iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Trend Myanmar



Unicode Version

မျက်လုံးအောက်က ညိုမည်း၊ မို့ဖောင်းနေတဲ့ မျက်အိတ်တွေ အသေးမွှားဆုံးကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ရှိနေတာတွေက မျက်နှာရဲ့ အကြမ်းမခံ နူးညံ့တဲ့ နေရာတွေကို ထိခိုက်စေနိုင်ပါတယ်။

နောက်ဆုံးပေါ် မျက်ကြောလွှာလိမ်းခရင်မ်ကနေ ရေခဲပွတ်ခြင်းနဲ့ သခွားသီးကပ်တဲ့နည်းဟောင်းအထိ သင် စမ်းကြည့်ဖူးမယ်လို့ ထင်ပါတယ်။ "မျက်လုံးတစ်ဝိုက်မှာ ကြိုက်ရာ အလှပြင် ပစ္စည်းကောက်မလိမ်းသင့်ပါဘူး။ အထူးသဖြင့် နနွင်းကို လုံးဝမလိမ်းသင့်ဘူး" လို့ ဒေါက် Mark Jacquot ရဲ့ပြောဆိုချက်အရ သိရပါတယ်။ "မျက်လုံးအောက် အရေပြားဟာ အင်မတန်နူးညံ့ပြီး နနွင်းလို ပစ္စည်းမျိုးလိမ်းပါက ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဓာတ်မတည့်မှု၊ အရေပြားကျိန်းစပ်မှုနဲ့ တခြားမတော်တဆမှုတွေ ဖြစ်စေနိုင်တယ်" လို့ သူက ရှင်းပြပါတယ်။

နူးညံ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဆင်မပြေနိုင်တဲ့ အလှပစ္စည်းတွေ အသုံးမပြုခင် အန္တရာယ်ကင်းတဲ့နေရာတစ်ခုခုမှာ ဓာတ်မတည့်မှုရှိမရှိ စမ်းသပ်မှု မဖြစ်မနေ အရင်ပြုလုပ်ပြီး အန္တရာယ်ကို ရှောင်ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top