ္လာႏိုင္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

မျပည့္စံုသလိုခံစားရတတ္ပါတယ္။
မိတ္ကပ္မပါတဲ့အခါ မိန္းကေလး၉၀ရာခိုင္ႏွုန္းေလာက္က ကိုယ့္ကိုကိုယ္ ယံုၾကည္မွုမရွိတတ္ၾကပါဘူး။ ကိုယ့္မ်က္နွာမွာရွိတဲ့ အေရးအေၾကာင္းေတြ၊ အစက္အေျပာက္ေတြကို သူမ်ားျမင္မွာလည္း စိုးရိမ္တတ္ၾကပါတယ္။ ကိုယ့္ရဲ႕မ်က္ႏွာကေနမေကာင္းတဲ့ ပံုေပါက္ေနလား ပင္ပန္းေနတဲ့ရုပ္ျဖစ္ေနလားဆိုတာ အရမ္းေသာကေရာက္တတ္ၾကပါတယ္။ နာရီ၀က္ေလာက္ ဘာမွမလိမ္းဘဲအျပင္သြားၾကည့္ရင္ ဘယ္လုိခံစားရလဲဆိုတာေသခ်ာသေဘာေပါက္လာမွာပါ။

စိတ္ဖိစီးမွုေတြေလ်ာ့ပါးေစပါတယ္။
မိတ္ကပ္ျပင္တဲ့အခါ အနည္းနဲ႔အမ်ားေတာ့ စိတ္ဖိစီးမွုရွိတတ္ၾကပါတယ္။ ကိုယ့္မိတ္ကပ္က ကြက္ေနလားျပာေနလား၊ မ်က္ေတာင္ေကာ့တာလွရဲ႕လား၊ ဘယ္ႏွုတ္ခမ္းနီေရာင္နဲ႕လွမလဲဆိုၿပီးေရြးရတာလည္း စိတ္ရွုပ္ရပါတယ္။ မိတ္ကပ္မျပင္ေတာ့တဲ့ အခါက်ရင္ေတာ့ ဒီလိုစိတ္ပူစရာေတြမရွိေတာ့ပါဘူး။ ကိုယ့္ရဲ႕အခ်ိန္ေတြကို မိတ္ကပ္ျပင္တဲ႔ေနရာမွာအမ်ားႀကီး သံုးစရာမလိုေတာ့တဲ့အျပင္ အရြယ္တင္ႏုပ်ိဳဖို႕တရားထိုင္တာ၊ေယာဂက်င့္တာေတြ လုပ္လုိ႕ရပါတယ္။

အသားအေရသန္႔ရွင္းေနဖို႕လိုအပ္ပါတယ္။
Foundation၊ Concelarနဲ႔ Contouringေတြၾကားမွာ မ်က္ႏွာေပၚကို အလွကုန္အမ်ိဳးမ်ိဳဳးစံုေနေအာင္ျပင္ဆင္ရပါတယ္။ ဒါေၾကာင့္မ်က္မွာေပၚမွာ အကုန္လံုးဖယ္ရွားလိုက္ရင္ေတာင္ မသန္႕ရွင္းႏိုင္ပါဘူး။ ေခၽြးေပါက္ေတြထဲထိ အညစ္အေၾကးေတြ ေအာင္းေနႏိုင္လို႔ ညအိပ္တဲ့အခါေသခ်ာသန္႕စင္ပါ။ အသားအေရကို ခဏအနားေပးၿပီး မိတ္ကပ္ေတြနဲ႔ေ၀းရာမွာ ရက္အနည္းငယ္ေလာက္ေနလိုက္ပါ။

ပိုၿပီးႏုပ်ိဳလာပါတယ္။
မိတ္ကပ္ဟာ ဘယ္ေလာက္ပါးလႊာတယ္ေျပာေျပာမ်က္နွာေပၚမွာ အလႊာတစ္ခုအေနနဲ႔ရွိေနတာမို႔လို ႔နဂိုရွိရင္းစြဲရုပ္ထက္နည္းနည္းေတာ့ ပိုရင့္သြားေစပါတယ္။ နွာေခါင္းနဲ႕ပါးမို႕ေပၚကအစက္အေျပာက္ေလးေတြက သဘာ၀အသြင္အျပင္အတိုင္းျဖစ္ေစတဲ့အျပင္ မိတ္ကပ္မပါလို႔ နဂိုအတိုင္းႏုပ်ိဳေစတဲ႔အသြင္ကို ရေစမွာပါ။

Skincareပိုင္းကို ပိုဂရုစိုက္တတ္လာမယ္။
မ်က္ႏွာကို မိတ္ကပ္မလိမ္းျဖစ္တဲ့ေနာက္ပိုင္း ကိုယ့္အသားအေရဟာဘယ္လိုရွိလဲဆိုတာ ေန႕တုိင္းျမင္ေတြ႕ေနရမွာျဖစ္လို႕အသားအေရကို ပိုထိန္းသိမ္းတတ္လာပါတယ္။မ်က္ႏွာကိုSerumလိမ္းတာ၊
SPFပါတဲ႔ အလွကုန္ေတြ သံုးတာကိုေသခ်ာလုပ္လာလို႕ ပိုၿပီးအသားအေရေကာင္းမြန္လာပါတယ္။

မိတ္ကပ္ဟာမရွိလည္းျဖစ္တယ္ဆိုတာ လက္ခံႏိုင္လာမယ္။
မိတ္ကပ္တစ္လေလာက္ မလိမ္းဘဲေနၿပီးျပန္လိမ္းၾကည့္မယ္ဆုိရင္ တြန္႕ဆုတ္တြန္႕ဆုတ္ျဖစ္ေနမွာပါ။ ကိုယ့္အတြက္ ခက္ခဲသလိုခံစားရတဲ့အျပင္ မိတ္ကပ္မရွိဘဲေနႏိုင္တယ္ဆိုတဲ့ စိတ္ကိုပါရရွိေစမွာပါ။မိတ္ကပ္လိမ္းတဲ့အခါမွာလည္း ကိုယ့္အတြက္အေကာင္းဆံုးကိုခ်ိန္ဆၿပီးျပင္ဆင္လာတတ္မွာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတစ်ယောက်ကနေ့တိုင်း မိတ်ကပ်ပြင်လေ့ရှိပါတယ်။ မိတ်ကပ်က ကျွန်မတို့မျက်နှာပေါ်က အားနည်းချက်တွေကို ဖုံးကွယ်ပြင်ဆင်ပေးနိုင်ပါတယ်။ ဒါပေမယ့်အမြဲတမ်းမိတ်ကပ်လိမ်းနေနိုင်ဖို့ကတော့ မလွယ်ကူပါဘူး။ အကြောင်းကြောင်းကြောင့် ကျွန်မတို့မိတ်ကပ်မလိမ်းတော့တဲ့အခါ ဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မပြည့်စုံသလိုခံစားရတတ်ပါတယ်။
မိတ်ကပ်မပါတဲ့အခါ မိန်းကလေး၉၀ရာခိုင်နှုန်းလောက်က ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတတ်ကြပါဘူး။ ကိုယ့်မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေကို သူများမြင်မှာလည်း စိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ရဲ့မျက်နှာကနေမကောင်းတဲ့ ပုံပေါက်နေလား ပင်ပန်းနေတဲ့ရုပ်ဖြစ်နေလားဆိုတာ အရမ်းသောကရောက်တတ်ကြပါတယ်။ နာရီဝက်လောက် ဘာမှမလိမ်းဘဲအပြင်သွားကြည့်ရင် ဘယ်လိုခံစားရလဲဆိုတာသေချာသဘောပေါက်လာမှာပါ။

စိတ်ဖိစီးမှုတွေလျော့ပါးစေပါတယ်။
မိတ်ကပ်ပြင်တဲ့အခါ အနည်းနဲ့အများတော့ စိတ်ဖိစီးမှုရှိတတ်ကြပါတယ်။ ကိုယ့်မိတ်ကပ်က ကွက်နေလားပြာနေလား၊ မျက်တောင်ကော့တာလှရဲ့လား၊ ဘယ်နှုတ်ခမ်းနီရောင်နဲ့လှမလဲဆိုပြီးရွေးရတာလည်း စိတ်ရှုပ်ရပါတယ်။ မိတ်ကပ်မပြင်တော့တဲ့ အခါကျရင်တော့ ဒီလိုစိတ်ပူစရာတွေမရှိတော့ပါဘူး။ ကိုယ့်ရဲ့အချိန်တွေကို မိတ်ကပ်ပြင်တဲ့နေရာမှာအများကြီး သုံးစရာမလိုတော့တဲ့အပြင် အရွယ်တင်နုပျိုဖို့တရားထိုင်တာ၊ယောဂကျင့်တာတွေ လုပ်လို့ရပါတယ်။

အသားအရေသန့်ရှင်းနေဖို့လိုအပ်ပါတယ်။
Foundation၊ Concelarနဲ့ Contouringတွေကြားမှာ မျက်နှာပေါ်ကို အလှကုန်အမျိုးမျိုုးစုံနေအောင်ပြင်ဆင်ရပါတယ်။ ဒါကြောင့်မျက်မှာပေါ်မှာ အကုန်လုံးဖယ်ရှားလိုက်ရင်တောင် မသန့်ရှင်းနိုင်ပါဘူး။ ချွေးပေါက်တွေထဲထိ အညစ်အကြေးတွေ အောင်းနေနိုင်လို့ ညအိပ်တဲ့အခါသေချာသန့်စင်ပါ။ အသားအရေကို ခဏအနားပေးပြီး မိတ်ကပ်တွေနဲ့ဝေးရာမှာ ရက်အနည်းငယ်လောက်နေလိုက်ပါ။

ပိုပြီးနုပျိုလာပါတယ်။
မိတ်ကပ်ဟာ ဘယ်လောက်ပါးလွှာတယ်ပြောပြောမျက်နှာပေါ်မှာ အလွှာတစ်ခုအနေနဲ့ရှိနေတာမို့လို့နဂိုရှိရင်းစွဲရုပ်ထက်နည်းနည်းတော့ ပိုရင့်သွားစေပါတယ်။ နှာခေါင်းနဲ့ပါးမို့ပေါ်ကအစက်အပြောက်လေးတွေက သဘာဝအသွင်အပြင်အတိုင်းဖြစ်စေတဲ့အပြင် မိတ်ကပ်မပါလို့ နဂိုအတိုင်းနုပျိုစေတဲ့အသွင်ကို ရစေမှာပါ။

Skincareပိုင်းကို ပိုဂရုစိုက်တတ်လာမယ်။
မျက်နှာကို မိတ်ကပ်မလိမ်းဖြစ်တဲ့နောက်ပိုင်း ကိုယ့်အသားအရေဟာဘယ်လိုရှိလဲဆိုတာ နေ့တိုင်းမြင်တွေ့နေရမှာဖြစ်လို့အသားအရေကို ပိုထိန်းသိမ်းတတ်လာပါတယ်။မျက်နှာကိုSerumလိမ်းတာ၊
SPFပါတဲ့ အလှကုန်တွေ သုံးတာကိုသေချာလုပ်လာလို့ ပိုပြီးအသားအရေကောင်းမွန်လာပါတယ်။

မိတ်ကပ်ဟာမရှိလည်းဖြစ်တယ်ဆိုတာ လက်ခံနိုင်လာမယ်။
မိတ်ကပ်တစ်လလောက် မလိမ်းဘဲနေပြီးပြန်လိမ်းကြည့်မယ်ဆိုရင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမှာပါ။ ကိုယ့်အတွက် ခက်ခဲသလိုခံစားရတဲ့အပြင် မိတ်ကပ်မရှိဘဲနေနိုင်တယ်ဆိုတဲ့ စိတ်ကိုပါရရှိစေမှာပါ။မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ကိုယ့်အတွက်အကောင်းဆုံးကိုချိန်ဆပြီးပြင်ဆင်လာတတ်မှာပါ။



Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...









 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top