iMyanmarHouse.com - Best Property Website for Myanmar
×

စံုတြဲေတြ ခ်စ္တင္းေႏွာမႈအျပီး ပုံမွန္လုပ္ေဆာင္သင့္တဲ့အခ်က္ေတြ ေဆာင္ရြက္ျခင္းျဖင့္ သူတုိ႕ကို ထူးျခားမႈေတြ ခံစားေစႏုိင္တယ္လုိ႔ သိရပါတယ္။ တစ္ကုိယ္ေရသန္႔ရွင္းေရးက အထူးသျဖင့္ ေလာေလာလတ္လတ္ လိင္ဆက္ဆံမႈအျပီး အျမဲလုပ္ေပးရမယ့္အခ်က္ျဖစ္တယ္လုုိ႔ ကယ္လ္လီဖုိးနီးယားျပည္နယ္ Santa Monica ျမိဳ႕က Women's Health ကြ်မ္းက်င္ပညာရွင္ Sherry Ross, MD က ဆုိပါတယ္။ လိင္ဆက္ဆံမႈက ဘက္တီးရီးယားသစ္ေတြ တစ္ျပဳံတစ္ေခါင္း သယ္ေဆာင္ႏုိင္တယ္လုိ႔ သူမက ဆုိပါတယ္။

ကြ်ႏု္ပ္တို႔သိထားျပီးျဖစ္တဲ့ ခ်စ္တင္းေႏွာျပီး အေပါ့စြန္႔တာက ဆီးလမ္းေၾကာင္းကူးစက္ေရာဂါ UTIs နဲ႔ တျခားအဆင္မေျပမႈေတြ ကာကြယ္တားဆီးႏုိင္တဲ့ တစ္ခုတည္းေသာအရာေတာ့ မဟုတ္ပါဘူး။ လိင္ေပ်ာ္ပါးမႈအျပီး တျခားလုပ္ေဆာင္သင့္တဲ့ အခ်က္ (၅) ခ်က္ရိွပါတယ္။

၁။  အနံ႔မပါတဲ့ ဆပ္ျပာနဲ႔ ေဆးေၾကာပါ

လက္ေခ်ာင္း၊ ပါးစပ္နဲ႔ စအုိက လိင္ကိစၥသုံးေခ်ာဆီနဲ႔ ဘက္တီးရီးယားေတြက ေရာဂါကူးစက္မႈျဖစ္ပြားႏုိင္ေျခ ပိုမ်ားေစႏုိင္တာေၾကာင့္ လိင္ဆက္ဆံျပီးေနာက္ အနံ႔အသက္ကင္းဆပ္ျပာအသုံးျပဳဖုိ႔  Ross က အၾကံေပးေျပာဆိုခဲ့ပါတယ္။

၂။ ေရခ်ဳိးကန္ထဲ ဝင္စိမ္ပါ

အုန္းဆီ coconut oil ေရာစပ္ထည့္ထားတဲ့ ေရခ်ဳိးကန္ထဲ ဝင္စိမ္တာက ဗာဂ်ဳိင္းနားအျပင္ဘက္အေရျပား သန္႔ရွင္းေစႏုိင္ျပီး ခ်စ္တင္းေႏွာမႈအျပီး ျဖစ္ပြားတဲ့ ဗာဂ်ဳိင္းနားေရာင္ရမ္းမႈ သုိ႔မဟုတ္ ယားယံမႈ သက္သာေစႏုိင္တဲ့ အျပင္ ေရာဂါကူးစက္မႈလည္း ေလွ်ာ့နည္းေစပါတယ္။

၃။ ေရေသာက္ပါ

ေလ့က်င့္ခန္းလုပ္သလုိပဲ လိင္ေပ်ာ္ပါးျပီးေနာက္ ေရဓာတ္ျဖည့္တင္းေပးဖုိ႔ လိုေကာင္းလိုအပ္ႏိုင္ပါတယ္။ ေရဓာတ္ခန္းေျခာက္မႈက ခႏၶာကိုယ္တစ္ခုလုံး ထိခုိက္ေစပါတယ္။ သင့္ခံတြင္းေျခာက္ကပ္ကပ္ ျဖစ္ေနပါက ေရဓာတ္ျပန္ျဖည့္ေပးဖုိ႔ လုိအပ္ေနျပီမုိ႔ ေရ ၁ ခြက္ ၂ခြက္ေသာက္ေလာက္ ေမာ့ေသာက္လုိက္ပါ။

၄။ Probiotic ၾကြယ္ဝတဲ့ အစားအေသာက္ေတြ စားပါ

ဒိန္ခ်ဥ္၊ ကိမ္ခ်ီ၊ ကြမ္ဗိုခ်ာနဲ႔ အျခား အခ်ဥ္ေဖာက္ထားတဲ့ အစားအေသာက္ေတြမွာ ဗာဂ်ဳိင္းနားမွာ ေတြ႔ရတဲ့ အက်ဳိးျပဳဘက္တီးရီးယားေတြ ပါရိွပါတယ္။ ခ်စ္တင္းေႏွာျပီးေနာက္ ဒီအစားအေသာက္ေတြ အဆာေျပအျဖစ္ သုံးေဆာင္တဲ့ အေလ့အက်င့္က ခႏၶာကိုယ္ရဲ႕ အက်ဳိးျပဳဘက္တီးရီးယားေတြ ထပ္မံျဖည့္တင္းေပးကာ ဗာဂ်ဳိင္းနား ေရာဂါကူးစက္မႈအႏၱရာယ္ ေလွ်ာ့နည္းေစႏိုင္ပါတယ္။

၅။ အတြင္းခံဗလာျဖင့္ ေနပါ

အဲဒီလုိ လြတ္လြတ္လပ္လပ္ေနလုိက္တာနဲ႔ ဆီးလမ္းေၾကာင္းေရာဂါကူးစက္မႈ UTIs နဲ႔ ျခည္သားအတြင္းခံ ဝတ္ဆင္ျခင္းေၾကာင့္ အျခားေရာဂါကူးစက္မႈေတြ ကာကြယ္တားဆီးေပးျပီး ယင္းေနရာ ေျခာက္ေသြ႔ေစကာ ေလဝင္ေလထြက္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။ အနည္းဆုံးေတာ့ ႏုိင္လြန္သားအတြင္းခံနဲ႔ တင္းတင္းက်ပ္က်ပ္ ညအိပ္ေဘာင္းဘီေတြ ေရွာင္ပါ။ အစိုဓာတ္ထိန္းသိမ္းျပီး ဘက္တီးရီးယားေတြ ၾကီးထြားေစပါလိမ့္မယ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စုံတွဲတွေ ချစ်တင်းနှောမှုအပြီး ပုံမှန်လုပ်ဆောင်သင့်တဲ့အချက်တွေ ဆောင်ရွက်ခြင်းဖြင့် သူတို့ကို ထူးခြားမှုတွေ ခံစားစေနိုင်တယ်လို့ သိရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးက အထူးသဖြင့် လောလောလတ်လတ် လိင်ဆက်ဆံမှုအပြီး အမြဲလုပ်ပေးရမယ့်အချက်ဖြစ်တယ်လိုု့ ကယ်လ်လီဖိုးနီးယားပြည်နယ် Santa Monica မြို့က Women's Health ကျွမ်းကျင်ပညာရှင် Sherry Ross, MD က ဆိုပါတယ်။ လိင်ဆက်ဆံမှုက ဘက်တီးရီးယားသစ်တွေ တစ်ပြုံတစ်ခေါင်း သယ်ဆောင်နိုင်တယ်လို့ သူမက ဆိုပါတယ်။

ကျွနု်ပ်တို့သိထားပြီးဖြစ်တဲ့ ချစ်တင်းနှောပြီး အပေါ့စွန့်တာက ဆီးလမ်းကြောင်းကူးစက်ရောဂါ UTIs နဲ့ တခြားအဆင်မပြေမှုတွေ ကာကွယ်တားဆီးနိုင်တဲ့ တစ်ခုတည်းသောအရာတော့ မဟုတ်ပါဘူး။ လိင်ပျော်ပါးမှုအပြီး တခြားလုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။  အနံ့မပါတဲ့ ဆပ်ပြာနဲ့ ဆေးကြောပါ

လက်ချောင်း၊ ပါးစပ်နဲ့ စအိုက လိင်ကိစ္စသုံးချောဆီနဲ့ ဘက်တီးရီးယားတွေက ရောဂါကူးစက်မှုဖြစ်ပွားနိုင်ခြေ ပိုများစေနိုင်တာကြောင့် လိင်ဆက်ဆံပြီးနောက် အနံ့အသက်ကင်းဆပ်ပြာအသုံးပြုဖို့  Ross က အကြံပေးပြောဆိုခဲ့ပါတယ်။

၂။ ရေချိုးကန်ထဲ ဝင်စိမ်ပါ

အုန်းဆီ coconut oil ရောစပ်ထည့်ထားတဲ့ ရေချိုးကန်ထဲ ဝင်စိမ်တာက ဗာဂျိုင်းနားအပြင်ဘက်အရေပြား သန့်ရှင်းစေနိုင်ပြီး ချစ်တင်းနှောမှုအပြီး ဖြစ်ပွားတဲ့ ဗာဂျိုင်းနားရောင်ရမ်းမှု သို့မဟုတ် ယားယံမှု သက်သာစေနိုင်တဲ့ အပြင် ရောဂါကူးစက်မှုလည်း လျှော့နည်းစေပါတယ်။

၃။ ရေသောက်ပါ

လေ့ကျင့်ခန်းလုပ်သလိုပဲ လိင်ပျော်ပါးပြီးနောက် ရေဓာတ်ဖြည့်တင်းပေးဖို့ လိုကောင်းလိုအပ်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုက ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်စေပါတယ်။ သင့်ခံတွင်းခြောက်ကပ်ကပ် ဖြစ်နေပါက ရေဓာတ်ပြန်ဖြည့်ပေးဖို့ လိုအပ်နေပြီမို့ ရေ ၁ ခွက် ၂ခွက်သောက်လောက် မော့သောက်လိုက်ပါ။

၄။ Probiotic ကြွယ်ဝတဲ့ အစားအသောက်တွေ စားပါ

ဒိန်ချဉ်၊ ကိမ်ချီ၊ ကွမ်ဗိုချာနဲ့ အခြား အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေမှာ ဗာဂျိုင်းနားမှာ တွေ့ရတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါရှိပါတယ်။ ချစ်တင်းနှောပြီးနောက် ဒီအစားအသောက်တွေ အဆာပြေအဖြစ် သုံးဆောင်တဲ့ အလေ့အကျင့်က ခန္ဓာကိုယ်ရဲ့ အကျိုးပြုဘက်တီးရီးယားတွေ ထပ်မံဖြည့်တင်းပေးကာ ဗာဂျိုင်းနား ရောဂါကူးစက်မှုအန္တရာယ် လျှော့နည်းစေနိုင်ပါတယ်။

၅။ အတွင်းခံဗလာဖြင့် နေပါ

အဲဒီလို လွတ်လွတ်လပ်လပ်နေလိုက်တာနဲ့ ဆီးလမ်းကြောင်းရောဂါကူးစက်မှု UTIs နဲ့ ခြည်သားအတွင်းခံ ဝတ်ဆင်ခြင်းကြောင့် အခြားရောဂါကူးစက်မှုတွေ ကာကွယ်တားဆီးပေးပြီး ယင်းနေရာ ခြောက်သွေ့စေကာ လေဝင်လေထွက်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ အနည်းဆုံးတော့ နိုင်လွန်သားအတွင်းခံနဲ့ တင်းတင်းကျပ်ကျပ် ညအိပ်ဘောင်းဘီတွေ ရှောင်ပါ။ အစိုဓာတ်ထိန်းသိမ်းပြီး ဘက်တီးရီးယားတွေ ကြီးထွားစေပါလိမ့်မယ်။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top