iMyanmarHouse.com - Best Property Website for Myanmar
×
၁ - ခြေဖျားလက်ဖျားအေး
၂ - နှာစေးချောင်းဆိုး
၃ - ဝက်ခြံ
၎ - နွမ်းနယ်လေးလံခြင်း
၅ - စိုးရိမ်မှု
Credit: duwun
Unicode Version
၁ - ခြေဖျားလက်ဖျားအေး
ခြေဖျားလက်ဖျားတွေ အေးနေတာဟာ သွေးလည်ပတ်မှု မကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ မနက်ပိုင်းရေချိုးတာက ဒီပြဿ     နာကို ဖြေရှင်းနိုင်ပါတယ်။ သွေးတွေဟာ အရေပြားထဲမှာ အလျင်အမြန်လျှောက်ပြီး သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။
၂ - နှာစေးချောင်းဆိုး
ကျန်းမာရေးကို ဂရုတစိုက်နေပေမဲ့ မကြာခဏ နှာစေး ချောင်းဆိုးဖြစ်နေတယ်ဆိုရင် မနက်ပိုင်းရေချိုးဖို့ စဉ်းစားသင့်ပါတယ်။ လေ့လာချက်တွေအရ မနက်ပိုင်းရေချိုးခြင်းဟာ ကိုယ်ခံအားစနစ်အတွက် သွေးဖြူဥတွေ ထုတ်လုပ်ရမှာ အထောက်အကူဖြစ်ပါတယ်။ ဘက်တီးရီယားနဲ့ အခြားပိုးမွှားတွေကို တိုက်ဖျက်ရာမှာလည်း ကူညီပေးပါတယ်။
၃ - ဝက်ခြံ
အဆီများပြီး ဝက်ခြံများတဲ့ အသားအရေဖြစ်နေတယ်ဆိုရင် မနက်ပိုင်း ရေချိုးသင့်ပါတယ်။ အရေပြားမှာ ရှိတဲ့ အဆီတွေကို ထိန်းညှိပေးပါတယ်။
၄ - နွမ်းနယ်လေးလံခြင်း
မနက်ပိုင်းထလို့ နွမ်းနယ်လေးလံနေတယ်ဆိုရင် ရေချိုးလိုက်သင့်တာ အမှန်ပါပဲ။ မနက်စောစောရေချိုးမှုဟာ အာရုံကြောစနစ်ကို မြှင့်တင်ပေးပြီး အဒရီနယ်ဂလင်းတွေကို လှုံ့ဆော်ပေးပါတယ်။ မနေ့က ဘယ်လိုဖြစ်ခဲ့ပါစေ မနက်ခင်းရေချိုးလိုက်ရင် လန်းဆန်းသွားတာတော့ အမှန်ပါပဲ။
၅ - စိုးရိမ်မှု
တစ်ခုုခုကို စိုးရိမ်လွန်တတ်တယ်ဆိုရင်လည်း မနက်ခင်းရေချိုးသင့်ပါတယ်။ ဒီလို ခံစားချက်တွေကို လျော့ပါးစေပါတယ်။ ဦးနှောက်ထံ သွေးလည်ပတ်မှုဟာ မြင့်မားလာပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
Credit: duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top