iMyanmarHouse.com - Best Property Website for Myanmar
×

အဆစ္ေရာင္ေရာဂါ၊ အာ႐ံုေၾကာေရာဂါနဲ႔ ထိခိုက္ဒဏ္ရာရရွိျခင္းတို႔ရဲ႕ ေနာက္ဆက္တြဲအျဖစ္ အ႐ိုးက်ီးေပါင္း တက္ေရာဂါ ျဖစ္ေပၚတတ္ပါတယ္။

အ႐ိုးက်ီးေပါင္းတက္ၿပီဆိုရင္ ဒူးနာျခင္း အမ်ားဆံုးျဖစ္ေစႏုိင္ၿပီး ဇက္ေၾကာတက္ျခင္း၊ ခါးနာျခင္းစတဲ့ေရာဂါ လကၡဏာေတြ ျပ တတ္ပါတယ္ ။ အသက္ ၄ဝ ေက်ာ္အရြယ္မွာ လႈပ္ရွားမႈ အမ်ားဆံုးနဲ႔ အေလးအပင္ဒဏ္ အခံရဆံုး အ႐ိုးအဆစ္မ်ားဟာ ပြန္းသြားၿပီး အ႐ိုးအတက္ထြက္ကာ အဆစ္နာျခင္းနဲ႔ ေရာင္ျခင္း တို႔ျဖစ္ေစ တယ္ ။ အသက္ ၆၅ ႏွစ္ေက်ာ္တဲ့သူေတြကို ဓာတ္မွန္႐ိုက္ၾကည့္ရင္ ၈ဝ ရာခိုင္ႏႈန္းက ဒူး၊လည္ပင္းနဲ႔ ခါးဆစ္တို႔ အ႐ိုးက်ီးေပါင္းတက္တာ ကို ေတြ႕ရတတ္ ပါတယ္ ။ ေရာဂါရွိသူရဲ႕ ၂၅ ရာခိုင္ႏႈန္းက နာက်င္မႈ ဒဏ္ကိုခံစားၾကရတယ္ ။ အထူးသျဖင့္ ဝတဲ့သူေတြနဲ႔ မ်ဳိး႐ိုးရွိသူေတြမွာ ပိုၿပီးအျဖစ္မ်ားတာေတြ႕ ရတတ္ပါတယ္ ။ ဒူးနာျခင္းဟာ အ႐ိုးက်ီးေပါင္းတက္ျခင္းေၾကာင့္ ဟုတ္ ၊ မဟုတ္သိႏုိင္ပါတယ္ ။ တစ္ႏွစ္အတြင္း ထိခိုက္မႈမရွိဘဲ ဒူးနာျခင္း ၊ ေလွကားအတက္အဆင္းမွာ သြားလာမႈ အခက္အခဲရွိျခင္း ၊ တျခားအဆစ္ေတြ မနာဘဲ ဒူးတစ္ဖက္သို႔မဟုတ္ ႏွစ္ဖက္စလံုးမွာ နာက်င္ျခင္းတို႔ခံစားရပါက ဒူးကို ဓာတ္မွန္႐ိုက္ၾကည့္ဖုိ႔ လိုပါတယ္ ။ အဲဒီလို ဓာတ္မွန္ ႐ိုက္ၾကည့္တဲ့အခါ အဆစ္ေရာင္ျခင္း ၊ အ႐ိုးအဆစ္တို႔ အကြာအေဝး ေလ်ာ့သြားျခင္း ၊ အ႐ိုးမ်ား ပိုျဖဴလာျခင္းႏွင့္ အ႐ိုးအတက္ထြက္ျခင္းစတာေတြကို သိႏုိင္ပါတယ္။

ဓာတ္မွန္မွာ အ႐ိုးက်ီးေပါင္းတက္တာ ေတြ႕ခဲ့ရင္ ေရာဂါလကၡဏာနဲ႔ ဓာတ္မွန္ေတြ႕ရွိခ်က္ ကိုက္ညီမွသာ အထူးဂ႐ုျပဳကုသဖို႔ လိုပါတယ္ ။ ေရာဂါလကၡဏာေတြ အေနနဲ႔ ကေတာ့ ဒူးနာ ၊ ခါးနာ ၊ ဇက္ေၾကာတက္ ၊ နံနက္အိပ္ရာထစမွာ သိပ္မသိသာဘဲ အဆစ္ကိုလႈပ္ရွားမႈမ်ားတဲ့ အခ်ိန္ ညေနေစာင္းမွာ ပိုနာျခင္း ၊ အ႐ိုးအဆစ္ ေကြးႏုိင္ဆန္႔ႏိုင္စြမ္းက်ဆင္းၿပီး အဆစ္ခိုင္လာျခင္း ၊ အဆစ္ပတ္လည္ရွိ ၾကြက္သားမ်ား အားနည္းၿပီး သိမ္သြားျခင္း ၊ အဆစ္တြင္ အရည္ဝင္ေနေသာေၾကာင့္ နာက်င္ျခင္း ၊ အ႐ိုးခ်င္းပြတ္ တိုက္မိသည္ကို ခံစားႏုိင္ျခင္းတို႔ျဖစ္ပါတယ္ ။ တျခားေလးဖက္နာ အဆစ္ေရာင္ေရာဂါေတြမွာ ေတြ႕ရေလ့ ရွိတဲ့ ေသြးစစ္ခ်က္ေတြ ဥပမာ- ESR, ASO, RA,ANA,Uric (Acid) တို႔ ျမင့္တက္ေလ့ရွိပါတယ္ ။

ကုသမႈအေနနဲ႔ အကိုက္အခဲေပ်ာက္ေဆးစားျခင္းျဖင့္ လတ္တေလာ နာက်င္မႈေဝဒနာကို သက္သာေစႏုိင္ ပါတယ္ ။ အစာအိမ္ ၊ ေလထိုးေလေအာင့္ရွိသူေတြ အစာအိမ္ေသြးယိုစိမ့္မႈ ျဖစ္သူေတြအေနနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ ေသာက္သင့္ တယ္ ။ ေရာဂါဟန္႔တားေဆးစားျခင္း အေနနဲ႔ အဓိကျပႆနာက အ႐ိုးႏုပါးၿပီး အဆစ္႐ိုးမွာ အက္ေၾကာင္းထင္ကာ က်ီးေပါင္းျပန္ တက္ရာမွ မ်က္ႏွာျပင္ မညီမညာျဖစ္ၿပီး အ႐ိုးခ်င္း ပြတ္မိသျဖင့္ နာက်င္ျခင္းတို႔ျဖစ္ေစတယ္ ။

ယခုအခါ အ႐ိုးႏုကို ျပန္ထူေစတဲ့ေဆးေပၚလာၿပီျဖစ္လို႔ ဟန္႔တားႏုိင္ပါၿပီ ။ အကိုက္အခဲေပ်ာက္ေဆး ေရရွည္မသံုးရေတာ့ပါဘူး ။ အ႐ိုးကို ျပန္တည့္ေပးျခင္း ၊ အဆစ္အစားထိုးျခင္း စတဲ့ ခြဲစိတ္ကုသမႈခံယူႏုိင္ပါတယ္ ။ ေလ့က်င့္ခန္းလည္းလုပ္ႏုိင္ပါတယ္။ တုတ္ေကာက္၊ လည္ပင္းေကာ္လံ၊ လည္ပတ္၊ ဖိနပ္ေအာက္ခံစတဲ့ အေထာက္အကူျပဳ ပစၥည္းေတြကို စနစ္တက် အသုံးျပဳ ေပးသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin


#Unicode Version


အဆစ်ရောင်ရောဂါ၊ အာရုံကြောရောဂါနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ရဲ့ နောက်ဆက်တွဲအဖြစ် အရိုးကျီးပေါင်း တက်ရောဂါ ဖြစ်ပေါ်တတ်ပါတယ်။

အရိုးကျီးပေါင်းတက်ပြီဆိုရင် ဒူးနာခြင်း အများဆုံးဖြစ်စေနိုင်ပြီး ဇက်ကြောတက်ခြင်း၊ ခါးနာခြင်းစတဲ့ရောဂါ လက္ခဏာတွေ ပြ တတ်ပါတယ် ။ အသက် ၄ဝ ကျော်အရွယ်မှာ လှုပ်ရှားမှု အများဆုံးနဲ့ အလေးအပင်ဒဏ် အခံရဆုံး အရိုးအဆစ်များဟာ ပွန်းသွားပြီး အရိုးအတက်ထွက်ကာ အဆစ်နာခြင်းနဲ့ ရောင်ခြင်း တို့ဖြစ်စေ တယ် ။ အသက် ၆၅ နှစ်ကျော်တဲ့သူတွေကို ဓာတ်မှန်ရိုက်ကြည့်ရင် ၈ဝ ရာခိုင်နှုန်းက ဒူး၊လည်ပင်းနဲ့ ခါးဆစ်တို့ အရိုးကျီးပေါင်းတက်တာ ကို တွေ့ရတတ် ပါတယ် ။ ရောဂါရှိသူရဲ့ ၂၅ ရာခိုင်နှုန်းက နာကျင်မှု ဒဏ်ကိုခံစားကြရတယ် ။ အထူးသဖြင့် ဝတဲ့သူတွေနဲ့ မျိုးရိုးရှိသူတွေမှာ ပိုပြီးအဖြစ်များတာတွေ့ ရတတ်ပါတယ် ။ ဒူးနာခြင်းဟာ အရိုးကျီးပေါင်းတက်ခြင်းကြောင့် ဟုတ် ၊ မဟုတ်သိနိုင်ပါတယ် ။ တစ်နှစ်အတွင်း ထိခိုက်မှုမရှိဘဲ ဒူးနာခြင်း ၊ လှေကားအတက်အဆင်းမှာ သွားလာမှု အခက်အခဲရှိခြင်း ၊ တခြားအဆစ်တွေ မနာဘဲ ဒူးတစ်ဖက်သို့မဟုတ် နှစ်ဖက်စလုံးမှာ နာကျင်ခြင်းတို့ခံစားရပါက ဒူးကို ဓာတ်မှန်ရိုက်ကြည့်ဖို့ လိုပါတယ် ။ အဲဒီလို ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အဆစ်ရောင်ခြင်း ၊ အရိုးအဆစ်တို့ အကွာအဝေး လျော့သွားခြင်း ၊ အရိုးများ ပိုဖြူလာခြင်းနှင့် အရိုးအတက်ထွက်ခြင်းစတာတွေကို သိနိုင်ပါတယ်။

ဓာတ်မှန်မှာ အရိုးကျီးပေါင်းတက်တာ တွေ့ခဲ့ရင် ရောဂါလက္ခဏာနဲ့ ဓာတ်မှန်တွေ့ရှိချက် ကိုက်ညီမှသာ အထူးဂရုပြုကုသဖို့ လိုပါတယ် ။ ရောဂါလက္ခဏာတွေ အနေနဲ့ ကတော့ ဒူးနာ ၊ ခါးနာ ၊ ဇက်ကြောတက် ၊ နံနက်အိပ်ရာထစမှာ သိပ်မသိသာဘဲ အဆစ်ကိုလှုပ်ရှားမှုများတဲ့ အချိန် ညနေစောင်းမှာ ပိုနာခြင်း ၊ အရိုးအဆစ် ကွေးနိုင်ဆန့်နိုင်စွမ်းကျဆင်းပြီး အဆစ်ခိုင်လာခြင်း ၊ အဆစ်ပတ်လည်ရှိ ကြွက်သားများ အားနည်းပြီး သိမ်သွားခြင်း ၊ အဆစ်တွင် အရည်ဝင်နေသောကြောင့် နာကျင်ခြင်း ၊ အရိုးချင်းပွတ် တိုက်မိသည်ကို ခံစားနိုင်ခြင်းတို့ဖြစ်ပါတယ် ။ တခြားလေးဖက်နာ အဆစ်ရောင်ရောဂါတွေမှာ တွေ့ရလေ့ ရှိတဲ့ သွေးစစ်ချက်တွေ ဥပမာ- ESR, ASO, RA,ANA,Uric (Acid) တို့ မြင့်တက်လေ့ရှိပါတယ် ။

ကုသမှုအနေနဲ့ အကိုက်အခဲပျောက်ဆေးစားခြင်းဖြင့် လတ်တလော နာကျင်မှုဝေဒနာကို သက်သာစေနိုင် ပါတယ် ။ အစာအိမ် ၊ လေထိုးလေအောင့်ရှိသူတွေ အစာအိမ်သွေးယိုစိမ့်မှု ဖြစ်သူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့် တယ် ။ ရောဂါဟန့်တားဆေးစားခြင်း အနေနဲ့ အဓိကပြဿနာက အရိုးနုပါးပြီး အဆစ်ရိုးမှာ အက်ကြောင်းထင်ကာ ကျီးပေါင်းပြန် တက်ရာမှ မျက်နှာပြင် မညီမညာဖြစ်ပြီး အရိုးချင်း ပွတ်မိသဖြင့် နာကျင်ခြင်းတို့ဖြစ်စေတယ် ။

ယခုအခါ အရိုးနုကို ပြန်ထူစေတဲ့ဆေးပေါ်လာပြီဖြစ်လို့ ဟန့်တားနိုင်ပါပြီ ။ အကိုက်အခဲပျောက်ဆေး ရေရှည်မသုံးရတော့ပါဘူး ။ အရိုးကို ပြန်တည့်ပေးခြင်း ၊ အဆစ်အစားထိုးခြင်း စတဲ့ ခွဲစိတ်ကုသမှုခံယူနိုင်ပါတယ် ။ လေ့ကျင့်ခန်းလည်းလုပ်နိုင်ပါတယ်။ တုတ်ကောက်၊ လည်ပင်းကော်လံ၊ လည်ပတ်၊ ဖိနပ်အောက်ခံစတဲ့ အထောက်အကူပြု ပစ္စည်းတွေကို စနစ်တကျ အသုံးပြု ပေးသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top