iMyanmarHouse.com - Best Property Website for Myanmar
×

Andrew Weil လုိ႔အမည္ရတဲ့ ဆရာဝန္တစ္ဦးမွာ အိပ္မေပ်ာ္ညေတြအတြက္ မွန္ကန္တဲ့ေျဖရွင္းနည္းတစ္ခု ရိွပါတယ္။ သိရတာက ၁ မိနစ္အတြင္း အိပ္ေမာက်သြားေအာင္ သူ အကူအညီေပးႏုိင္ပါသတဲ့။ ေဒါက္တာ ဝီးလ္ကို ေစ့ေဆာ္မႈရေစတာက ေယာဂက်င့္စဥ္နဲ႔ အသက္ရွဴေလ့က်င့္ခန္းပဲ ျဖစ္ပါတယ္။ ၄-၇-၈ အသက္ရွဴေလ့က်င့္ခန္းကို သူ ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ ဒီေလ့က်င့္ခန္းဟာ အလြန္ရုိးစင္းျပီး ဘယ္ေနရာမွာျဖစ္ျဖစ္ လုပ္ေဆာင္ႏုိင္ေၾကာင္း၊ ဘာပစၥည္းကိရိယာမွလည္းမလုိ အခ်ိန္လည္း ဘယ္ေလာက္မွ မကုန္ေၾကာင္း ေဒါက္တာဝီးလ္က ဆုိပါတယ္။

လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကေတာ့

၁။ ပါးစပ္ကေနတဆင့္ အသက္ လုံးဝရွဴထုတ္ပါ။

၂။ ပါးစပ္ေစ့လ်က္ ႏွာေခါင္းကေနတဆင့္ စိတ္မွတ္ျဖင့္ နံပါတ္စဥ္ ၄ ခုအထိ အသက္ျဖည္းျဖည္းခ်င္း ရွဴသြင္းပါ။

၃။ ျပီးေနာက္ နံပါတ္စဥ္ ၇ ခုအထိ အသက္ေအာင့္ထားရပါမယ္။

၄။ ပါးစပ္ကေန နံပါတ္စဥ္ ၈ ခုအထိ အသက္ျပန္ရွဴထုတ္ပါ။

၅။ ဒါ တစ္ေခါက္စာ ျဖစ္ပါတယ္။ အဲဒီနည္းလမ္းအတုိင္း ေနာက္ထပ္ ၃ ၾကိမ္၊ စုစုေပါင္း ၄ ၾကိမ္လုပ္ေပးရပါမယ္။

ဒီအသက္ရွဴေလ့က်င့္ခန္က ႏွလုံးေသြးခုန္ႏႈန္း ေလွ်ာ့က်ေစျပီး စိတ္ျငိမ္သက္ေစပါလိမ့္မယ္။ အခ်ဳိးမွန္ကန္ေအာင္နဲ႔ အသက္ရွဴထုတ္/ရွဴသြင္းလုပ္တုိင္း အာရုံစုိက္ရပါမယ္။ အရမ္းလြယ္ကူမယ့္ ပုံေတာ့ရိွပါတယ္။ ဒါေပမယ့္ ဘာမွမေျပာဆိုခင္ အရင္လုပ္သာၾကည့္လုိက္ပါ။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

Andrew Weil လို့အမည်ရတဲ့ ဆရာဝန်တစ်ဦးမှာ အိပ်မပျော်ညတွေအတွက် မှန်ကန်တဲ့ဖြေရှင်းနည်းတစ်ခု ရှိပါတယ်။ သိရတာက ၁ မိနစ်အတွင်း အိပ်မောကျသွားအောင် သူ အကူအညီပေးနိုင်ပါသတဲ့။ ဒေါက်တာ ဝီးလ်ကို စေ့ဆော်မှုရစေတာက ယောဂကျင့်စဉ်နဲ့ အသက်ရှူလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ၄-၇-၈ အသက်ရှူလေ့ကျင့်ခန်းကို သူ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အလွန်ရိုးစင်းပြီး ဘယ်နေရာမှာဖြစ်ဖြစ် လုပ်ဆောင်နိုင်ကြောင်း၊ ဘာပစ္စည်းကိရိယာမှလည်းမလို အချိန်လည်း ဘယ်လောက်မှ မကုန်ကြောင်း ဒေါက်တာဝီးလ်က ဆိုပါတယ်။

လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့

၁။ ပါးစပ်ကနေတဆင့် အသက် လုံးဝရှူထုတ်ပါ။

၂။ ပါးစပ်စေ့လျက် နှာခေါင်းကနေတဆင့် စိတ်မှတ်ဖြင့် နံပါတ်စဉ် ၄ ခုအထိ အသက်ဖြည်းဖြည်းချင်း ရှူသွင်းပါ။

၃။ ပြီးနောက် နံပါတ်စဉ် ၇ ခုအထိ အသက်အောင့်ထားရပါမယ်။

၄။ ပါးစပ်ကနေ နံပါတ်စဉ် ၈ ခုအထိ အသက်ပြန်ရှူထုတ်ပါ။

၅။ ဒါ တစ်ခေါက်စာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းအတိုင်း နောက်ထပ် ၃ ကြိမ်၊ စုစုပေါင်း ၄ ကြိမ်လုပ်ပေးရပါမယ်။

ဒီအသက်ရှူလေ့ကျင့်ခန်က နှလုံးသွေးခုန်နှုန်း လျှော့ကျစေပြီး စိတ်ငြိမ်သက်စေပါလိမ့်မယ်။ အချိုးမှန်ကန်အောင်နဲ့ အသက်ရှူထုတ်/ရှူသွင်းလုပ်တိုင်း အာရုံစိုက်ရပါမယ်။ အရမ်းလွယ်ကူမယ့် ပုံတော့ရှိပါတယ်။ ဒါပေမယ့် ဘာမှမပြောဆိုခင် အရင်လုပ်သာကြည့်လိုက်ပါ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top