iMyanmarHouse.com - Best Property Website for Myanmar
×











Credit : thithtoolwin

#Unicode Version

 အမျိုးသမီးများမှာ ဆံပင်တွေကျွတ်နှုန်းများလာပြီးဆိုလျှင် မိမိစိတ်ကို နှောင့်ယှက်ဖြစ်တွေဖြစ်လာပါတယ်။ ဆံပင်တွေကျွတ်လာပြီဆိုလျှင် ခေါင်းကဆံပင်များကိုပင် ဘီးများဖြင့် ဆံပင်လှပမှု့ကိုပင် မလုပ်ရဲအောင်ပင် ဖြစ်လာကြောင့် တွေ့ရှိရပါတယ် ။ ဒီလိုဆံပင်တွေကျွတ်လာခြင်းသည့် ခန္ဓာကိုယ် အတွင်ဟော် မုန်းတွေပြောင်းလဲခြင်း ၊ သူများကောင်းတယ်ဆိုတာနဲ့ခေါင်းလျှော်ရည် ခေါင်းလိမ်းဆီများကို အသုံးပြု့မိခြင်း နှင့် အလှပြင်ဆိုင်တွေမှာ ပုံစံတွေပြောင်းလိုက် ကောက်လိုက် ဖြောင့်လိုက်  ဆေး အရောင် ပြောင်း လိုက် လုပ်ဆောင်တက်သည့် အချက်တွေပါဝင်ပါသည် ။

မိမိမျိုးရိုးလည်း လိုက်တက်ပါတယ် တစ်ချို့အသက်ကြီးလာပြီးဆိုလျှင် အမျိုးသား အမျိုးသမီးပါ ဆံပင်တွေကျဲလာမယ် ပါးလာကြပါတယ် ။တစ်ချို့ဆိုလျှင် ထိပ်တောင်ပြောင်းသည့်အထိဖြစ်လာပါတယ် ဒါလည်း မျိုးရိုးဗီဇကြောင့်လည်း သက်ဆိုင်ပါတယ် ။အဲလိုဖြစ်လာပြီဆိုလျှင် ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေခံယူလုပ်ဆောင်ရပါတယ် ။

မိမိခန္ဓာကိုယ်တွင်းထဲမှာ ဟော်မုန်းအမျိုးအစားနှင့် တခြားဓာတုပစ္စည်းအပြောင်အလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ် ။အဓိကအပိုင်းတွေကတော့ သွေးအားနည်းခြင်း ၊ သိုင်းရွိက်ရောဂါ ( သောက်ရသည် ရောင်ခြည်ဆေးများသောက်ရခြင်း ) နှင့် သံဓာတ်ချို့တဲ့လွန်းသည့် အစားသောက်တွေ စားသုံးခြင်းကြောင့် အမျိုးသမီးအများကို ဆံပင်အများအပြား ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိကြပါတယ် ။

အလှပများကို စိတ်တိုင်းကျ ပြု့ပြင်ပြောင်းလဲဖန်တည်းသည့် မိန်းကလေးများအခုပြောပြမည့် အပိုင်းကို သတိမထားကြပါဘူး သူများတွေလှတယ် ကောင်းတယ် နာမည်ကြီးတယ်ဆိုပြီး ဘုမသိ ဘမသိနဲ့ ဆံပင်ကို အမျိုးမျိုးသော ပြုပြင်ဖန်တီးခြင်း ၊ ဆံပင်ပုံသွင်းရာမှာ အသုံးပြု့သည့် ပစ္စည်းတစ်ချို့ကြောင့်လည်း ဆံပင်သားကို ထိခိုက်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ် ။ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။

ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်လာပါတော့တယ်။ ဆံပင်ဖြောင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို အလွန်ပင်သုံးစွဲခြင်းကို အထူးပင် ရှောင်ကြဉ်သင့်ပါကြောင့်ပြောကြားလိုပါတယ်။
ဆံပင်ပုံစံနှင့်အရောင်များကို ပြောင်းလဲဖန်တည်းသည့် အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းအပြင် မိမိနှင့်သုံးစွဲသည့် ဓာတုအသုံးပြု့ဆေးများကြောင့်ပင် ဦးခေါင်းအရေပြား ပျက်ဆီးစေပါတယ် ။ထိုကြောင့် ဦးခေါင်းအရေပြားတွင် အနာများပေါက်လာပြီးနောက်တစ်ချို့ဆိုလျှင် ကုသမှု့ကိုပင် အထူးအလေးထားပေးရသည့်ကိစ္စများဖြစ်ပေါ်လာကြပါတယ် ။

သဘာဝလွန်အလှများကို ရှေ့တန်းမတင်ဘဲ ပင်ကိုယ်အလှများဖြင့် လှနိုင်စေရန်ဖြစ်ပါတော့သည် ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top