iMyanmarHouse.com - Best Property Website for Myanmar
×

တခါတေလ သြားရည္က်စရာအေကာင္းစား စားဖြယ္ေတြရဲ႕ေနာက္ကြယ္မွာ ေရွာင္ရင္ ပိုသင့္တဲ့ ဒုကၡေပးတဲ့အဆီ၊ ကယ္လုိရီေတြ၊ သၾကား၊ ဆားနဲ႔ တျခားပါဝင္ပစၥည္းေတြ ပုန္းလွ်ဳိးကြယ္လွ်ဳိးရိွေနတတ္ပါတယ္။ေအာက္မွာ ေဖာ္ျပေပးထားတဲ့ အရာေတြကို ေန႔တိုင္းစားသုံးမယ္ဆိုရင္ သင့္အသက္ကို ျဖည္းျဖည္းခ်င္း ေျခြယူတဲ့အထိ ျဖစ္သြားေစႏိုင္တာမုိ႔ ဒါေတြကို ေရွာင္ၾကဥ္ၾကဖုိ႔ တိုက္တြန္းခ်င္ပါတယ္။

စည္သြတ္ခရမ္းခ်ဥ္သီးေဆာ့

စည္သြတ္ခရမ္းခ်ဥ္သီးေတြမွာ သၾကားရည္ေတြျမင့္မားစြာပါဝင္တာေၾကာင့္ အဝလြန္ေရာဂါ၊ ဆီးခ်ဳိေရာဂါနဲ႔ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္ပြားမႈႏႈန္း တိတ္တိတ္ပုန္းျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ခရမ္းခ်ဥ္သီးေဆာ့ေတြစားတဲ့အခါ သၾကားနည္းျပီး အငံဓာတ္ေပါ့တဲ့ အညႊန္းနဲ႔ ေဆာ့ေတြကို ေရြးခ်ယ္စားသုံးသင့္ပါတယ္။

ေဆာ္ဒါ

အျမဳပ္တစ္စီစီထတဲ့ အခ်ဳိရည္က ပူအုိက္တဲ့ေႏြရက္ေတြမွာ အေကာင္းဆုံးေရငတ္ေျပျဖစ္ႏုိင္ေပမယ့္ အေကာင္းဆုံး အေဖာ္မြန္ေတာ့ မဟုတ္ပါဘူး။ ဒီအခ်ဳိရည္မွာ လူလုပ္ဆုိးေဆး၊ တာရွည္ခံေဆးနဲ႔ ေဖာ့စ္ေဖာရစ္ခ္ေတြ ပါဝင္ျပီး ခႏၶာကိုယ္ရဲ႕ ကယ္လ္ဆီယမ္စုပ္ယူႏုိင္စြမ္း အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။ ျပီးေတာ့ ဆီးခ်ဳိေရာဂါ၊ ဦးေႏွာက္အသားပိုနဲ႔ အသားမွ်င္ခက္မာမႈမ်ဳိးစုံစတဲ့ က်န္းမာေရးျပသနာမ်ားစြာနဲ႔ ဆက္စပ္ေနပါတယ္။

အသင့္စားဖြယ္အသားမ်ား                                                                          

ဝက္သားဆားနယ္ေျခာက္၊ ၾကက္သား၊ အမဲသား အူေခ်ာင္းေတြက အဆာေျပ ျပင္ဆင္ရလ်င္ျမန္လြယ္ကူေစပါတယ္။ အသင့္စားသုံးႏုိင္တဲ့ အသားေတြမွာ အဆီ၊ ႏိႈက္ထရိတ္နဲ႔ ဆုိဒီယမ္ျမင့္မားစြာ ပါဝင္ပါတယ္။ အထူးသျဖင့္ အခ်ပ္လုိက္လွီးျဖတ္ထားတာေတြက ပုိမိုၾကီးမားတဲ့ အေပၚယံမ်က္ႏွာျပင္ေတြမွာ ျပင္းျပတဲ့တာရွည္ခံေဆးေတြ လုိအပ္ပါတယ္။ သန္းတစ္ဝက္မနည္းတဲ့ လူေတြအေပၚ ၁၂ ႏွစ္ၾကာ ေလ့လာမႈတစ္ခုက တာရွည္ခံေအာင္ လုပ္ထားတဲ့အသားေတြဟာ အရြယ္မတုိင္မီ ေသဆုံးမႈနဲ႔ ဆက္စပ္ေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ေလ့လာမႈအရ တစ္ေန႔ တာရွည္ခံအသား ၁၆၀ ဂရမ္ထက္ပုိစားသူေတြ ေစာေစာေသဆုံးႏုိင္မႈအႏၱရာယ္ ၄၄% ရိွေၾကာင္း သိရပါတယ္။

ေဟာ့ေဒါ့ဂ္ (Hot Dogs)

တစ္ေန႔ တာရွည္ခံေအာင္ လုပ္ထားတဲ့ အသား (၅၀) ဂရမ္ (သုိ႔မဟုတ္ ေဟာ့ေဒါ့ဂ္ တစ္ခုနဲ႔ တစ္ဝက္) ပုံမွန္စားသုံးသူေတြ အူကင္ဆာေရာဂါအႏၱရာယ္ ၂၀% ပိုမ်ားေၾကာင္း World Cancer Research Fund မွ ေငြေၾကးေထာက္ပံ့ျပဳလုပ္တဲ့ ကမာၻတစ္ဝွမ္းသုေတသနက ေဖာ္ျပခဲ့ပါတယ္။

ဒီအစားအေသာက္ေတြ သုံးေဆာင္တာက ခ်က္ခ်င္း ေသဆုံးေစမယ္လို႔ေတာ့ မဆုိလုိပါဘူး။ သတိမူမိျပီး ေလွ်ာ့စားႏုိင္ဖုိ႔သာ  ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

တခါတလေ သွားရည်ကျစရာအကောင်းစား စားဖွယ်တွေရဲ့နောက်ကွယ်မှာ ရှောင်ရင် ပိုသင့်တဲ့ ဒုက္ခပေးတဲ့အဆီ၊ ကယ်လိုရီတွေ၊ သကြား၊ ဆားနဲ့ တခြားပါဝင်ပစ္စည်းတွေ ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်ပါတယ်။အောက်မှာ ဖော်ပြပေးထားတဲ့ အရာတွေကို နေ့တိုင်းစားသုံးမယ်ဆိုရင် သင့်အသက်ကို ဖြည်းဖြည်းချင်း ခြွေယူတဲ့အထိ ဖြစ်သွားစေနိုင်တာမို့ ဒါတွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

စည်သွတ်ခရမ်းချဉ်သီးဆော့

စည်သွတ်ခရမ်းချဉ်သီးတွေမှာ သကြားရည်တွေမြင့်မားစွာပါဝင်တာကြောင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားမှုနှုန်း တိတ်တိတ်ပုန်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ်သီးဆော့တွေစားတဲ့အခါ သကြားနည်းပြီး အငံဓာတ်ပေါ့တဲ့ အညွှန်းနဲ့ ဆော့တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

ဆော်ဒါ

အမြုပ်တစ်စီစီထတဲ့ အချိုရည်က ပူအိုက်တဲ့နွေရက်တွေမှာ အကောင်းဆုံးရေငတ်ပြေဖြစ်နိုင်ပေမယ့် အကောင်းဆုံး အဖော်မွန်တော့ မဟုတ်ပါဘူး။ ဒီအချိုရည်မှာ လူလုပ်ဆိုးဆေး၊ တာရှည်ခံဆေးနဲ့ ဖော့စ်ဖောရစ်ခ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ်စုပ်ယူနိုင်စွမ်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဆီးချိုရောဂါ၊ ဦးနှောက်အသားပိုနဲ့ အသားမျှင်ခက်မာမှုမျိုးစုံစတဲ့ ကျန်းမာရေးပြသနာများစွာနဲ့ ဆက်စပ်နေပါတယ်။

အသင့်စားဖွယ်အသားများ                                                                        

ဝက်သားဆားနယ်ခြောက်၊ ကြက်သား၊ အမဲသား အူချောင်းတွေက အဆာပြေ ပြင်ဆင်ရလျင်မြန်လွယ်ကူစေပါတယ်။ အသင့်စားသုံးနိုင်တဲ့ အသားတွေမှာ အဆီ၊ နှိုက်ထရိတ်နဲ့ ဆိုဒီယမ်မြင့်မားစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အချပ်လိုက်လှီးဖြတ်ထားတာတွေက ပိုမိုကြီးမားတဲ့ အပေါ်ယံမျက်နှာပြင်တွေမှာ ပြင်းပြတဲ့တာရှည်ခံဆေးတွေ လိုအပ်ပါတယ်။ သန်းတစ်ဝက်မနည်းတဲ့ လူတွေအပေါ် ၁၂ နှစ်ကြာ လေ့လာမှုတစ်ခုက တာရှည်ခံအောင် လုပ်ထားတဲ့အသားတွေဟာ အရွယ်မတိုင်မီ သေဆုံးမှုနဲ့ ဆက်စပ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ တစ်နေ့ တာရှည်ခံအသား ၁၆၀ ဂရမ်ထက်ပိုစားသူတွေ စောစောသေဆုံးနိုင်မှုအန္တရာယ် ၄၄% ရှိကြောင်း သိရပါတယ်။

ဟော့ဒေါ့ဂ် (Hot Dogs)

တစ်နေ့ တာရှည်ခံအောင် လုပ်ထားတဲ့ အသား (၅၀) ဂရမ် (သို့မဟုတ် ဟော့ဒေါ့ဂ် တစ်ခုနဲ့ တစ်ဝက်) ပုံမှန်စားသုံးသူတွေ အူကင်ဆာရောဂါအန္တရာယ် ၂၀% ပိုများကြောင်း World Cancer Research Fund မှ ငွေကြေးထောက်ပံ့ပြုလုပ်တဲ့ ကမ္ဘာတစ်ဝှမ်းသုတေသနက ဖော်ပြခဲ့ပါတယ်။

ဒီအစားအသောက်တွေ သုံးဆောင်တာက ချက်ချင်း သေဆုံးစေမယ်လို့တော့ မဆိုလိုပါဘူး။ သတိမူမိပြီး လျှော့စားနိုင်ဖို့သာ  ဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top