iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ား ေတာ္ေတာ္မ်ားမ်ားဟာ မိန္းကေလးေတြကို ဘယ္လိုဆြဲေဆာင္ရမလဲဆိုတာ သိတယ္ထင္ၾကမွာပါ။ ဒါေပမယ့္ မိန္းကေလးေတြကို တကယ္ဆြဲေဆာင္တဲ့အရာေတြက ေယာက္်ားေတြအထင္နဲ႔ လြဲႏိုင္ပါတယ္။ ႐ုပ္႐ွင္နဲ႔ မဂၢဇင္းေတာ္ေတာ္မ်ားမ်ားဟာ ဗလေတာင့္ေတာင့္ ေယာက္်ားပီသတဲ့သူေတြကို မိန္းကေလးေတြ ေႂကြတယ္ ေျပာၾကပါတယ္။ ဒါေပမယ့္ တကယ္ မိန္းကေလးေတြကို စစ္တမ္းေကာက္ၾကည့္ေတာ့ သူတို႔ကို တကယ္ေႂကြေစတာက ကြၽန္ေတာ္တို႔ မထင္ထားတဲ့ ထူးျခားတဲ့ အခ်က္ေလးေတြ ပါေနတာကို ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ မစဥ္းစားမိတဲ့ မိန္းကေလးေတြ ေႂကြတဲ့ အခ်က္ ၁၂ ခ်က္ကို ေအာက္မွာေရးျပထားပါတယ္။

၁. အဝတ္အစားကို ဂ႐ုစိုက္တတ္ျခင္း

ေယာက္်ားေလးေတြက အဝတ္အစားကို အရမ္းဂ႐ုမစိုက္တတ္ၾကပါဘူး။ ညစ္ပါတ္မေနရင္ ရၿပီ ထင္ၾကေပမယ့္ မိန္းကေလးေတြကေတာ့ အဝတ္အစားဂ႐ုစိုက္တဲ့ ေကာင္ေလးေတြကို ေႂကြတတ္ၾကပါတယ္။ ေဘာင္းဘီတိုေတြ ဂ်င္းေဘာင္းဘီ အက်ပ္ေတြကို စတိုင္က်က်ဝတ္တတ္တဲ့ ေယာက္်ားေလးေတြကို မိန္းကေလးေတြ ေႂကြၾကဖို႔ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။

၂.ဆံႏြယ္ေလးေတြကို ကစားေပးျခင္း

ဒါကေတာ့ အထူးအေထြ ေျပာစရာမလိုပါဘူး။ ခ်စ္သူရဲ႕ ရင္ခြင္ထဲမွာလွဲေနရၿပီး သူ႔ရဲ႕ဆံပင္ေလးေတြကို သပ္ေပးတာခံေနရတာ မိန္းကေလးေတြအတြက္ နိဗၺာန္ပါပဲ။ ခ်စ္သူေလးရဲ႕ ေခါင္းေလးကို ႏွိပ္ေပးၾကည့္ပါ။ မိန္းကေလးေတြ အရမ္းေႂကြတဲ့ အျပဳအမူေလးေပါ့။

၃. စိတ္႐ွည္႐ွည္ ေျပေျပလည္လည္ စကားေျပာေပးျခင္း

အျငင္းမသန္ပဲ ေျပေျပလည္လည္ စကားေျပာတတ္တဲ့သူေတြကို လူတိုင္းသေဘာက်ပါတယ္။ မိန္းကေလးေတြအတြက္ အမွန္ကိုလက္မခံပဲ အတင္းကတ္တီးကတ္ဖဲ့ စကားေျပာတတ္တဲ့သူေတြက အျမင္ကပ္ဖို႔ အေကာင္းဆံုးပါ။ စကားေကာင္းေကာင္းေျပာတတ္တဲ့သူေတြကိုေတာ့ ေႂကြမွာ မလြဲပါဘူး။

၄.မီးဖိုေခ်ာင္ ဝင္ျခင္း

အစားေကာင္းေကာင္း မႀကိဳက္တဲ့သူ မ႐ွိပါဘူး။ ဟင္းေကာင္းေကာင္းတစ္ခြက္ေလာက္ ခ်က္ျပလိုက္ႏိုင္ရင္ ေကာင္မေလးေတြ သေဘာက်တတ္ၾကပါတယ္။ မနက္ေစာေစာ ခ်စ္သူမႏိုးခင္ အရင္ထၿပီး မနက္စာျပင္ေပးထားတာမ်ိဳးဆို ေႂကြသြားမွာ အေသအခ်ာပါ။ ေကာ္ဖီေလးတစ္ခြက္ ျဖစ္ျဖစ္ေပါ့။

၅. တျခား ေျဖာင့္တဲ့ေကာင္ေတြကို လက္ခံေပးျခင္း

ဒါက နည္းနည္းထူးျခားပါတယ္။ တျခား ေျဖာင့္တဲ့ေကာင္ေတြကို အျပစ္မေျပာပဲ လက္ခံေပးႏိုင္တဲ့ ေကာင္ေလးေတြကို မိန္းကေလးေတြ သေဘာက်တတ္ၾကပါတယ္။ တျခားေျဖာင့္တဲ့ေကာင္ေတြေတြ႕တိုင္း “ေဂးပါကြာ” ပဲေျပာေနရင္ မနာလိုစိတ္ အရမ္းႀကီးတယ္ ထင္သြားပါလိမ့္မယ္။

၆. တိရိစာၦန္ ခ်စ္တတ္ျခင္း

ေခြးေလး၊ ေၾကာင္ေလးေတြကို စကားေျပာၾကည့္ပါ။ ရယ္စရာေကာင္းတဲ့ အသံနဲ႔ေပါ့။ အဲဒါမ်ိဳးကို မိန္းကေလးေတြႀကိဳက္တယ္ဆိုတာ ေတာ္ေတာ္ထူးဆန္းပါတယ္။ တိရစာၦန္ေလးေတြကိုခ်စ္တတ္ၿပီး သူတို႔နဲ႔ ကစားတတ္တဲ့ ေကာင္ေလးေတြက ဆြဲေဆာင္မႈ အရမ္း႐ွိပါတယ္.. တဲ့။

၇. ကတဲ့အခါ

ေယာက္်ားေတာ္ေတာ္မ်ားမ်ားက မကခ်င္ၾကပါဘူး။ ဒါေပမယ့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လြတ္လြတ္လပ္လပ္ေနတတ္ရင္ မိန္းကေလးေတြေ႐ွ႕မွာ အမွတ္ပိုရမွာပါ။ ကဖို႔ အရမ္းမ႐ွက္ပါနဲ႔။ မီးဖိုေခ်ာင္ထဲမွာျဖစ္ျဖစ္ ကၾကည့္လိုက္ပါ။

၈.စာအုပ္ဖတ္တဲ့အခါ

တျခားသူေတြရဲ႕ ဘဝကို စိတ္ဝင္စားၿပီး စာဖတ္ဝါသနာပါတာကို မိန္းကေလးေတြ ႀကိဳက္ၾကပါတယ္။

၉. အနံ႔အသက္ ေကာင္းျခင္း

ေယာက္်ားေတာ္ေတာ္မ်ားမ်ား သတိမထားမိတတ္ၾကပါဘူး။ ကိုယ္နံ႔မ႐ွိရံုနဲ႔ မရပါဘူး။ ကိုယ္နံ႔ေကာင္းေနဖို႔လဲ လိုပါေသးတယ္။ ေယာက္်ားေလးသံုးေရေမႊး တစ္ခုခုဝယ္သံုးၿပီး မိန္းကေလးေတြ သတိထားမိလာမွာကို ေစာင့္ၾကည့္လိုက္ပါ။

၁၀. သူတို႔ကို နားေထာင္ေပးတဲ့အခါ

မိန္းကေလးေတြက သူတို႔စကား နားေထာင္ေပးတာ ႀကိဳက္ပါတယ္။ မိန္းကေလးေတြ သေဘာက်ဖို႔ဆို အဓိက အေရးအႀကီးဆံုးက သူတို႔ေျပာေနတာကို စိတ္ပါလက္ပါ နားေထာင္ေပးပါ။ အင္းအဲ ခ်ည္း မလုပ္ပါနဲ႔။ ျပန္ၿပီးေတာ့ ေသခ်ာ ေဆြးေႏြး စကားလိုက္ေျပာေပးပါ။ အဲဒါက အားလံုးထဲမွာ အေရးအႀကီးဆံုး အခ်က္ပါပဲ။

၁၁. သင့္အတြက္ အလုပ္လုပ္ေပးတဲ့သူေတြကို ေလးစားျခင္း

ၾကင္နာတတ္တဲ့သူေတြကို ေကာင္မေလးေတြ သေဘာက်ပါတယ္။ စားေသာက္ဆိုင္ တူတူသြားရင္ေတာင္ စားပြဲထိုးကို ေလးေလးစားစား ၾကင္ၾကင္နာနာ ဆက္ဆံပါ။ သင့္ခ်စ္သူ ေႂကြသြားပါလိမ့္မယ္။

၁၂. အိပ္ရာျပင္တဲ့အခါ

ထူးထူးျခားျခား အခ်က္ေတြထဲက တစ္ခုကေတာ့ ေကာင္မေလးေတြဟာ ေကာင္ေလးေတြ အိပ္ရာျပင္ေနတာကို ထိုင္ၾကည့္ေနရတာ အရမ္းႀကိဳက္ပါတယ္။ သူတို႔ၾကည့္လို႔မဝဘူးလို႔ ဆိုပါတယ္။ အခုပဲ အိပ္ရာေကာင္းေကာင္းျပင္တတ္ေအယင္ က်င့္လိုက္ပါေတာ့။

Credit:mmgentleman

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောက်ျား တော်တော်များများဟာ မိန်းကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သိတယ်ထင်ကြမှာပါ။ ဒါပေမယ့် မိန်းကလေးတွေကို တကယ်ဆွဲဆောင်တဲ့အရာတွေက ယောက်ျားတွေအထင်နဲ့ လွဲနိုင်ပါတယ်။ ရုပ်ရှင်နဲ့ မဂ္ဂဇင်းတော်တော်များများဟာ ဗလတောင့်တောင့် ယောက်ျားပီသတဲ့သူတွေကို မိန်းကလေးတွေ ကြွေတယ် ပြောကြပါတယ်။ ဒါပေမယ့် တကယ် မိန်းကလေးတွေကို စစ်တမ်းကောက်ကြည့်တော့ သူတို့ကို တကယ်ကြွေစေတာက ကျွန်တော်တို့ မထင်ထားတဲ့ ထူးခြားတဲ့ အချက်လေးတွေ ပါနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မစဉ်းစားမိတဲ့ မိန်းကလေးတွေ ကြွေတဲ့ အချက် ၁၂ ချက်ကို အောက်မှာရေးပြထားပါတယ်။

၁. အဝတ်အစားကို ဂရုစိုက်တတ်ခြင်း

ယောက်ျားလေးတွေက အဝတ်အစားကို အရမ်းဂရုမစိုက်တတ်ကြပါဘူး။ ညစ်ပါတ်မနေရင် ရပြီ ထင်ကြပေမယ့် မိန်းကလေးတွေကတော့ အဝတ်အစားဂရုစိုက်တဲ့ ကောင်လေးတွေကို ကြွေတတ်ကြပါတယ်။ ဘောင်းဘီတိုတွေ ဂျင်းဘောင်းဘီ အကျပ်တွေကို စတိုင်ကျကျဝတ်တတ်တဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေ ကြွေကြဖို့ ရာနှုန်းပြည့် သေချာပါတယ်။

၂.ဆံနွယ်လေးတွေကို ကစားပေးခြင်း

ဒါကတော့ အထူးအထွေ ပြောစရာမလိုပါဘူး။ ချစ်သူရဲ့ ရင်ခွင်ထဲမှာလှဲနေရပြီး သူ့ရဲ့ဆံပင်လေးတွေကို သပ်ပေးတာခံနေရတာ မိန်းကလေးတွေအတွက် နိဗ္ဗာန်ပါပဲ။ ချစ်သူလေးရဲ့ ခေါင်းလေးကို နှိပ်ပေးကြည့်ပါ။ မိန်းကလေးတွေ အရမ်းကြွေတဲ့ အပြုအမူလေးပေါ့။

၃. စိတ်ရှည်ရှည် ပြေပြေလည်လည် စကားပြောပေးခြင်း

အငြင်းမသန်ပဲ ပြေပြေလည်လည် စကားပြောတတ်တဲ့သူတွေကို လူတိုင်းသဘောကျပါတယ်။ မိန်းကလေးတွေအတွက် အမှန်ကိုလက်မခံပဲ အတင်းကတ်တီးကတ်ဖဲ့ စကားပြောတတ်တဲ့သူတွေက အမြင်ကပ်ဖို့ အကောင်းဆုံးပါ။ စကားကောင်းကောင်းပြောတတ်တဲ့သူတွေကိုတော့ ကြွေမှာ မလွဲပါဘူး။

၄.မီးဖိုချောင် ဝင်ခြင်း

အစားကောင်းကောင်း မကြိုက်တဲ့သူ မရှိပါဘူး။ ဟင်းကောင်းကောင်းတစ်ခွက်လောက် ချက်ပြလိုက်နိုင်ရင် ကောင်မလေးတွေ သဘောကျတတ်ကြပါတယ်။ မနက်စောစော ချစ်သူမနိုးခင် အရင်ထပြီး မနက်စာပြင်ပေးထားတာမျိုးဆို ကြွေသွားမှာ အသေအချာပါ။ ကော်ဖီလေးတစ်ခွက် ဖြစ်ဖြစ်ပေါ့။

၅. တခြား ဖြောင့်တဲ့ကောင်တွေကို လက်ခံပေးခြင်း

ဒါက နည်းနည်းထူးခြားပါတယ်။ တခြား ဖြောင့်တဲ့ကောင်တွေကို အပြစ်မပြောပဲ လက်ခံပေးနိုင်တဲ့ ကောင်လေးတွေကို မိန်းကလေးတွေ သဘောကျတတ်ကြပါတယ်။ တခြားဖြောင့်တဲ့ကောင်တွေတွေ့တိုင်း “ဂေးပါကွာ” ပဲပြောနေရင် မနာလိုစိတ် အရမ်းကြီးတယ် ထင်သွားပါလိမ့်မယ်။

၆. တိရိစ္ဆာန် ချစ်တတ်ခြင်း

ခွေးလေး၊ ကြောင်လေးတွေကို စကားပြောကြည့်ပါ။ ရယ်စရာကောင်းတဲ့ အသံနဲ့ပေါ့။ အဲဒါမျိုးကို မိန်းကလေးတွေကြိုက်တယ်ဆိုတာ တော်တော်ထူးဆန်းပါတယ်။ တိရစ္ဆာန်လေးတွေကိုချစ်တတ်ပြီး သူတို့နဲ့ ကစားတတ်တဲ့ ကောင်လေးတွေက ဆွဲဆောင်မှု အရမ်းရှိပါတယ်.. တဲ့။

၇. ကတဲ့အခါ

ယောက်ျားတော်တော်များများက မကချင်ကြပါဘူး။ ဒါပေမယ့် ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေတတ်ရင် မိန်းကလေးတွေရှေ့မှာ အမှတ်ပိုရမှာပါ။ ကဖို့ အရမ်းမရှက်ပါနဲ့။ မီးဖိုချောင်ထဲမှာဖြစ်ဖြစ် ကကြည့်လိုက်ပါ။

၈.စာအုပ်ဖတ်တဲ့အခါ

တခြားသူတွေရဲ့ ဘဝကို စိတ်ဝင်စားပြီး စာဖတ်ဝါသနာပါတာကို မိန်းကလေးတွေ ကြိုက်ကြပါတယ်။

၉. အနံ့အသက် ကောင်းခြင်း

ယောက်ျားတော်တော်များများ သတိမထားမိတတ်ကြပါဘူး။ ကိုယ်နံ့မရှိရုံနဲ့ မရပါဘူး။ ကိုယ်နံ့ကောင်းနေဖို့လဲ လိုပါသေးတယ်။ ယောက်ျားလေးသုံးရေမွှေး တစ်ခုခုဝယ်သုံးပြီး မိန်းကလေးတွေ သတိထားမိလာမှာကို စောင့်ကြည့်လိုက်ပါ။

၁၀. သူတို့ကို နားထောင်ပေးတဲ့အခါ

မိန်းကလေးတွေက သူတို့စကား နားထောင်ပေးတာ ကြိုက်ပါတယ်။ မိန်းကလေးတွေ သဘောကျဖို့ဆို အဓိက အရေးအကြီးဆုံးက သူတို့ပြောနေတာကို စိတ်ပါလက်ပါ နားထောင်ပေးပါ။ အင်းအဲ ချည်း မလုပ်ပါနဲ့။ ပြန်ပြီးတော့ သေချာ ဆွေးနွေး စကားလိုက်ပြောပေးပါ။ အဲဒါက အားလုံးထဲမှာ အရေးအကြီးဆုံး အချက်ပါပဲ။

၁၁. သင့်အတွက် အလုပ်လုပ်ပေးတဲ့သူတွေကို လေးစားခြင်း

ကြင်နာတတ်တဲ့သူတွေကို ကောင်မလေးတွေ သဘောကျပါတယ်။ စားသောက်ဆိုင် တူတူသွားရင်တောင် စားပွဲထိုးကို လေးလေးစားစား ကြင်ကြင်နာနာ ဆက်ဆံပါ။ သင့်ချစ်သူ ကြွေသွားပါလိမ့်မယ်။

၁၂. အိပ်ရာပြင်တဲ့အခါ

ထူးထူးခြားခြား အချက်တွေထဲက တစ်ခုကတော့ ကောင်မလေးတွေဟာ ကောင်လေးတွေ အိပ်ရာပြင်နေတာကို ထိုင်ကြည့်နေရတာ အရမ်းကြိုက်ပါတယ်။ သူတို့ကြည့်လို့မဝဘူးလို့ ဆိုပါတယ်။ အခုပဲ အိပ်ရာကောင်းကောင်းပြင်တတ်အေယင် ကျင့်လိုက်ပါတော့။


Credit:mmgentleman



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top