iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ခင္း အိပ္ရာကႏိုးၿပီဆိုတာနဲ႔ အလုပ္သြားဖုိ႔၊ ေက်ာင္းသြားဖုိ႔ စသျဖင့္ ျပင္ဆင္ၾကရပါေတာ့တယ္။ မ်က္ႏွာသစ္တာ၊ သြားတုိက္၊ ေရခ်ိဳး၊ ေခါင္းၿဖီး၊ အဝတ္လဲ စတာေတြက သင့္ရဲ႕မနက္ခင္းမွာ ျပဳလုပ္ေနၾကအရာေတြမဟုတ္ပါလား။ ဒါေပမဲ့ နာမည္ေက်ာ္ ဆံပင္ပညာ႐ွင္ ေဂ်ာ့ ေနာ့သ္ဝုဒ္ကေတာ့ မနက္အိပ္ရာႏိုးတာနဲ႔ ေခါင္းၿဖီးတဲ့အက်င့္ကို မျပဳလုပ္သင့္ဘူးလို႔ ဆုိပါတယ္။

အိပ္ရာႏိုးတာနဲ႔ ေခါင္းၿဖီးတာဟာ ဆံသားေတြကို လိမ္ေကာက္သြားေစႏိုင္တဲ့အျပင္ အျခားပ်က္စီးမႈေတြပါ ျဖစ္ေစႏိုင္ပါသတဲ့။ ဆံပင္ေတြက အိပ္ရာကထခါစဆုိေတာ့ ႐ႈပ္ေထြးေနခ်ိန္မွာ ေခါင္းၿဖီးတာဟာ ရပ္တန္႔ရမယ့္အေလ့အက်င့္ပါလို႔ ေဂ်ာ့က ေျပာပါတယ္။ ဆံပင္ေတြရႈပ္ေထြးေနရင္ လက္ေခ်ာင္းေလးေတြနဲ႔သာ ႐ွင္းေပးမယ္ဆုိ အေကာင္းဆံုးပါပဲလို႔ ဆိုပါတယ္။ ညမအိပ္ခင္ ဆံပင္ကို လည္ပင္းနားေလာက္မွာ ခပ္ေလ်ာ့ေလ်ာ့ေလးထံုးၿပီးအိပ္ရင္ေတာ့ မနက္အိပ္ရာႏိုးတဲ့အခါ ဆံပင္ရႈပ္ေထြးမႈျပႆနာ ေလ်ာ့ပါးေစႏိုင္ေၾကာင္း အၾကံေပးထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

မနက်ခင်း အိပ်ရာကနိုးပြီဆိုတာနဲ့ အလုပ်သွားဖို့၊ ကျောင်းသွားဖို့ စသဖြင့် ပြင်ဆင်ကြရပါတော့တယ်။ မျက်နှာသစ်တာ၊ သွားတိုက်၊ ရေချိုး၊ ခေါင်းဖြီး၊ အဝတ်လဲ စတာတွေက သင့်ရဲ့မနက်ခင်းမှာ ပြုလုပ်နေကြအရာတွေမဟုတ်ပါလား။ ဒါပေမဲ့ နာမည်ကျော် ဆံပင်ပညာရှင် ဂျော့ နော့သ်ဝုဒ်ကတော့ မနက်အိပ်ရာနိုးတာနဲ့ ခေါင်းဖြီးတဲ့အကျင့်ကို မပြုလုပ်သင့်ဘူးလို့ ဆိုပါတယ်။

အိပ်ရာနိုးတာနဲ့ ခေါင်းဖြီးတာဟာ ဆံသားတွေကို လိမ်ကောက်သွားစေနိုင်တဲ့အပြင် အခြားပျက်စီးမှုတွေပါ ဖြစ်စေနိုင်ပါသတဲ့။ ဆံပင်တွေက အိပ်ရာကထခါစဆိုတော့ ရှုပ်ထွေးနေချိန်မှာ ခေါင်းဖြီးတာဟာ ရပ်တန့်ရမယ့်အလေ့အကျင့်ပါလို့ ဂျော့က ပြောပါတယ်။ ဆံပင်တွေရှုပ်ထွေးနေရင် လက်ချောင်းလေးတွေနဲ့သာ ရှင်းပေးမယ်ဆို အကောင်းဆုံးပါပဲလို့ ဆိုပါတယ်။ ညမအိပ်ခင် ဆံပင်ကို လည်ပင်းနားလောက်မှာ ခပ်လျော့လျော့လေးထုံးပြီးအိပ်ရင်တော့ မနက်အိပ်ရာနိုးတဲ့အခါ ဆံပင်ရှုပ်ထွေးမှုပြဿနာ လျော့ပါးစေနိုင်ကြောင်း အကြံပေးထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top