iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ အသစ္စက္စက္ေတြဟာ ကေလးေတြကို ႏို႔ခ်ိဳ တိုက္ေကြ်းရမွာ ႏုိ႔အလံုအေလာက္ မထြက္တဲ့ ျပႆနာ အၿမဲ ႀကံဳရတတ္ပါတယ္။ မိခင္ႏုိ႔ဟာ ကေလးငယ္အတြက္ ေရဓာတ္၊ သၾကားဓာတ္နဲ႔ အျခား အာဟာရေတြ မ်ားစြာ ေပးစြမ္းတဲ့အတြက္ မိခင္ႏုိ႔ဟာ အေရးႀကီးလွပါတယ္။ ဒီလို ျပႆနာနဲ႔ မႀကံဳရေအာင္ စားရမယ့္ အစားအစာေတြ ရွိပါတယ္။

 ျမန္မာနည္းမွာဆိုရင္ေတာ့ ငရုပ္ေကာင္းနဲ႔ ဟင္းခါး ခ်က္ေသာက္တာမ်ိဳး၊ ႏြားၿမီးကို ဟင္းခ်ိဳခ်က္ေသာက္တာေတြလည္း စားၾကပါတယ္။  Almond ဟာ ႏုိ႔တုိက္မိခင္ေတြ အတြက္ အထူးေကာင္းမြန္တဲ့ အစားအစာလို႔ ေျပာၾကပါတယ္။ ပရိုတင္း၊ အမွ်င္ဓာတ္၊ ဗီတာမင္မ်ား၊ သတၱဳဓာတ္မ်ားနဲ႔ အင္တီေအာက္ဆီးဒင့္ေတြ ပါ၀င္တဲ့ အတြက္ ကေလးေရာ မိခင္ပါ က်န္းမာေစမယ့္ အစားအစာ ျဖစ္ပါတယ္။ အေစ့အဆန္နဲ႔ အလာ့ဂ်စ္ ရွိသူဆိုရင္ေတာ့ မစားသင့္ပါဘူး။  ငါး  ငါးစားေပးပါ။

အထူးသျဖင့္ ဆယ္လ္မြန္ငါးပါ။ ျမန္မာေတြကေတာ့ ငါးခူ၊ ငါးက်ည္း စားေပးၾကပါတယ္။ ႏို႔ထြက္ေစမယ့္ အာနိသင္ကို ကူေပးမယ့္ အိုမီဂါ၃အက္ဆစ္ဓာတ္ ပါ၀င္တာေၾကာင့္ ငါးစားျခင္းဟာ ဆိုးက်ိဳးမရွိတဲ့ အစားအစာ တစ္ခုပါ။  အစိမ္းရင့္ေရာင္ အသီးအရြက္စားပါ  အစိမ္းရင့္ေရာင္ အသီးအရြက္ေတြကိုလည္း စားေပးလို႔ ရပါတယ္။ အျခား ပန္းပြင့္စိမ္းလို အသီးအရြက္ေတြကိုလည္း စားလို႔ရပါတယ္။ ျမန္မာအယူကေတာ့ ဒန္႔ဒလြန္ရြက္ကို စားေပးပါတယ္။

 ဆန္လံုးညိဳစားပါ  ဆန္လံုးညိဳဟာ ရိုးရိုးဆန္အျဖဴထက္ပိုၿပီး အမွ်င္ဓာတ္ပို ၾကြယ္၀ပါတယ္။ ဒါေၾကာင့္ ႏို႔တိုက္မိခင္ေတြ အေနနဲ႔ ဆန္လံုးညိဳ စားေပးရင္ ပိုေကာင္းပါတယ္။  ၾကက္ဥစားပါ  ၾကက္ဥကေတာ့ ျမန္မာအယူမွာ ကေလး ေလနာမွာ စုိးရိမ္ၿပီး မစားခိုင္းၾကပါဘူး။ အေနာက္တိုင္းအယူကေတာ့ မရွိပါဘူး။ ဗီတာမင္နဲ႔ ပရိုတင္း ၾကြယ္၀တဲ့ အစားအစာမို႔ ႏုိ႔တိုက္မိခင္ေတြကို စားခိုင္းပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Top 10 Home Remedies

#Unicode Version

မိခင် အသစ်စက်စက်တွေဟာ ကလေးတွေကို နို့ချို တိုက်ကျွေးရမှာ နို့အလုံအလောက် မထွက်တဲ့ ပြဿနာ အမြဲ ကြုံရတတ်ပါတယ်။ မိခင်နို့ဟာ ကလေးငယ်အတွက် ရေဓာတ်၊ သကြားဓာတ်နဲ့ အခြား အာဟာရတွေ များစွာ ပေးစွမ်းတဲ့အတွက် မိခင်နို့ဟာ အရေးကြီးလှပါတယ်။ ဒီလို ပြဿနာနဲ့ မကြုံရအောင် စားရမယ့် အစားအစာတွေ ရှိပါတယ်။

 မြန်မာနည်းမှာဆိုရင်တော့ ငရုပ်ကောင်းနဲ့ ဟင်းခါး ချက်သောက်တာမျိုး၊ နွားမြီးကို ဟင်းချိုချက်သောက်တာတွေလည်း စားကြပါတယ်။  Almond ဟာ နို့တိုက်မိခင်တွေ အတွက် အထူးကောင်းမွန်တဲ့ အစားအစာလို့ ပြောကြပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ အတွက် ကလေးရော မိခင်ပါ ကျန်းမာစေမယ့် အစားအစာ ဖြစ်ပါတယ်။ အစေ့အဆန်နဲ့ အလာ့ဂျစ် ရှိသူဆိုရင်တော့ မစားသင့်ပါဘူး။  ငါး  ငါးစားပေးပါ။

အထူးသဖြင့် ဆယ်လ်မွန်ငါးပါ။ မြန်မာတွေကတော့ ငါးခူ၊ ငါးကျည်း စားပေးကြပါတယ်။ နို့ထွက်စေမယ့် အာနိသင်ကို ကူပေးမယ့် အိုမီဂါ၃အက်ဆစ်ဓာတ် ပါဝင်တာကြောင့် ငါးစားခြင်းဟာ ဆိုးကျိုးမရှိတဲ့ အစားအစာ တစ်ခုပါ။  အစိမ်းရင့်ရောင် အသီးအရွက်စားပါ  အစိမ်းရင့်ရောင် အသီးအရွက်တွေကိုလည်း စားပေးလို့ ရပါတယ်။ အခြား ပန်းပွင့်စိမ်းလို အသီးအရွက်တွေကိုလည်း စားလို့ရပါတယ်။ မြန်မာအယူကတော့ ဒန့်ဒလွန်ရွက်ကို စားပေးပါတယ်။


 ဆန်လုံးညိုစားပါ  ဆန်လုံးညိုဟာ ရိုးရိုးဆန်အဖြူထက်ပိုပြီး အမျှင်ဓာတ်ပို ကြွယ်ဝပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ အနေနဲ့ ဆန်လုံးညို စားပေးရင် ပိုကောင်းပါတယ်။  ကြက်ဥစားပါ  ကြက်ဥကတော့ မြန်မာအယူမှာ ကလေး လေနာမှာ စိုးရိမ်ပြီး မစားခိုင်းကြပါဘူး။ အနောက်တိုင်းအယူကတော့ မရှိပါဘူး။ ဗီတာမင်နဲ့ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာမို့ နို့တိုက်မိခင်တွေကို စားခိုင်းပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Top 10 Home Remedies


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top