iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဦးစြာ သူငယ္ခ်င္းမ်ားႏွင့္ မွ်ေ၀ခ်င္တာကေတာ့ ဆား၀က္ျခံေတြကို အိမ္သံုးပစၥည္းေလးမ်ားႏွင့္ အလြယ္တကူ ဘယ္လိုႏွိမ္နင္းရမလဲဆိုတဲ့ အေၾကာင္းအရာေလးပဲျဖစ္ပါတယ္ရွင္

နွာေခါင္း၀န္းက်င္ နဲ႔ ေမးေစ့နားမွာရွိေနတဲ့ ဆား၀က္ျခံေတြေၾကာင့္ မွန္ၾကည့္တိုင္း စိတ္ညစ္ေနသူမ်ား ရွိၾကမွာပါ။ Admin ကိုယ္တုိင္လည္း အဲလိုမ်ိဳးၾကံဳခဲ့ဖူးပါတယ္။ ဒါေပမယ့္ အခု ေျပာျပမယ့္ နည္းလမ္းေလးကို မွန္မွန္သံုးၿပီး ဆား၀က္ျခံမ်ားရွင္းလိုက္လို႔ အခုဆို မွန္ၾကည့္တိုင္း စိတ္ခ်မ္းသာေနၿပီရွင့္။ Ok ! ဆား၀က္ျခံေတြကို ဘယ္လိုမ်ိဳး ႏွိမ္နင္းရမလဲဆိုတဲ့အေၾကာင္းေလးမေျပာခင္ ဆား၀က္ျခံေတြဟာဘာေတြလဲ ? ဘာေၾကာင့္ ဆား၀က္ျခံမ်ား ျဖစ္ေပၚရတယ္ဆိုတဲ့အေၾကာင္းေလး ဦးစြာပထမ ရွင္းျပခ်င္ပါတယ္။

ဆား၀က္ျခံမ်ားဟာ မ်က္ႏွာမ်ာရွိတဲ့ ေမႊးညွင္းေပါက္ေလးေတြမွာ ပိတ္ဆို႔ေနတဲ့ အမဲေရာင္ (သို႔) ၀ါဖန္႔ဖန္႔အေရာင္ရွိေသာ အစက္အေပ်ာက္ေလးမ်ားျဖစ္ပါတယ္။ ၄င္းတို႔ဟာ ၀က္ျခံျဖစ္ဖို႔ ပထမဆံုးအဆင့္လို႔လည္း ဆိုႏိုင္ပါတယ္။ ၄င္းတို႔မွတစ္ဆင့္ ၀က္ျခံလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။ မည္သည့္အသားအေရမွာမ်ိဳးဆို ဆား၀က္ျခံေပါက္ႏိုင္ၿပီး အဆီျပန္တဲ့အသားအေရမ်ိဳးမွာ ပို၍ေတြ႕ရမ်ားပါတယ္။

ဆား၀က္ျခံမ်ား ဘာေၾကာင့္ျဖစ္ေပၚလာရလဲဆိုေတာ့ သနပ္ခါးမ်ား ၊ မိတ္ကပ္မ်ား ၊ suncream မ်ား အစရွိသျဖင့္ အလွကုန္ပစၥည္းမ်ား သံုးၿပီး မ်က္ႏွာေသခ်ာမသစ္လို႔ျဖစ္ပါတယ္။ တစ္ေနကုန္ ထိုအရာမ်ားလိမ္းျခယ္ထားသည့္အတြက္ အခ်ိန္ၾကာလာတဲ့အခါ သနပ္ခါး ၊ မိတ္ကပ္ေတြဟာ မ်က္ႏွာမွာရွိတဲ့ေမႊးညွင္းေပါက္ေလးေတြမွာ ပိတ္ဆို႔ၿပီး ဆား၀က္ျခံမ်ား ျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။ ဆား၀က္ျခံမ်ားဟာ မ်က္ႏွာရဲ႕အေပၚယံ အသားအေရတြင္ ျဖစ္တာမဟုတ္ဘဲ အသားအေရ၏အတြင္းထဲတြင္ တည္ရွိေနေသာ အရာမ်ားျဖစ္ပါတယ္။ ထို႔ေၾကာင့္ သနပ္ခါး ၊ မိတ္ကပ္မ်ား လိမ္းျခယ္ၿပီးတိုင္း မ်က္ႏွာကို စင္ၾကယ္စြာေဆးေၾကာေပးဖို႔ အလြန္အေရးၾကီးပါတယ္။ သို႔ေသာ္ မ်က္ႏွာကို တစ္ေန႔တြင္ ႏွစ္ၾကိမ္ထက္ပိုမသစ္သင့္ပါ။ တစ္ေန႔ ႏွစ္ၾကိမ္ထက္ ပိုၿပီး မ်က္ႏွာကို ၾကိမ္ဖန္မ်ားစြာသစ္ပါက အသားအေရ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာၿပီး ပိုဆိုးလာႏိုင္ပါတယ္။ ထို႔ေၾကာင့္ မ်က္ႏွာကို မနက္အိပ္ယာထခ်ိန္ ႏွင့္ အျပင္မွျပန္လာၿပီး ညဘက္ အိပ္ယာ၀င္ခါနီးခ်ိန္ ၊ တစ္ေန႔ႏွစ္ၾကိမ္ မွန္မွန္သစ္ေပးဖို႔ လိုပါတယ္။

ဟုတ္ကဲ့။ အခု ဆား၀က္ျခံေတြဆိုတာဘာလဲ ၊ ဘာေၾကာင့္ျဖစ္ေပၚလာရတဲ့ဆိုတဲ့အေၾကာင္း ရွင္းျပၿပီးၿပီဆိုေတာ့ ၄င္းတို႔ကိုဘယ္လိုႏွိမ္ရင္းရမလဲ ဆိုတဲ့အေၾကာင္းေလး မွ်ေ၀ခ်င္ပါတယ္။
ဆား၀က္ျခံကို ႏွိပ္ႏွင္းရန္ လိုအပ္ေသာပစၥည္းမ်ားကေတာ့…….

၁။ သြားတိုက္ေဆး
၂။ အိမ္သံုးဆား
၃။ မ်က္ႏွာသစ္ေဆး
၄။ Toner

Step 1 ~ ပထမဦးစြာ မိမိ၏မ်က္ႏွာအား သံုးေနက် မ်က္ႏွာသစ္ေဆးျဖင့္ ေသခ်ာစြာ ေဆးေၾကာသန္႔စင္ပါ။

Step 2 ~ သြားတိုက္ေဆး နွင့္ အိမ္သံုးဆားအား အေနေတာ္ အခ်ိဳးက်ေရာေမႊၿပီး သန္႔ရွင္းေသာခြက္ထဲ ထည့္ထားပါ။

Step 3 ~ မိမိ၏မ်က္ႏွာေပၚရွိ ဆား၀က္ျခံေပါက္ေနေသာေနရာမ်ားအား သြားတိုက္ေဆးနဲ႔ဆားအေရာအား အေနေတာ္လိမ္းၿပီး ၁၅မိနစ္ခန္႔မ်က္ႏွာေပၚတြင္ထားပါ။လိမ္းလိုက္ပါက သြားတိုက္ေဆးဓာတ္ေၾကာင့္ ပူရွိန္းရွိန္းျဖစ္မည္။ မစိုးရိမ္ပါႏွင့္။ သို႔ေသာ္ ေပ်ာက္ခ်င္ေဇာနဲ႔အရမ္းအထူၾကီးမလိမ္းရပါ။

Step 4 ~ ထို႔ေနာက္ မ်က္ႏွာအားေပၚရွိ သြားတိုက္ေဆးႏွင့္ဆားအေရာအား ေရျဖင့္ စင္ၾကယ္စြာေဆးေၾကာပါ။ (မ်က္ႏွာသစ္ေဆးသံုးရန္မလိုေတာ့ပါ။) ေဆးေၾကာရာတြင္ ဆား၀က္ျခံေပါက္ေနေသာေနရာမ်ားအား လက္ျဖင့္ညွင္သာစြာ ပြတ္၍ေသာ္၄င္း ၊ မ်က္ႏွာသစ္အဖတ္ေလးမ်ား သံုး၍ေသာ္၄င္း ၊ သြားတိုက္တံသံုး၍ေသာ္၄င္း ညွင္သာစြာ ေဆးေၾကာပြတ္တိုက္ႏိုင္ပါသည္။

Step 5 ~ ထို႔ေနာက္ ေနာက္ဆံုးအဆင့္အေနျဖင့္ မိမိ၏ သန္႔စင္ထားေသာမ်က္ႏွာေပၚအား Toner သုတ္လိမ္းေပးပါ။ ေခၽြးေပါက္ေလးမ်ားမက်ယ္ေစရန္ျဖစ္သည္။

အထက္ေဖၚျပပါနည္းလမ္းသံုးၿပီး ဆား၀က္ျခံမ်ားအား ဖယ္ရွားႏိုင္ပါသည္။

***** ထိုနည္းသည္ အေပၚယံသာဖယ္ရွားေပးႏိုင္ၿပီး ဆား၀က္ျခံမ်ားသည္ အေရျပား၏အတြင္းထဲတြင္ တည္ရွိေနပါသျဖင့္ သူငယ္ခ်င္းတို႔အေနျဖင့္ တစ္ပါတ္တစ္ခါ ပံုမွန္လုပ္ေပးရန္ အလြန္အေရးၾကီးပါသည္။ တစ္ပတ္တစ္ခါ ပံုမွန္လုပ္ေပးပါက တျဖည္းျဖည္း ဆား၀က္ျခံေၾကာင့္ စိတ္ညစ္ရျခင္းမွ ကင္းေ၀းလာမည္ျဖစ္ပါသည္ *****


Credit:  Angelic 
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
Unicode Version
 
ပထမဦးစွာ သူငယ်ချင်းများနှင့် မျှဝေချင်တာကတော့ ဆားဝက်ခြံတွေကို အိမ်သုံးပစ္စည်းလေးများနှင့် အလွယ်တကူ ဘယ်လိုနှိမ်နင်းရမလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်

နှာခေါင်းဝန်းကျင် နဲ့ မေးစေ့နားမှာရှိနေတဲ့ ဆားဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်း စိတ်ညစ်နေသူများ ရှိကြမှာပါ။ Admin ကိုယ်တိုင်လည်း အဲလိုမျိုးကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ပြောပြမယ့် နည်းလမ်းလေးကို မှန်မှန်သုံးပြီး ဆားဝက်ခြံများရှင်းလိုက်လို့ အခုဆို မှန်ကြည့်တိုင်း စိတ်ချမ်းသာနေပြီရှင့်။ Ok ! ဆားဝက်ခြံတွေကို ဘယ်လိုမျိုး နှိမ်နင်းရမလဲဆိုတဲ့အကြောင်းလေးမပြောခင် ဆားဝက်ခြံတွေဟာဘာတွေလဲ ? ဘာကြောင့် ဆားဝက်ခြံများ ဖြစ်ပေါ်ရတယ်ဆိုတဲ့အကြောင်းလေး ဦးစွာပထမ ရှင်းပြချင်ပါတယ်။

ဆားဝက်ခြံများဟာ မျက်နှာမျာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့နေတဲ့ အမဲရောင် (သို့) ဝါဖန့်ဖန့်အရောင်ရှိသော အစက်အပျောက်လေးများဖြစ်ပါတယ်။ ၎င်းတို့ဟာ ဝက်ခြံဖြစ်ဖို့ ပထမဆုံးအဆင့်လို့လည်း ဆိုနိုင်ပါတယ်။ ၎င်းတို့မှတစ်ဆင့် ဝက်ခြံလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ မည်သည့်အသားအရေမှာမျိုးဆို ဆားဝက်ခြံပေါက်နိုင်ပြီး အဆီပြန်တဲ့အသားအရေမျိုးမှာ ပို၍တွေ့ရများပါတယ်။

ဆားဝက်ခြံများ ဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတော့ သနပ်ခါးများ ၊ မိတ်ကပ်များ ၊ suncream များ အစရှိသဖြင့် အလှကုန်ပစ္စည်းများ သုံးပြီး မျက်နှာသေချာမသစ်လို့ဖြစ်ပါတယ်။ တစ်နေကုန် ထိုအရာများလိမ်းခြယ်ထားသည့်အတွက် အချိန်ကြာလာတဲ့အခါ သနပ်ခါး ၊ မိတ်ကပ်တွေဟာ မျက်နှာမှာရှိတဲ့မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့ပြီး ဆားဝက်ခြံများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာရဲ့အပေါ်ယံ အသားအရေတွင် ဖြစ်တာမဟုတ်ဘဲ အသားအရေ၏အတွင်းထဲတွင် တည်ရှိနေသော အရာများဖြစ်ပါတယ်။ ထို့ကြောင့် သနပ်ခါး ၊ မိတ်ကပ်များ လိမ်းခြယ်ပြီးတိုင်း မျက်နှာကို စင်ကြယ်စွာဆေးကြောပေးဖို့ အလွန်အရေးကြီးပါတယ်။ သို့သော် မျက်နှာကို တစ်နေ့တွင် နှစ်ကြိမ်ထက်ပိုမသစ်သင့်ပါ။ တစ်နေ့ နှစ်ကြိမ်ထက် ပိုပြီး မျက်နှာကို ကြိမ်ဖန်များစွာသစ်ပါက အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ပိုဆိုးလာနိုင်ပါတယ်။ ထို့ကြောင့် မျက်နှာကို မနက်အိပ်ယာထချိန် နှင့် အပြင်မှပြန်လာပြီး ညဘက် အိပ်ယာဝင်ခါနီးချိန် ၊ တစ်နေ့နှစ်ကြိမ် မှန်မှန်သစ်ပေးဖို့ လိုပါတယ်။

ဟုတ်ကဲ့။ အခု ဆားဝက်ခြံတွေဆိုတာဘာလဲ ၊ ဘာကြောင့်ဖြစ်ပေါ်လာရတဲ့ဆိုတဲ့အကြောင်း ရှင်းပြပြီးပြီဆိုတော့ ၎င်းတို့ကိုဘယ်လိုနှိမ်ရင်းရမလဲ ဆိုတဲ့အကြောင်းလေး မျှဝေချင်ပါတယ်။
ဆားဝက်ခြံကို နှိပ်နှင်းရန် လိုအပ်သောပစ္စည်းများကတော့…….

၁။ သွားတိုက်ဆေး
၂။ အိမ်သုံးဆား
၃။ မျက်နှာသစ်ဆေး
၄။ Toner

Step 1 ~ ပထမဦးစွာ မိမိ၏မျက်နှာအား သုံးနေကျ မျက်နှာသစ်ဆေးဖြင့် သေချာစွာ ဆေးကြောသန့်စင်ပါ။

Step 2 ~ သွားတိုက်ဆေး နှင့် အိမ်သုံးဆားအား အနေတော် အချိုးကျရောမွှေပြီး သန့်ရှင်းသောခွက်ထဲ ထည့်ထားပါ။

Step 3 ~ မိမိ၏မျက်နှာပေါ်ရှိ ဆားဝက်ခြံပေါက်နေသောနေရာများအား သွားတိုက်ဆေးနဲ့ဆားအရောအား အနေတော်လိမ်းပြီး ၁၅မိနစ်ခန့်မျက်နှာပေါ်တွင်ထားပါ။လိမ်းလိုက်ပါက သွားတိုက်ဆေးဓာတ်ကြောင့် ပူရှိန်းရှိန်းဖြစ်မည်။ မစိုးရိမ်ပါနှင့်။ သို့သော် ပျောက်ချင်ဇောနဲ့အရမ်းအထူကြီးမလိမ်းရပါ။

Step 4 ~ ထို့နောက် မျက်နှာအားပေါ်ရှိ သွားတိုက်ဆေးနှင့်ဆားအရောအား ရေဖြင့် စင်ကြယ်စွာဆေးကြောပါ။ (မျက်နှာသစ်ဆေးသုံးရန်မလိုတော့ပါ။) ဆေးကြောရာတွင် ဆားဝက်ခြံပေါက်နေသောနေရာများအား လက်ဖြင့်ညှင်သာစွာ ပွတ်၍သော်၎င်း ၊ မျက်နှာသစ်အဖတ်လေးများ သုံး၍သော်၎င်း ၊ သွားတိုက်တံသုံး၍သော်၎င်း ညှင်သာစွာ ဆေးကြောပွတ်တိုက်နိုင်ပါသည်။

Step 5 ~ ထို့နောက် နောက်ဆုံးအဆင့်အနေဖြင့် မိမိ၏ သန့်စင်ထားသောမျက်နှာပေါ်အား Toner သုတ်လိမ်းပေးပါ။ ချွေးပေါက်လေးများမကျယ်စေရန်ဖြစ်သည်။

အထက်ဖေါ်ပြပါနည်းလမ်းသုံးပြီး ဆားဝက်ခြံများအား ဖယ်ရှားနိုင်ပါသည်။

***** ထိုနည်းသည် အပေါ်ယံသာဖယ်ရှားပေးနိုင်ပြီး ဆားဝက်ခြံများသည် အရေပြား၏အတွင်းထဲတွင် တည်ရှိနေပါသဖြင့် သူငယ်ချင်းတို့အနေဖြင့် တစ်ပါတ်တစ်ခါ ပုံမှန်လုပ်ပေးရန် အလွန်အရေးကြီးပါသည်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးပါက တဖြည်းဖြည်း ဆားဝက်ခြံကြောင့် စိတ်ညစ်ရခြင်းမှ ကင်းဝေးလာမည်ဖြစ်ပါသည် *****


Credit:  Angelic
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top