iMyanmarHouse.com - Best Property Website for Myanmar
×

တက္တူးနဲ႕ပတ္သက္ျပီး မထုိးခင္စဥ္းစားရမယ့္ အေၾကာင္းေတြ၊ ထိုးျပီးတဲ့ေနာက္ ေဆာင္ရန္ေရွာင္ရန္ေတြ ေရးသားခဲ့ဖူးပါတယ္။ ခုဆုိရင္ တက္တူးဟာ ဒီဇုိင္းပံုစံအမ်ိဳးမ်ိဳး ကြဲျပားျခားနားစြာ ထြက္ရွိလာခဲ့ျပီျဖစ္သလို တက္တူးထိုးႏိုင္တဲ့ ေနရာေတြကလည္း အမ်ားၾကီး ျဖစ္လာပါျပီ။ ေရြးခ်ယ္စရာေတြ ပိုမ်ားလာတဲ့ တက္တူးအႏုပညာဟာ တစ္ျဖည္းျဖည္း အရွိန္အဟုန္နဲ႕ စီးဆင္းလာတဲ့ ေရစီးေၾကာင္းတစ္ခုလို႕ တင္စားေျပာရင္လည္း မမွားပါဘူး။

ဒါေပမယ့္ တက္တူးဟာ အေပ်ာ္ထိုးသင့္တဲ့အရာ မဟုတ္တဲ့အေၾကာင္းေတာ့ သင္သိျပီးျဖစ္ပါလိမ့္မယ္။ တက္တူးထိုးၾကတဲ့ လူေတြရဲ႕ ခံယူခ်က္၊ သေဘာထားဟာ တစ္ေယာက္နဲ႕တစ္ေယာက္ မတူပါဘူး။ တက္တူးထိုးတဲ့သူတိုင္းဟာ သူတုိ႕ဘာ့ေၾကာင့္ ဒီတက္တူးတစ္ခုကို ထိုးျဖစ္တယ္ဆုိတဲ့ အေၾကာင္းအရင္းေတြ မ်ားစြာရွိေနပါတယ္။ တစ္ခ်ိဳ႕က သူတုိ႕ေန႕စဥ္ဘ၀မွာ ၾကံဳေနရတဲ့ အခက္အခဲေတြကို ေက်ာ္လႊားဖုိ႕အတြက္ ကိုယ့္ကိုကုိယ္ အားေပးတဲ့သေဘာထုိးၾကပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လညး္ စိတ္ဓာတ္က်ေနတဲ့အခိုက္ တက္တူးထိုးျဖစ္သြားတာမ်ိဳး ရွိပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း တစ္သက္လံုး ဘယ္ေတာ့မွ ဖ်က္မရတဲ့ အမွတ္အသားတစ္ခုကို အမွတ္တရဖန္တီးတဲ့အေနနဲ႕ တက္တူးထိုးတတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ တက္တူးထိုးတဲ့သူေတြဟာ သူတုိ႕အတိတ္၊ လက္ရွိ နဲ႕ အနာဂတ္မွာ ဘာေတြကြာျခားသြားမလဲ ဆုိတာမ်ိဳးကို လက္ခံႏိုင္တဲ့သူေတြ ျဖစ္တာမ်ားပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ တက္တူးေတြဟာ သင္ ဘယ္လိုေန႕ရက္မ်ိဳးေတြကို ျဖတ္ေက်ာ္ခဲ့ရသလဲ ဆုိတာကိုေတာ့ အျမဲတမ္း အမွတ္ရေနေစတတ္တာပါပဲ။ အဲ့ဒီလို အမွတ္တရေတြေပးစြမ္းတဲ့ တက္တူးေတြဟာ သင့္ကို ခြန္အား၊ ေမ်ွာ္လင့္ခ်က္ေတြလည္း အျမဲတမ္းေပးစြမ္းႏိုင္ပါတယ္ဆုိတာ မယံုမရွိပါနဲ႕။ ႏိုင္ငံတကာက ေလ့လာခ်က္ေတြအရ တက္တူးဟာ စိတ္ဓာတ္က်အားငယ္ေနသူေတြအတြက္ တကယ့္ကို အားေဆးတစ္ခြက္ပါပဲတဲ့။ ဘာမွမဟုတ္ဘူးလို႕ လူေတြထင္ထားတဲ့ semicolonအစက္ကေလးႏွစ္စက္ေၾကာင့္ ဘ၀ရဲ႕ေန႕ရက္ေတြကို ေရွ႕ွဆက္ဖုိ႕အားေတြ ရွိသြားပါတယ္ဆုိျပီး ေျပာထားတဲ့လူေတြ မနည္းပါဘူး။ ဒီလိုပါပဲ ခႏၶာကိုယ္ေပၚက ကိုယ္အၾကိဳက္ဆံုးတက္တူးပံုတစ္ခုက သင့္ကိုအျမဲတမ္း စိတ္ဓာတ္ခြန္အားေတြ ေပးေနပါတယ္။ ဒါ့ေၾကာင့္ တက္တူးဟာ စိတ္ဓာတ္က်ေနသူေတြနဲ႕ စိတ္ပ်က္အားငယ္ေနသူေတြအတြက္ ဘယ္ေလာက္အေရးပါတဲ့အရာလဲဆုိတာ ဒီအခ်က္ေလးေတြနဲ႕ ေျပာျပေပးပါရေစ။

၁။ သင့္ခႏၶာကိုယ္ေပၚက တက္တူးဟာ သင့္ကို ေရွ႕ဆက္ဖုိ႕ ခြန္အားေတြ ေပးႏိုင္ပါတယ္။
၂။ တက္တူးဟာ အေတြးေကာင္း၊ အယူအဆေကာင္းေတြ သင့္ပိုေတြးလာႏိုင္ဖုိ႕ အကူအညီေပးပါတယ္။
၃။ လမ္းေၾကာင္းပိုမိုတည့္မတ္မွန္ကန္စြာ ေနထုိင္သြားဖုိ႕ အျမဲသတိေပးေနပါတယ္။
၄။ သင္ျဖတ္ေက်ာ္ခဲ့ရတဲ့ အခက္အခဲေတြ ဘယ္ေလာက္ထိမ်ားခဲ့တယ္ဆုိတာ သူက သင့္ကို ျပန္လည္ေျပာျပႏိုင္ပါတယ္။
၅။ သင္က်ရံႈးခဲ့တာေတြကို ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္တဲ့အတြက္ သင့္ကို ေကာင္းမြန္စြာေနထုိင္ဖုိ႕ တြန္းအားေပးပါတယ္။
၆။ သင့္ခႏၶာကိုယ္ေပၚက သင္သေဘာအက်ဆံုးတက္တူးက သင့္ကိုေန႕စဥ္ေရွ႕ွဆက္သြားဖုိ႕ ခြန္အားအေပးႏိုင္ဆံုးအရာပါ။
၇။ သင္ဘာမဆုိလုပ္ႏိုင္တဲ့သူဆုိတာ သင့္တက္တူးေတြက ေျပာျပေပးပါလိမ့္မယ္။
၈။ သင္ထိုးထားတဲ့တက္တူးရဲ႕ အဓိပၸါယ္အစစ္အမွန္ကုိ သင္တစ္ေယာက္တည္းသာ သိရွိနားလည္ေနမွာပါ။
၉။ သင့္ကိုဘာ့ေၾကာင့္ ဒီတက္တူးထိုးျဖစ္သလဲေမးတဲ့အခါ သင္ဟာအျခားသူေတြ သင့္ကိုမထင္ထားတဲ့ ရႈေထာင့္ကေန ရွင္းျပမွာျဖစ္တဲ့အတြက္ အားလံုးက သင့္အေပၚထားတဲ့အျမင္ေတြ ေျပာင္းလဲသြားႏိုင္ပါတယ္။
၁၀။ ဘ၀အတြက္ ဘာမွမတည္ျမဲရင္ေတာင္ သူ႕ခႏၶာကိုယ္ေပၚက တက္တူးေတြကေတာ့ သင့္အေဖာ္ပါပဲ။
၁၁။ သင့္တက္တူး တစ္ခုစီတုိင္းရဲ႕ အဓိပၸါယ္ဟာ သင္ဘယ္လိုလူမ်ိဳးျဖစ္သလဲဆုိတာ ေျပာျပႏိုင္ပါတယ္။
၁၂။ တက္တူးထိုးထားတာ ဘယ္ေလာက္ၾကာျပီလဲဆုိတဲ့ ႏွစ္ေတြကို ျပန္ေရတြက္ေျပာျပရတာ ေပ်ာ္စရာေကာင္းပါတယ္။
၁၃။ လူတိုင္းက သင္ဘာ့ေၾကာင့္ ဒီတက္တူးေတြထုိးရတယ္ဆုိတာ နားမလည္ေပမယ့္ ဒီတက္တူးေတြ သင့္အတြက္ ဘယ္ေလာက္အေရးၾကီးတယ္ဆုိတာ သင္သာအသိဆံုးပါ။
၁၄။စိတ္ဓာတ္က် အားငယ္ေနသူေတြအတြက္ တက္တူးဟာ ကယ္တင္ရွင္ပါ။
၁၅။တစ္ခါတစ္ေလမွာ အရိုးရွင္းဆံုးတက္တူးဟာ ဘယ္ေတာ့မွရိုးမသြားတဲ့ အေကာင္းဆံုးတက္တူးျဖစ္လာပါတယ္။
၁၆။ သင့္ခႏၶာကုိယ္ေပၚက တက္တူးေတြဟာ သင့္အတြက္ သက္ရွိစူပါဟီးရိုးေတြပါပဲ။


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

တက်တူးနဲ့ပတ်သက်ပြီး မထိုးခင်စဉ်းစားရမယ့် အကြောင်းတွေ၊ ထိုးပြီးတဲ့နောက် ဆောင်ရန်ရှောင်ရန်တွေ ရေးသားခဲ့ဖူးပါတယ်။ ခုဆိုရင် တက်တူးဟာ ဒီဇိုင်းပုံစံအမျိုးမျိုး ကွဲပြားခြားနားစွာ ထွက်ရှိလာခဲ့ပြီဖြစ်သလို တက်တူးထိုးနိုင်တဲ့ နေရာတွေကလည်း အများကြီး ဖြစ်လာပါပြီ။ ရွေးချယ်စရာတွေ ပိုများလာတဲ့ တက်တူးအနုပညာဟာ တစ်ဖြည်းဖြည်း အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ ရေစီးကြောင်းတစ်ခုလို့ တင်စားပြောရင်လည်း မမှားပါဘူး။

ဒါပေမယ့် တက်တူးဟာ အပျော်ထိုးသင့်တဲ့အရာ မဟုတ်တဲ့အကြောင်းတော့ သင်သိပြီးဖြစ်ပါလိမ့်မယ်။ တက်တူးထိုးကြတဲ့ လူတွေရဲ့ ခံယူချက်၊ သဘောထားဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တက်တူးထိုးတဲ့သူတိုင်းဟာ သူတို့ဘာ့ကြောင့် ဒီတက်တူးတစ်ခုကို ထိုးဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းတွေ များစွာရှိနေပါတယ်။ တစ်ချို့က သူတို့နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် ကိုယ့်ကိုကိုယ် အားပေးတဲ့သဘောထိုးကြပါတယ်။ တစ်ချို့ကျတော့လည်း စိတ်ဓာတ်ကျနေတဲ့အခိုက် တက်တူးထိုးဖြစ်သွားတာမျိုး ရှိပါတယ်။ တစ်ချို့ကျတော့လည်း တစ်သက်လုံး ဘယ်တော့မှ ဖျက်မရတဲ့ အမှတ်အသားတစ်ခုကို အမှတ်တရဖန်တီးတဲ့အနေနဲ့ တက်တူးထိုးတတ်ကြပါတယ်။ များသောအားဖြင့် တက်တူးထိုးတဲ့သူတွေဟာ သူတို့အတိတ်၊ လက်ရှိ နဲ့ အနာဂတ်မှာ ဘာတွေကွာခြားသွားမလဲ ဆိုတာမျိုးကို လက်ခံနိုင်တဲ့သူတွေ ဖြစ်တာများပါတယ်။ သေချာတာတစ်ခုကတော့ တက်တူးတွေဟာ သင် ဘယ်လိုနေ့ရက်မျိုးတွေကို ဖြတ်ကျော်ခဲ့ရသလဲ ဆိုတာကိုတော့ အမြဲတမ်း အမှတ်ရနေစေတတ်တာပါပဲ။ အဲ့ဒီလို အမှတ်တရတွေပေးစွမ်းတဲ့ တက်တူးတွေဟာ သင့်ကို ခွန်အား၊ မျှော်လင့်ချက်တွေလည်း အမြဲတမ်းပေးစွမ်းနိုင်ပါတယ်ဆိုတာ မယုံမရှိပါနဲ့။ နိုင်ငံတကာက လေ့လာချက်တွေအရ တက်တူးဟာ စိတ်ဓာတ်ကျအားငယ်နေသူတွေအတွက် တကယ့်ကို အားဆေးတစ်ခွက်ပါပဲတဲ့။ ဘာမှမဟုတ်ဘူးလို့ လူတွေထင်ထားတဲ့ semicolonအစက်ကလေးနှစ်စက်ကြောင့် ဘဝရဲ့နေ့ရက်တွေကို ရှှေ့ဆက်ဖို့အားတွေ ရှိသွားပါတယ်ဆိုပြီး ပြောထားတဲ့လူတွေ မနည်းပါဘူး။ ဒီလိုပါပဲ ခန္ဓာကိုယ်ပေါ်က ကိုယ်အကြိုက်ဆုံးတက်တူးပုံတစ်ခုက သင့်ကိုအမြဲတမ်း စိတ်ဓာတ်ခွန်အားတွေ ပေးနေပါတယ်။ ဒါ့ကြောင့် တက်တူးဟာ စိတ်ဓာတ်ကျနေသူတွေနဲ့ စိတ်ပျက်အားငယ်နေသူတွေအတွက် ဘယ်လောက်အရေးပါတဲ့အရာလဲဆိုတာ ဒီအချက်လေးတွေနဲ့ ပြောပြပေးပါရစေ။

၁။ သင့်ခန္ဓာကိုယ်ပေါ်က တက်တူးဟာ သင့်ကို ရှေ့ဆက်ဖို့ ခွန်အားတွေ ပေးနိုင်ပါတယ်။
၂။ တက်တူးဟာ အတွေးကောင်း၊ အယူအဆကောင်းတွေ သင့်ပိုတွေးလာနိုင်ဖို့ အကူအညီပေးပါတယ်။
၃။ လမ်းကြောင်းပိုမိုတည့်မတ်မှန်ကန်စွာ နေထိုင်သွားဖို့ အမြဲသတိပေးနေပါတယ်။
၄။ သင်ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေ ဘယ်လောက်ထိများခဲ့တယ်ဆိုတာ သူက သင့်ကို ပြန်လည်ပြောပြနိုင်ပါတယ်။
၅။ သင်ကျရှုံးခဲ့တာတွေကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့အတွက် သင့်ကို ကောင်းမွန်စွာနေထိုင်ဖို့ တွန်းအားပေးပါတယ်။
၆။ သင့်ခန္ဓာကိုယ်ပေါ်က သင်သဘောအကျဆုံးတက်တူးက သင့်ကိုနေ့စဉ်ရှှေ့ဆက်သွားဖို့ ခွန်အားအပေးနိုင်ဆုံးအရာပါ။
၇။ သင်ဘာမဆိုလုပ်နိုင်တဲ့သူဆိုတာ သင့်တက်တူးတွေက ပြောပြပေးပါလိမ့်မယ်။
၈။ သင်ထိုးထားတဲ့တက်တူးရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို သင်တစ်ယောက်တည်းသာ သိရှိနားလည်နေမှာပါ။
၉။ သင့်ကိုဘာ့ကြောင့် ဒီတက်တူးထိုးဖြစ်သလဲမေးတဲ့အခါ သင်ဟာအခြားသူတွေ သင့်ကိုမထင်ထားတဲ့ ရှုထောင့်ကနေ ရှင်းပြမှာဖြစ်တဲ့အတွက် အားလုံးက သင့်အပေါ်ထားတဲ့အမြင်တွေ ပြောင်းလဲသွားနိုင်ပါတယ်။
၁၀။ ဘဝအတွက် ဘာမှမတည်မြဲရင်တောင် သူ့ခန္ဓာကိုယ်ပေါ်က တက်တူးတွေကတော့ သင့်အဖော်ပါပဲ။
၁၁။ သင့်တက်တူး တစ်ခုစီတိုင်းရဲ့ အဓိပ္ပါယ်ဟာ သင်ဘယ်လိုလူမျိုးဖြစ်သလဲဆိုတာ ပြောပြနိုင်ပါတယ်။
၁၂။ တက်တူးထိုးထားတာ ဘယ်လောက်ကြာပြီလဲဆိုတဲ့ နှစ်တွေကို ပြန်ရေတွက်ပြောပြရတာ ပျော်စရာကောင်းပါတယ်။
၁၃။ လူတိုင်းက သင်ဘာ့ကြောင့် ဒီတက်တူးတွေထိုးရတယ်ဆိုတာ နားမလည်ပေမယ့် ဒီတက်တူးတွေ သင့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သင်သာအသိဆုံးပါ။
၁၄။စိတ်ဓာတ်ကျ အားငယ်နေသူတွေအတွက် တက်တူးဟာ ကယ်တင်ရှင်ပါ။
၁၅။တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးတက်တူးဟာ ဘယ်တော့မှရိုးမသွားတဲ့ အကောင်းဆုံးတက်တူးဖြစ်လာပါတယ်။
၁၆။ သင့်ခန္ဓာကိုယ်ပေါ်က တက်တူးတွေဟာ သင့်အတွက် သက်ရှိစူပါဟီးရိုးတွေပါပဲ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top