iMyanmarHouse.com - Best Property Website for Myanmar
×

လက္ထပ္ၿပီး သိပ္မၾကာေသးတဲ့ အမ်ဳိးသမီးတစ္ဦးဟာ ခင္ပြန္းျဖစ္သူနဲ႔ မၾကာခဏရန္ျဖစ္ေလ့ရွိတယ္။ ရန္ျဖစ္တိုင္း တစ္ေယာက္ကိုတစ္ေယာက္ အႏိုင္မခံ အ႐ႈံးမေပးၾကတာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္လံုး နာက်င္ထိခိုက္ၾကရတယ္။ ႐ံုးပိတ္ရက္တစ္ရက္မွာ လင္မယားႏွစ္ေယာက္ စကားမ်ား
ရန္ျဖစ္ၾကျပန္တယ္။ ဒီတစ္ေခါက္ေတာ့ ဇနီးလုပ္သူက မခံမရပ္ႏိုင္ျဖစ္ၿပီး ကြာရွင္းဖို႔ ေရွ႕ေနတစ္ဦးဆီေရာက္လာခဲ့တယ္။

"ကၽြန္မရဲ႕ အိမ္ေထာင္ေရး အဆင္မေျပဘူး.. ကၽြန္မဘယ္လိုလုပ္ရမလဲ"

အမ်ဳိးသမီးရွင္းျပတာကို နားေထာင္ၿပီး ေရွ႕ေနကမေျဖခင္ ေမးခြန္းတစ္ခုထုတ္လိုက္တယ္။

"ကုန္အျပည့္တင္ထားတဲ့ ကုန္ကားတစ္စီးက တံတားတစ္ခုကို ျဖတ္မယ္ဆိုပါစို႔.. ကားေပၚမွာရွိတဲ့ ကုန္ေတြက တံတားေဘာင္ထက္ နည္းနည္းျမင့္ေနတယ္။ ကားေပၚကကုန္ကိုမခ်ဘဲ တံတားကလြတ္ေအာင္ ဘယ္လိုေမာင္းမလဲ?"

အမ်ဳိးသမီးက ေ႐ွ႕ေနရဲ႕အေမးကို အတန္ၾကာစဥ္းစားေပမယ့္ အေျဖမထြက္ခဲ့ဘူး။ ေနာက္ဆံုး ေရွ႕ေနရဲ႕ အရိပ္အျမြက္ေၾကာင့္ "ဘီးကို ေလနည္းနည္းေလ်ာ့လိုက္မယ္" လို႔ သူေျဖခဲ့တယ္။

"သိပ္မွန္တာေပါ့... ဘီးကို ေလေလ်ာ့လိုက္ရင္ ကားနိမ့္သြားလိမ့္မယ္။ ဒါမွ တံတားကို ျဖတ္လို႔ရမယ္။ ဒီလိုပဲ... အိမ္ေထာင္ေရးအေပၚထားတဲ့ ကိုယ္ေတာင္းဆိုမႈေတြ အရမ္းျမင့္ေနသလား! အိမ္ေထာင္ေရးဆိုတဲ့ ဒီကားႀကီး အလြယ္တကူေမာင္းႏွင္ႏိုင္ဖို႔ ကိုယ့္ရဲ႕ေလ (စိတ္)ကိုလည္း ေလ်ာ့သင့္တယ္မဟုတ္လား!"

ေ႐ွ႕ေနေျပာတာကို နားေထာင္ၿပီး အမ်ဳိးသမီးက "ဟုတ္ကဲ့.. ဘယ္လိုလုပ္ရမယ္ဆိုတာ ကၽြန္မသိပါၿပီ" ဆိုၿပီး ျပန္သြားခဲ့တယ္။ အဲဒီေနာက္ပိုင္း အိမ္ေထာင္ေရးအေပၚထားသင့္တဲ့ လွ်ဳိ႕ဝွက္ခ်က္တခ်ဳိ႕ကို သူမရွာေတြ႔ခဲ့တယ္။ခြင့္လြတ္သည္းခံတာေတြ၊ ေလးစားျမတ္ႏိုးမႈေတြ၊အႏိုင္မယူ ေနာက္ဆုတ္တတ္
မႈေတြနဲ႔ မိမိစိတ္ကို ေလ်ာ့ခ်တတ္မႈေတြေၾကာင့္ သူတို႔ရဲ႕ အိမ္ ေထာင္ေရးဟာ တေျဖးေျဖး ရန္လိုမႈေတြနည္းလာၿပီး ေပ်ာ္ရႊင္မႈေတြ မ်ားလာခဲ့တယ္။

တကယ္ေတာ့ အိမ္ ေထာင္ေရးက ကားတစ္စီးနဲ႔တူတယ္။ အဲဒီကားေပၚမွာ ကၽြန္မတို႔ဘဝရဲ႕ ေမွ်ာ္လင့္ခ်က္၊ အိပ္မက္ေတြကို တင္ေဆာင္ထားတယ္။ ကားက ကုန္အျပည့္နဲ႔ ေ႐ွ႕ကိုေမာင္းႏွင္ေနစဥ္မွာ ကၽြန္မတို႔က ဘီးကို ေလျဖည့္ေပးတတ္ရမယ္။ ဒါမွ ကားက ေရွ႕ကိုအလြယ္တကူသြားႏိုင္မယ္။ ထို႔အတူ အခက္အခဲ၊ အတားအဆီးျဖစ္တဲ့ တံတား၊ လိုဏ္ေခါင္းေတြနဲ႔ ေတြ႔တဲ့အခါ ကၽြန္မတို႔က ဘီးေလကို ေလ်ာ့ေပးတတ္ရမယ္။ ဒါမွ အိမ္ေထာင္ေရးဆိုတဲ့ကားႀကီးက ဘဝရဲ႕အတားအဆီး၊ အခက္အခဲေတြကို အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္မွာျဖစ္တယ္။

အေသအခ်ာစဥ္းစားၾကည့္ရင္ အိမ္ေထာင္ေရးတင္မကပါဘူး... လူ႔ဘဝရဲ႕ အရာအားလံုးမွာလည္း အခက္အခဲ၊ အတားအဆီးေတြ ရွိႏိုင္တယ္။ လူအခ်င္းခ်င္းဆက္ဆံရာမွာလည္း တစ္ေယာက္ကိုတစ္ေယာက္ အေလ်ာ့မေပးဘဲ တင္းခံၾကရင္ ေနာက္ဆံုးမွာ ႏွစ္ဖက္လံုး ထိခိုက္ဒဏ္ရာရၾကရတယ္။ အခ်င္းခ်င္း စိတ္(ေလ)ေလး နည္းနည္းေလ်ာ့ခဲ့ၾကရင္ အရာအားလံုးက အဆင္ေျပၿပီး ဘဝရဲ႕ဘီးလံုးက ေရွ႕ကို ေရွာေရွာရွဴရွဴနဲ႔ ဆက္လွိမ့္ႏိုင္မွာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။


Credit:မနိုင္းနုိင္းရဲ့ အိမ္ေထာင္ေရး ဗဟုသုတ

#Unicode Version
လက်ထပ်ပြီး သိပ်မကြာသေးတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ မကြာခဏရန်ဖြစ်လေ့ရှိတယ်။ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေးကြတာကြောင့် နှစ်ဦးနှစ်ဖက်လုံး နာကျင်ထိခိုက်ကြရတယ်။ ရုံးပိတ်ရက်တစ်ရက်မှာ လင်မယားနှစ်ယောက် စကားများ
ရန်ဖြစ်ကြပြန်တယ်။ ဒီတစ်ခေါက်တော့ ဇနီးလုပ်သူက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းဖို့ ရှေ့နေတစ်ဦးဆီရောက်လာခဲ့တယ်။

"ကျွန်မရဲ့ အိမ်ထောင်ရေး အဆင်မပြေဘူး.. ကျွန်မဘယ်လိုလုပ်ရမလဲ"

အမျိုးသမီးရှင်းပြတာကို နားထောင်ပြီး ရှေ့နေကမဖြေခင် မေးခွန်းတစ်ခုထုတ်လိုက်တယ်။

"ကုန်အပြည့်တင်ထားတဲ့ ကုန်ကားတစ်စီးက တံတားတစ်ခုကို ဖြတ်မယ်ဆိုပါစို့.. ကားပေါ်မှာရှိတဲ့ ကုန်တွေက တံတားဘောင်ထက် နည်းနည်းမြင့်နေတယ်။ ကားပေါ်ကကုန်ကိုမချဘဲ တံတားကလွတ်အောင် ဘယ်လိုမောင်းမလဲ?"

အမျိုးသမီးက ရှေ့နေရဲ့အမေးကို အတန်ကြာစဉ်းစားပေမယ့် အဖြေမထွက်ခဲ့ဘူး။ နောက်ဆုံး ရှေ့နေရဲ့ အရိပ်အမြွက်ကြောင့် "ဘီးကို လေနည်းနည်းလျော့လိုက်မယ်" လို့ သူဖြေခဲ့တယ်။

"သိပ်မှန်တာပေါ့... ဘီးကို လေလျော့လိုက်ရင် ကားနိမ့်သွားလိမ့်မယ်။ ဒါမှ တံတားကို ဖြတ်လို့ရမယ်။ ဒီလိုပဲ... အိမ်ထောင်ရေးအပေါ်ထားတဲ့ ကိုယ်တောင်းဆိုမှုတွေ အရမ်းမြင့်နေသလား! အိမ်ထောင်ရေးဆိုတဲ့ ဒီကားကြီး အလွယ်တကူမောင်းနှင်နိုင်ဖို့ ကိုယ့်ရဲ့လေ (စိတ်)ကိုလည်း လျော့သင့်တယ်မဟုတ်လား!"

ရှေ့နေပြောတာကို နားထောင်ပြီး အမျိုးသမီးက "ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မသိပါပြီ" ဆိုပြီး ပြန်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း အိမ်ထောင်ရေးအပေါ်ထားသင့်တဲ့ လျှို့ဝှက်ချက်တချို့ကို သူမရှာတွေ့ခဲ့တယ်။ခွင့်လွတ်သည်းခံတာတွေ၊ လေးစားမြတ်နိုးမှုတွေ၊အနိုင်မယူ နောက်ဆုတ်တတ်
မှုတွေနဲ့ မိမိစိတ်ကို လျော့ချတတ်မှုတွေကြောင့် သူတို့ရဲ့ အိမ် ထောင်ရေးဟာ တဖြေးဖြေး ရန်လိုမှုတွေနည်းလာပြီး ပျော်ရွှင်မှုတွေ များလာခဲ့တယ်။

တကယ်တော့ အိမ် ထောင်ရေးက ကားတစ်စီးနဲ့တူတယ်။ အဲဒီကားပေါ်မှာ ကျွန်မတို့ဘဝရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေကို တင်ဆောင်ထားတယ်။ ကားက ကုန်အပြည့်နဲ့ ရှေ့ကိုမောင်းနှင်နေစဉ်မှာ ကျွန်မတို့က ဘီးကို လေဖြည့်ပေးတတ်ရမယ်။ ဒါမှ ကားက ရှေ့ကိုအလွယ်တကူသွားနိုင်မယ်။ ထို့အတူ အခက်အခဲ၊ အတားအဆီးဖြစ်တဲ့ တံတား၊ လိုဏ်ခေါင်းတွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့က ဘီးလေကို လျော့ပေးတတ်ရမယ်။ ဒါမှ အိမ်ထောင်ရေးဆိုတဲ့ကားကြီးက ဘဝရဲ့အတားအဆီး၊ အခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာဖြစ်တယ်။

အသေအချာစဉ်းစားကြည့်ရင် အိမ်ထောင်ရေးတင်မကပါဘူး... လူ့ဘဝရဲ့ အရာအားလုံးမှာလည်း အခက်အခဲ၊ အတားအဆီးတွေ ရှိနိုင်တယ်။ လူအချင်းချင်းဆက်ဆံရာမှာလည်း တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ တင်းခံကြရင် နောက်ဆုံးမှာ နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရကြရတယ်။ အချင်းချင်း စိတ်(လေ)လေး နည်းနည်းလျော့ခဲ့ကြရင် အရာအားလုံးက အဆင်ပြေပြီး ဘဝရဲ့ဘီးလုံးက ရှေ့ကို ရှောရှောရှူရှူနဲ့ ဆက်လှိမ့်နိုင်မှာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။


Credit:မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top