iMyanmarHouse.com - Best Property Website for Myanmar
×
Credit:mmgentleman
Unicode Version
အရာရာဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းမြင်သာလာတဲ့ခေတ်ကြီးထဲမှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လေ့လာဖော်ထုတ်မှုတွေ အများကြီးကိုလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ လိင်ဖျော်ဖြေရေးပစ္စည်းတွေကိုလည်း ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်ပြီဖြစ်သလို 50 Shades of Grey လို ဇာတ်ကားတွေကြောင့်လည်း လိင်မှုအသိပညာတွေ တိုးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပွင့်လင်းမြင်သာလာတဲ့အချိန်မှာတောင်မှ တစ်ချို့သောကိစ္စတွေကို မကောင်းမြင်နေတတ်ကြပါသေးတယ်။ အထူးသဖြင့် လိင်တံ အရွယ်အစား သေးငယ်တဲ့ကိစ္စဖြစ်ပါတယ်။
လိင်တံသေးငယ်တဲ့ကိစ္စဟာ လူအများစုအတွက် စိတ်ပျက်စရာတစ်ခုဖြစ်နေဆဲပါပဲ။ လိင်တံသေးငယ်တဲ့သူတွေကို လှောင်ပြောင်စရာတစ်ခုလို့ ထင်မြင်နေကြပြီး အရွယ်အစားကြီးမှသာ မိန်းကလေးတွေက သဘောကျတယ်လို့ ယူဆထားတတ်ကြပါတယ်။ တကယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အချက်တွေ ပျောက်ဆုံးနေပါတယ်။ သာမာန်အရွယ်အစားရှိတဲ့ လိင်တံဟာ (၅.၁၆)လက်မသာ ရှိတဲ့အတွက် အပြာကားတွေထဲမှာ မြင်နေကျအရွယ်အစားတွေနဲ့အများကြီး ကွာခြားနေပါတယ်။ နောက်ထပ်တစ်ချက်က အမျိုးသားတွေရဲ့ (၁၆)ရာခိုင်နှုန်းမှာပဲ (၄.၅)လက်မထက် သေးငယ်တဲ့ ပစ္စည်းတွေရှိတတ်ကြပါတယ်။ ဒါ့ကြောင့် သာမန်ထက်အရွယ်အစားသေးငယ်တဲ့အမျိုးသားဦးရေက အနည်းငယ်သာ ရှိပါတယ်။ ဒီလို လိင်တံအရွယ်အစားသေးငယ်တာကလည်း တကယ်တမ်းတော့ ပြဿနာမဟုတ်ပါဘူး။ သူတို့ကလည်း သူအတိုင်းအတာနဲ့သူ သာယာကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် အရွယ်အစားသေးငယ်တဲ့လိင်တံတွေက ကောင်းတဲ့အချက်(၃)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လိင်တံသေးငယ်တာက လိင်မှုကိစ္စအတွေ့အကြုံမရှိသေးသူတွေအတွက် အဆင်ပြေပါတယ်။
တစ်ခါမှ လိင်ဆက်ဆံမှုမလုပ်ဖူးသေးတဲ့ အပျိုစင်မိန်းကလေးတွေအတွက်တော့ အရွယ်အစားသေးငယ်တဲ့ လိင်တံတွေက အဆင်ပြေချောမွေ့စေပါတယ်။ သူတို့အတွက် အပြာကားတွေထဲကလို ခြောက်ခြားစရာ နာကျင်ရတဲ့အတွေ့အကြုံတွေ မခံစားရစေပဲ ကာမအရသာကို အပြည့်အဝခံစားရစေပါတယ်။
၂။ လိင်တံသေးငယ်သူတွေက အိပ်ရာထဲမှာ စွမ်းဆောင်ရည်ပိုကောင်းတတ်ကြပါတယ်။
အိပ်ရာထဲမှာ အပြန်အလှန်စိတ်ကျေနပ်မှု ရရှိစေဖို့က လိင်တံအရွယ်အစားနဲ့သက်ဆိုင်တယ်ဆိုတဲ့ အယူအဆက ယုံတမ်းစကားသက်သက်ဖြစ်ပါတယ်။ လိင်တံသေးငယ်သူတွေအတွက် နှစ်ဦးစလုံး စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ့် ဆက်ဆံပုံနည်းစနစ်တွေ အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေကို အသုံးချခြင်းအားဖြင့် အကောင်းဆုံလိင်မှုအရသာကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် လိင်စိတ်နှိုးဆွဖို့အတွက် လက်ချောင်းတွေ၊ ပါးစပ်နဲ့ အခြားအထောက်အကူပြုပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် လိင်တံအရွယ်အစားက အရေးပါတဲ့ကိစ္စမဟုတ်တော့ပါဘူး။
၃။ လိင်တံသေးငယ်တာက မိန်းမကိုယ်သေးငယ်သူတွေအတွက် ကောင်းပါတယ်။
အမျိုးသားတွေမှာ လိင်တံအရွယ်အစားအမျိုးမျိုးရှိတတ်သလိုပါပဲ။ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အရွယ်အစား အမျိုးမျိုးရှိတတ်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်အရွယ်အစား သေးငယ်တဲ့ အမျိုးသမီးတွေအတွက် လိင်တံအရွယ်စားသေးငယ်တာက ခံစားမှုပိုကောင်းပြီး မနာမကျဉ်ပဲ ကာမအရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။
Credit:mmgentleman
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top