iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးအမ်ားစု ေတာင္းဆိုၾကတဲ့ အမာရြတ္ေပ်ာက္ အိမ္တြင္းကုထံုးေလးကို တင္ေပးလိုက္တယ္ေနာ္။ ၾကိဳက္နွစ္သက္ၾကလိမ့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ရွင့္။

မိန္းကေလးအမ်ားစု ေတာင္းဆိုၾကတဲ့ အမာရြတ္ေပ်ာက္ အိမ္တြင္းကုထံုးေလးကို တင္ေပးလိုက္တယ္ေနာ္။ ၾကိဳက္နွစ္သက္ၾကလိမ့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ရွင့္။

 ဇာတိပၹိဳလ္သီးအမႈန္႔နဲ႔ု ႏြားနို႔ အေရာသဘာဝေဆးေလးဟာ အေရာင္ရွိတဲ့ အမာရြတ္ေတြကို တျဖည္းျဖည္း အေရာင္ေဖ်ာ့ေတာ့ေမွးမွိန္သြားေစပါတယ္။ Sensitive Skin သမားမ်ား ျဖစ္တတ္တဲ့ လက္သည္းနဲ႔ နည္းနည္းေလး ဆိတ္လိုက္မိတာနဲ႔ က်န္ခဲ့တဲ့ ဒဏ္ရာေတြ၊ ဝက္ျခံေၾကာင့္ က်န္ခဲ့တဲ့အနီစက္၊ အညိဳအမည္းစက္ေတြနဲ႔ ဝက္ျခံေၾကာင့္ ေရာင္ရမ္းနီရဲေနတာေတြကို ကုသေပးမဲ့ အေကာင္းဆံုးေဆးနည္းေလးပါ။ ဒါေပမဲ့ ေက်ာက္ေပါက္မာလို အေရျပားအတြင္းပိုင္းလႊာပိုင္းေတြထိ ခ်ိဳင့္ခြက္ဝင္သြားတဲ့ ဝက္ျခံအမာရြတ္ကိုေတာ့ မကုနိုင္ပါဘူးလို႔ ေျပာထားပါတယ္။ အေရျပား ပထမအလႊာက အမာရြတ္ကိုပဲ ကုစားတာပါ။

လိုအပ္တဲ့ ပစၥည္းေတြကေတာ့
– ဇာတိပၹိဳလ္သီးအမႈန္႔ စားပြဲတင္ဇြန္း(၁)ဇြန္း
– ႏြားနို႔စစ္စစ္ ဘာမွမေရာ (၁)ဇြန္း
– အမ်ိဳးအစားေကာင္းေကာင္း Facial Moisturizer တစ္ခုခု
– မ်က္နွာသံုးပဝါေသးေသး (သို႕) ေလ်ွာ္ထားတဲ့ စနိုးတာဝါ အေဟာင္းေလး
– ေဆးကို တို႔ယူရန္ ဂြမ္းလံုး

အသံုးျပဳနည္း
ဂြမ္းေလးနဲ႔ ေဆးအေရာကို တို႔ယူျပီး လိမ္းလိုတဲ့ ကုသမယ့္ေနရာေလးေတြကို တို႔သုတ္ေပးပါ။ မိနစ္(၂၀)ထားပါ။ ျပီးရင္ ေရေအးေအးေလးနဲ႔ ေဆးေၾကာပစ္လိုက္ပါ။ အဲ့ေနာက္မ်က္နွာသုတ္ပဝါေလးနဲ႔ ခပ္ဖြဖြေလးသုတ္ပါ။ ျပီးရင္ေတာ့ Moisturizer ေလး လိမ္းေပးပါ။ (ေဆးက စီးက်တာေတြျဖစ္နိုင္လို႔ အကၤ်ီအေဟာင္းပဲ ဝတ္ထားပါ) သိသာလာတဲ့အထိ ေန႔စဥ္ေဆးလိမ္းေပးနိုင္ပါတယ္။

 သတိျပဳရမည့္အခ်က္မ်ား
(၁) အလက္ဂ်ီျဖစ္တတ္သူဆိုရင္ေတာ့ ဒီေဆးကို လက္ေကာက္ဝတ္မွာ နည္းနည္းသုတ္ၾကည့္ျပီး နာရီဝက္ေလာက္ေစာင့္ၾကည့္ပါ။ ဘာမွမျဖစ္မွ မ်က္နွာကို လိမ္းပါ။
(၂) လိမ္းခါနီးမွ ခါစပ္တာက ေဆးကိုပိုထိေရာက္ေစပါတယ္။
(၃) ကိုယ္ဝန္ရွိေနရင္ ဇာတိပၹိဳလ္သီးအမႈန္႔ကုထံုးကို မသံုးဖို႔ သတိေပးထားပါတယ္။
ကဲဒါဆိုရင္ေတာ့ ပ်ိဳေမတို႔ရဲ႕ အလွကို အေနွာင့္အယွက္ျဖစ္ေစတဲ့ အမာရြတ္ေတြအတြက္ ေမွာ္ေဆးတစ္ခြက္ကို စမ္းၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ခ်င္ပါတယ္။
ဒီနည္းကိုေတာ့ စႏၵီ (Artist) ေရးတဲ့ “Home Beauty Tips For Women” စာအုပ္ကေန ေကာက္နုတ္မ်ွေဝလိုက္တာ ျဖစ္ပါတယ္ရွင့္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : For Her Myanmar

#Unicode Version
မိန်းကလေးအများစု တောင်းဆိုကြတဲ့ အမာရွတ်ပျောက် အိမ်တွင်းကုထုံးလေးကို တင်ပေးလိုက်တယ်နော်။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

မိန်းကလေးအများစု တောင်းဆိုကြတဲ့ အမာရွတ်ပျောက် အိမ်တွင်းကုထုံးလေးကို တင်ပေးလိုက်တယ်နော်။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။


ဇာတိပ္ဖိုလ်သီးအမှုန့်နဲ့ု နွားနို့ အရောသဘာဝဆေးလေးဟာ အရောင်ရှိတဲ့ အမာရွတ်တွေကို တဖြည်းဖြည်း အရောင်ဖျော့တော့မှေးမှိန်သွားစေပါတယ်။ Sensitive Skin သမားများ ဖြစ်တတ်တဲ့ လက်သည်းနဲ့ နည်းနည်းလေး ဆိတ်လိုက်မိတာနဲ့ ကျန်ခဲ့တဲ့ ဒဏ်ရာတွေ၊ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အနီစက်၊ အညိုအမည်းစက်တွေနဲ့ ဝက်ခြံကြောင့် ရောင်ရမ်းနီရဲနေတာတွေကို ကုသပေးမဲ့ အကောင်းဆုံးဆေးနည်းလေးပါ။ ဒါပေမဲ့ ကျောက်ပေါက်မာလို အရေပြားအတွင်းပိုင်းလွှာပိုင်းတွေထိ ချိုင့်ခွက်ဝင်သွားတဲ့ ဝက်ခြံအမာရွတ်ကိုတော့ မကုနိုင်ပါဘူးလို့ ပြောထားပါတယ်။ အရေပြား ပထမအလွှာက အမာရွတ်ကိုပဲ ကုစားတာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့
– ဇာတိပ္ဖိုလ်သီးအမှုန့် စားပွဲတင်ဇွန်း(၁)ဇွန်း
– နွားနို့စစ်စစ် ဘာမှမရော (၁)ဇွန်း
– အမျိုးအစားကောင်းကောင်း Facial Moisturizer တစ်ခုခု
– မျက်နှာသုံးပဝါသေးသေး (သို့) လျှော်ထားတဲ့ စနိုးတာဝါ အဟောင်းလေး
– ဆေးကို တို့ယူရန် ဂွမ်းလုံး

အသုံးပြုနည်း
ဂွမ်းလေးနဲ့ ဆေးအရောကို တို့ယူပြီး လိမ်းလိုတဲ့ ကုသမယ့်နေရာလေးတွေကို တို့သုတ်ပေးပါ။ မိနစ်(၂၀)ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးကြောပစ်လိုက်ပါ။ အဲ့နောက်မျက်နှာသုတ်ပဝါလေးနဲ့ ခပ်ဖွဖွလေးသုတ်ပါ။ ပြီးရင်တော့ Moisturizer လေး လိမ်းပေးပါ။ (ဆေးက စီးကျတာတွေဖြစ်နိုင်လို့ အင်္ကျီအဟောင်းပဲ ဝတ်ထားပါ) သိသာလာတဲ့အထိ နေ့စဉ်ဆေးလိမ်းပေးနိုင်ပါတယ်။

 သတိပြုရမည့်အချက်များ
(၁) အလက်ဂျီဖြစ်တတ်သူဆိုရင်တော့ ဒီဆေးကို လက်ကောက်ဝတ်မှာ နည်းနည်းသုတ်ကြည့်ပြီး နာရီဝက်လောက်စောင့်ကြည့်ပါ။ ဘာမှမဖြစ်မှ မျက်နှာကို လိမ်းပါ။
(၂) လိမ်းခါနီးမှ ခါစပ်တာက ဆေးကိုပိုထိရောက်စေပါတယ်။
(၃) ကိုယ်ဝန်ရှိနေရင် ဇာတိပ္ဖိုလ်သီးအမှုန့်ကုထုံးကို မသုံးဖို့ သတိပေးထားပါတယ်။
ကဲဒါဆိုရင်တော့ ပျိုမေတို့ရဲ့ အလှကို အနှောင့်အယှက်ဖြစ်စေတဲ့ အမာရွတ်တွေအတွက် မှော်ဆေးတစ်ခွက်ကို စမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။
ဒီနည်းကိုတော့ စန္ဒီ (Artist) ရေးတဲ့ “Home Beauty Tips For Women” စာအုပ်ကနေ ကောက်နုတ်မျှဝေလိုက်တာ ဖြစ်ပါတယ်ရှင့်။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : For Her Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top