iMyanmarHouse.com - Best Property Website for Myanmar
×

ခ်က္ၾကိဳးကိုခ်က္ခ်င္းမျဖတ္ပဲမိနစ္အနည္းငယ္ၾကာမွ ျဖတ္ျခင္းဟာကေလးငယ္ရဲဲ႕က်န္းမာေရးအတြက္
 ေကာင္းေစပါတယ္လို႔ သိပၸံပညာရွင္မ်ားက ဆိုပါတယ္။ မိနစ္အနည္းငယ္ၾကာမွ ခ်က္ၾကိဳးျဖတ္ျခင္းျဖင္႔ ေမြးကင္းစကေလးငယ္ရဲ႕ ေသြးအတြင္းသံဓါတ္ႏႈန္းဟာ ပိုမိုေကာင္းမြန္လာေစမွာပါ။ ေမြးေမြးျပီးခ်င္းခ်က္ၾကိဳးအျဖတ္ခံရေသာကေလးတြင္ သံဓါတ္အားနည္း ေရာဂါအႏာၱရယ္ရွိလာႏိုင္ပါတယ္။ မိနစ္အနည္းငယ္အတြင္း ခ်က္ၾကိဳးကိုတန္းလန္းထားျခင္းျဖင္႔ကေလးဆီေသြးေရာက္ေစပါတယ္။ ေမြးျပီး၁မိနစ္ခန္႔မၾကာေသးခင္မွာပဲ ခ်က္ၾကိဳးကိုျဖတ္တာဟာ ႏိုင္ငံအေတာ္မ်ားမ်ားမွာ စံခ်ိန္ျဖစ္ေနတယ္လို႔သိရပါတယ္။ ခ်က္ၾကိဳးျဖတ္တာ အရမ္းေစာသြားရင္ အခ်င္းကတဆင္႔ မိခင္ဆီကေန ကေလးဆီကို စီးဆင္းတဲ႔ေသြးပမာဏ ကိုေလွ်ာ႔နည္းေစပါတယ္။ အျခားတစ္ဖက္ကလည္း ၁မိနစ္ထက္ၾကာျပီးမွ ခ်က္ၾကိဳးကိုျဖတ္မယ္ဆိုရင္လည္း အသား၀ါေရာဂါျဖစ္ဖို႔ အႏၱရယ္နည္းနည္း ရွိလာပါတယ္။ ခုဆို ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းဟာ ခ်က္ၾကိဳးကို ၁မိနစ္ မွ ၃မိနစ္ၾကားအတြင္းတြင္သာ
 ျဖတ္ရန္အၾကံျပဳခ်က္ထုတ္ျပန္ ထားပါတယ္။ လက္ရွိ ခ်က္ၾကိဳးျဖတ္ဖို႔ လမ္းညႊန္ခ်က္ကိုေတာ႔ ၂၀၀၇ ခုႏွစ္မွာထုတ္ျပန္ထားခဲ႔တာျဖစ္ျပီး ခ်က္ၾကိဳးကိုခ်က္ခ်င္းျဖတ္တာဟာ အေကာင္းဆံုးေရြးခ်ယ္ခ်က္
 ျဖစ္တယ္လို႔ အမ်ားသေဘာတူခဲ႔တဲ႔အခ်ိန္ လည္းျဖစ္ပါတယ္။

ေနာက္ဆံုးျပဳလုပ္ခဲ႔တဲ႔ ေလ႔လာစမ္းသပ္မႈမွာ အမ်ိဳးသမီး ၃၉၁၁ ဦးပါ၀င္ကူညီခဲ႔ၾကပါတယ္။ ခ်က္ၾကိဳးကို မိနစ္အနည္းငယ္ၾကာမွ ျဖတ္ျခင္းျဖင္႔ ေမြးျပီး ၁ရက္၂ရက္ အတြင္း ေသြးထဲမွာသံဓါတ္ပါ၀င္ႏႈန္း
မ်ားတတ္ေပမဲ႔ ၆လၾကာတဲ႔အထိ သံဓါတ္ခ်ိဳ႕တဲ႔မႈ ကိုမေတြ႕ရပါဘူး။ ခ်က္ၾကိဳးကိုမိနစ္အနည္းငယ္ ၾကာမွျဖတ္ျခင္းဟာ ကေလးေပါင္ခ်ိန္ကိုလည္း ပိုျမင္႔ေစပါတယ္။

‘ခ်က္ၾကိဳးကိုမိနစ္နည္းနည္း ၾကာမွျဖတ္တာဟာ ကေလးအတြက္ အေစာပိုင္းကာလမွာရွိဖို႔လိုအပ္တဲ႔ သံဓါတ္သိုေလွာင္မႈနဲ႔ သံဓါတ္ပါ၀င္ႏႈန္းကို ျမင္႔တက္ေစတယ္။ က်န္းမာတဲ႔ကေလးေလးေတြျဖစ္လာဖို႔ ေတြးေခၚၾကမယ္ဆိုရင္ေတာ႔ ခ်က္ၾကိဳးကိုမိနစ္ နည္းနည္းၾကာမွ ျဖတ္ၾကရမွာပါ။’ လို႔ အဒယ္လဒီး တကၠသိုလ္မွ ေဒါက္တာ ဖီးလစ္ပ္ မစ္ဒယ္လ္တန္ ကေျပာပါတယ္။

ခ်က္ၾကိဳးကိုေနာက္က်မွျဖတ္ခံရတဲ႔ ကေလးငယ္ေတြဟာ အသား၀ါေရာဂါျဖစ္ႏိုင္ျပီး အလင္းကုထံုးကို အသံုးျပဳကုသလို႔ရတယ္လို႔ သိရပါတယ္။

‘ခ်က္ၾကိဳးကိုေနာက္က်မွ ျဖတ္လိုက္တဲ႔အတြက္ ျဖစ္လာမယ္႔ ေမြးကင္းစေတြမွာ အသား၀ါျဖစ္ႏိုင္ႏႈန္းနည္းနည္း နဲ႔ အက်ိဳးရလဒ္ေတြကို ခ်ိန္ထိုးၾကည္႔ဖို႔ေတာ႔လိုပါတယ္။ ခ်က္ၾကိဳးကိုေနာက္က်မွ ျဖတ္လုိက္တဲ႔အတြက္ ေသြးအတြင္း သံဓါတ္ပါ၀င္ႏႈန္းျမင္႔တာဟာ တကယ္႔ကိုအက်ိဳးရွိပါတယ္။ မဟုတ္ရင္ေတာ႔ အနီးမီးယား လို႔ေခၚတဲ႔ ေသြးအား
နည္းေရာဂါျဖစ္ေတာ႔မွာေပါ႔။’ လို႔ ေဒါက္တာ မစ္ဒယ္လ္တန္က ေျပာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Trend Myanmar

#Unicode Version
ချက်ကြိုးကို ချက်ချင်းမဖြတ်ပဲ မိနစ်အနည်းငယ်ကြာမှ ဖြတ်ခြင်းဟာ ကလေးငယ်ရဲ့ကျန်းမာရေးအတွက် ကောင်းစေပါတယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ မိနစ်အနည်းငယ်ကြာမှ ချက်ကြိုးဖြတ်ခြင်းဖြင့် မွေးကင်းစကလေးငယ်ရဲ့ သွေးအတွင်းသံဓါတ်နှုန်းဟာ ပိုမိုကောင်းမွန်လာစေမှာပါ။ မွေးမွေးပြီးချင်းချက်ကြိုးအဖြတ်ခံရသောကလေးတွင် သံဓါတ်အားနည်း ရောဂါအန္တာရယ်ရှိလာနိုင်ပါတယ်။ မိနစ်အနည်းငယ်အတွင်း ချက်ကြိုးကိုတန်းလန်းထားခြင်းဖြင့် ကလေးဆီသွေးရောက်စေပါတယ်။ မွေးပြီး၁မိနစ်ခန့်မကြာသေးခင်မှာပဲ ချက်ကြိုးကိုဖြတ်တာဟာ နိုင်ငံအတော်များများမှာ စံချိန်ဖြစ်နေတယ်လို့သိရပါတယ်။ ချက်ကြိုးဖြတ်တာ အရမ်းစောသွားရင် အချင်းကတဆင့် မိခင်ဆီကနေ ကလေးဆီကို စီးဆင်းတဲ့သွေးပမာဏ ကိုလျှော့နည်းစေပါတယ်။ အခြားတစ်ဖက်ကလည်း ၁မိနစ်ထက်ကြာပြီးမှ ချက်ကြိုးကိုဖြတ်မယ်ဆိုရင်လည်း အသားဝါရောဂါဖြစ်ဖို့ အန္တရယ်နည်းနည်း ရှိလာပါတယ်။ ခုဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဟာ ချက်ကြိုးကို ၁မိနစ် မှ ၃မိနစ်ကြားအတွင်းတွင်သာ ဖြတ်ရန်အကြံပြုချက်ထုတ်ပြန် ထားပါတယ်။ လက်ရှိ ချက်ကြိုးဖြတ်ဖို့ လမ်းညွှန်ချက်ကိုတော့ ၂၀၀၇ ခုနှစ်မှာထုတ်ပြန်ထားခဲ့တာဖြစ်ပြီး ချက်ကြိုးကိုချက်ချင်းဖြတ်တာဟာ အကောင်းဆုံးရွေးချယ်ချက် ဖြစ်တယ်လို့ အများသဘောတူခဲ့တဲ့အချိန် လည်းဖြစ်ပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့လာစမ်းသပ်မှုမှာ အမျိုးသမီး ၃၉၁၁ ဦးပါဝင်ကူညီခဲ့ကြပါတယ်။ ချက်ကြိုးကို မိနစ်အနည်းငယ်ကြာမှ ဖြတ်ခြင်းဖြင့် မွေးပြီး ၁ရက်၂ရက် အတွင်း သွေးထဲမှာသံဓါတ်ပါဝင်နှုန်းများတတ်ပေမဲ့ ၆လကြာတဲ့အထိ သံဓါတ်ချို့တဲ့မှု ကိုမတွေ့ရပါဘူး။ ချက်ကြိုးကိုမိနစ်အနည်းငယ် ကြာမှဖြတ်ခြင်းဟာ ကလေးပေါင်ချိန်ကိုလည်း ပိုမြင့်စေပါတယ်။

‘ချက်ကြိုးကိုမိနစ်နည်းနည်း ကြာမှဖြတ်တာဟာ ကလေးအတွက် အစောပိုင်းကာလမှာရှိဖို့လိုအပ်တဲ့ သံဓါတ်သိုလှောင်မှုနဲ့ သံဓါတ်ပါဝင်နှုန်းကို မြင့်တက်စေတယ်။ ကျန်းမာတဲ့ကလေးလေးတွေဖြစ်လာဖို့ တွေးခေါ်ကြမယ်ဆိုရင်တော့ ချက်ကြိုးကိုမိနစ် နည်းနည်းကြာမှ ဖြတ်ကြရမှာပါ။’ လို့ အဒယ်လဒီး တက္ကသိုလ်မှ ဒေါက်တာ ဖီးလစ်ပ် မစ်ဒယ်လ်တန် ကပြောပါတယ်။

ချက်ကြိုးကိုနောက်ကျမှဖြတ်ခံရတဲ့ ကလေးငယ်တွေဟာ အသားဝါရောဂါဖြစ်နိုင်ပြီး အလင်းကုထုံးကို အသုံးပြုကုသလို့ရတယ်လို့ သိရပါတယ်။

‘ချက်ကြိုးကိုနောက်ကျမှ ဖြတ်လိုက်တဲ့အတွက် ဖြစ်လာမယ့် မွေးကင်းစတွေမှာ အသားဝါဖြစ်နိုင်နှုန်းနည်းနည်း နဲ့ အကျိုးရလဒ်တွေကို ချိန်ထိုးကြည့်ဖို့တော့လိုပါတယ်။ ချက်ကြိုးကိုနောက်ကျမှ ဖြတ်လိုက်တဲ့အတွက် သွေးအတွင်း သံဓါတ်ပါဝင်နှုန်းမြင့်တာဟာ တကယ့်ကိုအကျိုးရှိပါတယ်။ မဟုတ်ရင်တော့ အနီးမီးယား လို့ခေါ်တဲ့ သွေးအားနည်းရောဂါဖြစ်တော့မှာပေါ့။’ လို့ ဒေါက်တာ မစ်ဒယ်လ်တန်က ပြောပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top