iMyanmarHouse.com - Best Property Website for Myanmar
×
၎) အရေးပေါ်အသုံးစရိတ် စတင်စုဆောင်းပါ
၅) ငွေသားသုံးစွဲပါ
Credit : Trend Myanmar
Unicode Version
တခါတရံ ငွေကြေးစံမံခန့်ခွဲရတာဟာ တော်တော့ကို ရှုပ်ထွေးနက်နဲပါတယ်။ ငွေကြေးကိုကောင်းကောင်းစီမံခန့် ခွဲနိုင်ဖို့ ဖြစ်စဉ်တွေကို အရိုးရှင်းဆုံး လုပ်ဆောင်ရမယ်။ ဒါဆိုရင် ဘဏ္ဍာရေးအခြေအနေကို မှန်မှန်ကန်ကန် လည် ပတ်နိုင်မှာဖြစ်ပြီး အလွယ်တကူ နားလည် နိုင်ပါတယ်။ ငွေကြေးကို ကောင်းကောင်းစီမံခန့်ခွဲဖို့အတွက် ထူးချွန် ထက်မြက်သူတစ်ယောက် ဖြစ်စရာမလိုပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ ကြီးမားတဲ့ရှုပ်ထွေးပွေလိမ်မှုတွေ အမြဲလိုလို ဖြစ်ပေါ်လာရတာဟာ အခြေခံအချက်တွေကို မလုပ်ဆောင်လို့ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေ ကို လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့အခါ ဘဏ္ဍာရေးကမောက်ကမဖြစ်ပြီး ဘဝတစ်ခုလုံး စုတ်ပြတ်သပ်သွားစေတတ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ဆောင်ရမဲ့နည်းလမ်း ၆ မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁) သုံးစွဲငွေကို လေ့လာဆန်းစစ်ပါ
တစ်လအတွင်းသုံးစွဲမယ့် တပြားတစ်ချပ်ကအစ စာရင်းပြုမှတ်ထားပါ။ ဒီလိုလုပ်လိုက်တာနဲ့ ဘာအတွက် သုံးစွဲခဲ့ တယ်ဆိုတာကို သင် သိရှိလာမှာဖြစ်တယ်။ ဒါဆိုရင် လစဉ်အသုံးစရိတ်ကို သင်စတင်နိုင်မှာဖြစ်တယ်။ လစဉ်အသုံးစရိတ်စီမံခန့်ခွဲရတာဟာ အတော်ကို ရှုပ်ထွေးပွေလိမ်ပါတယ်။ ဒါကို စွဲစွဲမြဲမြဲလုပ်ဆောင်ပါက ရေရှည်မှာ ငွေအတော်စုဆောင်းနိုင်မှာ ဖြစ်တယ်။ အစပိုင်းမှာတော့ အနည်းငယ် အခက်တွေ့နိုင်ပေမဲ့ စီမံခန့်ခွဲဖန်များတော့ ပိုမိုလွယ်ကူလာပါလိမ့်မယ်။
၂) အိမ်ထောင်ရှင်ဖြစ်ပါက ဝင်ငွေကိုပေါင်းလိုက်ပါ
အိမ်ထောင်ရှင်ဖြစ်ပါက ယောကျ်ားဝင်ငွေ၊ မိန်းမဝင်ငွေ၊ ယောကျ်ားပေးချေငွေ၊ မိန်းမပေးချေငွေဆိုပြီး ခွဲခြားနေ စရာ မသင့်တော့ပါ။ အကုန်လုံးက သင်တော့နှစ်ယောက်ပိုင်ဆိုင်တာမို့ သင်တို့နှစ်ယောက်ရဲ့ငွေကြေးဖြစ်တယ်။ တစ်နေရာမှာ အားလုံးကို စုပုံသိမ်းဆည်းပြီး အဲဒီကနေ ထုတ်သုံးပါ။ နှစ်ယောက် သဘောတူလစဉ်အသုံးစရိတ် ကို အဲ့ဒီလိုမှန်မှန်ကန်ကန်စီမံနိုင်မယ်ဆိုရင် ငွေကြေးအကျပ်အတည်း ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
၃) ပြက္ခဒိန်မှာ ငွေပေးချေရမည့်အချိန်ကို သတ်မှတ်ပါ
ငွေကြေးပေးချေစရာများနှင့် နဘန်းလုံးနေရပါက ဘယ်အချိန်ဘယ်ကိုငွေပေးချေရမယ်ဆိုတာကိုသိရှိဖို့ ပြက္ခဒိန်မှာ ငွေပေးချေရမယ့် အချိန်ကို သတ်မှတ်ပါ။ အဲဒါကို တပတ်တစ်ခါကြည့်ပြီး အဲဒီရက်သတ္တပတ်အတွက် ပေးချေ စရာများကို ပေးချေပါ။
၄) အရေးပေါ်အသုံးစရိတ် စတင်စုဆောင်းပါ
ပိုက်ဆံလက်ထဲမှာရှိနေတဲ့အခါ အရေးပေါ်အသုံးစရိတ်အတွက် ချန်ထားပါ။ သင်ဟာ အကြွေးဝယ်ကဒ် ဒါမှမဟုတ် အခြားကဒ်တွေနဲ့ အရေးပေါ်ကိစ္စကို ဖြေရှင်းချင်မှာမဟုတ်ဘူး။ လူတိုင်းမှာ ပုံမှန်မဟုတ်တဲ့ အရေးပေါ်ကိစ္စဆိုတာ ရှိတတ်စမြဲပါ။ ဖြစ်လာမယ့်အချိန် အတွက် ကိုယ်ဘက်က ကြိုတင်ပြင်ဆင်ထားတယ်ဆိုရင် စိုးရိမ်စရာမလိုသလို အဲ့ဒီအတွက် လ, ချီ ဒါမှမဟုတ် နှစ်, ချီပေးချေနေစရာ မလိုတော့ပါ။
၅) ငွေသားသုံးစွဲပါ
လစဉ်အသုံးစရိတ်ကို သေချာစီမံခန့်ခွဲပါ။ အသုံးစရိတ်ကို သေချာစီမံခန့်ခွဲပြီးတာနဲ့ အသုံးပြုစရာတစ်ခုစီအတွက် ငွေသားတွေကို စာအိပ်မှာ ထည့်သိမ်းပြီး အဲဒီစာအိပ်ကယူကာ အသုံးပြုပါ။ ကိုယ်သုံးမယ့်အသုံးစရိတ်ကို သတ်မှတ်ထားတာမို့ သင်သတ်မှတ်ထား တာထက် ပိုမိုမသုံးစွဲမိစေတော့ပါဘူး။
၆) အသုံးမပြုတော့တဲ့ပစ္စည်းကို ရောင်းချပါ။
ကျွန်တော်တို့မှာ နေရာပေးသိမ်းထားရပြီး ကျွန်ုပ်တို့မလိုအပ်တဲ့၊ အသုံးမပြုတဲ့ပစ္စည်းတွေ အများကြီးရှိနေတတ် ပါတယ်။ လုံးဝအသုံး မပြုတော့ပါက ဒါမှမဟုတ် အမြဲအသုံးမပြုပါက အဲဒါတွေကို ရောင်းချလိုက်ပါ၊ လှူဒါန်းလိုက်ပါ၊ အသုံးလိုတဲ့သူ တစ်ယောက်ကို ပေးကမ်းစွန့်ကြဲလိုက်ပါ။ အဲဒီပစ္စည်းတွေရှိနေလို သင့်ဘဝတင့်တယ် လာမှာမဟုတ်သလို အလုပ်လည်းမဖြစ်ပါဘူး။ အဲဒါတွေက နေရာသာယူပြီး ဘာမှကောင်းကျိုးမပြုပါဘူး။ ဒါကြောင်း အဲဒီပစ္စည်းတွေကို ရောင်းချလိုက်ပါ ဒါမှမဟုတ် အသုံးတဲ့သူတစ်ယောက်ကို ပေးကမ်းလိုက်ပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top