iMyanmarHouse.com - Best Property Website for Myanmar
×

မနာလိုစိတ္နဲ႔ သဝန္တိုစိတ္က မတူပါဘူး။ သဝန္တိုစိတ္ဆိုတာ သင္ပိုင္ဆုိင္ထားတဲ့ အရာတစ္ခု ဆံုးရႈံးသြားႏုိင္တယ္ဆိုတဲ့ ျခိမ္းေျခာက္မႈကို ၾကံဳရတာပါ။ မနာလိုစိတ္ကေတာ့ သင့္မွာ မရွိတဲ့ အရာတစ္ခုအေပၚ သင့္ရဲ႕ တံု႔ျပန္မႈပါ။ မနာလိုစိတ္ျပင္းထန္လာျပီဆုိရင္ေတာ့ ေအာက္ပါ နည္းလမ္းငါးခု နဲ႔ သင့္ကို ဒုကၡေပးေနႏုိင္ပါတယ္။

၁ - အခ်ိန္

မနာလိုစိတ္ေတြ ျဖစ္ေစတဲ့ အေၾကာင္းအရာဆီပဲ စိတ္ေရာက္ေနပါတယ္။ ဘာမွမလုပ္ႏုိင္ေလာက္ေအာင္ သင့္အခ်ိန္ေတြကို မနာလိုစိတ္က ကိုက္ဖဲ့စားေသာက္ေနပါတယ္။

၂ - အေတြး

အေတြးထဲ ဒီအေၾကာင္းပဲ ရွိေနတာေၾကာင့္ သင့္အေတြးေတြကိုလည္း စားေနပါတယ္။

၃ - ဆက္ဆံေရး

ဒီမနာလိုစိတ္က ဖိစီးေနတာေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္ဆံေရး၊ မိတ္ေဆြေတြနဲ႔ ဆက္ဆံေရးပါ အဆင္မေျပေတာ့ပါဘူး။ ဆက္ဆံေရးေတြ ထိခိုက္လာပါတယ္။

၄ - ပံုရိပ္

သင့္ပံုရိပ္ကိုပါ ထိခိုက္လာပါတယ္။ တစ္ဖက္သားကို ရန္လိုတတ္တာ၊ ျငဴစူတတ္တာ စတဲ့ တံဆိပ္ေတြ သင္ရလာႏုိင္ပါတယ္။

၅ - မေကာင္းျမင္မႈ

မေကာင္းျမင္မႈေတြ မ်ားလာပါတယ္။ မေကာင္းဘက္ပဲ ေတြးျပီး အေျခအေနတစ္ခု မေကာင္းဘက္ေရာက္ေအာင္ ေဖာ္ေဆာင္လာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version
မနာလိုစိတ်နဲ့ သဝန်တိုစိတ်က မတူပါဘူး။ သဝန်တိုစိတ်ဆိုတာ သင်ပိုင်ဆိုင်ထားတဲ့ အရာတစ်ခု ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ကြုံရတာပါ။ မနာလိုစိတ်ကတော့ သင့်မှာ မရှိတဲ့ အရာတစ်ခုအပေါ် သင့်ရဲ့ တုံ့ပြန်မှုပါ။ မနာလိုစိတ်ပြင်းထန်လာပြီဆိုရင်တော့ အောက်ပါ နည်းလမ်းငါးခု နဲ့ သင့်ကို ဒုက္ခပေးနေနိုင်ပါတယ်။

၁ - အချိန်

မနာလိုစိတ်တွေ ဖြစ်စေတဲ့ အကြောင်းအရာဆီပဲ စိတ်ရောက်နေပါတယ်။ ဘာမှမလုပ်နိုင်လောက်အောင် သင့်အချိန်တွေကို မနာလိုစိတ်က ကိုက်ဖဲ့စားသောက်နေပါတယ်။

၂ - အတွေး

အတွေးထဲ ဒီအကြောင်းပဲ ရှိနေတာကြောင့် သင့်အတွေးတွေကိုလည်း စားနေပါတယ်။

၃ - ဆက်ဆံရေး

ဒီမနာလိုစိတ်က ဖိစီးနေတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးပါ အဆင်မပြေတော့ပါဘူး။ ဆက်ဆံရေးတွေ ထိခိုက်လာပါတယ်။

၄ - ပုံရိပ်

သင့်ပုံရိပ်ကိုပါ ထိခိုက်လာပါတယ်။ တစ်ဖက်သားကို ရန်လိုတတ်တာ၊ ငြူစူတတ်တာ စတဲ့ တံဆိပ်တွေ သင်ရလာနိုင်ပါတယ်။

၅ - မကောင်းမြင်မှု

မကောင်းမြင်မှုတွေ များလာပါတယ်။ မကောင်းဘက်ပဲ တွေးပြီး အခြေအနေတစ်ခု မကောင်းဘက်ရောက်အောင် ဖော်ဆောင်လာပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top