iMyanmarHouse.com - Best Property Website for Myanmar
×

ႏွာေစးႏွာပိတ္ ေရာဂါသည္ ေအးေသာ ဥတုတြင္ အျဖစ္မ်ားေသာ ေရာဂါျဖစ္သည္။ ေအးေသာ ရာသီမွ ျဖစ္ေသာ ေရာဂါသည္ မေပ်ာက္ကင္းဘဲ ပူေသာဥတု အထိ ကူးသြားလွ်င္ ထိပ္ကပ္နာ အဆင့္အထိ ေရာက္ရွိ သြားတတ္ ေပသည္။ ထိပ္ကပ္နာ ျဖစ္လွ်င္ နာတာရွည္ ျဖစ္ၿပီး ကုသရ ခက္ခဲ
သျဖင့္ အေအးပတ္လွ်င္ ႏွာေစးလွ်င္ သာမန္အဆင့္ တြင္ပင္ ေပ်ာက္ကင္းေအာင္ ကုသသင့္သည္။

ႏွာေစးသည္ ဆိုသည္မွာ အဆုတ္ေလဝင္ ေလထြက္ ေလျပြန္ လမ္းေၾကာင္းတြင္ အေအးဓာတ္ ဝင္ေအာင္း ေနသျဖင့္ ေလျပြန္နံရံမွ အခြၽဲ အရည္မ်ား ထြက္လာၿပီး အသက္ျပန္႐ွဴ ထုတ္ေသာအခါ ႏွာရည္၊ ႏွပ္ရည္အျဖစ္ ထြက္က်လာျခင္း ျဖစ္သည္။ ထို ႏွပ္ရည္သည္ ပထမ ပိုင္း
တြင္ အရည္က်ဲ ထြက္ရာမွ ၾကာလာေသာ အခါ အရည္ပ်စ္ပ်စ္ မ်ား ထြက္လာသည္။ အထြက္မ်ားေသာ အခါ ေရွ႕မွထြက္ေသာ အရည္သည္ ပ်စ္ခဲၿပီး ပိတ္ေနလွ်င္ ေနာက္မွ ထြက္ေသာ အရည္သည္ ပိတ္ဆို႔ ခံရသျဖင့္ ေလဝင္ေလထြက္ လမ္းပိတ္ၿပီး အသက္႐ွဴ မဝေသာ ေရာဂါ၊ ရင္က်ပ္ေရာဂါမ်ား ျဖစ္လာႏုိင္သည္။

ႏွပ္ရည္ထြက္ ေစရန္ ျပင္းထန္စြာ ညႇစ္ထုတ္ျခင္း၊ ႏွာေခါင္း တစ္ဖက္ေပါက္ကို လက္ျဖင့္ ညႇစ္ပိတ္ၿပီး ညႇစ္အား ျပင္းျပင္းျဖင့္ညႇစ္ထုတ္ရာမွ ႏွာ႐ိုးရင္းတြင္ရွိေသာ ေသြးေၾကာႏွင့္အသားႏုမ်ား ေရာင္တတ္
သည္။ ႏွာေခါင္းတြင္ ႏွာ႐ိုးရင္းမွအရြတ္ႏုေရာင္ၿပီး ေဖာင္းလာကာ ေလ
ဝင္ေပါက္ကို ပိတ္သြား ေစႏိုင္သည္။

အခ်ဳိ႕ သူမ်ားတြင္ ဖုန္မႈန္႔ႏွင့္ မသန္႔ရွင္းေသာ အမႈန္အမႊားမ်ား မိႈႏွင့္ မေကာင္းေသာ အနံ႔အသက္မ်ား၊ ပိုးပါေသာ အညစ္အေၾကးမ်ား ဝင္ေရာက္ရာမွ အတြင္း၌ ျပည္တည္ၿပီး ႏွပ္ပုပ္မ်ား က်ဆင္း လာတတ္သည္။ အနံ႔ဆိုးမ်ားႏွင့္ ေသြးစေသြးနမ်ား ပါတတ္သည္။ ပက္လက္အိပ္လွ်င္ ထိုႏွပ္ပုပ္ရည္ မ်ား အဆုတ္ အတြင္းသို႔ ျပန္ဝင္ၿပီး ရင္က်ပ္ လာသျဖင့္ ညတြင္ အိပ္မရဘဲ ငုတ္တုပ္ထိုင္ေနမွ အသက္႐ွဴ မဝသည့္ အေျခအေနသို႔ ေရာက္သြား တတ္သည္။

ႏွာေစးႏွာပိတ္ ေရာဂါသည္ ဦးေခါင္းငယ္ထိပ္ အေအးပတ္ျခင္း ေၾကာင့္လည္း ျဖစ္ႏုိင္သည္။ ႏွင္းက်ခ်ိန္၊ မိုးက်ခ်ိန္တြင္ ဦးထုပ္ ေခါင္းေဆာင္း မပါဘဲ အျပင္ထြက္ သူမ်ားတြင္ ျဖစ္ေလ့ရွိသျဖင့္ ေအးေသာ ရာသီတြင္ အျပင္ထြက္လွ်င္ ငယ္ထိပ္ကို လံုေစေသာ ဦးထုပ္၊ ဦးေခါင္း ႏွင့္ နားရြက္ကို ဖံုးအုပ္ႏုိင္ေသာ ဦးထုပ္မ်ဳိး ေဆာင္းထားျခင္းျဖင့္ ကာကြယ္ႏုိင္သည္။

ႏွာေစးႏွာပိတ္ ရာမွ ေခါင္းကိုက္ ေရာဂါလည္း ျဖစ္ႏုိင္သည္။ ထိုသို႔ျဖစ္လွ်င္ သက္သာ ေစႏုိင္ေသာနည္းမွာ ကြမ္းရြက္ကို မီးအပူ အနည္းငယ္ ျပၿပီး ျပားေစ့အရြယ္ခန္႔ အဝိုင္းဖဲ့ယူၿပီး နားထင္ႏွစ္ဖက္ တြင္ ကပ္ေပးပါ။ ပ႐ုတ္ဆီကို ေၾကြပန္းကန္လံုး တြင္သုတ္ၿပီး ေရေႏြးအျဖဴ ပူပူ ေလာင္းထည့္ၿပီး အေငြ႕ကို လက္ႏွစ္ဖက္ျဖင့္ အုပ္၍ ႐ွဴေပးပါ။

မိႈင္း႐ွဴေဆးနည္းမွာ-
၁။ ႀတိကဋဳတ္သံုးပါး ၁က်ပ္သားစီ
၂။ မိႆလင္ ၁က်ပ္သား
၃။ ယင္းျပား ၁က်ပ္သား
၄။ လက္ဖက္ျမစ္ ၁က်ပ္သား
၅။ ကန္႔ခ်ဳပ္နီ ၁က်ပ္သား
၆။ နံ႔သာျဖဴ ၁၅က်ပ္သား
(စုစုေပါင္းေဆးခ်ိန္ ၂၂က်ပ္သား)

အထက္ပါ ေဆးမ်ားကို အမႈန္႔ျပဳလုပ္ပါ။ နံ႔သာျဖဴကို လႊစာမႈန္႔ ကဲ့သို႔ အမႈန္႔ၾကမ္း ထည့္ပါ။ စေလာင္းဖံုး သန္႔သန္႔တြင္ မီးခဲထည့္၍ ေဆးမႈန္႔ကို ျဖဴးၿပီး တက္လာေသာ အေငြ႕ကို ႐ွဴေပးပါ။ ႏွာေခါင္းေပါက္မွ ငယ္ထိပ္အထိ ေပါက္ေအာင္ နႏြင္းမိႈင္း ႐ွဴသကဲ့သို႔ ႐ွဴေပးပါ။ ရွင္နာဂသိန္ ၏ေ ဆးပညာ ဥပေဒသက်မ္း မွ ေဆးနည္း ျဖစ္ပါသည္။
Credit : Yadanarpondaily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှာစေးနှာပိတ် ရောဂါသည် အေးသော ဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အေးသော ရာသီမှ ဖြစ်သော ရောဂါသည် မပျောက်ကင်းဘဲ ပူသောဥတု အထိ ကူးသွားလျှင် ထိပ်ကပ်နာ အဆင့်အထိ ရောက်ရှိ သွားတတ် ပေသည်။ ထိပ်ကပ်နာ ဖြစ်လျှင် နာတာရှည် ဖြစ်ပြီး ကုသရ ခက်ခဲ
သဖြင့် အအေးပတ်လျှင် နှာစေးလျှင် သာမန်အဆင့် တွင်ပင် ပျောက်ကင်းအောင် ကုသသင့်သည်။

နှာစေးသည် ဆိုသည်မှာ အဆုတ်လေဝင် လေထွက် လေပြွန် လမ်းကြောင်းတွင် အအေးဓာတ် ဝင်အောင်း နေသဖြင့် လေပြွန်နံရံမှ အချွဲ အရည်များ ထွက်လာပြီး အသက်ပြန်ရှူ ထုတ်သောအခါ နှာရည်၊ နှပ်ရည်အဖြစ် ထွက်ကျလာခြင်း ဖြစ်သည်။ ထို နှပ်ရည်သည် ပထမ ပိုင်း
တွင် အရည်ကျဲ ထွက်ရာမှ ကြာလာသော အခါ အရည်ပျစ်ပျစ် များ ထွက်လာသည်။ အထွက်များသော အခါ ရှေ့မှထွက်သော အရည်သည် ပျစ်ခဲပြီး ပိတ်နေလျှင် နောက်မှ ထွက်သော အရည်သည် ပိတ်ဆို့ ခံရသဖြင့် လေဝင်လေထွက် လမ်းပိတ်ပြီး အသက်ရှူ မဝသော ရောဂါ၊ ရင်ကျပ်ရောဂါများ ဖြစ်လာနိုင်သည်။

နှပ်ရည်ထွက် စေရန် ပြင်းထန်စွာ ညှစ်ထုတ်ခြင်း၊ နှာခေါင်း တစ်ဖက်ပေါက်ကို လက်ဖြင့် ညှစ်ပိတ်ပြီး ညှစ်အား ပြင်းပြင်းဖြင့်ညှစ်ထုတ်ရာမှ နှာရိုးရင်းတွင်ရှိသော သွေးကြောနှင့်အသားနုများ ရောင်တတ်
သည်။ နှာခေါင်းတွင် နှာရိုးရင်းမှအရွတ်နုရောင်ပြီး ဖောင်းလာကာ လေ
ဝင်ပေါက်ကို ပိတ်သွား စေနိုင်သည်။

အချို့ သူများတွင် ဖုန်မှုန့်နှင့် မသန့်ရှင်းသော အမှုန်အမွှားများ မှိုနှင့် မကောင်းသော အနံ့အသက်များ၊ ပိုးပါသော အညစ်အကြေးများ ဝင်ရောက်ရာမှ အတွင်း၌ ပြည်တည်ပြီး နှပ်ပုပ်များ ကျဆင်း လာတတ်သည်။ အနံ့ဆိုးများနှင့် သွေးစသွေးနများ ပါတတ်သည်။ ပက်လက်အိပ်လျှင် ထိုနှပ်ပုပ်ရည် များ အဆုတ် အတွင်းသို့ ပြန်ဝင်ပြီး ရင်ကျပ် လာသဖြင့် ညတွင် အိပ်မရဘဲ ငုတ်တုပ်ထိုင်နေမှ အသက်ရှူ မဝသည့် အခြေအနေသို့ ရောက်သွား တတ်သည်။

နှာစေးနှာပိတ် ရောဂါသည် ဦးခေါင်းငယ်ထိပ် အအေးပတ်ခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ နှင်းကျချိန်၊ မိုးကျချိန်တွင် ဦးထုပ် ခေါင်းဆောင်း မပါဘဲ အပြင်ထွက် သူများတွင် ဖြစ်လေ့ရှိသဖြင့် အေးသော ရာသီတွင် အပြင်ထွက်လျှင် ငယ်ထိပ်ကို လုံစေသော ဦးထုပ်၊ ဦးခေါင်း နှင့် နားရွက်ကို ဖုံးအုပ်နိုင်သော ဦးထုပ်မျိုး ဆောင်းထားခြင်းဖြင့် ကာကွယ်နိုင်သည်။

နှာစေးနှာပိတ် ရာမှ ခေါင်းကိုက် ရောဂါလည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် သက်သာ စေနိုင်သောနည်းမှာ ကွမ်းရွက်ကို မီးအပူ အနည်းငယ် ပြပြီး ပြားစေ့အရွယ်ခန့် အဝိုင်းဖဲ့ယူပြီး နားထင်နှစ်ဖက် တွင် ကပ်ပေးပါ။ ပရုတ်ဆီကို ကြွေပန်းကန်လုံး တွင်သုတ်ပြီး ရေနွေးအဖြူ ပူပူ လောင်းထည့်ပြီး အငွေ့ကို လက်နှစ်ဖက်ဖြင့် အုပ်၍ ရှူပေးပါ။

မှိုင်းရှူဆေးနည်းမှာ-
၁။ တြိကဋုတ်သုံးပါး ၁ကျပ်သားစီ
၂။ မိဿလင် ၁ကျပ်သား
၃။ ယင်းပြား ၁ကျပ်သား
၄။ လက်ဖက်မြစ် ၁ကျပ်သား
၅။ ကန့်ချုပ်နီ ၁ကျပ်သား
၆။ နံ့သာဖြူ ၁၅ကျပ်သား
(စုစုပေါင်းဆေးချိန် ၂၂ကျပ်သား)

အထက်ပါ ဆေးများကို အမှုန့်ပြုလုပ်ပါ။ နံ့သာဖြူကို လွှစာမှုန့် ကဲ့သို့ အမှုန့်ကြမ်း ထည့်ပါ။ စလောင်းဖုံး သန့်သန့်တွင် မီးခဲထည့်၍ ဆေးမှုန့်ကို ဖြူးပြီး တက်လာသော အငွေ့ကို ရှူပေးပါ။ နှာခေါင်းပေါက်မှ ငယ်ထိပ်အထိ ပေါက်အောင် နနွင်းမှိုင်း ရှူသကဲ့သို့ ရှူပေးပါ။ ရှင်နာဂသိန် ၏ေ ဆးပညာ ဥပဒေသကျမ်း မှ ဆေးနည်း ဖြစ်ပါသည်။
Credit : Yadanarpondaily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top