iMyanmarHouse.com - Best Property Website for Myanmar
×








Credit : 7Day Daily

 #Unicode Version

နာမည်ကျော်သရုပ် ဆောင် ဂျောင်အီဝူးသည် ဒီဇင်ဘာတွင် စစ်မှုထမ်းရန် အမည်စာရင်း တင်သွင်းခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်၌ ၎င်း၏ ကုမ္ပဏီက ပြော သည်။ သို့သော် စစ်မှုထမ်းမည့် ရက်အတိအကျကိုမူ ထုတ်ဖော် မပြောသေးပေ။

စစ်မှုထမ်းမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မကြာသေးမီက  ဂျောင်အီဝူးသည်ဦးနှောက်သွေးခဲရောဂါခံစားနေ ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

ဂျောင်အီဝူး၏  သူငယ်ချင်းတစ်ဦးက လွန်ခဲ့သော သုံးနှစ်တွင် ဂျောင်အီဝူးသည် ပြင်းပြင်းထန် ထန်ခေါင်းကိုက်ကြောင်း ညည်းညူခဲ့ပြီး မကြာသေးမီက ကျန်းမာရေးစစ်ဆေးသည့်အခါ ဦးနှောက် သွေးခဲရောဂါဖြစ်ပွားနေခြင်းကို သိခဲ့ရကြောင်း ပြောသည်။

ထိုအခြေအနေတစ်ခုတွင် ဂျောင်အီဝူးသည် စစ်မှုထမ်း ဆောင်ခြင်းမှ လွတ်ငြိမ်းခွင့်တောင်းဆိုရန် လုံလောက်သောအကြောင်းရင်းရှိနေသော်လည်း စစ်မှုထမ်းဆောင်ရန် အမည်စာရင်း သွင်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကျွန်တော့်ရောဂါအခြေအ နေကြောင့် စစ်မှုမထမ်းဆောင်နိုင် ဘူးဆိုရင် ရှက်ဖို့ကောင်းပါတယ်’’ ဟု ဂျောင်အီဝူးက ပြောသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7Day Daily



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top