iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတိုင္း ငိုတတ္ၾကတယ္။ သူတို႔က ငိုခ်င္တိုင္း ငိုၾကတာေတာ့ မဟုတ္ဘူး။ သူတို႔ရင္ထဲမွာ နာက်င္လို႔၊ ခံစားရခက္လို႔၊ အကူအညီလိုလို႔ ငိုတာျဖစ္တယ္။ ခ်စ္သူေယာက္်ားေလးျဖစ္တဲ့ သင္က ဒါကိုပထမဦးဆံုး သတိျပဳမိရမွာျဖစ္ျပီး သူ႔နာက်င္မႈေတြ အျပင္ကို မ်က္ရည္အျဖစ္နဲ႔ စီးက်မလာခင္ သူ႔ကိုႏွစ္သိမ့္၊ အားေပးကူညီသင့္တယ္။

မိန္းကေလးေတြက ကိုယ့္ခ်စ္သူကို "ငါ့ကိုခ်စ္လားဟင္" လို႔ ေမးတတ္ၾကတယ္။ ဒီလိုေမးရာမွာ အေျခအေန ႏွစ္မ်ဳိးရွိတယ္။ ပထမအခ်က္က သူ႔ခ်စ္တဲ့ ေကာင္ေလးက ဒီစကားသံုးခြန္းကို သိပ္မသံုးေတာ့လို႔။ ဒုတိယအခ်က္က မိန္းကေလးေတြ ကိုယ့္ကိုယ္ကို သံသယရွိလာလို႔ ျဖစ္တယ္။ သူဒီလိုေမးလာတဲ့ အခ်ိန္မွာ သူ႔ကို ရင္ခြင္ထဲ ေပြ႔ဖက္ျပီး ႏူးညံ့ညင္သာစြာနဲ႔ "နင့္ကို ငါခ်စ္တယ္" လို႔ ေျပာပါ။ ဒီစကားတစ္ခြန္းတည္းနဲ႔ ျဖစ္လာႏိုင္တဲ့ ျပႆနာေတြကို သင္ကာကြယ္ႏိုင္ပါလိမ့္မယ္။

မိန္းကေလးေတြက ဘာမွန္းညာမွန္းမသိ စိတ္တိုတတ္ၾကတယ္။ သူတို႔စိတ္တိုရတာ အေၾကာင္းရွိတယ္။ မၾကည့္သင့္တာကို သင့္ၾကည့္ခဲ့လို႔၊ မေျပာသင့္တာကို သင့္ေျပာခဲ့လို႔ျဖစ္တယ္။ ဒါမွမဟုတ္ ေနာက္က်မွ ဆက္တဲ့ဖုန္းေၾကာင္းျဖစ္တယ္။ တကယ္ေတာ့ မိန္းကေလးေတြရဲ႕
 ႏွလံုးသားက ႏူးညံ့လြန္းတယ္။ ခြင့္လြတ္ဖို႔ သင္ေတာင္းပန္မယ္၊ သူ႔ကို ယုယၾကင္နာမယ္ဆိုရင္ သူ႔ရဲ႔ စိတ္တိုေဒါသေတြက ေလနဲ႔အတူ လြင့္သြားတဲ့ တိမ္လိုမ်ဳိး တခဏခ်င္း ေပ်ာက္ကြယ္သြားမွာျဖစ္တယ္။

မိန္းကေလးေတြက လက္ေဆာင္ပန္းစည္း အျမဲလိုခ်င္တတ္ၾကတယ္။ပန္းၾကိဳက္တာမိန္းကေလးတိုင္းရဲ႕
 ေမြးရာပါျဖစ္တယ္။ ေယာက္်ားေလးေတြ သိထားရမွာက တန္ဖိုးၾကီးတဲ့ ႏွင္းဆီပန္း တစ္စည္းပဲျဖစ္ျဖစ္၊
 ေတာပန္းပြင့္ေလး တစ္ပြင့္ပဲျဖစ္ျဖစ္ တစ္ခ်ဳိ႔မိန္းကေလးအတြက္ ေက်နပ္မႈက တူတူပဲျဖစ္တယ္။ အဓိက,က သင့္ရဲ႕ ရိုးသားတဲ့စိတ္ ရွိဖို႔ပဲျဖစ္တယ္။

မိန္းကေလးေတြက ဖုန္းအျမဲေစာင့္တတ္တယ္။ ဒါက ခ်စ္စၾကင္စ အခ်စ္ပင္လယ္မွာ ပက္လက္ေမွ်ာေနတဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝျဖစ္တယ္။ ဖုန္းကို လက္ထဲမွာ အျမဲကိုင္ထားျပီး ခ်စ္သူရဲ႕ဖုန္းကို ေစာင့္ေနတတ္ၾကတယ္။

မိန္းကေလးတစ္ခ်ဳိ႕က စကားေျပာ ႏိုင္လြန္းတယ္။ မိန္းကေလးေတြက ေယာက္်ားေလးေတြထက္ ပိုခံစားလြယ္တယ္၊ သူတို႔က သူငယ္ခ်င္းေတြနဲ႔ ဆံုျပီဆိုရင္ ပတ္ဝန္းက်င္အေၾကာင္း၊ လူေတြအေၾကာင္း မနားတမ္း ေျပာတတ္ၾကတယ္။ ဒါက သူတို႔အတြက္ အပန္းေျဖနည္းတစ္မ်ဳိး၊ စိတ္ေျဖေလ်ာ့မႈ
တစ္မ်ဳိး ျဖစ္တယ္။ တစ္ခ်ဳိ႕မိန္းကေလးေတြက ဖုန္းေကာက္ကိုင္ျပီးရင္ မခ်တတ္ေတာ့ဘူး။ ဒါဟာလည္း ခုေခတ္မိန္းကေလးေတြက အလုပ္ကိုယ္စီရွိေနၾကလို႔ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာဖို႔ အခ်ိန္မရွိလို႔ျဖစ္တယ္။ ခ်စ္သူကလည္း ဒါေတြကို စိတ္ရွည္သည္းခံျပီး နားေထာင္မေပးတတ္ၾကေတာ့ ေျပာခ်င္တာ၊ ရင္ဖြင့္ခ်င္တာကို ဖုန္းနဲ႔ပဲ ေျပာၾကေတာ့တယ္။ (အခုေခတ္မွာေတာ့ ဂ်ီေတာ့နဲ႔ ဘေလာ့ဂ္ေပၚမွာ ေျပာႏိုင္ပါျပီ း)

လူတစ္ေယာက္ကို ခ်စ္ဖို႔ရာ အေၾကာင္းတရား မလိုဘူး။

မိန္းကေလးေတြက ကိုယ္ခ်စ္တဲ့သူနဲ႔ အတူေနရဖို႔ ေနာင္တတရား မရွိဘဲ အရာရာကို
 ေပးဆပ္တတ္ၾကတယ္။ လူတစ္ေယာက္ ကိုယ့္ေၾကာင့္ ေျပာင္းလဲသြားတယ္၊ ေခါင္းမာတဲ့ သူ႔အက်င့္ေတြ ရုတ္သိမ္းသြားတယ္ဆိုရင္ ကိုယ့္ကိုတကယ္ခ်စ္လို႔ပါပဲ။ ကိုယ့္ကိုတကယ္ခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ လိုအပ္ခ်က္က ကိုယ့္ရဲ႕ဂတိသစၥာေတြ မဟုတ္ဘူး။ သူတို႔လိုအပ္တာက ကိုယ့္စီက လံုျခံဳမႈ၊ ထိခိုက္ဒဏ္ရာရလာတဲ့ သူ႔အတြက္ အခ်ိန္မေရြး မီွခိုႏိုင္မယ့္ ပုခံုးတစ္စံုသာျဖစ္တယ္။

ေယာက်ာ္းေလးေတြက မ်က္လံုးနဲ႔ မိန္းကေလးကို ၾကည့္တတ္ၾကတယ္။ဒါေၾကာင့္အလွရဲ႕စဲြေဆာင္မႈကို
 အလြယ္တကူခံရတတ္တယ္။မိန္းကေလးေတြကစိတ္နဲ႔ ေယာက္်ားေလးကို ေတြးေတာတတ္ၾကတယ္။
ဒါေၾကာင့္ စိတ္ပင္ပန္းဆင္းရဲတာကို အလြယ္တကူ ခံစားရတတ္တယ္။

မိန္းကေလးေတြက ဂုဏ္ဝင့္တဲ့ ေရႊငန္းနဲ႔ တူတယ္။ ဒါေပမယ့္ ေယာက္်ားေလးေတြကို ခ်စ္မိျပီဆိုရင္ အေတာင္အခ်ဳိးခံလိုက္ရသလိုပဲ။ ဒါေၾကာင့္ ေယာက္်ားေလးေတြက ကိုယ့္ကိုခ်စ္တဲ့ မိန္းကေလးကို ပိုျပီး ဆတိုးၾကင္နာတန္ဖိုးထား ေစာင့္ေရွာက္သင့္တယ္။ သူတို႔နာက်င္ မ်က္ရည္က်ေအာင္ မလုပ္သင့္ဘူး။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။


Credit:မနုိင္းနိုင္းရ့ဲ အိမ္ေထာင္ေရး ဗဟုသုတ

#Unicode Version
မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က သူ့ချစ်တဲ့ ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။

မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင့်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင်းဖြစ်တယ်။ တကယ်တော့ မိန်းကလေးတွေရဲ့
 နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွတ်ဖို့ သင်တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူ လွင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာဖြစ်တယ်။

မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ပန်းကြိုက်တာမိန်းကလေးတိုင်းရဲ့
 မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊
 တောပန်းပွင့်လေး တစ်ပွင့်ပဲဖြစ်ဖြစ် တစ်ချို့မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။ အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။

မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာ ပက်လက်မျှောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။

မိန်းကလေးတစ်ချို့က စကားပြော နိုင်လွန်းတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုခံစားလွယ်တယ်၊ သူတို့က သူငယ်ချင်းတွေနဲ့ ဆုံပြီဆိုရင် ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း မနားတမ်း ပြောတတ်ကြတယ်။ ဒါက သူတို့အတွက် အပန်းဖြေနည်းတစ်မျိုး၊ စိတ်ဖြေလျော့မှု
တစ်မျိုး ဖြစ်တယ်။ တစ်ချို့မိန်းကလေးတွေက ဖုန်းကောက်ကိုင်ပြီးရင် မချတတ်တော့ဘူး။ ဒါဟာလည်း ခုခေတ်မိန်းကလေးတွေက အလုပ်ကိုယ်စီရှိနေကြလို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန်မရှိလို့ဖြစ်တယ်။ ချစ်သူကလည်း ဒါတွေကို စိတ်ရှည်သည်းခံပြီး နားထောင်မပေးတတ်ကြတော့ ပြောချင်တာ၊ ရင်ဖွင့်ချင်တာကို ဖုန်းနဲ့ပဲ ပြောကြတော့တယ်။ (အခုခေတ်မှာတော့ ဂျီတော့နဲ့ ဘလော့ဂ်ပေါ်မှာ ပြောနိုင်ပါပြီ း)

လူတစ်ယောက်ကို ချစ်ဖို့ရာ အကြောင်းတရား မလိုဘူး။

မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရဖို့ နောင်တတရား မရှိဘဲ အရာရာကို
 ပေးဆပ်တတ်ကြတယ်။ လူတစ်ယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားတယ်၊ ခေါင်းမာတဲ့ သူ့အကျင့်တွေ ရုတ်သိမ်းသွားတယ်ဆိုရင် ကိုယ့်ကိုတကယ်ချစ်လို့ပါပဲ။ ကိုယ့်ကိုတကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လိုအပ်ချက်က ကိုယ့်ရဲ့ဂတိသစ္စာတွေ မဟုတ်ဘူး။ သူတို့လိုအပ်တာက ကိုယ့်စီက လုံခြုံမှု၊ ထိခိုက်ဒဏ်ရာရလာတဲ့ သူ့အတွက် အချိန်မရွေး မှီခိုနိုင်မယ့် ပုခုံးတစ်စုံသာဖြစ်တယ်။

ယောကျာ်းလေးတွေက မျက်လုံးနဲ့ မိန်းကလေးကို ကြည့်တတ်ကြတယ်။ဒါကြောင့်အလှရဲ့စွဲဆောင်မှုကို
 အလွယ်တကူခံရတတ်တယ်။မိန်းကလေးတွေကစိတ်နဲ့ ယောက်ျားလေးကို တွေးတောတတ်ကြတယ်။
ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲတာကို အလွယ်တကူ ခံစားရတတ်တယ်။

မိန်းကလေးတွေက ဂုဏ်ဝင့်တဲ့ ရွှေငန်းနဲ့ တူတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကို ချစ်မိပြီဆိုရင် အတောင်အချိုးခံလိုက်ရသလိုပဲ။ ဒါကြောင့် ယောက်ျားလေးတွေက ကိုယ့်ကိုချစ်တဲ့ မိန်းကလေးကို ပိုပြီး ဆတိုးကြင်နာတန်ဖိုးထား စောင့်ရှောက်သင့်တယ်။ သူတို့နာကျင် မျက်ရည်ကျအောင် မလုပ်သင့်ဘူး။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။


Credit:မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top